ဖေဖော်ဝါရီလ (၂၇)ရက်။
မနေ့က နံနက်ပိုင်းအချိန်က မုံရွာမြို့ ခတက္ကန်ရွာ အရှေ့ဘက်ရှိ MRTV အသံလွှင့်တာဝါတိုင်ကုန်းစခန်းကို အောင်မြင်စွာသိမ်းပိုက်နိုင်ခဲ့တယ်လို့ အမှတ်(၁)စစ်ဒေသရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
စစ်ကောင်စီရဲ့ MRTV အသံလွှင့်တာဝါတိုင်ကုန်း(ဗောဓိတထောင်)စခန်းမှာ ရဲအင်အား (၁၇)ဦး အခြေချထားပြီး စခန်းသိမ်းတိုက်ပွဲထဲ စစ်ကောင်စီဘက်က (၁၁)ဦးသေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
တိုက်ပွဲထဲ စစ်ကောင်စီထံက G-3 (၅)လက်၊ Uzi (၃)လက်၊ M-79 (၂)လက်၊ G-3 ကျည် (၂၅၇၀)တောင့်၊ 9mm ကျည် (၂၁၂၈)တောင့်၊ ၄၀ မမ ဗုံးသီး (၁၀)လုံး၊ ရှေ့ထွက်မိုင်း (၂)လုံး၊ ကျည်အိမ် (၆)ခုနဲ့ TV (၁)လုံးတို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။
စခန်းသိမ်းတိုက်ပွဲဖြစ်ပွားနေချိန် စစ်ကောင်စီရဲ့ နမခဘက်က Paramotor (၂)စီးအပြင် တံတားဦးလေတပ်က Mi-35 (၁)စီးနဲ့ လေကြောင်းပစ်ကူပေးခဲ့သလို အမတ(၅၀၈)က ၁၀၅မမ၊ ၁၂၀မမတို့နဲ့ (၁၄)ကြိမ်ခန့် ပစ်ကူပေးခဲ့တယ်လို့ ပြောဆိုထားပါတယ်။
တိုက်ပွဲထဲ မုံရွာခရိုင် ကွပ်ကဲရေးမှူး ကွပ်ကဲမှုနဲ့ မုံရွာခရိုင် ကွပ်ကဲရေးရုံးအဖွဲ့၊ မုံရွာခရိုင် ဒရုန်းတပ်ဖွဲ့၊ မုံရွာခရိုင် လက်နက်ကြီးတပ်ဖွဲ့၊ မုံရွာခရိုင် တပ်ရင်း(၁၊ ၄၊ ၆၊ ၁၆၊ ၂၄၊ ၂၇)၊ ဗျူဟာ(၆၁၊၆၄) စစ်ကိုင်းခရိုင် တပ်ရင်း(၂)ဒရုန်းတပ်ဖွဲ့ (GTR)၊ မုံရွာခရိုင်ပကဖ တိုက်ခိုက်ရေးအဖွဲ့ (Danger Force LPDF)၊ မုံရွာခရိုင် ပကဖ ဒရုန်းအဖွဲ့၊ မုံရွာမြို့နယ် ပကဖ၊ အရာတော်မြို့နယ် တိုက်နယ်(၁၁) ဒရုန်းအဖွဲ့နဲ့ BLDF တို့ ပူးပေါင်းပါဝင်ခဲ့တယ်လို့ သိရပါတယ်။


