နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 22 ရက်

မြန်မာသတင်း

မြန်မာသတင်း

မင်းတပ်မြို့နေ ပြည်သူတွေ လက်နက်ခဲယမ်းတွေ အပ်နှံကြဖို့ CDF-MINDAT ထုတ်ပြန်

ဖေဖော်ဝါရီလ (၂၆)ရက်။

မင်းတပ်မြို့နယ်ထဲ နေထိုင်ကြတဲ့ ပြည်သူတွေအနေနဲ့ လက်နက်ခဲယမ်းတွေကို နီးစပ်ရာ တပ်ရင်း၊ တပ်ဖွဲ့တွေဆီ အပ်နှံကြဖို့ CDF-MINDAT ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။

မင်းတပ်မြို့နေ ပြည်သူတွေအနေနဲ့ မြို့သိမ်းတိုက်ပွဲကနေ ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဆီက ရရှိတဲ့ လက်နက်ခဲယမ်းတွေနဲ့ အခြားကနေရရှိတဲ့ လက်နက်ခဲယမ်းတွေကို အပ်နှံဖို့ အသိပေးထားပါတယ်။

ပြည်သူတွေအနေနဲ့ တနည်းနည်းနဲ့ ရရှိလာတဲ့ လက်နက်ခဲယမ်းတွေ၊ တိုက်ခိုက်ရေးမောင်းပြန်ရိုင်ဖယ်နဲ့ အခြားလက်နက်ခဲယမ်းတွေကို မတ်လ (၁၅)ရက်နေ့ နောက်ဆုံးထားပြီး အပ်နှံဖို့ ပြောဆိုထားပါတယ်။

လက်နက်ခဲယမ်းတွေ အပ်နှံရာမှာ သတ်မှတ်ထားတဲ့ ဆုကြေးနဲ့ ဝယ်ယူခဲ့တာခိုင်လုံရင် တန်ဖိုးအလိုက် ထုတ်ယူဖို့နဲ့ သတ်မှတ်ရက်ထက် ကျော်လွန်ပြီး ကိုင်ဆောင်ပါက ပြင်းပြင်းထန်ထန် အရေးယူမယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် CDF-MINDAT အနေနဲ့ ထိန်းချုပ်နယ်မြေထဲ လက်နက်ခဲယမ်း ထိန်းချုပ်နိုင်ဖို့နဲ့ ပြည်သူကို လက်နက်ခဲယမ်းနဲ့ ဖောက်ခွဲရေးပစ္စည်း အန္တရာယ်ကနေ ကာကွယ်နိုင်ဖို့ အလေးထားဆောင်ရွက်နေတယ်လို့ ပြောဆိုထားပါတယ်။

မင်းတပ်မြို့ကို ၂၀၂၄ခုနှစ် ဒီဇင်ဘာလ (၂၂)ရက်နေ့မှာ CDF-MINDAT အပါအဝင် မဟာမိတ်တပ်ဖွဲ့တွေက အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ပြီး ‌ပြည်သူတွေ မြို့ထဲ ပြန်လည်ဝင်ရောက်နေထိုင်ဖို့ အခုလ (၉)ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။

CDF-MINDAT ရဲ့ ပြည်သူတွေ မြို့ထဲ ပြန်လည်နေထိုင်ခွင့်နဲ့ပတ်သက်ပြီး ထုတ်ပြန်ခဲ့ရာမှာ တော်လှန်ရေးရန်ပုံငွေထည့်ဝင်မှသာ နေထိုင်ခွင့်ပြုမယ်ဆိုတဲ့အချက်အပေါ် ဝေဖန်ပြောဆိုတာတွေ ရှိခဲ့တယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးလို့ စစ်အုပ်စုပြော

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 137 Views
ဇွန်လ (၃၀)ရက်။ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးဆိုပြီး ဒီကနေ့ နေပြည်တော်မှာပြုလုပ်တဲ့ စစ်အုပ်စုရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ဒေါ်အောင်ဆန်းစုကြည်က
မြန်မာသတင်း

ငါတို့တကယ်ရင်ဆိုင်နေရတဲ့ အခက်အခဲ

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 119 Views
Burma Issue: The Crisis We Are Truly Facing ငါတို့တကယ်တွေ့နေရတဲ့ အကြပ်အတည်း ရှေ့နေဦးကြီးမြင့်ရဲ့စာတမ်းတိုလေးကိုသဘောထားကြိုက်ညီတဲ့အတွက် သူအတွေ့အကြုံအရ
မြန်မာသတင်း

ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့ MOD ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 111 Views
ဇွန်လ (၃၀)ရက်။ စစ်တပ်လေကြောင်းအင်အားကို ဟန့်တားနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ PDF နဲ့ ပကဖတပ်ဖွဲ့တွေအနေနဲ့ စစ်တပ်လေကြောင်းကို ဟန့်တားနိုင်ဖို့နဲ့ ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ နည်းလမ်းပေါင်းစုံနဲ့ အဆက်မပြတ် ကြိုးပမ်းနေတယ်လို့
မြန်မာသတင်း

တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေအပေါ် NUCC နဲ့ NUG ဆွေးနွေးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 103 Views
ဇွန်လ (၃၀)ရက်။ ဇွန်လ (၂၈)ရက်နေ့က တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေနဲ့ပတ်သက်ပြီး NUCC နဲ့ NUG တို့ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဆွေးနွေးပွဲကို (၃)နာရီကြာ ပြုလုပ်ခဲ့ပြီး NUCC ကောင်စီဝင်တွေနဲ့ MOD ဝန်ကြီးနဲ့
မြန်မာသတင်း

မင်းအောင်လှိုင် လာအိုနိုင်ငံကို သွားမယ်လို့ဆို

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 85 Views
ဇွန်လ (၃၀)ရက်။ လာမယ့်ရက်ပိုင်းထဲ စစ်ခေါင်းဆောင် ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ လာအိုနိုင်ငံကို သွားဖို့ရှိတယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ သူ့မိန်းမ ကြူကြူလှနဲ့အတူ လာအိုနိုင်ငံကို ဇွန်လ (၃)ရက်ကနေ (၅)ရက်အထိ သွားဖို့ရှိတယ်လို့ ဆိုပါတယ်။
မြန်မာသတင်း

မုံရွာပလဖစခန်းကို NUG တပ်ရင်းတွေ စီးနင်းပစ်ခတ်ခံရပြီး ပလဖတာဝန်ခံ အာကူးကျဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 99 Views
ဇွန်လ (၃၀)ရက်။ မနေ့က ညပိုင်းအချိန်က မုံရွာမြိုပလဖစခန်းကို NUG တပ်ရင်းတွေ ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့တယ်လို ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “မုံရွာပလဖစခန်းကို NUG က တပ်ရင်း (၅)ရင်းနဲ့ ဝင်စီးတာ။ အဲ့ဒီမှာ ပစ်ခတ်တာတွေဖြစ်ပြီး ပလဖတာဝန်ခံ အာကူး
မြန်မာသတင်း

မိုးဗြဲအနီးတိုက်ပွဲ လက်နက်ခဲယမ်းနဲ့ စစ်သုံပန်း (၂)ဦး ဖမ်းမိခဲ့တယ်လို UTF ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 89 Views
ဇွန်လ (၂၉)ရက်။ မနေ့က ရှမ်း-ကရင်နီအစပ် မိုးဗြဲမြိုအနီးမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို Urban Task Force Aung Ban ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တိုက်ပွဲထဲ စစ်ကောင်စီတပ်ဆီကနေ လက်နက်ခဲယမ်းအချိုနဲ့ စစ်သုံပန်း
မြန်မာသတင်း

Proof of Life ကို ပိုမိုအရှိန်မြှင့်မယ်လိုဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 79 Views
ဇွန်လ (၂၉)ရက်။ ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိသေးတယ်ဆိုတာကို သက်သေပြဖို တောင်းဆိုတဲ့ Proof of Life အစီအစဉ်ကို ပိုမိုအရှိန်မြှင့်မယ်လို ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစွာ သက်ရှိထင်ရှား ရှိနေသေးတာကို အခိုင်အမာ သက်သေပြဖို စစ်အုပ်စုကို