နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဇူလိုင်လ 5 ရက်

မြန်မာသတင်း

မြန်မာသတင်း

ထားဝယ်မှာ စစ်မှုထမ်းသင်တန်းသားတွေနဲ့ စစ်ကောင်စီတပ်တွေ လိုက်ပါလာတဲ့ ကွန်တိန်နာသင်္ဘော တိုက်ခိုက်ခံရ

မတ်လ (၅)ရက်။

မနေ့က ညနေ (၄)နာရီခွဲခန့်က ထားဝယ်မြစ်ကြောင်းအတိုင်း စုန်ဆင်းလာတဲ့ စစ်ကောင်စီရဲ့ ကွန်တိန်နာသင်္ဘောကို တိုက်ခိုက်ခဲ့တယ်လို့ လောင်းလုံမြို့နယ်-PDF(LLPDF)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

“ အဲ့ဒီကွန်တိန်နာသင်္ဘောပေါ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့အတူ စစ်မှုထမ်းသင်တန်းသားတွေကို ပို့ဆောင်ဖို့ ထားဝယ်မြစ်ကြောင်းအတိုင်း စုန်ဆင်းလာတဲ့အချိန် ကာကွယ်ရေးပူးပေါင်းတပ်တွေက တိုက်ခိုက်ခဲ့တာ” လို့ ဆိုပါတယ်။

စစ်မှုထမ်းသင်တန်းသားတွေကို ပို့ဆောင်ဖို့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေပါတဲ့ ကွန်တိန်နာသင်္ဘောကို ထားဝယ်မြစ်ကြောင်းအတိုင်း LLPDF နဲ့ ထားဝယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(DDT)အပါအဝင် ကာကွယ်ရေးပူးပေါင်းတပ်တွေက တိုက်ခိုက်ခဲ့တာလို့ ဖော်ပြထားပါတယ်။

အဲ့ဒီတိုက်ခိုက်တာတွေထဲ စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးတာတွေရှိနိုင်ပြီး အရေအတွက်အတိအကျကိုတော့ ဆက်လက်စုံစမ်းနေကာ ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေဘက်က အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့တယ်လို့ ရေးသားထားပါတယ်။

ထားဝယ်မြစ်ကြောင်းထဲ ရေကြောင်းအသုံးပြုသွားလာနေတဲ့ စစ်ကောင်စီတပ်တွေကို အချိန်မရွေး တိုက်ခိုက်နေတာကြောင့် တံငါသည်တွေနဲ့ ငါးဖမ်းစက်လှေတွေအနေနဲ့ စစ်ကောင်စီနဲ့ ပတ်သက်ဆက်နွယ်တာ၊ စစ်ကောင်စီတပ်သားတွေကို တင်ဆောင်သွားလာတာ မလုပ်ဖို့ အထူး သတိပေးထားပါတယ်။

စစ်ကောင်စီဘက်က အရွှေ့အပြောင်းလုပ်တာနဲ့ စစ်ကူပို့တာတွေအတွက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို တင်ဆောင်သွားလာပါက ပစ်မှတ်ထား တိုက်ခိုက်ချေမှုန်းသွားမှာဖြစ်တယ်လို့လဲ ထပ်မံအသိပေးထားတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

နောင်ချိုမြို့မှာ စစ်ကောင်စီတပ်နဲ့ TNLA တို့ တိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေ

  • 2025 ခုနှစ်၊ ဇူလိုင်လ 4 ရက်
  • 12 Views
ဇူလိုင်လ (၄)ရက်။ နောင်ချိုမြို့ရှိ ကျေးရွာတွေမှာ စစ်ကောင်စီတပ်နဲ့ TNLA တို့အကြား တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
မြန်မာသတင်း

တောင်သာမှာ အရက်ထွက်ဝယ်တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် (၂)ဦးကို ဖမ်းမိခဲ့တယ်လို့ မြို့နယ်ပကဖထုတ်ပြန်

  • 2025 ခုနှစ်၊ ဇူလိုင်လ 4 ရက်
  • 13 Views
ဇူလိုင်လ (၄)ရက်။ မနေ့က ညနေပိုင်းအချိန်က တောင်သာမြို့ရှိ အမှတ်(၁)စွပ်ကျယ်စက်ရုံက စစ်ကောင်စီတပ်ဖွဲ့ဝင် (၂)ဦးကို ဖမ်းမိခဲ့တယ်လို့ မြို့နယ်ပကဖရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ
မြန်မာသတင်း

စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကို မပူးပေါင်းဘဲ ဝိုင်းဝန်းဆန့်ကျင်ကြဖို့ NUG တိုက်တွန်း

  • 2025 ခုနှစ်၊ ဇူလိုင်လ 4 ရက်
  • 22 Views
ဇူလိုင်လ (၄)ရက်။ အကြမ်းဖက်စစ်အုပ်စုက ပြုလုပ်ဖို့ ကြိုးစားနေတဲ့ တရားမဝင် အတုအယောင်ရွေးကောက်ပွဲကို ပူးပေါင်းဆောင်ရွက်တာမပြုဘဲ ဝိုင်းဝန်းဆန့်ကျင်ကြဖို့ NUG က မနေ့က တိုက်တွန်းထားတယ်လို့ သိရပါတယ်။ ပြည်သူ့အာဏာကို မတရားသိမ်းယူဖို့ ကြိုးစားနေတဲ့ တရားမဝင်စစ်အုပ်စုက ရွေးကောက်ပွဲကျင်းပဖို့ အခွင့်အာဏာမရှိဘူးလို့
မြန်မာသတင်း

နိုင်ငံငြိမ်းချမ်းရေး အမျိုးသမီးတွေ ပူးပေါင်းပါဝင်ဖို့ဆိုပြီး စစ်ခေါင်းဆောင်ပြော

  • 2025 ခုနှစ်၊ ဇူလိုင်လ 4 ရက်
  • 20 Views
ဇူလိုင်လ (၄)ရက်။ နိုင်ငံရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ အောင်မြင်ဖို့ အမျိုးသမီးထုကြီးတရပ်လုံးက ပူးပေါင်းပါဝင်ဖို့ဆိုပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဒီကနေ့မှာပြုလုပ်တဲ့ မြန်မာအမျိုးသမီးများ‌နေ့မှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ အောင်မြင်ဖို့နဲ့ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုကြီးတည်ဆောက်ရာမှာ အမျိုးသမီးထုကြီးတရပ်လုံးက
မြန်မာသတင်း

စစ်မှုထမ်းသင်တန်းကို ပုံမှန်ဖွင့်လှစ်ဖို့ဆိုပြီး စစ်ကောင်စီညွှန်ကြား၊ တိုင်ကြားတာတွေရှိရင် အရေးယူမယ်လို့ဆို

  • 2025 ခုနှစ်၊ ဇူလိုင်လ 4 ရက်
  • 22 Views
ဇူလိုင်လ (၄)ရက်။ စစ်မှုထမ်းသင်တန်းကို ပုံမှန်ဖွင့်လှစ်ဖို့ဆိုပြီး စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ဒုဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ကျော်စွာလင်းက မနေ့ကပြုလုပ်တဲ့ အစည်းအဝေးမှာ ပြောဆိုခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ စစ်မှုထမ်းသင်တန်းတွေကို ပုံမှန်ဖွင့်လှစ်နိုင်ရင် နိုင်ငံကာကွယ်ရေးအတွက်၊ နိုင်ငံနဲ့ပတ်သက်တဲ့ ကာကွယ်ရေးစွမ်းအားတွေနဲ့ လုံခြုံရေးဆိုင်ရာတွေ ပိုမိုကောင်းမွန်လာမှာဖြစ်တယ်”
မြန်မာသတင်း

ဖားဆောင်းမြိုတိုက်ပွဲထဲ စစ်ကောင်စီတပ်ရဲ့ တိုက်လေယာဉ်တစင်းကို ပစ်ချနိုင်ခဲ့တယ်လို ကရင်နီတပ်ပေါင်းစုံစစ်ဦးစီးအဖွဲ ထုတ်ပြန်

  • 2025 ခုနှစ်၊ ဇူလိုင်လ 3 ရက်
  • 33 Views
ဇူလိုင်လ (၃)ရက်။ မနေ့က နေ့လယ် (၁)နာရီအချိန်ခန့်က ဖားဆောင်းမြိုတိုက်ပွဲထဲ ဗုံးကြဲဖိုလာတဲ့ စစ်ကောင်စီတပ်ရဲ့ တိုက်လေယာဉ်တစ်စင်းကို ပစ်ချနိုင်ခဲ့တယ်လို ကရင်နီတပ်ပေါင်းစုံစစ်ဦးစီးအဖွဲ(JCS)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဖားဆောင်းမြိုတိုက်ပွဲကို ဗုံးကြဲဖိုလာတဲ့ စစ်ကောင်စီတပ်ရဲ့ ဂျက်လေယာဉ် (၄)စင်းကို ကရင်နီတပ်ပေါင်းစုံတော်လှန်ရေးတပ်ဖွဲတွေက
မြန်မာသတင်း

ထိုင်းရောက်မြန်မာတွေ ထိုင်းနိုင်ငံအရေးလှုပ်ရှားမှုတွေမှာ မပါဝင်ကြဖို NUG တိုက်တွန်း

  • 2025 ခုနှစ်၊ ဇူလိုင်လ 3 ရက်
  • 27 Views
ဇူလိုင်လ (၃)ရက်။ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားတွေအနေနဲ့ ထိုင်းနိုင်ငံ‌အရေးလှုပ်ရှားမှုတွေမှာ မပါဝင်ကြဖို NUG နိုင်ငံခြားရေးဝန်ကြီးဌာနက မနေ့က တိုက်တွန်းနှိးဆော်ထားတယ်လို သိရပါတယ်။ ထိုင်းနိုင်ငံရဲ့ အခုဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအခြေအနေတွေနဲ့ပတ်သက်ပြီး ထိုင်းနိုင်ငံထဲ ရောက်ရှိနေတဲ့ မြန်မာတွေအနေနဲ့ စုဝေးဆန္ဒပြတဲ့ နေရာတွေကို ရှောင်ရှားကြဖို
မြန်မာသတင်း

ဂန့်ဂေါမြိုမှာ ဆရာ/မတွေကို ကျူရှင်မသင်ဖို NUG ရဲ့ မြိုနယ်ပညာရေးဘုတ်အဖွဲ စာထုတ်တားမြစ်ထား

  • 2025 ခုနှစ်၊ ဇူလိုင်လ 3 ရက်
  • 20 Views
မလိုက်နာရင် ကျူရှင်သင်ကြားသူအပါအဝင် သင်ကြားနေတဲ့ ကလေးတွေကို ပညာရေးယန္တရားကနေ ထုတ်ပယ်သွားမယ်လိုဆို ဇူလိုင်လ (၃)ရက်။ ဂန့်ဂေါမြိုနယ်မှာ ကျူရှင်မသင်ဖို ဆရာ/မတွေကို NUG ရဲ့ မြိုနယ်ပညာရေးဘုတ်အဖွဲက ဝန်ခံကတိပြု လက်မှတ်ရေးထိုးခိုင်းထားတယ်လို ဒေသထဲသတင်းရင်းမြစ်တွေရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။ အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီး