နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 31 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ

ဓားစာခံတွေ လွတ်မြောက်ရေး ဂါဇာကမ်းမြောင်ဒေသကို အကူအညီပေးရေး အမေရိကန်ရဲ့ အဆိုပြုချက်ကို အစ္စရေးက လက်ခံ

မတ်လ ၂ ရက်

အစ္စရေးက ဟားမတ်စ်အဖွဲ့နဲ့ အပစ်အခတ်ရပ်စဲရေးကို ဧပြီလလယ်အထိ ဆက်လက်ထားရှိမယ်လို့ ကြေညာထားပြီး ဟားမတ်စ်တို့ ဖမ်းဆီးထားတဲ့ ဓားစာခံထက်ဝက်ကို ချက်ချင်းလွှတ်ပေးဖို့ အမေရိကန်ရဲ့ အဆိုပြုချက်ကို လက်ခံမယ်လို့ ကြေညာခဲ့ပါတယ်။ ဟားမတ်စ်က အမေရိကန်ရဲ့ အဆိုပြုချက်ကို လက်မခံမချင်း ဂါဇာကမ်းမြောင်ကို ထောက်ပံ့ရေးပစ္စည်း ပေးပို့တာကို ရပ်တန့်မယ်လို့ ခြိမ်းခြောက်ပြီး ဖိအားပေးနေပါတယ်။

အစ္စရေးနဲ့ ဟားမတ်စ်တို့ကြား အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ဟာ မတ်လ (၁) ရက်နေ့မှာ ပထမအဆင့်ဖြစ်တဲ့ ခြောက်ပတ်မြောက်အဖြစ် သတ်မှတ်ထားတဲ့နေ့ရက်ကို ကျော်လွန်ခဲ့ပေမယ့် ဂါဇာကမ်းမြှောင်ကနေ အစ္စရေးတပ်တွေ အပြီးအသတ် ဆုတ်ခွာရေးနဲ့ အမြဲတမ်း အပစ်အခတ်ရပ်စဲရေးကို ဆက်လက်သွားမယ့် ဒုတိယအဆင့်ကို ရွှေ့ဖို့ နှစ်ဖက်စလုံးက သဘောထားကွဲလွဲနေကြပြီး အပစ်အခတ်ရပ်စဲရေး ဆက်လက်ထိန်းထားဖို့ အန္တရာယ်ရှိတဲ့ အခြေအနေမှာ ရှိနေပါတယ်။

အဲ့ဒီလို အခြေအနေမှာ အရှေ့အလယ်ပိုင်းဆိုင်ရာ အမေရိကန် အထူးသံတမန်ရဲ့ အဆိုပြုချက်ကို လက်ခံမယ်လို့ မတ်လ (၂) ရက်နေ့မှာ အစ္စရေး ဝန်ကြီးချုပ်ရုံးက ကြေညာခဲ့ပါတယ်။

အဲ့ဒီ အဆိုပြုချက်မှာ ဂါဇာကမ်းမြောင်ဒေသမှာ မတ်လ ၁ ရက်နေ့မှာ စတင်ခဲ့တဲ့ အစ္စလမ္မစ်ဥပုသ်လ တစ်လျှောက်လုံးနဲ့ လာမည့်လလယ်မှာ ပြီးဆုံးမည့် ဂျူးပွဲတော်အချိန်အတွင်း အပစ်အခတ်ရပ်စဲရေး ဆက်လက်ထိန်းသိမ်းထားရန် အဆိုပြုထားပါတယ်။

အဲ့ဒီအတွက် ဟားမတ်စ်တို့ ဖမ်းဆီးထားတဲ့ ဓားစာခံ ၅၉ ဦးရဲ့ ထက်ဝက်ကို ချက်ချင်း ပြန်လွှတ်ပေးရန်နဲ့ အမြဲတမ်း အပစ်အခတ် ရပ်စဲရေး သဘောတူပါက ကျန်ရှိတဲ့ ဓားစာခံတွေအားလုံးကို လွှတ်ပေးရေးလည်း ပါဝင်နေပါတယ်။

“ဂါဇာကမ်းမြှောင်ကို ထောက်ပံ့ရေးပစ္စည်းတွေ ပေးပို့မှုအားလုံးကို မတ်လ (၂) ရက်နေ့ မနက်ကနေ စတင် ရပ်တန့်ဖို့ ဆုံးဖြတ်ခဲ့တယ်” အစ္စရေးဘက်က ပြောကြားခဲ့ပြီး စစ်ရေး စစ်ဆင်ရေးတွေ ပြန်လည်စတင်မယ်လို့ အရိပ်အမြွက် ပြောကြားခဲ့ပြီး အမေရိကန်ရဲ့ အဆိုပြုချက်ကို လက်ခံဖို့ ဟားမတ်စ်ကို ဖိအားပေးနေပါတယ်။

ဒီအချက်တွေကို တုံ့ပြန်တဲ့အနေနဲ့ ဟားမတ်စ်က အစ္စရေးတပ်ဖွဲ့များ အပြီးသတ်ဆုတ်ခွာပြီးနောက် ဓားစာခံတွေကို ပြန်လွှတ်ပေးမယ့် ဒုတိယအဆင့်ကို ပြောင်းရွှေ့ရန် တောင်းဆိုထားပြီး အစ္စရေးရဲ့ လုပ်ဆောင်ချက်တွေဟာ “ ဓားစာခံတွေ အသက်အန္တရာယ် ရှိလာနိုင်တယ်” လို့ ပြောဆိုထားပြီး နှစ်ဖက်ကြား တင်းမာမှုတွေ ပြန်လည်ဖြစ်ပွားနေပါတယ်။

သတင်းရင်းမြစ်။ NHK

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်-အစ္စရေးနှင့် အီရန်တို့ကြား ဖြစ်ပွားနေသော စစ်ပွဲ၏ ၃၁ ရက်မြောက်နေ့တွင် သိထားသင့်သမျှ

  • 2026 ခုနှစ်၊ မတ်လ 30 ရက်
  • 35 Views
CNN- ၂၀၂၆ခုနှစ်၊ မတ်လ(၃၀)ရက် ဒေသတွင်းခေါင်းဆောင်များက စစ်ပွဲမှ သံတမန်ရေးအရ ထွက်ပေါက်ရှာရန် ကြိုးပမ်း နေကြ သော်လည်း အဓိကပါဝင်ပတ်သက်သူများဖြစ်သည့် အစ္စရေး၊
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

စစ်ပွဲအဆုံးသတ်ရန် အီရန်၏ တောင်းဆိုချက်အသစ် – ဒေါ်လာဘီလီယံနှင့်ချီသော အကျိုးအမြတ်များ ရရှိလာနိုင်ခြေရှိ

  • 2026 ခုနှစ်၊ မတ်လ 29 ရက်
  • 24 Views
၂၀၂၆ခုနှစ်၊မတ်လ ၂၉ရက် ပြီးခဲ့သည့်အပတ်က အီရန်အရာရှိတစ်ဦးသည် အမေရိကန်နှင့် အစ္စရေးတို့ စတင်ခဲ့သော စစ်ပွဲကို အဆုံးသတ်ရန် တောင်းဆိုချက်များကို တင်ပြခဲ့ရာတွင် ယခင်က
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်-အစ္စရေး ထိုးစစ်ဆင်မှု တစ်လအကြာတွင် အရှေ့အလယ်ပိုင်း၌ သေဆုံးသူ ထောင်နှင့်ချီ ရှိလာ

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 56 Views
CNN- ၂၀၂၆ ခုနှစ်၊ မတ်လ ၂၇ ရက် အမေရိကန်နှင့် အစ္စရေးတို့က အီရန်ကို ပထမဆုံးအကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီးနောက် လေးပတ်နီးပါးအကြာတွင် အရှေ့အလယ်ပိုင်းဒေသ၌ လူပေါင်းထောင်နှင့်ချီ သေဆုံးခဲ့ပြီး ဒေသတွင်း လူ့အဖွဲ့အစည်းများအတွင်း အကြမ်းဖက်မှုလှိုင်းလုံးများ ဖြစ်ပေါ်နေသည်။ ရပ်ကွက်တစ်ခုလုံး
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စွမ်းအင်ဆိုင်ရာ အဆောက်အအုံများကို တိုက်ခိုက်မည့်အစီအစဉ်အား နောက်ထပ် ၁၀ ရက် ဆိုင်းငံ့ထားမည်ဖြစ်ကြောင်း ထရမ့် ကြေညာ

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 54 Views
CNN- ၂၀၂၆ ခုနှစ်၊ မတ်လ ၂၇ ရက် သမ္မတ ဒေါ်နယ်ထရမ့်က ၎င်း၏အစိုးရအဖွဲ့အနေဖြင့် အီရန်စွမ်းအင်ဆိုင်ရာ အဆောက်အအုံ များကို တိုက်ခိုက်မည့်အစီအစဉ်အား နောက်ထပ် ၁၀ ရက် ဆက်လက် ဆိုင်းငံ့ထားမည် ဖြစ်ကြောင်း ယနေ့
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ရုရှား၏ နွေဦးထိုးစစ် အရှိန်မြင့်လာသည်နှင့်အမျှ ယူကရိန်းသို့ ဒရုန်းစင် ၁,၀၀၀ ကျော်ဖြင့် ပစ်ခတ်တိုက်ခိုက်

  • 2026 ခုနှစ်၊ မတ်လ 25 ရက်
  • 33 Views
CNN – ၂၀၂၆ ခုနှစ်၊ မတ်လ ၂၅ ရက် မော်စကိုက စစ်မြေပြင်တွင် ကမ်ပိန်းအသစ်တစ်ခု စတင်လိုက်သည်နှင့်အမျှ ရုရှားသည် ယခုသီတင်းပတ်အတွင်း ယူကရိန်းအပေါ် အကြီးအကျယ် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီး လွန်ခဲ့သည့် ၃၆ နာရီအတွင်း
နိုင်ငံတကာသတင်း ပါလက်စတိုင်း အရှေ့အလယ်ပိုင်း

ကမ္ဘာကြီးက အစ္စရေးကို ‘ပါလက်စတိုင်းသားတွေကို နှိပ်စက်ညှဉ်းပန်းသတ်ဖြတ်ဖို့ လိုင်စင်’ ပေးထားတယ်လို့ ကုလသမဂ္ဂကျွမ်းကျင်သူ ပြောကြား

  • 2026 ခုနှစ်၊ မတ်လ 24 ရက်
  • 61 Views
AFP – ၂၀၂၆ ခုနှစ်၊ မတ်လ ၂၄ ရက် ကမ္ဘာကြီးသည် အစ္စရေးကို “ ပါလက်စတိုင်းသားများကို နှိပ်စက်ညှဉ်းပန်းရန် လိုင်စင်” တစ်စောင် ပေးထားကြောင်းနှင့် သိမ်းပိုက်ခံနယ်မြေများအတွင်း နေထိုင်မှုဘဝမှာ “ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လက်ရှိရေနံကပ်ဘေးသည် ၁၉၇၀ ပြည့်လွန်နှစ်များက ရေနံစျေးနှုန်း အကြီးအကျယ် ရိုက်ခတ်မှုဖြစ်စဉ်များကို ပြန်လည်အမှတ်ရစေသည်။ ထိုစဉ်က ဘာတွေဖြစ်ပျက်ခဲ့သနည်း။

  • 2026 ခုနှစ်၊ မတ်လ 23 ရက်
  • 63 Views
CNN- ၂၀၂၆ခုနှစ်၊မတ်လ ၂၃ရက် အမေရိကန်-အစ္စရေးတို့ အီရန်နှင့် ဖြစ်ပွားနေသော စစ်ပွဲအတွင်း စွမ်းအင်အကြပ်အတည်း ကြီးထွားလာခြင်းသည် ၁၉၇၃ နှင့် ၁၉၇၉ ခုနှစ်များက ကမ္ဘာ့ရေနံစျေးနှုန်းများ ထိုးတက်ခြင်း၊ လောင်စာဆီ ပြတ်လပ်ခြင်းနှင့် လူထုထိတ်လန့်မှုများကို ဖြစ်ပေါ်စေခဲ့သည့် ကြီးမားသော
နိုင်ငံတကာသတင်း အရှေ့အလယ်ပိုင်း

ဒေသတွင်းရှိ ရေငန်သန့်စင်စက်ရုံများကို အီရန်ကတိုက်ခိုက်မည်ဆိုသည့်ပြောဆိုမှုအပေါ် အီရန်ကတုံ့ပြန်ပြောကြား

  • 2026 ခုနှစ်၊ မတ်လ 23 ရက်
  • 60 Views
CNN – မတ်လ ၂၃ ရက်၊ ၂၀၂၆ ခုနှစ် အီရန်အစ္စလာမ္မစ် တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) သည် ပင်လယ်ကွေ့နိုင်ငံများ တစ်လျှောက်ရှိ သန်းနှင့်ချီသော ပြည်သူများအတွက် သောက်သုံးရေ ပေးဝေနေသော ရေငန်သန့်စင်စက်ရုံများကို ပစ်မှတ်ထားမည်ဆိုသည့် ခြိမ်းခြောက်မှုအား