နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ အောက်တိုဘာလ 14 ရက်

မြန်မာသတင်း

မြန်မာသတင်း

ကန့်ဘလူမှာ အချုပ်သူကို မုဒိန်းကျင့်ပြီး ထွက်ပြေးနေတဲ့ ပအဖတာဝန်ခံ တန့်ဆည်မှာ ဖမ်းမိ

ဖေဖော်ဝါရီလ (၂၈)ရက်။

ကန့်ဘလူမြို့က ပလဖအချုပ်စခန်းတခုမှာ အချုပ်သူတစ်ဦးကို မုဒိန်းကျင့်ပြီး ထွက်ပြေးလွတ်မြောက်နေတဲ့ ခရိုင်ပအဖတာဝန်ခံ မြင့်ဇော်ဦး(ခ)မဲခေါင်ကို တန့်ဆည်မြို့မှာဖမ်းမိခဲ့တယ်လို့ နီးစပ်သူတွေရဲ့ အတည်ပြုပြောဆိုချက်တွေအရ သိရပါတယ်။

“ သူကိုယ်တိုင် တန့်ဆည်ပလဖဆီမှာ အဖမ်းခံတာပါ။ အဲ့ဒီကနေ ချိတ်ဆက်ပြီး ကန့်ဘလူဘက်ကို ပြန်ပို့မှာပေ့ါ။ သူနဲ့အတူ တိုင်ကြားခံရတဲ့ (၂)ယောက်ကတော့ ရှိနေပါတယ်” လို့ နီးစပ်သူတစ်ဦးက ဆိုပါတယ်။

အချုပ်သူကို မုဒိန်းကျင့်တာကြောင့် NUG ပြည်ထဲရေးက ဖမ်းဆီးမိန့်ချမှတ်ပြီးနောက် ထွက်ပြေးလွတ်မြောက်နေတဲ့ မြင့်ဇော်ဦး(ခ)မဲခေါင်ဟာ တန့်ဆည်မြို့ပလဖဆီမှာ ကိုယ်တိုင် သွားရောက်ဖမ်းဆီးခံခဲ့တာလို့ သိရပါတယ်။

ဖမ်းဆီးမိန့်ကျထားတဲ့ ပအဖတာဝန်ခံ မြင့်ဇော်ဦး(ခ)မဲခေါင်ဟာ ပြီးခဲ့တဲ့ရက်ပိုင်းက ထွက်ပြေးသွားကာ စစ်အုပ်စုနဲ့ ပူးပေါင်းသွားပြီလို့ သတင်းထွက်ပေါ်ခဲ့တာဟာ သတင်းအမှားသာဖြစ်တယ်လို့ NUG ဘက်က ပြောဆိုထားပါတယ်။

သူဟာ NUG ပြည်ထဲရေးဝန်ကြီးဌာနက သွားရောက်ဖမ်းဆီးချိန်မှာ ထွက်ပြေးလွတ်မြောက်သွားခဲ့ပြီးနောက် အခုလို တန့်ဆည်မြို့ပလဖထံမှာ ဖမ်းဆီးခံခဲ့တာလို့ သိရပါတယ်။

ပအဖတာဝန်ခံ မြင့်ဇော်ဦး(ခ)မဲခေါင်ဟာ ပလဖအချုပ်စခန်းတခုက Non-CDM အချုပ်သူတစ်ဦးကို မုဒိန်းကျင့်ခဲ့တဲ့ဖြစ်စဉ်နဲ့ပတ်သက်ပြီး တာဝန်ကနေ ရပ်ဆိုင်းခံထားရပြီး သူနဲ့အတူ တိုင်ကြားခံရသူ (၂)ဦးလဲ ပါဝင်ပါတယ်။

အဲ့ဒီအမှုဖြစ်စဉ်ဟာ ၂၀၂၃ခုနှစ်ကထဲက ဖြစ်ပွားခဲ့ပေမယ့် ၂၀၂၅ခုနှစ် ဇန်နဝါရီလမှသာ ကျူးလွန်ခံရသူက တိုင်ကြားခဲ့တာဖြစ်ပြီး အခုအချိန်အထိ NUG ဘက်က စစ်ဆေးနေတုန်းဖြစ်ကာ အရေးယူနိုင်တာမရှိသေးဘူးလို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

စစ်အုပ်စုရဲ့ NCA အခမ်းအနားကို မတက်ဖို နိုင်ငံတကာကို အပစ်ရပ်လက်မှတ်ထိုးခဲ့တဲ့ တော်လှန်ရေးတပ်ဖွဲ (၆)ဖွဲ တိုက်တွန်း

  • 2025 ခုနှစ်၊ အောက်တိုဘာလ 13 ရက်
  • 48 Views
အောက်တိုဘာလ (၁၃)ရက်။ စစ်အုပ်စုရဲ့ NCA အခမ်းအနားကို မတက်ရောက်ဖို ကုလသမဂ္ဂ၊ အာဆီယံနဲ့ နိုင်ငံတကာသံတမန်တွေကို အပစ်ရပ်လက်မှတ်ရေးထိုးခဲ့တဲ့ KNU၊ CNF၊
မြန်မာသတင်း

မိတ္ထီလာမှာ ကင်းလှည့်နေတဲ့ ရဲကားတစီး လက်ပစ်ဗုံးနဲ့ ပစ်ခတ်ခံရပြီး ထိခိုက်သေဆုံးတာတွေရှိခဲ့

  • 2025 ခုနှစ်၊ အောက်တိုဘာလ 13 ရက်
  • 20 Views
အောက်တိုဘာလ (၁၃)ရက်။ မနေ့က နံနက် (၁)နာရီကျော်အချိန်က မိတ္ထီလာမြိုအနောက်ဘက်ကနေ ကင်းလှည့်ပြီးပြန်လာတဲ့ ရဲကားကို လက်ပစ်ဗုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို Satan UG
မြန်မာသတင်း

TNLA ထိန်းချုပ်ထားတဲ့ မိုင်းလုံမြိုကို စစ်တပ်က (၂)ရက်ဆက်တိုက် လေကြောင်းဗုံးကြဲ

  • 2025 ခုနှစ်၊ အောက်တိုဘာလ 13 ရက်
  • 23 Views
အောက်တိုဘာလ (၁၃)ရက်။ ပြီးခဲ့တဲ့ (၂)ရက်တာထဲ မိုင်းလုံမြိုနယ်ကို စစ်တပ်က လေကြောင်းကနေ ပေါင် (၂၅၀)ဗုံး (၅)လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို TNLA ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အောက်တိုဘာလ (၁၁)ရက်နေ့ နေ့လယ် (၁)နာရီခွဲအချိန်က
မြန်မာသတင်း

စဉ့်ကူးမြိုမှာ ပြည်သူနဲ့ ပြဿနာအချေအတင်ဖြစ်တဲ့ ရဲဘော်တွေကို အရေးယူမယ်လိုဆို

  • 2025 ခုနှစ်၊ အောက်တိုဘာလ 13 ရက်
  • 22 Views
အောက်တိုဘာလ (၁၃)ရက်။ စဉ့်ကူးမြိုနယ်မှာ Starlink Internet နဲ့ပတ်သက်ပြီး ပြည်သူနဲ့ ပြဿနာ အချေအတင်ဖြစ်တဲ့ ရဲဘော်တွေကို အရေးယူသွားမယ်လို NUG မြိုနယ်အရေးပေါ်အုပ်ချုပ်ရေးအဖွဲရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဖြစ်စဉ်ဟာ အောက်တိုဘာလ (၁၁)ရက်နေ့က စဉ့်ကူးမြိုနယ်ရှိ
မြန်မာသတင်း

ခေတ်မျက်လုံးရဲ့ အပတ်စဥ် နိုင်ငံ‌ရေးဖြစ်စဥ်များကိုဆွေးနွေးတင်ပြခြင်း (၁၆)

  • 2025 ခုနှစ်၊ အောက်တိုဘာလ 12 ရက်
  • 42 Views
+++++++++++++++++++++++++++++++++++++++++++ ဒီအပတ်ခေါင်းစဥ်ကတော့ “လျှို့ဝှက်မှုမဲ့တဲ့လွင်ကိုလတ် မဲစာရင်းအမှားများနဲ့ဘူးလက် အာဆီယံအတွက် NUG ရဲ့ကြိုးပမ်းချက်” တို့ဖြစ်ပါတယ်။ ဒီအပတ် အောက်တိုဘာလ ၁၂ရက်နေ့ မှာ ပစ်မှတ်ဆိုင်ရာ အထူး ထောက်လှမ်းရေး သင်တန်းကို (လွင်ကိုလတ်)က အွန်လိုင်းကနေ သင်တန်းပေးမှာ ဖြစ်သင့်သလားဆိုတာနဲ့
မြန်မာသတင်း

တိုင်းဗဟိုသင်တန်းကျောင်းက စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေ အလင်းဝင်လာတယ်လို့ KNU ထုတ်ပြန်

  • 2025 ခုနှစ်၊ အောက်တိုဘာလ 11 ရက်
  • 60 Views
အောက်တိုဘာလ (၁၁)ရက်။ အခုလထဲ စစ်တပ်ရဲ့ တိုင်းဗဟိုအမှတ်(၁၂) လေ့ကျင့်ရေးသင်တန်းကျောင်းက တပ်သား (၄)ဦး လက်နက်မဲ့ အလင်းဝင်လာခဲ့တယ်လို့ KNU ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ လယ်မူးလားမြို့နယ်ထဲ စစ်တပ်ရဲ့ လေ့ကျင့်ရေးသင်တန်းကျောင်းကနေ အောက်တိုဘာလ (၅)ရက်နေ့က
မြန်မာသတင်း

ဒိုက်ဦးထောင်မှာ နိုင်/ကျဉ်း(၁၇)ဦး လူစုလူဝေးလုပ်တယ်ဆိုပြီး မတရား ဒေါက်ခတ်တိုက်ပိတ်ခံထားရ

  • 2025 ခုနှစ်၊ အောက်တိုဘာလ 11 ရက်
  • 42 Views
အောက်တိုဘာလ (၁၁)ရက်။ ‌ဒိုက်ဦးထောင်မှာ နိုင်ငံရေးအကျဉ်းသား (၁၇)ဦးကို ထောင်ထဲ လူစုလူဝေးပြုလုပ်တယ်ဆိုပြီး မတရား ဒေါက်ခတ်တိုက်ပိတ်ထားတယ်လို့ PPNM ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီနိုင်ငံရေးအကျဉ်းသား (၁၇)ဦးကို အောက်တိုဘာလ (၂)ရက်နေ့ကစပြီး (၅)ယောက်တစုနှုန်း လူခွဲကာ
မြန်မာသတင်း

ဘီးလင်းမြို့မှာ စစ်တပ်ရဲ့ လေကြောင်းဗုံးကြဲတာကြောင့် ကျောင်းသား (၅)ဦးသေဆုံးခဲ့ရ

  • 2025 ခုနှစ်၊ အောက်တိုဘာလ 11 ရက်
  • 37 Views
အောက်တိုဘာလ (၁၁)ရက်။ အောက်တိုဘာလ (၉)ရက်နေ့ ည(၈)နာရီကျော်အချိန်က ဘီးလင်းမြို့ ပျဉ်းမပင်ဆိပ်ရွာရှိ ကဘောယူပလောနေရာကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲခဲ့တယ်လို့ KNU ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ (၉)ရက်နေ့ ည(၈)နာရီ (၁၀)မိနစ်မှာ