နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 23 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန်

ဒေါ်နယ်ထရမ့်အစိုးရရဲ့ အထက်မှာ ဘယ်သူထိုင်နေလဲလို့ ဘာနီဆန်းဒါး မေးခွန်းထုတ်

မတ်လ (၃) ရက်။

ဘာနီဆန်းဒါး (ဗားမောင့်ပြည်နယ် အမေရိကန် အထက်လွှတ်တော်အမတ်)

နောက်တက်တဲ့အလုပ်သမားဝန်ကြီးက ဘယ်သူလဲ၊ နောက်တက်တဲ့အလုပ်သမားဝန်ကြီးက ဘယ်သူလဲ?၊ နောက်တက်တဲ့ပညာရေးဝန်ကြီးက ဘယ်သူလဲ?၊ နောက်တက်တဲ့ အိမ်ရာဝန်ကြီးက ဘယ်သူလဲ၊ နောက်တက်တဲ့ဘဏ္ဍာရေးဝန်ကြီးက ဘယ်သူလဲ? အီလွန်မတ်စ်ပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ ဒီအဖြစ်မှန်ကို နားလည်ပါတယ်။ ပြပွဲလုပ်ပြီး မကစားပါနဲ့။

ဒီမှာရှိနေတဲ့လူတွေက အလုပ်သမားဝန်ကြီး၊ ပညာရေးဝန်ကြီးတွေက သူတို့ကိုယ်တိုင်ကပဲ ဆုံးဖြတ်ချက်ချနိုင်မယ်လို့ တကယ်ထင်နေလား။ မနေ့ကပဲ သမ္မတက အစိုးရအဖွဲ့ဝင်တွေနဲ့ တွေ့ဆုံခဲ့ပြီး အဲဒီအစည်းအဝေးရဲ့ ကြယ်ပွင့်ကဘယ်သူလဲ?။ ကာကွယ်ရေးဝန်ကြီးလား။ နိုင်ငံခြားရေးဝန်ကြီးလား။

မဟုတ်ပါ၊ သူကတော့ ကမ္ဘာပေါ်မှာ အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်တဲ့ ရွေးကောက်ခံမဟုတ်တဲ့ အရာရှိတစ်ဦးဖြစ်ပါတယ်။ အဲဒါ အီလွန်မတ်စ်ပါ။ အဲဒီတွေ့ဆုံမှုမှာ သမ္မတထရန့်က သူ့ရဲ့အစိုးရဝန်ကြီးအဖွဲ့ကို အီလွန်ကို မကျေနပ်တဲ့သူ ရှိလားလို့ မေးခဲ့ပါတယ်။ ကောင်းပြီ၊ မကျေနပ်တဲ့သူရှိနေရင် သူတို့ကို ဒီကနေ ငါဖယ်ထုတ်လိုက်မယ်။ တစ်နည်းပြောရရင် အစိုးရအဖွဲ့ကနေ ဝန်ကြီးတစ်ဦးဦးက မတ်စ်ကို မတ်တပ်ရပ်ပြီး ပြန်လှန်ဖို့ သတ္တိရှိရင် သူကို ထုတ်ပယ်လိုက်မှာ ဖြစ်ပါတယ်။

ဒါကြောင့် ဥက္ကဌကြီး ခင်ဗျားကို ကျွန်တော် တောင်းဆိုတာက ရိုးရှင်းပါတယ်။ ရိုးရိုးသားသား ပြောရမယ်ဆိုရင် အဲဒါကို အမေရိကန် ပြည်သူတွေက နားလည်ပါတယ်။ ကျွန်တော်တို့လည်း နားလည်သဘောပေါက်ဖို့ အချိန်တန်ပါပြီ။ အလုပ်သမားဦးစီးဌာနမှာ မူဝါဒတွေ ဆွေးနွေးချင်ရင် အတွင်းရေးမှူး အစစ်အမှန်ကို ခေါ်ပါ။ မစ္စတာ ဥက္ကဌ၊ ဒီကော်မတီအနေနဲ့ အစိုးရထဲမှာ ဘာတွေဖြစ်နေလဲဆိုတာကို တကယ်ကြားသိနိုင်စေဖို့ဆိုရင် ဒီကော်မတီက အီလွန်မတ်စ်ကို ကော်မတီရှေ့ရောက်အောင် ခေါ်ဆောင်ပေးဖို့ လေးစားစွာ မေတ္တာရပ်ခံပါတယ်။

Source: MSNBC

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အိန္ဒိယ

နတ်ဘုရားများထံမှ ခိုးယူခြင်း- အိန္ဒိယနိုင်ငံ၏ ရာမဗိမာန် (Ram Temple) တွင် အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံ ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 82 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အရေးပါသော ပြည်နယ်ရွေးကောက်ပွဲများ မတိုင်မီ အလှူငွေများ
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးတပ်ဖွဲ့များ သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) တစ်ခွင် စီးနင်းမှုများ ဆက်လက်လုပ်ဆောင်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 91 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် Wafa သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ နောက်ဆုံးရရှိထားသော
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ တိုက်ရိုက်သတင်း- အမေရိကန်နှင့် ဆွေးနွေးပွဲသတင်းများ ထွက်ပေါ်နေစဉ် ဟော်မုဇ်ရေလက်ကြားကို ၎င်းတို့သာ ထိန်းချုပ်ခွင့်ရှိကြောင်း တဟီရန် အခိုင်အမာဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 89 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်တို့သည် တိုက်ခိုက်မှုများကို ရပ်တန့်ရန်နှင့် ဟော်မုဇ်ရေလက်ကြား အရေး အငြင်းပွားမှုကို ဖြေရှင်းရန် အင်္ဂါနေ့တွင် ကာတာနိုင်ငံ မြို့တော် ဒိုဟာ၌
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အီရန်

အပြီးသတ်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်မှ လုံးဝဆုတ်ခွာပေးရန် အီရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 90 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်အကြား ယာယီရရှိထားသော သဘောတူညီချက်ကို တိုက်ပွဲများကြောင့် ဆက်လက်ဖိအားဖြစ်စေလျက်ရှိစဉ်၊ အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်နိုင်ငံအတွင်းမှ လုံးဝ ဆုတ်ခွာပေးရေးသည် အမေရိကန်နှင့်ချုပ်ဆိုမည့် အပြီးသတ်သဘောတူညီချက်တွင် မဖြစ်မနေ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လတ်တလောရရှိထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ထိခိုက်မှု ရှိစေသည့် တိုက်ခိုက်မှုများ ဖြစ်ပွားလာပြီးနောက် အီရန်က ဘာရိန်းနှင့် ကူဝိတ်ရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများကို တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 88 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါက အီရန်နိုင်ငံသည် “နောက်ထပ် တည်ရှိတော့မည် မဟုတ်ကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပြီး၊ တဟီရန် (အီရန်အစိုးရ) ကမူ ဆွေးနွေးညှိနှိုင်းမှုများကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 88 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန် နီဗ်ကာ (Kostyantynivka) မြို့အတွင်းသို့ ရုရှားတပ်ဖွဲ့များ စိမ့်ဝင်ပူးကပ်လာပြီး ဝိုင်းရံရန် ကြိုးပမ်းနေကြသည်။ လက်ရှိတွင်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 103 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ် သိသာထင်ရှားသည့် ထောက်ခံ အတည်ပြုချက် နှစ်ခုကို ချမှတ်ပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်များသည် အမေရိကန် အစိုးရ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 94 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက