ဒါရိုက်တာရှောင်းဘေကာ (Sean Baker) ရဲ့ အန်နိုရာ(“Anora”) ဇာတ်ကားဟာ အချစ်ရေးရာဇာတ်လမ်းရုပ်ရှင်ဖြစ်ပြီး ရုရှားလူမျိုး သူဌေးကြီးတစ်ဦးရဲ့ သားနှင့်ချိတ်မိသွားသော ဘရွတ်ကလင်း (Brooklyn) က လိင်အလုပ်သမတစ်ဦးအကြောင်း ဖြစ်ပြီး အကောင်းဆုံးဇာတ်ကား အပါအဝင် အော်စကာငါးဆုကို ဆွတ်ခူးခဲ့ပါတယ်။
အကောင်းဆုံးဒါရိုက်တာဆုကို ဒါရိုက်တာရှောင်းဘေကာ (Sean Baker) က “Anora” ဇာတ်ကားနဲ့ ရရှိခဲ့ပါတယ်။
အကောင်းဆုံး အမျိုးသမီးသရုပ်ဆောင်ဆုကို မစ်ကီ မက်ဒီဆင် (Mikey Madison) က “Anora” ဇာတ်ကားမှာ ရရှိခဲ့ပါတယ်။
အေဒရီယန်ဘရိုဒီ (Adrien Brody) က အကောင်းဆုံးအမျိုးသားသရုပ်ဆောင်ဆုကို “The Brutalist” ဇာတ်ကားမှာ ရရှိခဲ့ပါတယ်။
လူမဲမင်းသားကြီး မော်ဂင်ဖရီးမင်း (Morgan Freeman) က ပြီးခဲ့တဲ့သီတင်းပတ်က မိမိအိမ်မှာ ဇနီးနဲ့အတူ သေဆုံးနေတာကို တွေ့ရှိခဲ့တဲ့ ကွယ်လွန်သူ မင်းသားကြီး ဂျင်းဟက်ကမင် (Gene Hackman) ကို ဂုဏ်ပြုခဲ့ပါတယ်။ ကွယ်လွန်သူတွေကို လွမ်းဆွတ်တမ်းတခြင်း အစီအစဥ် ဗီဒီယိုအပိုင်းမှာ တီရီ ဂါး (Teri Garr) ၊ ဒေါ်နယ် ဆပ်သာလန် (Donald Sutherland) ၊ ရှယ်လီ ဒူဗောလ်(Shelley Duvall)၊ ဒေးဗစ် လင့်ချ် (David Lynch) နဲ့ ဂျိမ်းအားလ်ဂျုံး (James Earl Jones) စတဲ့ အခြား ဟောလိဝုဒ် သရုပ်ဆောင်တွေ ကွယ်လွန်သွားမှုကို ဂုဏ်ပြုဖို့ ဆက်လက်လုပ်ဆောင်ခဲ့ပါတယ်။
ဘာဆဲလ်အက်ဒရာ (Basel Adra) နဲ့ ယူဗာလ်အာဘရာဟမ် (Yuval Abraham) တို့ “No Other Land” မှတ်တမ်းရုပ်ရှင်အတွက် မှတ်တမ်းရုပ်ရှင်ဆုကို လက်ခံရရှိခဲ့ပါတယ်။ အစ္စရေး-ပါလက်စတိုင်း ပဋိပက္ခအတွက် နိုင်ငံရေးအရ အဖြေရှာရန် တောင်းဆိုခဲ့ပါတယ်။
စင်သီယာ အီရီဗို (Cynthia Erivo) နဲ့ အာရီရာနာ ဂရမ်ဒီ (Ariana Grande) တို့က “The Wizard of Oz” “The Wiz” နှင့် “Wicked” တို့က သီချင်းနဲ့ ဖျော်ဖြေတင်ဆက်မှုကြောင့် ပရိသတ်ကို အံ့သြစေခဲ့ပါတယ်။ ညနေပိုင်းမှာ ကွင်းလက်တီဖတ် (Queen Latifah) က “Ease On Down the Road” ဇာတ်ဆောင်နဲ့ ကွယ်လွန်သူ ကွင်စီဂျုံး (Quincy Jones) အား ဂုဏ်ပြုစကား ပြောကြားခဲ့ပါတယ်။
ဟောလိဝုဒ်ရှိ Dolby ပြဇာတ်ရုံတွင် ကျင်းပတဲ့ လူရွှင်တော် ကိုနန်အိုဘရိုင်ယန် (Conan O’Brien) က ဧည့်ခံတဲ့ ရှိုးပွဲမတိုင်မီ စူပါစတား သရုပ်ဆောင်တွေက အနီရောင် ကော်ဇောပေါ်ကို ဖြတ်လျှောက်လာခဲ့ကြပါတယ်။
NBC News











