နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ အောက်တိုဘာလ 14 ရက်

မြန်မာသတင်း

မြန်မာသတင်း

မုံရွာရှိ စစ်ကောင်စီရဲ့ နမခနဲ့ အမြောက်တပ်တို့ ရော့ကတ်အလုံး (၁၀၀)နဲ့ ပစ်ခတ်ခံရ

မုံရွာရှိ စစ်ကောင်စီရဲ့ နမခနဲ့ အမြောက်တပ်တို့ ရော့ကတ်အလုံး (၁၀၀)နဲ့ ပစ်ခတ်ခံရ

ဖေဖော်ဝါရီလ (၂၅)ရက်။

ဖေဖော်ဝါရီလ (၁၃)ရက်နေ့ နေ့လယ် (၃)နာရီကျော်အချိန်က မုံရွာမြို့ရှိ စစ်ကောင်စီရဲ့ နမခစစ်ဌာနချုပ်နဲ့ အမှတ်(၅၀၈) အမြောက်တပ်ကို ပစ်ခတ်ခဲ့တယ်လို့ ကျောင်းသားလက်ရုံးတပ်တော်(SAF)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

“ နမခကို ရော့ကတ်အလုံး (၇၀)နဲ့ အမှတ်(၅၀၈) အမြောက်တပ်(အမတ-၅၀၈)ကို ရော့ကတ်အလုံး (၃၀) ပစ်ခတ်ခဲ့တာပါ။ အဲ့ဒီမှာ စကစဘက်က (၇)ဦးသေပြီး (၁၅)ဦး ဒဏ်ရာရခဲ့တယ်” လို့ ဆိုပါတယ်။

တော်လှန်ရေးပူးပေါင်းတပ်တွေက စစ်ကောင်စီရဲ့ နမခကို ရော့ကတ်အလုံး (၇၀)နဲ့ အမှတ်(၅၀၈) အမြောက်တပ်ကို ရော့ကတ်အလုံး (၃၀) စုစုပေါင်း ရော့ကတ်အလုံး (၁၀၀) ပစ်ခတ်ခဲ့တာလို့ ဖော်ပြထားပါတယ်။

အဲ့ဒီတိုက်ခိုက်တာထဲ စစ်ကောင်စီဘက်က (၇)ဦးသေဆုံးကာ (၁၅)ဦး ဒဏ်ရာရရှိခဲ့သလို အမြောက်တပ်ဝင်းထဲက အဆောက်အဦတလုံး ထိမှန်မီးလောင်ခဲ့ပြီး ည(၁၀)နာရီအချိန်မှ မီးငြှိမ်းနိုင်ခဲ့တယ်လို့ ရေးသားထားပါတယ်။

စစ်ဆင်ရေးကို SAF အပါအဝင် PACMPT၊ ယင်းမာပင်ခရိုင် အမှတ်(၃၇)တပ်ရင်း၊ ရွှေဘိုခရိုင် အမှတ်(၉)တပ်ရင်း၊  NAA DF(Khin U)၊ ဘုတလင် mobile Team၊ Budalin Guerrilla Force၊ မုံရွာမြို့နယ် ပလဖတာဝန်ခံ (ပစ်တိုင်းထောင်အဖွဲ့ )၊  မုံရွာခရိုင် အမှတ်(၂၅)တပ်ရင်း တပ်ခွဲ(၄)၊ မုံရွာမြို့နယ်ပကဖ(တိုက်နယ်(၅)) တို့ ပါဝင်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် ကျောင်းသားလက်ရုံးတပ်တော်(SAF)အနေနဲ့ “ ဖိနှိပ်ခံ လူထုလွတ်မြောက်ရေးနှင့် နိုင်ငံတော်ဆီသို့” ဦးလည်မသုန် ဆက်လက် တိုက်ပွဲဝင်သွားမယ်လို့လဲ ပြောဆိုထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

စစ်အုပ်စုရဲ့ NCA အခမ်းအနားကို မတက်ဖို နိုင်ငံတကာကို အပစ်ရပ်လက်မှတ်ထိုးခဲ့တဲ့ တော်လှန်ရေးတပ်ဖွဲ (၆)ဖွဲ တိုက်တွန်း

  • 2025 ခုနှစ်၊ အောက်တိုဘာလ 13 ရက်
  • 48 Views
အောက်တိုဘာလ (၁၃)ရက်။ စစ်အုပ်စုရဲ့ NCA အခမ်းအနားကို မတက်ရောက်ဖို ကုလသမဂ္ဂ၊ အာဆီယံနဲ့ နိုင်ငံတကာသံတမန်တွေကို အပစ်ရပ်လက်မှတ်ရေးထိုးခဲ့တဲ့ KNU၊ CNF၊
မြန်မာသတင်း

မိတ္ထီလာမှာ ကင်းလှည့်နေတဲ့ ရဲကားတစီး လက်ပစ်ဗုံးနဲ့ ပစ်ခတ်ခံရပြီး ထိခိုက်သေဆုံးတာတွေရှိခဲ့

  • 2025 ခုနှစ်၊ အောက်တိုဘာလ 13 ရက်
  • 20 Views
အောက်တိုဘာလ (၁၃)ရက်။ မနေ့က နံနက် (၁)နာရီကျော်အချိန်က မိတ္ထီလာမြိုအနောက်ဘက်ကနေ ကင်းလှည့်ပြီးပြန်လာတဲ့ ရဲကားကို လက်ပစ်ဗုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို Satan UG
မြန်မာသတင်း

TNLA ထိန်းချုပ်ထားတဲ့ မိုင်းလုံမြိုကို စစ်တပ်က (၂)ရက်ဆက်တိုက် လေကြောင်းဗုံးကြဲ

  • 2025 ခုနှစ်၊ အောက်တိုဘာလ 13 ရက်
  • 23 Views
အောက်တိုဘာလ (၁၃)ရက်။ ပြီးခဲ့တဲ့ (၂)ရက်တာထဲ မိုင်းလုံမြိုနယ်ကို စစ်တပ်က လေကြောင်းကနေ ပေါင် (၂၅၀)ဗုံး (၅)လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို TNLA ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အောက်တိုဘာလ (၁၁)ရက်နေ့ နေ့လယ် (၁)နာရီခွဲအချိန်က
မြန်မာသတင်း

စဉ့်ကူးမြိုမှာ ပြည်သူနဲ့ ပြဿနာအချေအတင်ဖြစ်တဲ့ ရဲဘော်တွေကို အရေးယူမယ်လိုဆို

  • 2025 ခုနှစ်၊ အောက်တိုဘာလ 13 ရက်
  • 22 Views
အောက်တိုဘာလ (၁၃)ရက်။ စဉ့်ကူးမြိုနယ်မှာ Starlink Internet နဲ့ပတ်သက်ပြီး ပြည်သူနဲ့ ပြဿနာ အချေအတင်ဖြစ်တဲ့ ရဲဘော်တွေကို အရေးယူသွားမယ်လို NUG မြိုနယ်အရေးပေါ်အုပ်ချုပ်ရေးအဖွဲရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဖြစ်စဉ်ဟာ အောက်တိုဘာလ (၁၁)ရက်နေ့က စဉ့်ကူးမြိုနယ်ရှိ
မြန်မာသတင်း

ခေတ်မျက်လုံးရဲ့ အပတ်စဥ် နိုင်ငံ‌ရေးဖြစ်စဥ်များကိုဆွေးနွေးတင်ပြခြင်း (၁၆)

  • 2025 ခုနှစ်၊ အောက်တိုဘာလ 12 ရက်
  • 42 Views
+++++++++++++++++++++++++++++++++++++++++++ ဒီအပတ်ခေါင်းစဥ်ကတော့ “လျှို့ဝှက်မှုမဲ့တဲ့လွင်ကိုလတ် မဲစာရင်းအမှားများနဲ့ဘူးလက် အာဆီယံအတွက် NUG ရဲ့ကြိုးပမ်းချက်” တို့ဖြစ်ပါတယ်။ ဒီအပတ် အောက်တိုဘာလ ၁၂ရက်နေ့ မှာ ပစ်မှတ်ဆိုင်ရာ အထူး ထောက်လှမ်းရေး သင်တန်းကို (လွင်ကိုလတ်)က အွန်လိုင်းကနေ သင်တန်းပေးမှာ ဖြစ်သင့်သလားဆိုတာနဲ့
မြန်မာသတင်း

တိုင်းဗဟိုသင်တန်းကျောင်းက စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေ အလင်းဝင်လာတယ်လို့ KNU ထုတ်ပြန်

  • 2025 ခုနှစ်၊ အောက်တိုဘာလ 11 ရက်
  • 60 Views
အောက်တိုဘာလ (၁၁)ရက်။ အခုလထဲ စစ်တပ်ရဲ့ တိုင်းဗဟိုအမှတ်(၁၂) လေ့ကျင့်ရေးသင်တန်းကျောင်းက တပ်သား (၄)ဦး လက်နက်မဲ့ အလင်းဝင်လာခဲ့တယ်လို့ KNU ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ လယ်မူးလားမြို့နယ်ထဲ စစ်တပ်ရဲ့ လေ့ကျင့်ရေးသင်တန်းကျောင်းကနေ အောက်တိုဘာလ (၅)ရက်နေ့က
မြန်မာသတင်း

ဒိုက်ဦးထောင်မှာ နိုင်/ကျဉ်း(၁၇)ဦး လူစုလူဝေးလုပ်တယ်ဆိုပြီး မတရား ဒေါက်ခတ်တိုက်ပိတ်ခံထားရ

  • 2025 ခုနှစ်၊ အောက်တိုဘာလ 11 ရက်
  • 42 Views
အောက်တိုဘာလ (၁၁)ရက်။ ‌ဒိုက်ဦးထောင်မှာ နိုင်ငံရေးအကျဉ်းသား (၁၇)ဦးကို ထောင်ထဲ လူစုလူဝေးပြုလုပ်တယ်ဆိုပြီး မတရား ဒေါက်ခတ်တိုက်ပိတ်ထားတယ်လို့ PPNM ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီနိုင်ငံရေးအကျဉ်းသား (၁၇)ဦးကို အောက်တိုဘာလ (၂)ရက်နေ့ကစပြီး (၅)ယောက်တစုနှုန်း လူခွဲကာ
မြန်မာသတင်း

ဘီးလင်းမြို့မှာ စစ်တပ်ရဲ့ လေကြောင်းဗုံးကြဲတာကြောင့် ကျောင်းသား (၅)ဦးသေဆုံးခဲ့ရ

  • 2025 ခုနှစ်၊ အောက်တိုဘာလ 11 ရက်
  • 37 Views
အောက်တိုဘာလ (၁၁)ရက်။ အောက်တိုဘာလ (၉)ရက်နေ့ ည(၈)နာရီကျော်အချိန်က ဘီးလင်းမြို့ ပျဉ်းမပင်ဆိပ်ရွာရှိ ကဘောယူပလောနေရာကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲခဲ့တယ်လို့ KNU ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ (၉)ရက်နေ့ ည(၈)နာရီ (၁၀)မိနစ်မှာ