နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဧပြီလ 21 ရက်

မြန်မာသတင်း

မြန်မာသတင်း

ကယန်းဒေသကို ကရင်နီပြည်လို့ မသုံးဖို့ ကယန်းပြည်သစ်ပါတီဝင်လူငယ်တွေ ထုတ်ပြန်

မတ်လ (၁)ရက်။

အခုကာလမှာ ကယန်းဒေသကို ကရင်နီပြည်နယ် ဒါမှမဟုတ် ကယန်းပြည်နယ်လို့ မသုံးဖို့ဆိုတဲ့ အစည်းအဝေးဆုံးဖြတ်ချက်ကို လိုက်နာဖို့ ကယန်းပြည်သစ်ပါတီဝင်လူငယ်တွေက ဒီကနေ့မှာ ထုတ်ပြန်ခဲ့တယ်လို့ သိရပါတယ်။

၂၀၂၄ခုနှစ် နိုဝင်ဘာလ (၂၈)ရက်နေ့က ကယန်းလူထုအခြေပြုအသင်းအဖွဲ့တွေဟာ ကယန်းအမျိုးသားအရေး အခြေပြုပြီး တွေ့ဆုံဆွေးနွေးပွဲတရပ်ကို ကျင်းပခဲ့ကြတယ်လို့ ဆိုပါတယ်။

အဲ့ဒီဆွေးနွေးပွဲထဲ ရလဒ်အနေနဲ့ အခုကြားကာလမှာ ကယန်းဒေသကို ကရင်နီပြည်နယ် ဒါမှမဟုတ် ကယန်းပြည်နယ်လို့ မသုံးနှုန်းဖို့နဲ့ ကယန်းဒေသလို့သာ သုံးနှုန်းဖို့ သဘောထားရှိခဲ့ကြတယ်လို့ ဖော်ပြထားပါတယ်။

ဒီလိုသဘောထားရှိခဲ့ပေမယ့် အခုအခါ ကယန်းလူထုအခြေပြု အသင်းအဖွဲ့တွေအနေနဲ့ တွေ့ဆုံဆွေးနွေးပွဲ ရလဒ်ကို မျက်ကွယ်ပြုပြီး ကယန်းဒေသကို ကရင်နီပြည်နယ်ဆိုပြီး ဆက်လက်အသုံးပြုနေတယ်လို့ သိရပါတယ်။

အဲ့ဒီလိုအသုံးပြုတာက ကယန်းလူထုတွေအကြား မလိုလားအပ်တဲ့ ပြဿနာတွေနဲ့ အငြင်းပွားတာတွေ ဖြစ်ပွားနိုင်ပြီး ကယန်းအမျိုးသား စည်းလုံးညီညွတ်မှုကို ထိခိုက်စေတာကြောင့် အစည်းအဝေးဆုံးဖြတ်ချက် ရလဒ်ကို လေးစားလိုက်နာဖို့ တိုက်တွန်းထားပါတယ်။

နောက်ပြီး ကယန်းပြည်သစ်ပါတီရဲ့ အုပ်ချုပ်နယ်မြေထဲ အသင်းအဖွဲ့အချို့ဟာ ညှိနှိုင်းတိုင်ပင်တာမရှိဘဲ အမိန့်နဲ့ ကန့်သတ်ချက်တွေ ထုတ်ပြန်နေတာတဲ့အပေါ် အပြန်အလှန် လေးစားညှိနှိုင်းတိုင်ပင်ဖို့ ပြောဆိုထားပါတယ်။

ဒါ့အပြင် ကယန်းဒေသထဲ အပြန်အလှန် ညှိနှိုင်းတိုင်ပင်တာမရှိဘဲ ကရင်နီပြည်နယ်လို့ သုံးနှုန်းတာနဲ့ အမိန့်ကန့်သတ်ချက်တွေ ထုတ်ပြန်တာကိုလဲ ကယန်းပြည်သစ်ပါတီဝင်လူငယ်တွေက ကန့်ကွက်ထားတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

သမ္မတ ဦးဝင်းမြင့်ကို စစ်တပ်က လုံခြုံရေးတင်းကြပ်ထား

  • 2026 ခုနှစ်၊ ဧပြီလ 20 ရက်
  • 19 Views
ဧပြီလ (၂၀)ရက်။ မတရားဖမ်းဆီးခံရပြီး ပြန်လည်လွတ်မြောက်လာတဲ့ သမ္မတ ဦးဝင်းမြင့်ကို စစ်တပ်က လုံခြုံရေးတင်းကြပ်ထားတယ်လို့ နေပြည်တော်သတင်းရင်းမြစ်တွေထံက သိရပါတယ်။ သမ္မတ ဦးဝင်းမြင့်ဟာ
မြန်မာသတင်း

အကြမ်းဖက်စစ်တပ်ရဲ့ ကပစ(၂၁) ရှော့တိုက်ဒုံးတွေ၊ လက်လုပ်ရော့ကတ်တွေနဲ့ ပစ်ခတ်ခံရ

  • 2026 ခုနှစ်၊ ဧပြီလ 20 ရက်
  • 25 Views
ဧပြီလ (၂၀)ရက်။ မကွေးတိုင်း ဆိပ်ဖြူမြို့ရှိ အကြမ်းဖက်စစ်တပ်ရဲ့ ကပစ(၂၁)ကို ၁၀၇မမ ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ တိုင်းပကဖရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ
မြန်မာသတင်း

မင်းကွန်းတိုက်နယ်ပလဖတွေ စစ်တပ်ဆီ ပူးပေါင်းလာတယ်ဆိုပြီး စစ်လော်ဘီတွေထုတ်ပြန်

  • 2026 ခုနှစ်၊ ဧပြီလ 20 ရက်
  • 19 Views
ဧပြီလ (၂၀)ရက်။ ဧပြီလ (၁၈)ရက်နေ့က NUG လက်အောက်ခံ မင်းကွန်းတိုက်နယ်ပလဖတွေ စစ်တပ်ဆီ ပူးပေါင်းလာတယ်ဆိုပြီး စစ်လော်ဘီချန်နယ်တွေရဲ့ မနေ့က ထုတ်ပြန်ထားချက်တွေအရ သိရပါတယ်။ ပူးပေါင်းသူတွေဟာ မင်းကွန်းတိုက်နယ်ပလဖက စစ်ရေးတာဝန်ခံ ဟိန်းထက်ဇော်(ခ)ကျောက်ခဲ ဦးဆောင်တဲ့ အမျိုးသား (၁၃)ဦးနဲ့
မြန်မာသတင်း

ဦးဝင်းမြင့်နဲ့ ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတနဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်အနေနဲ့ ဆက်လက်အသိအမှတ်ပြုထား

  • 2026 ခုနှစ်၊ ဧပြီလ 20 ရက်
  • 22 Views
ဧပြီလ (၂၀)ရက်။ ဦးဝင်းမြင့်နဲ့ ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတနဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်အနေနဲ့ ဆက်လက်အသိအမှတ်ပြုထားကြတယ်လို့ NUG ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ NUG နဲ့ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေအပါအဝင် တော်လှန်ရေးအင်အားစုတွေနဲ့ ပြည်သူတွေအနေနဲ့ ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို ဆက်လက်အသိအမှတ်ပြု
မြန်မာသတင်း

AA ထိန်းချုပ်ထားတဲ့ မြို့တွေကို စစ်ကော်မရှင် လှည့်ပတ်ဗုံးကြဲတိုက်ခိုက်

  • 2026 ခုနှစ်၊ ဧပြီလ 20 ရက်
  • 28 Views
ဧပြီလ (၂၀)ရက်။ တရက်ထဲ AA ထိန်းချုပ်ထားတဲ့ ကျောက်တော်၊ ပုဏ္ဏားကျွန်းနဲ့ မြောက်ဦးမြို့တို့ကို စစ်ကော်မရှင်က လှည့်ပတ်ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။ မနေ့က နံနက် (၁၀)နာရီအချိန်ကစပြီး နေ့လယ် (၁၂)နာရီအချိန်အထိ ပုဏ္ဏားကျွန်းမြို့နဲ့ မြောက်ဦးမြို့တို့ကို စစ်ကော်မရှင်က
မြန်မာသတင်း

မကွေးဖက်ဒရယ်ယူနစ်နှင့် LPDF ၂၁ ဖွဲ့ ပူးပေါင်းဟုဆို

  • 2026 ခုနှစ်၊ ဧပြီလ 19 ရက်
  • 32 Views
၂၀၂၆ခုနှစ်၊ ဧပြီလ ၁၉ရက် မကွေးတိုင်းအခြေစိုက် ဒေသတွင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (LPDF) ၂၁ ဖွဲ့ သည် မကွေးဖက်ဒရယ်ယူနစ်အစိုးရ ၏ ကွပ်ကဲမှုအောက်တွင် တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ဧပြီ ၁၉ ရက်တွင် ပူးတွဲထုတ်ပြန်ခဲ့သည်။ အဓိကအချက်များမှာ – တပ်ဖွဲ့များ၏
မြန်မာသတင်း

ပြည်သူရွေးတဲ့သမ္မတ- အာဏာသိမ်းတဲ့သမ္မတ ဘယ်သူဂုဏ်ရှိသလဲ?

  • 2026 ခုနှစ်၊ ဧပြီလ 19 ရက်
  • 30 Views
ဒီအပတ်တနင်္ဂနွေနေ့ အပတ်စဥ်နိုင်ငံရေးဖြစ်စဥ်ကိုလေ့လာသုံးသပ်ခြင်း (၄၃) မှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင် သမတအဖြစ်ကိုယ့်ဖဲကိုယ်ချိုးတက်လာပြီး ပြည်သူတင်မြှောက်လိုက်တဲ့ သမ္မတဦးဝင်းမြင့်ကို လွှတ်ပေးလိုက်တာနဲ့ ပတ်သက်တဲ့ အမြင်နဲ့ ပတ်သက်တာတွေ ဒီလိုလွတ်မြောက်လာမှုနဲ့ပတ်သက်ပြီး NUCC ကစာထုတ်ကြိုဆို သလို နောက် TNLA က
မြန်မာသတင်း

မြန်မာနဲ့ဟန်ဂေရီရွေးကောက်ပွဲကိုနှိုင်းယှဥ်ကြည့်ခြင်း

  • 2026 ခုနှစ်၊ ဧပြီလ 19 ရက်
  • 28 Views
မြန်မာနဲ့ဟန်ဂေရီရွေးကောက်ပွဲကိုနှိုင်းယှဥ်ကြည့်ခြင်း ခေတ်မျက်လုံးအယ်ဒီတာဦးထွန်းအောင်ကျော်က မြန်မာနဲ့ဟန်ဂေရီနိုင်ငံတို့အကြားဆင်တူတဲ့ နိုင်ငံရေးအခြေခံတွေ နဲ့ မတူကွဲပြားတဲ့ အခြေအနေတို့ကိုစိတ်ဝင်စားဘွယ်တင်ပြရင်း ဒီနိုင်ငံ၂ခုရဲ့ အနာဂါတ်အလားအလာများကို ဗဟုသုရစေနိုင်တဲ့သုံးသပ်ချက်များကို တမူထူးခြားစွာတင်ပြထားပါတယ်၊ ပရိဿတ်များအနေနဲ့ စိတ်ဝင်စားစရာကောင်းတဲ့ အတူတဲ့ရှုဒေါင့်များကိုခံစားသိရှိနိုင်ကြလိမ့်မယ်လို့ယူဆပါတယ်။ ခေတ်မျက်လုံးအယ်ဒီတာအဖွဲ့