နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 23 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန်

ရုရှားနိုင်ငံအပေါ် ထိုးစစ်ဆင်တဲ့ ဆိုက်ဘာစစ်ဆင်ရေးနဲ့ သတင်းအချက်အလက် စစ်ဆင်ရေးလုပ်ငန်းတွေကို ရပ်တန့်ဖို့ ကာကွယ်ရေးဝန်ကြီး ပိ့ဟက်ဆက်က အမိန့်ပေး

ဖေဖော်ဝါရီလ (၃) ရက်။

အမေရိကန် ကာကွယ်ရေးဝန်ကြီး ပိ့ဟက်ဆက်က ရုရှားနိုင်ငံအပေါ် ထိုးစစ်ဆင်တဲ့ ဆိုက်ဘာစစ်ဆင်ရေးနဲ့ သတင်းအချက်အလက်စစ်ဆင်ရေးလုပ်ငန်းတွေကို ရပ်တန့်ဖို့ အမေရိကန် ဆိုက်ဘာကွပ်ကဲမှုဌာန (US Cyber ​​Command) ကို အမိန့်ပေးခဲ့ကြောင်း အဲ့ဒီကိစ္စနဲ့ နီးစပ်တဲ့ အမေရိကန်အရာရှိတစ်ဦးက ပြောကြားခဲ့ပါတယ်။

ဟက်ဆက်ဟာ ဖေဖော်ဝါရီနှောင်းပိုင်းမှာ ဆိုက်ဘာကွပ်ကဲမှုဌာန အကြီးအကဲ လေတပ်ဗိုလ်ချုပ် တင်ဟာ့ချ် (Tim Haugh) ကို အမိန့်ပေးခဲ့ကြောင်း အဲ့ဒီအရာရှိက ပြောကြားခဲ့ပါတယ်။ ဘယ်လောက်ကြာကြာ အဲ့ဒီအမိန့် တည်ရှိနေမယ်ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးဘူးလို့ ဆိုပါတယ်။

“စစ်ဆင်ရေးလုံခြုံရေးစိုးရိမ်မှုကြောင့်” ဆုံးဖြတ်ချက်အပေါ် အကြီးတန်း အမေရိကန် ကာကွယ်ရေးအရာရှိတစ်ဦးက မှတ်ချက်ပေးဖို့ ငြင်းဆိုခဲ့ပါတယ်။

“ကာကွယ်ရေးဝန်ကြီး ဟက်ဆက်အတွက် ဆိုက်ဘာဒိုမိန်းအပါအဝင် စစ်ဆင်ရေးအားလုံးမှာ တိုက်ခိုက်နေတဲ့ တိုက်ပွဲဝင်စစ်သည်တွေရဲ့ အသက်ဘေး လုံခြုံရေးထက် အရေးကြီးတဲ့ အရာမရှိဘူးလို့ တာဝန်ရှိသူက NBC News ကို ပြောကြားခဲ့ပါတယ်။

အမိမြေလုံခြုံရေးဌာန တည်ရှိတဲ့ အမေရိကန်ဆိုက်ဘာလုံခြုံရေးနဲ့ အခြေခံအဆောက်အအုံ လုံခြုံရေးအေဂျင်စီက သူ့ရဲ့ တာဝန်မှာ ရုရှားနိုင်ငံအပါအဝင် အမေရိကန်ကို ဆိုက်ဘာခြိမ်းခြောက်မှုအားလုံးကနေ ကာကွယ်ဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။

အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီး အမေရိကန်ဆိုက်ဘာကွပ်ကဲမှုဌာနက ကိုယ်စားလှယ်တွေဟာ မှတ်ချက်ပေးဖို့ တောင်းဆိုချက်ကို ချက်ချင်းမတုံ့ပြန်ခဲ့ပါဘူး။ ရုရှားသံရုံးကလည်း မှတ်ချက်ပေးဖို့ တောင်းဆိုချက်ကို ချက်ချင်း အကြောင်းပြန်တာ မရှိဘူး။

ဟက်ဆက်ရဲ့ အမိန့်ပေးမှုကို The Record သတင်းက ပထမဆုံး ထုတ်ဖော်ရေးသားခဲ့ပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ယူကရိန်းစစ်ပွဲကို အမြန်အဆုံးသတ်ဖို့ သူ့ရဲ့အစိုးရက လုပ်ဆောင်နေတာကြောင့် မကြာသေးမီရက်တွေအတွင်း ရုရှားနိုင်ငံနဲ့ သံတမန်လမ်းကြောင်းတွေ ပြန်လည်ထူထောင်ဖို့ ကြိုးပမ်းခဲ့ပါတယ်။ အမေရိကန် တာဝန်ရှိသူတွေဟာ ဆော်ဒီအာရေဗျမှာ ရုရှားစေ့စပ်ညှိနှိုင်းသူတွေနဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ပြီးခဲ့တဲ့လက စတင်ခဲ့ပါတယ်။

ထရန့်၊ ဇလန်းစကီးနဲ့ ဒုသမ္မတ ဒီဂျေဗန့်စ်တို့အကြား ဘဲဥပုံရုံးတွင်း စကားအခြေတင်ဖြစ်မှုအပြီး သောကြာနေ့က ယူကရိန်းသမ္မတ ဗလာဒီမာဇလန်းစကီးနဲ့ ထရန့်တို့ရဲ့ ဆက်ဆံရေးဟာ ရပ်တန့်သွားပါတယ်။ တွေ့ဆုံမှုအပြီးမှာ ထရန့်က ရုရှားသမ္မတပူတင်ကို ဇလန်းစကီးရဲ့ အဆက်မပြတ် ဝေဖန်မှုအတွက် ပြစ်တင်ရှုတ်ချခဲ့ပါတယ်။

သောကြာနေ့က အိမ်ဖြူတော်မှ မထွက်ခွာမီ ထရန့်က ဇလန်းစကီးအနေနဲ့ “ကျွန်တော် ငြိမ်းချမ်းရေးလိုချင်တယ်လို့ သူက ပြောဖို့လိုတယ်” လို့ ပြောခဲ့ပါတယ်။ သူက ရပ်လိုက်ပြီး “ဒါပူတင်ကြောင့်၊ ဒါ ပူတင်လုပ်တာစတာတွေကို ပြောနေစရာ မလိုပါဘူး။ အနှုတ်လက္ခဏာတွေချည်းပဲ ပြောနေတယ်၊ ကျွန်တော် စစ်ပွဲတွေကို ဆက်မတိုက်ချင်တော့ဘူး ငြိမ်းချမ်းရေး လုပ်ချင်တယ်လို့ ပြောရမယ်” လို့ ထရန့်က ဆိုခဲ့ပါတယ်။

ဆွေးနွေးပွဲပျက်ပြယ်သွားတာဟာ နည်းပညာထုတ်ကုန်အမျိုးမျိုးကို ထုတ်လုပ်ရာမှာ လိုအပ်တဲ့ ယူကရိန်းရဲ့ သတ္တုတွင်းနဲ့ မြေရှားသတ္တုတွင်းတွေမှာ အမေရိကန်ပြည်ထောင်စုကို အရေးပါတဲ့ ပိုင်ဆိုင်မှုအစုရှယ်ယာ ပေးအပ်မယ့်သဘောတူညီချက်ကို လက်မှတ်ရေးထိုးဖို့ နှောင့်နှေးစေခဲ့ပါတယ်။

ဆီးနိတ်လူနည်းစုခေါင်းဆောင် ဒီမိုကရက်အထက်လွှတ်တော်အမတ် ချပ်ရှူးမား (Chuck Schumer) က ရုရှားအပေါ် ထိုးစစ်ဆင်တဲ့ ဆိုက်ဘာလုပ်ဆောင်မှုတွေကို ရပ်တန့်ဖို့ အစိုးရရဲ့ ဆုံးဖြတ်ချက်ဟာ ပူတင်ရဲ့ မျက်နှာသာရရှိဖို့ ထရန့်ရဲ့ကမ်းလှမ်းမှုတစ်ခုဖြစ်တယ်လို့ တနင်္ဂနွေနေ့မှာ ပြောကြားခဲ့ပါတယ်။

“ရုရှားက ဆိုက်ဘာစစ်ဆင်ရေးနဲ့ ransomware တိုက်ခိုက်မှုတွေကို ဆက်လက်လုပ်ဆောင်နေပြီး အမေရိကန် စီးပွားရေးနဲ့ အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်နေတဲ့ ရုရှားသမ္မတ ဗလာဒီမာပူတင်လို လူမိုက်တစ်ယောက်ရဲ့ ချစ်ခင်မှုကိုရရှိဖို့ ပူတင်ကို မျက်နှာသာပေးတဲ့အနေနဲ့ လုပ်ဆောင်တာဟာ အလွန်အမင်း စိတ်ပျက်စရာ ကောင်းပါတယ်” လို့ ရှူးမားက ပြောကြားခဲ့ပါတယ်။ “ဒါဟာ ဒေါ်နယ်ထရမ့်က တဖက်သတ် လက်နက်ဖြုတ်သိမ်းပေးလိုက်တဲ့ ဗျူဟာမြောက်အမှားပဲ” လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့နှစ်မှာ ဘိုင်ဒင်အစိုးရက ရုရှားကို “ကြာရှည်တည်ရှိနေတဲ့ ကမ္ဘာလုံးဆိုင်ရာ ဆိုက်ဘာခြိမ်းခြောက်မှု” ပြုလုပ်တဲ့နိုင်ငံလို့ တံဆိပ်ကပ်ခဲ့ပြီး အမေရိကန်အစိုးရအေဂျင်စီတွေ၊ တတ်သိပညာရှင်အဖွဲ့၊ စွမ်းအင်နဲ့ လေကြောင်းဆိုင်ရာတွေကို ရုရှားနိုင်ငံခြားထောက်လှမ်းရေးဌာနက ပစ်မှတ်ထား တိုက်ခိုက်ခဲ့တယ်လို့ ဖော်ပြခဲ့ပါတယ်။

“မော်စကိုဟာ နိုင်ငံခြားရေးပေါ်လစီအရ ဆိုက်ဘာအနှောင့်အယှက်ပေးကာ အခြားနိုင်ငံတွေရဲ့ ဆုံးဖြတ်ချက်တွေကို ပုံဖော်ဖို့နဲ့ ပစ်မှတ်အမျိုးမျိုးမှာ သူလျှိုလုပ်မှု၊ သြဇာလွှမ်းမိုးမှုနဲ့ တိုက်ခိုက်မှုစွမ်းရည်တွေကို အဆက်မပြတ် အသုံးပြုနေပါတယ်” လို့ အမေရိကန် အမျိုးသားထောက်လှမ်းရေးညွှန်ကြားရေးမှူးရုံးက သူ့ရဲ့ ၂၀၂၄ ခြိမ်းခြောက်မှုအကဲဖြတ်ချက်မှာ ပြောကြားခဲ့ပါတယ်။

“ရုရှားက ရေအောက်ကေဘယ်ကြိုးတွေနဲ့ စက်မှုထိန်းချုပ်မှုစနစ်တွေ အပါအဝင်၊ အမေရိကန်အပြင် မဟာမိတ်နိုင်ငံတွေနဲ့ မိတ်ဖက်နိုင်ငံတွေ ပါရှိတဲ့ အရေးကြီးတဲ့ အခြေခံအဆောက်အအုံတွေကို ပစ်မှတ်ထားဖို့ သူ့ရဲ့စွမ်းရည်ကို ထိန်းသိမ်းထားပါတယ်။”

ရုရှားဟာ ယူကရိန်းစစ်ပွဲအတွက် ဆိုက်ဘာစစ်ဆင်ရေးကို ဦးစားပေး လုပ်ဆောင်နေသလို ကမ္ဘာလုံးဆိုင်ရာ ဆိုက်ဘာခြိမ်းခြောက်မှုကိုလည်း ဆက်လက် လုပ်ဆောင်နေတယ်လို့ အမေရိကန်ထောက်လှမ်းရေး အကဲဖြတ်ချက်က ဆိုပါတယ်။

ရုရှားက ယူကရိန်းနဲ့ နေတိုးနိုင်ငံတွေကို အဓိကပစ်မှတ်ထားပြီး မကြာသေးမီက သူ့ရဲ့ဆိုက်ဘာစစ်ဆင်ရေးတွေကို အရှိန်မြှင့်ခဲ့တယ်လို့ မိုက်ခရိုဆော့ဖ် (Microsoft) က နိုဝင်ဘာလမှာ ပြောကြားခဲ့ပါတယ်။

“ရုရှားခြိမ်းခြောက်မှုကို ဦးဆောင်လုပ်နေသူတွေဟာ ယူကရိန်းစစ်လေယာဉ်တွေနဲ့ လက်နက်ထောက်ပံ့တဲ့ နိုင်ငံတကာလုပ်ဖော်ကိုင်ဖက်တွေဆီက ထောက်လှမ်းရေးအချက်အလက်တွေ ရယူခြင်းနဲ့ ခိုးယူခြင်းအပေါ် အာရုံစူးစိုက်ထားပါတယ်။

အသုံးပြုထားတဲ့ နည်းပညာတွေဟာ ကမ္ဘာတစ်ဝှမ်းရှိ ကွန်ပျူတာကွန်ရက်တွေကို အန္တရာယ်ကျရောက်စေပြီး မလိုလားအပ်တဲ့ ပျက်စီးဆုံးရှုံးမှုတွေကို ဖြစ်စေနိုင်တဲ့ ရည်ရွယ်ချက်ရှိတယ်” လို့ ကုမ္ပဏီက သူ့ရဲ့ ၂၀၂၄ ဒစ်ဂျစ်တယ်ကာကွယ်ရေးအစီရင်ခံစာမှာ မှတ်ချက်ပြုခဲ့ပါတယ်။

အစီရင်ခံစာမှာ ဘိုင်ဒင်အစိုးရရဲ့ ပိတ်ဆို့အရေးယူမှုတွေကို ဖြစ်ပေါ်စေတဲ့ ၂၀၂၄ သမ္မတ ရွေးကောက်ပွဲကို လွှမ်းမိုးဖို့ ရည်ရွယ်တဲ့ ရုရှားဆိုက်ဘာစစ်ဆင်ရေးတွေကို မီးမောင်း ထိုးပြထားပါတယ်။

Source: NBC သတင်း

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အိန္ဒိယ

နတ်ဘုရားများထံမှ ခိုးယူခြင်း- အိန္ဒိယနိုင်ငံ၏ ရာမဗိမာန် (Ram Temple) တွင် အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံ ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 82 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အရေးပါသော ပြည်နယ်ရွေးကောက်ပွဲများ မတိုင်မီ အလှူငွေများ
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးတပ်ဖွဲ့များ သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) တစ်ခွင် စီးနင်းမှုများ ဆက်လက်လုပ်ဆောင်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 92 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် Wafa သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ နောက်ဆုံးရရှိထားသော
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ တိုက်ရိုက်သတင်း- အမေရိကန်နှင့် ဆွေးနွေးပွဲသတင်းများ ထွက်ပေါ်နေစဉ် ဟော်မုဇ်ရေလက်ကြားကို ၎င်းတို့သာ ထိန်းချုပ်ခွင့်ရှိကြောင်း တဟီရန် အခိုင်အမာဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 89 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်တို့သည် တိုက်ခိုက်မှုများကို ရပ်တန့်ရန်နှင့် ဟော်မုဇ်ရေလက်ကြား အရေး အငြင်းပွားမှုကို ဖြေရှင်းရန် အင်္ဂါနေ့တွင် ကာတာနိုင်ငံ မြို့တော် ဒိုဟာ၌
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အီရန်

အပြီးသတ်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်မှ လုံးဝဆုတ်ခွာပေးရန် အီရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 90 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်အကြား ယာယီရရှိထားသော သဘောတူညီချက်ကို တိုက်ပွဲများကြောင့် ဆက်လက်ဖိအားဖြစ်စေလျက်ရှိစဉ်၊ အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်နိုင်ငံအတွင်းမှ လုံးဝ ဆုတ်ခွာပေးရေးသည် အမေရိကန်နှင့်ချုပ်ဆိုမည့် အပြီးသတ်သဘောတူညီချက်တွင် မဖြစ်မနေ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လတ်တလောရရှိထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ထိခိုက်မှု ရှိစေသည့် တိုက်ခိုက်မှုများ ဖြစ်ပွားလာပြီးနောက် အီရန်က ဘာရိန်းနှင့် ကူဝိတ်ရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများကို တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 88 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါက အီရန်နိုင်ငံသည် “နောက်ထပ် တည်ရှိတော့မည် မဟုတ်ကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပြီး၊ တဟီရန် (အီရန်အစိုးရ) ကမူ ဆွေးနွေးညှိနှိုင်းမှုများကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 88 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန် နီဗ်ကာ (Kostyantynivka) မြို့အတွင်းသို့ ရုရှားတပ်ဖွဲ့များ စိမ့်ဝင်ပူးကပ်လာပြီး ဝိုင်းရံရန် ကြိုးပမ်းနေကြသည်။ လက်ရှိတွင်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 103 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ် သိသာထင်ရှားသည့် ထောက်ခံ အတည်ပြုချက် နှစ်ခုကို ချမှတ်ပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်များသည် အမေရိကန် အစိုးရ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 94 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက