နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇန်နဝါရီလ 16 ရက်

မြန်မာသတင်း

မြန်မာသတင်း

တလထဲ ရန်ကုန်မှာ ဖမ်းဆီးခံရတဲ့သူ (၂၀၀)ကျော်ရှိခဲ့

မတ်လ (၆)ရက်။

ဖေဖော်ဝါရီလထဲ ရန်ကုန်တိုင်းထဲမှာ စစ်ကောင်စီက ဖမ်းဆီးခဲ့တဲ့ဖြစ်စဉ် (၉၆)ခုရှိပြီး စုစုပေါင်းအရေအတွက် (၂၃၃)ဦးရှိတယ်လို့ Rangoon Scout Network ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။

ဖေဖော်ဝါရီလထဲ စစ်ကောင်စီရဲ့ ဖမ်းဆီးခံရသူ (၂၃၃)ဦးရှိခဲ့တဲ့အထဲ ပြန်လည်လွတ်မြောက်လာသူ (၅၄)ဦးရှိကာ (၈)ဦးကို ပြန်မလွှတ်ပေးသေးသလို ကျန်တဲ့ (၁၇၁)ဦးရဲ့ နောက်ဆက်တွဲကိုတော့ မသိရသေးဘူးလို့ ဆိုပါတယ်။

စစ်ကောင်စီရဲ့ ဖမ်းဆီးခံရသူတွေထဲ (၁၀၆)ဦးဟာ လမ်းမပေါ်မှာ တွေ့ရာလိုက်ဆွဲခံရသူတွေဖြစ်ကာ ဧည့်စာရင်းစစ်ပြီး ဖမ်းဆီးခံရသူ (၆၃)ဦး၊ သတင်းအရ ရှာဖွေဖမ်းဆီးခံရသူ (၅၉)ဦးနဲ့ ချုပ်နှောင်ခံရသူ (၅)ဦးရှိတယ်လို့ ဖော်ပြထားပါတယ်။

‌နောက်ပြီး စစ်ရေးလှုပ်ရှားသူတွေနဲ့ သပိတ်လှုပ်ရှားသူတွေဆိုပြီး ဖမ်းဆီးခံရတဲ့လူငယ် (၃)ဦးရှိခဲ့ပြီး လမ်းဘေးမှာ အဆိုတေယ်လင်းလင်းရဲ့ ရောင်နီသီချင်း တီးခတ်နေတာကို အားပေးအားမြှောက်လုပ်တယ်ဆိုပြီး ဖမ်းဆီးခံခဲ့ရသူ (၅)ဦး ရှိခဲ့ပါတယ်။

ဒါ့အပြင် စစ်ကောင်စီရဲ့ စစ်မှုထမ်းအတွက် သန်လျင်ရေတပ်သင်္ဘောပေါ် ဖမ်းဆီးထားချိန် (၂)ဦးခုန်ချထွက်ပြေးခဲ့ပေမယ့် ပြန်လည်ဖမ်းမိသွားတဲ့ဖြစ်စဉ်လဲ ရှိခဲ့တယ်လို့ ပြောဆိုထားပါတယ်။

ဖေဖော်ဝါရီလ (၁၇)ရက်နေ့မှာ စစ်ကောင်စီတပ်က စစ်မှုထမ်းသင်တန်း အမှတ်စဉ်(၁၀)ကို စတင်ခဲ့ပြီး အဓမ္မစုဆောင်းထားတဲ့ လူ (၅၀၀)ကျော်ကို တိုက်ကြီးနဲ့ လှည်းကူးရှိ စစ်သင်တန်းကျောင်းတွေကို ပို့ဆောင်ခဲ့တယ်လို့ သိရပါတယ်။

ရန်ကုန်မှာ မြို့နယ်အလိုက် ဖမ်းဆီးခဲ့တာတွေမှာ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်အပါအဝင် မြောက်ဥက္ကလာ၊ စမ်းချောင်း၊ ကြည့်မြင်တိုင်၊ အလုံနဲ့ အင်းစိန်တို့မှာ အများဆုံးဖြစ်တယ်လို့ ရေးသားထားပါတယ်။

အခုရရှိထားတဲ့ အချက်အလက်တွေဟာ ပေးပို့လာတဲ့ သတင်းတွေ၊ ချတ်ဆက်အဖွဲ့အစည်းတွေဆီက သိရတာတွေနဲ့ သတင်းမီဒီယာတွေကို ကိုးကားပြီး ပြုစုထားကာ မြေပြင်မှာ အခုထက် ပိုဆိုးနိုင်တယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ပြည်သူ့အကျိုးကိုသာ ရှေးရှုဆောင်ရွက်ပေးနေတယ်ဆိုပြီး ဗုံးကြဲသတ်ဖြတ်နေတဲ့ စစ်ခေါင်းဆောင်ပြော

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 15 ရက်
  • 22 Views
ဇန်နဝါရီလ (၁၅)ရက်။ ပြည်သူ့အကျိုးကိုသာ ရှေးရှုပြီး ရည်မှန်းချက်ထား ဆောင်ရွက်ပေးနေတယ်လို့ ဗုံးကြဲသတ်ဖြတ်နေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဒီကနေ့ ကယားပြည်နယ်နေ့မှာ ပေးပို့တဲ့သဝဏ်လွှာထဲ
မြန်မာသတင်း

ပျူစောထီးခေါင်းဆောင် သီတာယုမွန်ရဲ့ခင်ပွန်းကို မူးယစ်ဆေးဝါးတွေနဲ့အတူ PDF ဖမ်းမိ

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 15 ရက်
  • 26 Views
ဇန်နဝါရီလ (၁၅)ရက်။ မနေ့က မြင်းခြံမြို့က ပျူစောထီးခေါင်းဆောင် သီတာယုမွန်ရဲ့ခင်ပွန်း စိန်လွင်ကို ဖမ်းဆီးရမိခဲ့တယ်လို့ မြင်းခြံခရိုင်အမှတ်(၃)တပ်ရင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
မြန်မာသတင်း

ပြည်ပသံရုံးတရုံးနဲ့ တွေ့ဆုံတာကြောင့် ဒေါ်သက်သက်ခိုင်နဲ့ ပါတီဝင်တဦးကို ဖမ်းဆီးတာလို့ စစ်တပ် ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 15 ရက်
  • 17 Views
ဇန်နဝါရီလ (၁၅)ရက်။ PPP ဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင်နဲ့ ပါတီဝင် ဒေါ်ထက်ထက်လှိုင်တို့ဟာ ပြည်ပသံရုံးတရုံးနဲ့ လျှို့ဝှက်စွာတွေ့ဆုံတာကြောင့် ဖမ်းဆီးတာဆိုပြီး စစ်တပ်ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒေါ်သက်သက်ခိုင်နဲ့ ဒေါ်ထက်ထက်လှိုင်တို့ဟာ ဒီဇင်ဘာလ (၁၈)ရက်နေ့က ဗဟန်းမြို့နယ် နတ်မောက်လမ်းရှိ
မြန်မာသတင်း

PPP ပါတီဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင်ကို စစ်တပ်က ဖမ်းဆီးစစ်ဆေးနေ

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 14 ရက်
  • 36 Views
ဇန်နဝါရီလ (၁၄)ရက်။ မနေ့က ညနေပိုင်းအချိန်က ပြည်သူ့ရှေ့ဆောင်ပါတီ(PPP)ဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင်ကို စစ်တပ်က ဖမ်းဆီးခဲ့တယ်လို့ ပါတီနဲ့နီးစပ်သူတွေထံက သိရပါတယ်။ “ ဒေါ်သက်သက်ခိုင်ကို စစ်တပ်က လာဖမ်းသွားတယ်ဆိုတာ ဟုတ်ပါတယ်။ မနေ့ ညနေကပဲ ဗဟန်းက သူ့ရဲ့နေအိမ်မှာ လာဖမ်းသွားတာ။
မြန်မာသတင်း

တနှစ်တာထဲ KNU တပ်မဟာ(၅)မှာ တိုက်ပွဲပေါင်း (၁၀၀၀)ကျော် ဖြစ်ပွားခဲ့

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 14 ရက်
  • 26 Views
ဇန်နဝါရီလ (၁၄)ရက်။ ပြီးခဲ့တဲ့ (၁)နှစ်တာကာလထဲ KNU တပ်မဟာ(၅)မှာ စစ်တပ်နဲ့ တိုက်ပွဲပေါင်း (၁၁၁၃)ကြိမ် ဖြစ်ပွားခဲ့တယ်လို့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီတိုက်ပွဲတွေထဲ စစ်တပ်ဘက်က (၂၈၄)ဦးသေဆုံးပြီး (၄၅၉)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ သေဆုံးသူတွေထဲ G-3
မြန်မာသတင်း

PDF အပါအဝင် လက်နက်ကိုင်အဖွဲ့တွေ ဥပဒေဘောင်ထဲ ဝင်ရောက်ဖို့ဆိုပြီး စစ်ခေါင်းဆောင် ဖိတ်ခေါ်ပြန်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 14 ရက်
  • 27 Views
ဇန်နဝါရီလ (၁၄)ရက်။ PDF အပါအဝင် လက်နက်ကိုင်အဖွဲ့တွေ ဥပဒေဘောင်ထဲ ဝင်ရောက်ဖို့ဆိုပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မနေ့ကပြုလုပ်တဲ့ လူငယ်ငြိမ်းချမ်းရေးဖိုရမ်မှာ ထပ်မံဖိတ်ခေါ်ခဲ့တယ်လို့ သိရပါတယ်။ ငြိမ်းချမ်းရေးဆိုတာဟာ တွေ့ဆုံဆွေးနွေး အဖြေရှာနိုင်မှသာ ရရှိမှာဖြစ်တာကြောင့် ဖြစ်ချင်တာကို ပြောနေမယ့်အစား ဖြစ်သင့်တာကို
မြန်မာသတင်း

UDLA က NUG ဆီ ပြစ်တင်ရှုတ်ချလွှာတစောင် ပေးပို့ခဲ့

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 13 ရက်
  • 50 Views
ဇန်နဝါရီလ (၁၃)ရက်။ ပြည်ထောင်စု ကာကွယ်ရေးနဲ့ လွတ်မြောက်ရေးမဟာမိတ်တပ်ပေါင်းစု(UDLA)က NUG ဆီ ပြစ်တင်ရှုတ်ချလွှာတစောင် ပေးပို့ခဲ့တယ်လို့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ UDLA က ပေးပို့တဲ့ ပြစ်တင်ရှုတ်ချလွှာမှာ အချက် (၄)ချက်နဲ့ ဖော်ပြထားပြီး NUG
မြန်မာသတင်း

ရက်မြို့ကို မဲပုံးတွေလာပို့တဲ့ စစ်တပ်စစ်ကြောင်း တိုက်ခိုက်ခံရပြီး (၄)ဦး သေဆုံးခဲ့

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 13 ရက်
  • 37 Views
ဇန်နဝါရီလ (၁၃)ရက်။ မနေ့က နံနက် (၁၁)နာရီကျော်အချိန်က သရက်မြို့ကို မဲပုံးတွေလာပို့တဲ့ အင်အား (၂၅၀)ခန့်ပါ စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်ခဲ့တယ်လို့ သရက်ခရိုင် အမှတ်(၄)တပ်ရင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မင်းတုန်းမြို့ကနေ သရက်မြို့ကို မဲပုံးတွေလာပို့တဲ့