နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဇွန်လ 7 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန်

၉၇ ကြိမ်မြောက် အော်စကာဆုပေးပွဲ

ဒါရိုက်တာရှောင်းဘေကာ (Sean Baker) ရဲ့ အန်နိုရာ(“ Anora” ) ဇာတ်ကားဟာ အချစ်ရေးရာဇာတ်လမ်းရုပ်ရှင်ဖြစ်ပြီး ရုရှားလူမျိုး သူဌေးကြီးတစ်ဦးရဲ့ သားနှင့်ချိတ်မိသွားသော ဘရွတ်ကလင်း (Brooklyn) က လိင်အလုပ်သမတစ်ဦးအကြောင်း ဖြစ်ပြီး အကောင်းဆုံးဇာတ်ကား အပါအဝင် အော်စကာငါးဆုကို ဆွတ်ခူးခဲ့ပါတယ်။

အကောင်းဆုံးဒါရိုက်တာဆုကို ဒါရိုက်တာရှောင်းဘေကာ (Sean Baker) က “ Anora” ဇာတ်ကားနဲ့ ရရှိခဲ့ပါတယ်။

အကောင်းဆုံး အမျိုးသမီးသရုပ်ဆောင်ဆုကို မစ်ကီ မက်ဒီဆင် (Mikey Madison) က “ Anora” ဇာတ်ကားမှာ ရရှိခဲ့ပါတယ်။

အေဒရီယန်ဘရိုဒီ (Adrien Brody) က အကောင်းဆုံးအမျိုးသားသရုပ်ဆောင်ဆုကို “ The Brutalist” ဇာတ်ကားမှာ ရရှိခဲ့ပါတယ်။

လူမဲမင်းသားကြီး မော်ဂင်ဖရီးမင်း (Morgan Freeman) က ပြီးခဲ့တဲ့သီတင်းပတ်က မိမိအိမ်မှာ ဇနီးနဲ့အတူ သေဆုံးနေတာကို တွေ့ရှိခဲ့တဲ့ ကွယ်လွန်သူ မင်းသားကြီး ဂျင်းဟက်ကမင် (Gene Hackman) ကို ဂုဏ်ပြုခဲ့ပါတယ်။ ကွယ်လွန်သူတွေကို လွမ်းဆွတ်တမ်းတခြင်း အစီအစဥ် ဗီဒီယိုအပိုင်းမှာ တီရီ ဂါး (Teri Garr) ၊ ဒေါ်နယ် ဆပ်သာလန် (Donald Sutherland) ၊ ရှယ်လီ ဒူဗောလ်(Shelley Duvall)၊ ဒေးဗစ် လင့်ချ် (David Lynch) နဲ့ ဂျိမ်းအားလ်ဂျုံး (James Earl Jones) စတဲ့ အခြား ဟောလိဝုဒ် သရုပ်ဆောင်တွေ ကွယ်လွန်သွားမှုကို ဂုဏ်ပြုဖို့ ဆက်လက်လုပ်ဆောင်ခဲ့ပါတယ်။

ဘာဆဲလ်အက်ဒရာ (Basel Adra) နဲ့ ယူဗာလ်အာဘရာဟမ် (Yuval Abraham) တို့ “ No Other Land” မှတ်တမ်းရုပ်ရှင်အတွက် မှတ်တမ်းရုပ်ရှင်ဆုကို လက်ခံရရှိခဲ့ပါတယ်။ အစ္စရေး-ပါလက်စတိုင်း ပဋိပက္ခအတွက် နိုင်ငံရေးအရ အဖြေရှာရန် တောင်းဆိုခဲ့ပါတယ်။

စင်သီယာ အီရီဗို (Cynthia Erivo) နဲ့ အာရီရာနာ ဂရမ်ဒီ (Ariana Grande) တို့က “ The Wizard of Oz” “ The Wiz” နှင့် “ Wicked” တို့က သီချင်းနဲ့ ဖျော်ဖြေတင်ဆက်မှုကြောင့် ပရိသတ်ကို အံ့သြစေခဲ့ပါတယ်။ ညနေပိုင်းမှာ ကွင်းလက်တီဖတ် (Queen Latifah) က “Ease On Down the Road” ဇာတ်ဆောင်နဲ့ ကွယ်လွန်သူ ကွင်စီဂျုံး (Quincy Jones) အား ဂုဏ်ပြုစကား ပြောကြားခဲ့ပါတယ်။

ဟောလိဝုဒ်ရှိ Dolby ပြဇာတ်ရုံတွင် ကျင်းပတဲ့ လူရွှင်တော် ကိုနန်အိုဘရိုင်ယန် (Conan O’Brien) က ဧည့်ခံတဲ့ ရှိုးပွဲမတိုင်မီ စူပါစတား သရုပ်ဆောင်တွေက အနီရောင် ကော်ဇောပေါ်ကို ဖြတ်လျှောက်လာခဲ့ကြပါတယ်။

NBC News

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း မြန်မာသတင်း

ILO ရဲ့ ဆုံးဖြတ်ချက် နိုင်ငံရေးအရ ဖိအားပေးတာလို့ စစ်ကောင်စီတုံ့ပြန်

  • 2025 ခုနှစ်၊ ဇွန်လ 7 ရက်
  • 5 Views
ဇွန်လ (၇)ရက်။ ILO ရဲ့ Article 33 နဲ့ အရေးယူဖို့ ဆုံးဖြတ်ချက်ဟာ နိုင်ငံရေးအရ ဖိအားပေးတာဖြစ်ပြီး စိတ်ပျက်ရတယ်ဆိုကာ
နိုင်ငံတကာသတင်း အမေရိကန်

အချိန်တိုအတွင်း ပြိုကွဲသွား စစ်ရေးကဏ္ဍအပေါ် သက်ရောက်မှု ရှိလာနိုင်+++++++++++++

  • 2025 ခုနှစ်၊ ဇွန်လ 6 ရက်
  • 9 Views
ဇွန်လ (၆) ရက်။ အမေရိကန်သမ္မတထရန့်နှင့် စီးပွားရေးလုပ်ငန်းရှင် အီလွန်မတ်စ်တို့သည် ၅ ရက်နေ့က ဆိုရှယ်မီဒီယာပေါ်တွင် အချင်းချင်း ပြင်းပြင်းထန်ထန် စော်ကားပြောဆိုမှုများ
နိုင်ငံတကာသတင်း အမေရိကန်

အချိန်တိုအတွင်း ပြိုကွဲသွား စစ်ရေးကဏ္ဍအပေါ် သက်ရောက်မှု ရှိလာနိုင်

  • 2025 ခုနှစ်၊ ဇွန်လ 6 ရက်
  • 13 Views
ဇွန်လ (၆) ရက်။ အမေရိကန်သမ္မတထရန့်နှင့် စီးပွားရေးလုပ်ငန်းရှင် အီလွန်မတ်စ်တို့သည် ၅ ရက်နေ့က ဆိုရှယ်မီဒီယာပေါ်တွင် အချင်းချင်း ပြင်းပြင်းထန်ထန် စော်ကားပြောဆိုမှုများ ပြုလုပ်ခဲ့ကြသည်။ မတ်စ်သည် မေလနှောင်းပိုင်းတွင် အစိုးရဌာနမှ နုတ်ထွက်ပြီး အုပ်ချုပ်ရေး၏ အထင်ကရ ဥပဒေမူကြမ်းကို
နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အမေရိကန်

ကုလဆုံးဖြတ်ချက် ဂါဇာ အမြဲတမ်း အပစ်အခတ်ရပ်စဲရေးမူကြမ်းကို အမေရိကန်က ဗီတိုအာဏာဖြင့် ပယ်ချ

  • 2025 ခုနှစ်၊ ဇွန်လ 5 ရက်
  • 26 Views
ဇွန်လ (၅) ရက်။ ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်မူကြမ်းတွင် အစ္စရေးနှင့် ဟားမတ်စ်တို့အကြား ချက်ချင်းလက်ငင်း၊ ခြွင်းချက်မရှိ အမြဲတမ်း အပစ်အခတ်ရပ်စဲရေး တောင်းဆိုခဲ့ပြီး ထိုမူကြမ်းကို ဇွန် ၄ ရက် ဗုဒ္ဓဟူးနေ့တွင် အမေရိကန်က ဗီတိုအာဏာဖြင့် ပယ်ချလိုက်သည်။
နိုင်ငံတကာသတင်း အမေရိကန်

“ အသိဥာဏ်ကျဆင်းမှု” ကိုဖုံးကွယ်ထားပြီး သမ္မတဟောင်းဘိုင်ဒင်၏ လုပ်ဆောင်ချက်များနှင့် အော်တိုပင်များကို အသုံးပြုခြင်းအတွက် စုံစမ်းစစ်ဆေးရန် ထရန့် အမိန့်ပေး

  • 2025 ခုနှစ်၊ ဇွန်လ 5 ရက်
  • 33 Views
ဇွန်လ (၆) ရက်။ မှတ်ချက်။ အော်တိုပင်သည် အလိုအလျောက်လက်မှတ်ရေးထိုးစက်ကို အသုံးပြုပြီး လက်မှတ်ရေးထိုးခြင်းကို ဆိုလိုသည်။ ဇွန်လ (၄) ရက်နေ့ ရက်စွဲပါမှတ်တမ်းတွင်၊ အမေရိကန်သမ္မတ ထရန့်သည်သမ္မတဟောင်း ဘိုင်ဒင်၏လုပ်ရပ်များနှင့် အလိုအလျောက်လက်မှတ်ရေးထိုးစက်အသုံးပြု၍ လက်မှတ်ရေးထိုးမှုကို စုံစမ်းစစ်ဆေးရန်အမိန့်ပေးခဲ့သည်။ အဆိုပါစာချွန်လွှာတွင်
နိုင်ငံတကာသတင်း အမေရိကန်

ဟားဗတ်တက္ကသိုလ်ကို အသစ်ဝင်ရောက်မည့် နိုင်ငံတကာကျောင်းသားများကို ဗီဇာထုတ်ပေးမှု ရပ်ဆိုင်းဖို့ ထရန့် လက်မှတ်ထိုး

  • 2025 ခုနှစ်၊ ဇွန်လ 5 ရက်
  • 33 Views
ဇွန်လ (၅) ရက်။ ဟားဗတ်တက္ကသိုလ်မှ နိုင်ငံတကာကျောင်းသားများအတွက် ဗီဇာထုတ်ပေးမှုကို ဆိုင်းငံ့ထားရန် သမ္မတထရန့်က လက်မှတ်ရေးထိုးခဲ့ကြောင်း အိမ်ဖြူတော်က ဇွန်လ (၄) ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့ပြီး အသစ်ဝင်ရောက်မည့် နိုင်ငံခြားသားများ၏ တက္ကသိုလ်တက်ခွင့်ကို တားဆီးရန် အားထုတ်မှုများ သိသိသာသာ
နိုင်ငံတကာသတင်း ဗြိတိန် ရုရှား ဥရောပ

ရုရှားနှင့် တရုတ်နိုင်ငံတို့မှ ခြိမ်းခြောက်မှုများကို တုံ့ပြန်ရန် ဗြိတိန်၏ ကာကွယ်ရေး အစီအစဉ်သစ်ကို “ပြန်လည်တိုက်ခိုက်ရန်အဆင်သင့်” ဆီသို့ ရွှေ့သွားမည်ဟုဆို

  • 2025 ခုနှစ်၊ ဇွန်လ 4 ရက်
  • 40 Views
ဇွန်လ (၄) ရက်။ ရုရှားနှင့် တရုတ်ကဲ့သို့သော နျူကလီးယားအင်အားကြီးများ၏ ခြိမ်းခြောက်မှုအသစ်များကို ရင်ဆိုင်ရချိန်တွင် ဗြိတိန်အစိုးရသည် ၎င်း၏စစ်တပ်တွင် ပေါင်ဘီလီယံပေါင်းများစွာ ရင်းနှီးမြှုပ်နှံရန် စီစဉ်ထားသည်။ ၎င်းအစီအစဉ်ကိုကာကွယ်ရေးဝန်ကြီး ဂျွန်ဟီလီ (John Healy) က လွှတ်တော်မှာ ဇွန်လ
ဆောင်းပါးများ နိုင်ငံတကာသတင်း ယူကရိန်း ရုရှား အချက်အလက်များ

ယူကရိန်းနိုင်ငံ ခရိုင်မီးယားအရေးနှင့် မြန်မာနိုင်ငံကို နှိုင်းယှဉ်သုံးသပ်ခြင်း

  • 2025 ခုနှစ်၊ ဇွန်လ 4 ရက်
  • 66 Views
ဤဆောင်ပါးသည် ၂၀၁၅ ခုနှစ်တွင် ရေးသားထားသည့် ဦးထွန်းအောင်ကျော်၏ ဆောင်းပါးဖြစ်ပြီး လက်ရှိအချိန်တွင် ပြန်လည်မှီငြမ်းနိုင်ရန် တင်ပြလိုက်ပါသည်။ ခေတ်မျက်လုံးအယ်ဒီတာအဖွဲ့ နိဒါန်း မြန်မာနိုင်ငံတွင် တိုင်းရင်းသားလက်နက်ကိုင်များနှင့် အစိုးရမှ ငြိမ်းချမ်းရေး ရယူနိုင်ရန် ကြိုးစားနေဆဲ ကာလအတွင်း ၂၀၁၅ ခုနှစ်တွင်