နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ အောက်တိုဘာလ 11 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ

ဓားစာခံတွေ လွတ်မြောက်ရေး ဂါဇာကမ်းမြောင်ဒေသကို အကူအညီပေးရေး အမေရိကန်ရဲ့ အဆိုပြုချက်ကို အစ္စရေးက လက်ခံ

မတ်လ ၂ ရက်

အစ္စရေးက ဟားမတ်စ်အဖွဲ့နဲ့ အပစ်အခတ်ရပ်စဲရေးကို ဧပြီလလယ်အထိ ဆက်လက်ထားရှိမယ်လို့ ကြေညာထားပြီး ဟားမတ်စ်တို့ ဖမ်းဆီးထားတဲ့ ဓားစာခံထက်ဝက်ကို ချက်ချင်းလွှတ်ပေးဖို့ အမေရိကန်ရဲ့ အဆိုပြုချက်ကို လက်ခံမယ်လို့ ကြေညာခဲ့ပါတယ်။ ဟားမတ်စ်က အမေရိကန်ရဲ့ အဆိုပြုချက်ကို လက်မခံမချင်း ဂါဇာကမ်းမြောင်ကို ထောက်ပံ့ရေးပစ္စည်း ပေးပို့တာကို ရပ်တန့်မယ်လို့ ခြိမ်းခြောက်ပြီး ဖိအားပေးနေပါတယ်။

အစ္စရေးနဲ့ ဟားမတ်စ်တို့ကြား အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ဟာ မတ်လ (၁) ရက်နေ့မှာ ပထမအဆင့်ဖြစ်တဲ့ ခြောက်ပတ်မြောက်အဖြစ် သတ်မှတ်ထားတဲ့နေ့ရက်ကို ကျော်လွန်ခဲ့ပေမယ့် ဂါဇာကမ်းမြှောင်ကနေ အစ္စရေးတပ်တွေ အပြီးအသတ် ဆုတ်ခွာရေးနဲ့ အမြဲတမ်း အပစ်အခတ်ရပ်စဲရေးကို ဆက်လက်သွားမယ့် ဒုတိယအဆင့်ကို ရွှေ့ဖို့ နှစ်ဖက်စလုံးက သဘောထားကွဲလွဲနေကြပြီး အပစ်အခတ်ရပ်စဲရေး ဆက်လက်ထိန်းထားဖို့ အန္တရာယ်ရှိတဲ့ အခြေအနေမှာ ရှိနေပါတယ်။

အဲ့ဒီလို အခြေအနေမှာ အရှေ့အလယ်ပိုင်းဆိုင်ရာ အမေရိကန် အထူးသံတမန်ရဲ့ အဆိုပြုချက်ကို လက်ခံမယ်လို့ မတ်လ (၂) ရက်နေ့မှာ အစ္စရေး ဝန်ကြီးချုပ်ရုံးက ကြေညာခဲ့ပါတယ်။

အဲ့ဒီ အဆိုပြုချက်မှာ ဂါဇာကမ်းမြောင်ဒေသမှာ မတ်လ ၁ ရက်နေ့မှာ စတင်ခဲ့တဲ့ အစ္စလမ္မစ်ဥပုသ်လ တစ်လျှောက်လုံးနဲ့ လာမည့်လလယ်မှာ ပြီးဆုံးမည့် ဂျူးပွဲတော်အချိန်အတွင်း အပစ်အခတ်ရပ်စဲရေး ဆက်လက်ထိန်းသိမ်းထားရန် အဆိုပြုထားပါတယ်။

အဲ့ဒီအတွက် ဟားမတ်စ်တို့ ဖမ်းဆီးထားတဲ့ ဓားစာခံ ၅၉ ဦးရဲ့ ထက်ဝက်ကို ချက်ချင်း ပြန်လွှတ်ပေးရန်နဲ့ အမြဲတမ်း အပစ်အခတ် ရပ်စဲရေး သဘောတူပါက ကျန်ရှိတဲ့ ဓားစာခံတွေအားလုံးကို လွှတ်ပေးရေးလည်း ပါဝင်နေပါတယ်။

“ဂါဇာကမ်းမြှောင်ကို ထောက်ပံ့ရေးပစ္စည်းတွေ ပေးပို့မှုအားလုံးကို မတ်လ (၂) ရက်နေ့ မနက်ကနေ စတင် ရပ်တန့်ဖို့ ဆုံးဖြတ်ခဲ့တယ်” အစ္စရေးဘက်က ပြောကြားခဲ့ပြီး စစ်ရေး စစ်ဆင်ရေးတွေ ပြန်လည်စတင်မယ်လို့ အရိပ်အမြွက် ပြောကြားခဲ့ပြီး အမေရိကန်ရဲ့ အဆိုပြုချက်ကို လက်ခံဖို့ ဟားမတ်စ်ကို ဖိအားပေးနေပါတယ်။

ဒီအချက်တွေကို တုံ့ပြန်တဲ့အနေနဲ့ ဟားမတ်စ်က အစ္စရေးတပ်ဖွဲ့များ အပြီးသတ်ဆုတ်ခွာပြီးနောက် ဓားစာခံတွေကို ပြန်လွှတ်ပေးမယ့် ဒုတိယအဆင့်ကို ပြောင်းရွှေ့ရန် တောင်းဆိုထားပြီး အစ္စရေးရဲ့ လုပ်ဆောင်ချက်တွေဟာ “ ဓားစာခံတွေ အသက်အန္တရာယ် ရှိလာနိုင်တယ်” လို့ ပြောဆိုထားပြီး နှစ်ဖက်ကြား တင်းမာမှုတွေ ပြန်လည်ဖြစ်ပွားနေပါတယ်။

သတင်းရင်းမြစ်။ NHK

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးအစိုးရက ဂါဇာအပစ်အခတ်ရပ်စဲရေး ဆုံးဖြတ်ချက်ကို အတည်ပြုခဲ့သော်လည်း တိုက်ခိုက်မှုများ ဆက်လက်ရှိနေခဲ့

  • 2025 ခုနှစ်၊ အောက်တိုဘာလ 10 ရက်
  • 32 Views
CNN- ၂၀၂၅ခုနှစ်၊ အောက်တိုဘာလ ၁၀ရက် အစီအစဉ်ကို အတည်ပြု: အရာရှိနှစ်ဦး၏ ပြောကြားချက်အရ၊ အမေရိကန်က ကြားဝင် ဖျန်ဖြေပေးသည့် အစီအစဉ်ကို
နိုင်ငံတကာသတင်း အမေရိကန် အိန္ဒိယ

အိန္ဒိယပွဲတော်တစ်ခုတွင် ဟိန္ဒူနတ်ဘုရားမက ဘီလူးကို သုတ်သင်ရာ၌ ယခုနှစ် မကောင်းဆိုးဝါးဘီလူး မှာ ထရန့် ဖြစ်နေ

  • 2025 ခုနှစ်၊ အောက်တိုဘာလ 9 ရက်
  • 33 Views
CNN- ၂၀၂၅ခုနှစ်၊ အောက်တိုဘာလ ၉ရက် ဟိန္ဒူနတ်ဘုရားမ ဒူရဂါ (Durga) သည် ၎င်း၏ခြင်္သေ့ပေါ်တွင် ထိုင်လျက် လက်ဆယ်ဖက်စီ၌ ကိုယ်စီနတ်လက်နက်များ
နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အရှေ့အလယ်ပိုင်း

ထင်ရှားသော ပါလက်စတိုင်းအကျဉ်းသားတစ်ဦးကို လွှတ်ပေးရန် ဟားမတ်စ်တောင်းဆိုမှုမှာ အစ္စရေးအတွက် အနီရောင်မျဉ်း ဖြစ်နိုင်ဖွယ်ရှိ

  • 2025 ခုနှစ်၊ အောက်တိုဘာလ 9 ရက်
  • 27 Views
CNN – ၂၀၂၅ခုနှစ်၊ အောက်တိုဘာလ (၈)ရက် နိုင်ငံရေးသမားများထဲတွင် အစ္စရေးအကျဉ်းထောင်၌ တစ်သက်တစ်ကျွန်း ပြစ်ဒဏ် ၅ ခု ကျခံနေရသော အထင်ရှားဆုံး ပါလက်စတိုင်းအကျဉ်းသား မာဝမ် ဘာဂူတီ (Marwan Barghouti) ကဲ့သို့ ပါလက်စတိုင်းများအကြား
နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အမေရိကန်

ဂါဇာ၊ ဟားမတ်စ်၊ အစ္စရေးနှင့် အမေရိကန်တို့ ပါဝင်သော သဘောတူညီမှုနှင့် ပတ်သက်သည့် နောက်ဆုံးရသတင်းများအရ အရေးပါသော အောင်မြင်မှုတစ်ခု ရရှိခဲ့ကြောင်း ဖော်ပြသည်

  • 2025 ခုနှစ်၊ အောက်တိုဘာလ 9 ရက်
  • 32 Views
CNN- ၂၀၂၅ခုနှစ်၊ အောက်တိုဘာလ ၉ရက်- ပထမအဆင့် သဘောတူညီချက် ရရှိ • အမေရိကန်သမ္မတ ဒေါ်နယ်ထရန့် (Donald Trump) က ပဋိပက္ခကို အဆုံးသတ်ရန် ရည်ရွယ်သည့် ငြိမ်းချမ်းရေးအစီအစဉ်၏ “ ပထမအဆင့်” ကို
နိုင်ငံတကာသတင်း အိန္ဒိယ

အိန္ဒိယက ထောင်ချထားသည့်သူကို ကနေဒါက အကျဉ်းထောင်မှ အကြမ်းဖက်မှုများ စေခိုင်းနေသည်ဟု စွပ်စွဲ

  • 2025 ခုနှစ်၊ အောက်တိုဘာလ 8 ရက်
  • 44 Views
CNN- ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၇ရက် အိန္ဒိယနိုင်ငံ၏ လုံခြုံရေးအမြင့်ဆုံး အကျဉ်းထောင်တစ်ခုရှိ သူ၏ အခန်းငယ်လေးထဲမှ လောရန့်စ် ဘစ်ရှ်နွိုင် (Lawrence Bishnoi) သည် ပြစ်မှုဆိုင်ရာ အင်ပါယာတစ်ခုကို စေခိုင်းအုပ်ချုပ်နေသည်ဟု စွပ်စွဲခံထားရသည်။ ၃၂
နိုင်ငံတကာသတင်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်းတွင် တိုက်ခိုက်ရန် စစ်သားစုဆောင်းရေးအတွက် ရုရှားဒေသများတွင် စစ်မှုထမ်းစာရင်းသွင်းသူများအတွက် အပိုဆုကြေးငွေများကို အစုလိုက်အပြုံလိုက် တိုးမြှင့်ပေးနေခြင်း

  • 2025 ခုနှစ်၊ အောက်တိုဘာလ 8 ရက်
  • 20 Views
CNN- ၂၀၂၅ခုနှစ်၊ အောက်တိုဘာလ ၇ရက် ရုရှားဒေသများတွင် ယူကရိန်းသို့သွားရောက် တိုက်ခိုက်ရန် လူများကို လှုံ့ဆော်ရန်အတွက် “ အတွေးအခေါ်ဆိုင်ရာ” စစ်မှုထမ်း စည်းရုံးလှုံ့ဆော်မှုများ မလုံလောက်တော့ကြောင်း လေ့လာဆန်းစစ်သူများက ပြောကြားချိန်တွင် စစ်မှုထမ်းအသစ်များအား ပေးချေသည့် ငွေပမာဏကို သိသိသာသာ
နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ

ဟားမတ်စ် အကြီးတန်းအရာရှိတစ်ဦးက အောက်တိုဘာ ၇ ရက်နေ့ တိုက်ခိုက်မှုကြောင့် ပါလက်စတိုင်းများအတွက် ပေးဆပ်ရသော ‘မြင့်မားသော အဖိုးအခ’ ကို ကာကွယ်ပြောဆို၊ ၎င်းတိုက်ခိုက်မှုက ‘ရွှေအခွင့်အရေး’ ဖန်တီးပေးခဲ့ဟု ဆို

  • 2025 ခုနှစ်၊ အောက်တိုဘာလ 8 ရက်
  • 33 Views
CNN- ၂၀၂၅ခုနှစ်၊ အောက်တိုဘာလ ၆ရက် ဒိုဟာ၊ ကာတာ — ဟားမတ်စ်အဖွဲ့၏ အကြီးတန်းအရာရှိတစ်ဦးက အောက်တိုဘာလ ၇ ရက်နေ့က အစ္စရေးအပေါ် သေစေနိုင်လောက်သော တိုက်ခိုက်မှုများကို ကာကွယ်ပြောဆိုခဲ့ပြီး ဂါဇာတွင် လူပေါင်း ထောင်သောင်းချီ သေဆုံးခဲ့ရသော်လည်း
နိုင်ငံတကာသတင်း အမေရိကန်

အိမ်ဖြူတော်က လက်ဝဲယိမ်း တရားစီရင်ရေး ‘ပုန်ကန်မှု’ ဟု စွပ်စွဲသည်။ သို့သော် ရီပတ်ပလီကင်ပါတီ(GOP) နှင့် ထရမ့် ခန့်အပ်သူများစွာသည်လည်း သမ္မတအား ပြန်လည် ဆန့်ကျင်နေကြသည်။

  • 2025 ခုနှစ်၊ အောက်တိုဘာလ 7 ရက်
  • 39 Views
CNN-၂၀၂၅ခုနှစ်၊ အောက်တိုဘာလ ၆ရက် စနေနေ့ ညနေ ၂ နာရီခန့်တွင် အိမ်ဖြူတော် ထိပ်တန်း အကြံပေး စတီဖင် မီလာ (Stephen Miller) သည် X (ယခင် Twitter) တွင် “လက်ဝဲစွန်း