နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 30 ရက်

မြန်မာသတင်း

မြန်မာသတင်း

(၄)နှစ်တာထဲ လူမှုကွန်ရက်မှာ စစ်ကောင်စီကို ဆန့်ကျင်ရေးသားလို့ဆိုပြီး ဖမ်းဆီးခံရသူ (၁၈၀၀)ကျော်ရှိခဲ့

မတ်လ (၁)ရက်။

အာဏာသိမ်း (၄)နှစ်ကျော်ကာလထဲ လူမှုကွန်ရက်မှာ စစ်ကောင်စီကို ဆန့်ကျင်ရေးသားတာကြောင့်ဆိုပြီး ဖမ်းဆီးခံရသူ (၁၈၈၄)ဦး ရှိခဲ့တယ်လို့ Data for Myanmar ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။

ဖမ်းဆီးခံရသူတွေဟာ လူမှုကွန်ရက်ပေါ်မှာ စစ်ကောင်စီကို ဆန့်ကျင်ဝေဖန်ပြီး လူထုလှုပ်ရှားမှုတွေနဲ့ တော်လှန်ရေးအဖွဲ့တွေကို အားပေးထောက်ခံတဲ့ ရေးသားပြောဆိုတာတွေကြောင့်လို့ ဆိုပါတယ်။

၂၀၂၂နဲ့ ၂၀၂၃ခုနှစ်တို့မှာ စစ်ကောင်စီရဲ့ ဖမ်းဆီးခံရတဲ့ အွန်လိုင်းအသုံးပြုသူဦးရေဟာ ပျမ်းမျှ ‌(၇၀၀)ကျော်ရှိခဲ့ပြီး ၂၀၂၄ခုနှစ်ထဲမှာတော့ ဖမ်းဆီးခံရသူဦးရေ ထက်ဝက်ခန့် လျော့ကျသွားတယ်လို့ ဖော်ပြထားပါတယ်။

နောက်ပြီး ၂၀၂၄ခုနှစ်ထဲ မြို့နယ်ပေါင်း (၁၁၉)မြို့နယ်က အွန်လိုင်းအသုံးပြုသူ (၃၇၅)ဦး ဖမ်းဆီးခံရပြီး အများစုက ရန်ကုန်နဲ့ မန္တလေးတို့က ဖြစ်တယ်လို့ ရေးသားထားပါတယ်။

ဒါ့အပြင် ၂၀၂၅ခုနှစ် (၂)လတာကာလထဲမှာလဲ မြို့နယ်ပေါင်း (၁၄)မြို့နယ်က အွန်လိုင်းအသုံးပြုသူ (၂၀)ဦး ဖမ်းဆီးခံခဲ့ရကာ စစ်ကောင်စီရဲ့ ဖမ်းဆီးအရေးယူတာတွေ ဆက်လက်ရှိနေသေးတယ်လို့ ပြောဆိုထားပါတယ်။

စစ်ကောင်စီရဲ့ ဖမ်းဆီးခံရသူ အများစုဟာ Facebook ပေါ်မှာ ရေးသားမျှဝေတာကြောင့်ဖြစ်သလို အခြားအွန်လိုင်းပလက်ဖောင်းတွေဖြစ်တဲ့ TikTok၊ Telegram နဲ့ Viber တို့မှာ ရေးသားမျှဝေတာတွေကြောင့်လဲ ပါဝင်ပါတယ်။

အခုလို စစ်ကောင်စီရဲ့ ဖမ်းဆီးတာတွေကြောင့် အွန်လိုင်းအသုံးပြုသူတွေအနေနဲ့ ပုဂ္ဂိုလ်ရေးအချက်အလက်တွေ ဘေးကင်းလုံခြုံအောင် သတိထားသုံးစွဲသင့်ပြီး ခရီးမသွားမီ အချက်အလက်လုံခြုံဖို့နဲ့ ဘေးကင်းလုံခြုံဖို့ အစီအမံတွေ ပြင်ဆင်သင့်တယ်လို့ အကြုံပြုပြောဆိုထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ရခိုင်မှာ ချိတ်ပိတ်ထားတဲ့ နေအိမ်အချိုကို AA က ပြန်လွှဲအပ်

  • 2026 ခုနှစ်၊ မတ်လ 29 ရက်
  • 27 Views
ရခိုင်မှာ ချိတ်ပိတ်ထားတဲ့ နေအိမ်အချိုကို AA က ပြန်လွှဲအပ် မတ်လ (၂၈)ရက်။ ရခိုင်ဒေသ မြိုသိမ်းတိုက်ပွဲတွေပြီးနောက် စစ်ကော်မရှင်အပါအဝင် အကြမ်းဖက်အဖွဲတွေနဲ
မြန်မာသတင်း

CDM သူနာပြုဆရာမကို မုဒိန်းကျင့်သတ်ဖြတ်ခဲ့တဲ့ ပျုစောထီး ပစ်ခတ်ဖမ်းဆီးခံရပြီး သေဆုံးခဲ့

  • 2026 ခုနှစ်၊ မတ်လ 28 ရက်
  • 38 Views
မတ်လ (၂၈)ရက်။ မတ်လ (၂၀)ရက်နေ့ ည (၁၀)နာရီခွဲအချိန်က အုတ်ဖိုမြို အောင်သုခရပ်ကွက်နေ ပျူစောထီး မောင်ဆန်းကို နေအိမ်မှာ သွားရောက်ဖမ်းဆီးခဲ့တယ်လို
မြန်မာသတင်း

တပ်မတော်နေ့အခမ်းအနားကျင်းပတဲ့ စစ်တပ်ရဲ့ ဘုရင့်နောင်သင်တန်းကျောင်း ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခံရ

  • 2026 ခုနှစ်၊ မတ်လ 28 ရက်
  • 40 Views
မတ်လ (၂၈)ရက်။ မနေ့က နံနက် (၇)နာရီကျော်အချိန်က သံတောင်ကြီးရှိ စစ်တပ်ရဲ့ ဘုရင့်နောင်တိုက်ခိုက်ရေးသင်တန်းကျောင်းကို ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို BWM ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ဘုရင့်နောင်တိုက်ခိုက်ရေးကျောင်းမှာ ခွေးတပ်မတော်နေ့ ကျင်းပတဲ့နေရာကို ၁၀၇မမ ရှော့တိုက်ဒုံး
မြန်မာသတင်း

အောင်ပွဲဟာ လက်တကမ်းအကွာကို ရောက်နေပြီလို NUG ပြော

  • 2026 ခုနှစ်၊ မတ်လ 28 ရက်
  • 42 Views
မတ်လ (၂၈)ရက်။ အောင်ပွဲဟာ လက်တကမ်းအကွာကို ဆိုက်ရောက်နေပြီလို NUG က (၈၁)နှစ်မြောက် ဖက်ဆစ်တော်လှန်ရေးနေ့ကို ပေးပိုတဲ့သဝဏ်လွှာမှာ ပြောဆိုခဲ့တယ်လို သိရပါတယ်။ “ အမှောင်ထုဟာ အလင်းကို မအုပ်စိုးနိုင်သလို ပြည်သူရဲ့ မတုန်မလှုပ်တဲ့ သန္နိဋ္ဌာန်နဲ့ စည်းလုံးတဲ့
မြန်မာသတင်း

၂၀၂၆ ခုနှစ်၊ မတ်လနှောင်းပိုင်းအထိ ရုရှား-ယူကရိန်းစစ်ပွဲရဲ့ နောက်ဆုံးအခြေအနေတွေကို အောက်ပါအတိုင်း အနှစ်ချုပ် တင်ပြပေးလိုက်ပါတယ်။

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 47 Views
၂၀၂၆ ခုနှစ်၊ မတ်လ ရက် ၁။ စစ်မြေပြင်အခြေအနေ နွေဦးထိုးစစ်တွင် ခံစစ်မြို့ကြီးများ တိုက်ပွဲ။  ရုရှားတပ်ဖွဲ့တွေဟာ ယူကရိန်းရဲ့ ဒိုးနက်စ် (Donetsk) ဒေသမှာရှိတဲ့ ခံစစ်မြို့ကြီး လေးမြို့ကို ဦးတည်ပြီး နွေဦးထိုးစစ်ကို အရှိန်မြှင့် ဆောင်ရွက်နေပါတယ်။
မြန်မာသတင်း

စစ်တပ် ခေါင်းဆောင်ပိုင်း အပြောင်းအလဲရှိမယ်ဆိုပြီး ဒုစစ်ခေါင်းဆောင် စိုးဝင်းပြော

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 52 Views
မတ်လ (၂၇)ရက်။ ဒီကနေ့ တပ်မတော်နေ့နောက်ပိုင်းမှာ စစ်တပ်ရဲ့ ခေါင်းဆောင်ပိုင်း အပြောင်းအလဲရှိမယ်ဆိုပြီး ဒုစစ်ခေါင်းဆောင် စိုးဝင်းက ‌ပြည်တွင်းသတင်းဌာနအချို့မှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ တပ်မတော်နေ့ အခမ်းအနားပြီးဆုံးတဲ့နောက်ပိုင်းမှာ တပ်မတော်ရဲ့ ခေါင်းဆောင်ပိုင်းအပြောင်းအလဲတွေ ဖြစ်ပေါ်လာမှာဖြစ်ပြီး ဘယ်သူ ဦးဆောင်တာဖြစ်ပါစေ
မြန်မာသတင်း

မကွေးလေတပ်စခန်း ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခံရ

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 48 Views
မတ်လ (၂၇)ရက်။ မတ်လ (၂၅)ရက်နေ့ ည (၁၁)နာရီ (၂၀)မိနစ်အချိန်က စစ်ကော်မရှင်ရဲ့ မကွေးလေတပ်စခန်းကို ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ BWM ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ BWM ရဲ့ မစ်ရှင်(၅၃)အနေနဲ့
မြန်မာသတင်း

ဒီကနေ့ဆင်နွှဲနေတဲ့ ဒီမိုကရေစီတိုက်ပွဲဟာ ဒုတိယဖက်ဆစ်တော်လှန်ရေးလို့ CRPH ထုတ်ပြန်

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 29 Views
မတ်လ (၂၇)ရက်။ ဒီကနေ့ ဆင်နွှဲနေတဲ့ ဒီမိုကရေစီတိုက်ပွဲဟာ ဒုတိယဖက်ဆစ်တော်လှန်ရေးလို့ CRPH ရဲ့ (၈၁)နှစ်မြောက် ဖက်ဆစ်တော်လှန်ရေးနေ့သဝဏ်လွှာမှာ ပြောဆိုထားတယ်လို့ သိရပါတယ်။ အခုအခါမှာ မြန်မာပြည်သူလူထုအနေနဲ့ တစ်ကျော့ပြန် ပေါ်ပေါက်လာတဲ့ ပြည်တွင်းဖက်ဆစ်စနစ်ဆိုးကို ရင်ဆိုင်နေကြရပြီး အကြမ်းဖက်စစ်အုပ်စုရဲ့ လုပ်ရပ်တွေဟာ