နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ အောက်တိုဘာလ 24 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန် ဥရောပ

ယူကရိန်း-အမေရိကန် ထိပ်သီးဆွေးနွေးပွဲ ပျက်သွားပြီးနောက် အနောက်နိုင်ငံတွေက ယူကရိန်းကို ထောက်ခံကြောင်း တညီတညွတ်တည်း ထုတ်ဖော်ပြောဆို

မတ်လ (၂) ရက်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ ယူကရိန်းသမ္မတ ဗလော်ဒီမီယာ ဇလန်းစကီးတို့ကြား ဆွေးနွေးပွဲ ပျက်ပြားသွားပြီးနောက် အနောက်နိုင်ငံခေါင်းဆောင်တွေက ယူကရိန်းကို ထောက်ခံကြောင်း တညီတညွတ်တည်း ထုတ်ဖော်ပြောဆိုကြပါတယ်။

ဖေဖော်ဝါရီ ၂၈ ရက်တွင် ဆွေးနွေးပွဲ မပြုလုပ်မီ ဗြိတိန်ဝန်ကြီးချုပ် စတားမာက ၂၇ ရက်နေ့မှာ အိမ်ဖြူတော်ကို သွားရောက်ခဲ့ပြီး ထရမ့်နဲ့ တွေ့ဆုံခဲ့ပါတယ်။ ငြိမ်းချမ်းရေးသဘောတူညီချက်ဟာ “ကျူးကျော်သူ” ကို အကျိုးရှိအောင် မပြုလုပ်သင့်ဘူးလို့ ပြောဆိုခဲ့ပါတယ်။ ထရမ့်နဲ့ ဇလန်းစကီး တို့အကြား ဆွေးနွေးပွဲ မအောင်မမြင် ဖြစ်ခဲ့ပြီးနောက် ဗြိတိန်ဝန်ကြီးချုပ်ဟာ ဇလန်းစကီးနဲ့ တွေ့ဆုံခဲ့ပါတယ်။

ဒေါင်းနင်းလမ်းမှ ပြောရေးဆိုခွင့်ရှိသူ စတားမာက “ယူကရိန်းကို ထောက်ခံမှု မယိမ်းမယိုင် ရှိနေဆဲဖြစ်ပြီး ယူကရိန်းရဲ့ အချုပ်အခြာအာဏာနဲ့ လုံခြုံရေးကို အခြေခံတဲ့ ထာဝရငြိမ်းချမ်းရေးအတွက် နည်းလမ်းရှာဖို့ ကြိုးစားအားထုတ်သွားမယ်” လို့ ပြောကြားခဲ့ပါတယ်။

ဗြိတိန်မှာ ယူကရိန်းကို ထောက်ပံ့အကူအညီပေးရေးဆိုင်ရာ ဥရောပခေါင်းဆောင်များ အစည်းအဝေးကို မတ်လ (၂) ရက်နေ့မှာ ကျင်းပဖို့ ရှိပါတယ်။ အဲ့ဒီအစည်းအဝေးကို ဇလန်းစကီးလည်း တက်ရောက်မှာ ဖြစ်ပါတယ်။

ထရမ့်ရဲ့ အရင်းနှီးဆုံးဥရောပခေါင်းဆောင်ထဲက တစ်ဦးဖြစ်တဲ့ အီတလီဝန်ကြီးချုပ် မီလိုနီက ပြိုကွဲမှုက အနောက်နိုင်ငံတွေ အားနည်းစေမှာဖြစ်ပြီး ယူကရိန်းအရေးနဲ့ ပတ်သက်ပြီး အနောက်အုပ်စု ထိပ်သီးဆွေးနွေးပွဲပြုလုပ်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။

ပြင်သစ်သမ္မတမက်ခရွန်၊ ဥရောပသမဂ္ဂဥက္ကဋ္ဌနဲ့ ဥရောပကောင်စီ အမြဲတမ်းဥက္ကဋ္ဌကိုစတာနဲ့ နေတိုးအတွင်းရေးမှူးချုပ်တို့ဟာ ဇလန်းစကီးနဲ့ တွေ့ဆုံခဲ့ကြတယ်လို့ သတင်းရင်းမြစ်တွေက ပြောပါတယ်။

အစည်းအဝေးအပြီး ထုတ်ပြန်ချက်မှာ “ ကျူးကျော်သူဟာ ရုရှားဖြစ်ပြီး တိုက်ခိုက်ခံနေရတာက ယူကရိန်းပါ” လို့ မက်ခရွန်က ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

ဂျာမနီဝန်ကြီးချုပ် အိုလတ်ဖ် ရှုဇ် (Olaf Scholz) က “ ယူကရိန်းဟာ ဂျာမနီနဲ့ ဥရောပကို အားကိုးနိုင်ပါတယ်” လို့ X (အရင် Twitter) မှာ ရေးသားခဲ့ပါတယ်။

အီးယူနိုင်ငံခြားရေးနဲ့ လုံခြုံရေးမူဝါဒဆိုင်ရာ အဆင့်မြင့် ကိုယ်စားလှယ် အီးယူ နိုင်ငံခြားရေး ဝန်ကြီး ကားလ်စ် (Kallas) က “လွတ်လပ်တဲ့ကမ္ဘာကြီးက ခေါင်းဆောင်သစ် လိုအပ်လာပြီဆိုတာ ရှင်းပါတယ်” လို့ ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

လစ်သူယေးနီးယားသမ္မတ Nausėda က “ ယူကရိန်းဟာ ဘယ်တော့မှ တစ်ယောက်တည်း ဖြစ်မနေဘူး” လို့ ပြောဆိုခဲ့ပါတယ်။

အက်စတိုးနီးယား နိုင်ငံခြားရေးဝန်ကြီး ဆာဗ်ကူနာက စိုးရိမ်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပြီး “ ယူကရိန်းက စစ်တိုက်တာကို ရပ်လိုက်ရင် နိုင်ငံပျောက်သွားလိမ့်မယ်” လို့ ပြောဆိုခဲ့ပါတယ်။

ဥရောပပြင်ပမှာလည်း အင်္ဂလိပ်စကားပြောနိုင်ငံငါးနိုင်ငံ လျှို့ဝှက်အချက်အလက်မျှဝေရေးအဖွဲ့ (Five Eyes) ရဲ့ အဖွဲ့ဝင်လေးနိုင်ငံ (အမေရိကန်မှအပ) ကလည်း ယူကရိန်းကို ထောက်ခံကြောင်း ထုတ်ဖော်ပြောဆိုခဲ့ကြပါတယ်။

ကနေဒါဝန်ကြီးချုပ် ဂျက်စတင် ထရူးဒိုးက ယူကရိန်းကို ရုရှားရဲ့ “ တရားမ၀င် မျှတမှုမရှိတဲ့ ကျူးကျော်မှု” ကို ရှုတ်ချကြောင်း ထပ်လောင်းပြောကြားလိုက်ပါတယ်။ ယူကရိန်းစစ်ပွဲဟာ “ကျွန်ုပ်တို့အားလုံးရဲ့ပြဿနာ” အဖြစ် ဖော်ပြခဲ့ပြီး ယူကရိန်းကို ဆက်လက်ထောက်ခံ သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

သြစတြေးလျ ဝန်ကြီးချုပ် အယ်လ်ဘာနီးစ်က “ ယူကရိန်းရဲ့ တိုက်ပွဲဟာ နိုင်ငံတကာ ဥပဒေကို စောင့်ရှောက်ဖို့အတွက် တိုက်နေရတဲ့ တိုက်ပွဲဖြစ်တယ်” လို့ ပြောခဲ့ပြီး ယူကရိန်းကို ဆက်လက်ထောက်ခံသွားမယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

နယူးဇီလန် ဝန်ကြီးချုပ် ခရစ္စတိုဖာလူဆန်က “ရုရှားက စတင်ခဲ့တဲ့စစ်ပွဲ” ကို ပြန်လည် ခုခံတိုက်ခိုက်နေရတဲ့ ယူကရိန်းရဲ့ မိမိကိုယ်ကို ကာကွယ်ရေးကို အခိုင်အမာ ထောက်ခံကြောင်း ပြောကြားခဲ့ပါတယ်။

တစ်ချိန်တည်းမှာ ထရမ့်ရဲ့ ရင်းနှီးတဲ့မဟာမိတ် ဟန်ဂေရီ၀န်ကြီးချုပ် ဗစ်တာအော်လ်ဘန် (Viktor Orban) သည် “ ငြိမ်းချမ်းရေးအတွက်သတ္တိရှိရှိရပ်တည်မှု” အတွက် ထရမ့်ကို ချီးကျူးခဲ့ပြီး X ရဲ့ ပို့စ်မှာ ထရမ့်ကို ကျေးဇူးတင်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

ယူကရိန်းပါလီမန်တွင်မှာတော့ နိုင်ငံခြားရေးရာကော်မတီဥက္ကဋ္ဌက “ သမ္မတအတွက် ဂုဏ်ယူပါတယ်” ဇလန်းစကီးအား ထောက်ခံတဲ့ စည်းလုံးညီညွတ်မှုအသံတွေ ထွက်ပေါ်ခဲ့တယ်လို့ သိရပါတယ်။

ယူကရိန်းစစ်ဘက်အရာရှိတွေကလည်း စစ်ပွဲကို အဆုံးသတ်ဖို့ ထရမ့်ရဲ့အဆိုပြုချက်ကို ဆန့်ကျင်ထုတ်ဖော်ပြောဆိုခဲ့ပြီး “ စစ်ပွဲကို အခု ရပ်တန့်လိုက်ပြီး နောက်သုံးနှစ်အကြာမှာ ပြန်ပြီး စစ်တိုက်ရတာထက် သေတဲ့အထိ တိုက်ပွဲဝင်တာက ပိုကောင်းပါတယ်” လို့ ဆိုရှယ်မီဒီယာပေါ်မှာ ပြောဆိုခဲ့ပါတယ်။

သတင်းရင်းမြစ်။ CNN ဂျပန်

(လက်ဝဲမှ) ယူကရိန်းသမ္မတ ဗလော်ဒီမီယာ ဇလန်းစကီး၊ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် အမေရိကန်ဒုသမ္မတဗန့်စ်တို့ကို ဖေဖော်ဝါရီလ ၂၈ ရက်နေ့က အိမ်ဖြူတော်တွင် တွေ့ရစဉ်/Jim Lo Scalzo/EPA-EFE/Shutterstock

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ အမေရိကန် ဥရောပ

ပူတင်နှင့် ဆွေးနွေးပွဲများ “ မည်သည့်နေရာသို့မှ မရောက်ဟု” ပြောကြားရင်း ထရမ့်က ပိတ်ဆို့မှုအသစ်များ ချမှတ်

  • 2025 ခုနှစ်၊ အောက်တိုဘာလ 23 ရက်
  • 32 Views
BBC- ၂၀၂၅ခုနှစ်၊ အောက်တိုဘာလ ၂၂ရက် ယူကရိန်းတွင် ငြိမ်းချမ်းရေး သဘောတူညီမှု ရရှိရန် မော်စကိုအပေါ် ဖိအားပေးနိုင်ရေး ရည်ရွယ်ချက် ဖြင့်
နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အမေရိကန်

အစ္စရေးလွှတ်တော်က နယ်မြေသိမ်းပိုက်မှုအတွက် ရှေ့တိုးဆောင်ရွက်ပြီးနောက် အနောက်ဖက်ကမ်းကိုသိမ်းပိုက်ခြင်းကို ရူဘီယိုက သတိပေး

  • 2025 ခုနှစ်၊ အောက်တိုဘာလ 23 ရက်
  • 32 Views
BBC-၂၀၂၅ခုနှစ်၊ အောက်တိုဘာလ ၂၂ရက် အစ္စရေးလွှတ်တော်က သိမ်းပိုက်ထားသော အနောက်ဖက်ကမ်း(West Bank) နယ်မြေကို အစ္စရေးနိုင်ငံပိုင်အဖြစ်သိမ်းပိုက်ထည့်သွင်းရေးဘက်သို့ ဦးတည်သည့် လုပ်ရပ်တစ်ခုသည် ဂါဇာရှိ
နိုင်ငံတကာသတင်း အမေရိကန်

အချက်အလက် စစ်ဆေးချက်- ထရမ့်က ပေါ့ထ်လန်းမြို့ မီးလောင်နေသည်ဟု ထပ်မံ၍ လွဲမှားစွာ ပြောဆို

  • 2025 ခုနှစ်၊ အောက်တိုဘာလ 23 ရက်
  • 33 Views
CNN- ၂၀၂၅ခုနှစ်၊ အောက်တိုဘာလ ၂၂ရက် သမ္မတသည် အမေရိကန် မြို့ကြီးတစ်မြို့ မီးလောင်နေသည်ဟု ထပ်ခါတလဲလဲ ပြောဆိုနေသည်။ ထိုအရာသည် အမှန်တရားနှင့် လုံးဝ နီးစပ်မှု မရှိသော်လည်း ပြောဆိုခဲ့သည်။ သမ္မတ ဒေါ်နယ်လ် ထရမ့်က အင်္ဂါနေ့တွင်
နိုင်ငံတကာသတင်း

ဓနုလူထုအနေနဲ့ စစ်တပ်ရွေးကောက်ပွဲ ထောက်ခံအားပေးတာမလုပ်ကြဖို့ DPLF မေတ္တာရပ်ခံ

  • 2025 ခုနှစ်၊ အောက်တိုဘာလ 23 ရက်
  • 21 Views
အောက်တိုဘာလ (၂၃)ရက်။ ဓနုလူထုတွေအနေနဲ့ စစ်တပ်ရဲ့ ‌ရွေးကောက်ပွဲကို အားပေးထောက်ခံတာ၊ ပူးပေါင်းဆောင်ရွက်တာ မပြုလုပ်ကြဖို့ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦး(DPLF/DPLA)က ဒီကနေ့မှာ မေတ္တာရပ်ခံခဲ့တယ်လို့ သိရပါတယ်။ DPLF/DPLA အနေနဲ့ အာဏာသိမ်းစစ်အုပ်စုက ပြုလုပ်မယ့် ရွေးကောက်ပွဲကို အသိအမှတ်ပြု လက်ခံမှာမဟုတ်ဘူးလို့ ထုတ်ပြန်ထားပါတယ်။
နိုင်ငံတကာသတင်း အမေရိကန်

အောက်လွှတ်တော် ဥက္ကဋ္ဌ မိုက် ဂျွန်ဆင် အစိုးရရပ်ဆိုင်းထားမှုအခြေအနေကို ရှင်းလင်း ပြောကြား။

  • 2025 ခုနှစ်၊ အောက်တိုဘာလ 23 ရက်
  • 15 Views
CNN- ၂၀၂၅ခုနှစ်၊ အောက်တိုဘာလ ၂၃ရက် အောက်လွှတ်တော် ဥက္ကဋ္ဌ မိုက် ဂျွန်ဆင် က သူနှင့် အထက်လွှတ်တော် အများစုခေါင်းဆောင် ဂျွန် သူးန် တို့သည် မနေ့က တစ်နာရီခန့်ကြာ တွေ့ဆုံခဲ့ပြီး အစိုးရ ရန်ပုံငွေ
နိုင်ငံတကာသတင်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ အမေရိကန်

“ ပူတင်နဲ့ မျှော်လင့်ထားတဲ့ အစည်းအဝေးကို ဖျက်လိုက်ပြီ” လို့ ထရန့်ခ် ပြော။ “ ကျွန်တော့်အတွက်တော့ အဆင်မပြေဘူးလို့ ခံစားရတယ်”

  • 2025 ခုနှစ်၊ အောက်တိုဘာလ 23 ရက်
  • 29 Views
CNN- ၂၀၂၅ခုနှစ်၊ အောက်တိုဘာလ ၂၃ရက် သမ္မတ ဒေါ်နယ်လ် ထရန့်ခ်က ဗုဒ္ဓဟူးနေ့မှာ ရုရှားသမ္မတ ဗလာဒီမာ ပူတင်နဲ့ မျှော်လင့်ထားတဲ့ အစည်းအဝေးကို “ ဖျက်လိုက်ပြီ” လို့ ပြောကြားခဲ့ပြီး၊ အိမ်ဖြူတော်မှာသတင်းထောက်တွေ ကို “
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန်ပြည်ထောင်စုတွင် လက်ရှိ ဖြစ်ပေါ်နေသော အစိုးရ ရပ်ဆိုင်းမှုနှင့်ပတ်သက်၍ သမ္မတ ဒေါ်နယ်လ် ထရမ့် လက်ထက် အခြေအနေများကို အောက်ပါအတိုင်း တင်ပြလိုက်ပါသည်။

  • 2025 ခုနှစ်၊ အောက်တိုဘာလ 22 ရက်
  • 29 Views
၂၀၂၅ခုနှစ်၊ အောက်တိုဘာလ ၂၂ရက် လက်ရှိ အစိုးရ ရပ်ဆိုင်းမှု (Current Government Shutdown) လက်ရှိအစိုးရ ရပ်ဆိုင်းမှုသည် (အောက်တိုဘာလ ၁ ရက်၊ ၂၀၂၅ ခုနှစ်) တွင် စတင်ခဲ့ပြီး၊ ယခင်အစိုးရရပ်ဆိုင်းမှုများကဲ့သို့ပင် ကွန်ဂရက်
နိုင်ငံတကာသတင်း ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း-ရုရှား စစ်ပွဲ နောက်ဆုံးရသတင်းများ

  • 2025 ခုနှစ်၊ အောက်တိုဘာလ 22 ရက်
  • 23 Views
 ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၂၂ ရက်နေ့အထိ ရုရှား-ယူကရိန်း စစ်ပွဲမှာ နောက်ဆုံးရရှိတဲ့ သတင်းအချက်အလက်တွေအရ အောက်ပါအခြေ အနေများကိုတင်ပြလိုက်ပါသည်။ ၁။ စွမ်းအင်ဆိုင်ရာ အခြေခံအဆောက်အအုံများကို တိုက်ခိုက်မှု မြင့်တက်လာခြင်း ယူကရိန်းနိုင်ငံတွင် ဆောင်းရာသီသို့ ရောက်ရှိလာသည်နှင့်အမျှ ရုရှားတို့သည်