နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 23 ရက်

မြန်မာသတင်း

မြန်မာသတင်း

မြန်မာနိုင်ငံမှာ ယုံကြည်စိတ်ချစွာနဲ့ ရင်းနှီးမြှုပ်နှံဖို့ စစ်ခေါင်းဆောင် ဖိတ်ခေါ်

မြန်မာမှာ ကြုံနေရတဲ့ အခက်အခဲတွေကို ခေါင်းထဲမထည့်ဘဲ ခဏတာပဲလို့ဆို

မတ်လ (၆)ရက်။

မြန်မာနိုင်ငံမှာ ယုံကြည်စိတ်ချစွာနဲ့ လာရောက်ရင်းနှီးမြှုပ်နှံကြဖို့ဆိုပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မနေ့ကပြုလုပ်တဲ့ မြန်မာ-ရုရှားစီးပွားရေးဖိုရမ်မှာ ဖိတ်ခေါ်ခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

ရုရှားနိုင်ငံရဲ့ ကြွယ်ဝချမ်းသာတာနဲ့ နည်းပညာတွေကို ဘယ်သူမှ နှိမ်နင်းတိုက်ခိုက်နိုင်မှာ မဟုတ်တာကြောင့် အဲ့ဒီကြွယ်ဝမှုနဲ့ နည်းပညာတွေကို အာရှဒေသမှာ လာရောက်ဖြန့်ကြက်ဆောင်ရွက်ဖို့ ဆိုပါတယ်။

ဖိုရမ်မှာ တက်ရောက်လာသူတွေကို စစ်ခေါင်းဆောင် မင်းအောင်လှိုင်က စီးပွားရေးလုပ်တတ်ဖို့ ပြောဆိုခဲ့သလို မြန်မာမှာသာမကဘဲ ထိစပ်နေတဲ့ အိမ်နီးချင်းနိုင်ငံတွေမှာပါ ဈေးကွက်ရှာဖို့ ပြောဆိုခဲ့ပါသေးတယ်။

နောက်ပြီး မြန်မာနိုင်ငံမှာရှိတဲ့ သဘာဝထုတ်ကုန်ပစ္စည်းတွေကို အခြေခံကာ တန်ဖိုးမြင့်ပစ္စည်းထုတ်လုပ်တာနဲ့ တိုက်ရိုက်ရင်းနှီးမြှုပ်နှံပြီး နည်းပညာနဲ့ ပစ္စည်းတွေကို ထုတ်လုပ်မယ်ဆိုရင် မုချအကျိုးရှိမယ်လို့လဲ စစ်ခေါင်းဆောင်က ‌ထည့်သွင်းပြောဆိုခဲ့ပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံမှာ အခုကြုံတွေ့နေရတဲ့ အချို့အခက်အခဲတွေကို ခေါင်းထဲမထည့်ဖို့နဲ့ တဒင်္ဂသာဖြစ်ပြီး အခက်အခဲတွေအားလုံးကို ကျော်လွှားနိုင်မှာဖြစ်သလို ရုရှားလုပ်ငန်းရှင်တွေကို ကြိုဆိုကာ လိုအပ်ရင် မြန်မာမှာ ကိုယ်တိုင်ထပ်တွေ့မယ်လို့ ပြောဆိုခဲ့ပါတယ်။

ရုရှားအနေနဲ့ မြန်မာမှာ စွမ်းအင်ကဏ္ဍ၊ သတင်းအချက်အလက်နဲ့ နည်းပညာကဏ္ဍ၊ ဝန်ဆောင်မှုကဏ္ဍနဲ့ ကျန်းမာရေးကဏ္ဍတွေမှာ လုပ်ကိုင်ဖို့ စီစဉ်ထားတာတွေအပေါ် ကျေးဇူးတင်တယ်လို့ စစ်ခေါင်းဆောင်က ဆိုပါတယ်။

နှစ်နိုင်ငံအကြား ချိတ်ဆက်ပြီး လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်မယ့် ပုဂ္ငလိကစီးပွားရေးလုပ်ငန်းတို့အကြား လုပ်သာကိုင်သာရှိမယ့် အခွင့်အလမ်းတွေ ဖန်တီးပေးနိုင်ဖို့နဲ့ အလုပ်အကိုင်တွေရရှိအောင် ပံ့ပိုးကူညီသွားမယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးလို့ စစ်အုပ်စုပြော

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 137 Views
ဇွန်လ (၃၀)ရက်။ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးဆိုပြီး ဒီကနေ့ နေပြည်တော်မှာပြုလုပ်တဲ့ စစ်အုပ်စုရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ဒေါ်အောင်ဆန်းစုကြည်က
မြန်မာသတင်း

ငါတို့တကယ်ရင်ဆိုင်နေရတဲ့ အခက်အခဲ

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 119 Views
Burma Issue: The Crisis We Are Truly Facing ငါတို့တကယ်တွေ့နေရတဲ့ အကြပ်အတည်း ရှေ့နေဦးကြီးမြင့်ရဲ့စာတမ်းတိုလေးကိုသဘောထားကြိုက်ညီတဲ့အတွက် သူအတွေ့အကြုံအရ
မြန်မာသတင်း

ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့ MOD ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 111 Views
ဇွန်လ (၃၀)ရက်။ စစ်တပ်လေကြောင်းအင်အားကို ဟန့်တားနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ PDF နဲ့ ပကဖတပ်ဖွဲ့တွေအနေနဲ့ စစ်တပ်လေကြောင်းကို ဟန့်တားနိုင်ဖို့နဲ့ ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ နည်းလမ်းပေါင်းစုံနဲ့ အဆက်မပြတ် ကြိုးပမ်းနေတယ်လို့
မြန်မာသတင်း

တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေအပေါ် NUCC နဲ့ NUG ဆွေးနွေးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 104 Views
ဇွန်လ (၃၀)ရက်။ ဇွန်လ (၂၈)ရက်နေ့က တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေနဲ့ပတ်သက်ပြီး NUCC နဲ့ NUG တို့ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဆွေးနွေးပွဲကို (၃)နာရီကြာ ပြုလုပ်ခဲ့ပြီး NUCC ကောင်စီဝင်တွေနဲ့ MOD ဝန်ကြီးနဲ့
မြန်မာသတင်း

မင်းအောင်လှိုင် လာအိုနိုင်ငံကို သွားမယ်လို့ဆို

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 85 Views
ဇွန်လ (၃၀)ရက်။ လာမယ့်ရက်ပိုင်းထဲ စစ်ခေါင်းဆောင် ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ လာအိုနိုင်ငံကို သွားဖို့ရှိတယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ သူ့မိန်းမ ကြူကြူလှနဲ့အတူ လာအိုနိုင်ငံကို ဇွန်လ (၃)ရက်ကနေ (၅)ရက်အထိ သွားဖို့ရှိတယ်လို့ ဆိုပါတယ်။
မြန်မာသတင်း

မုံရွာပလဖစခန်းကို NUG တပ်ရင်းတွေ စီးနင်းပစ်ခတ်ခံရပြီး ပလဖတာဝန်ခံ အာကူးကျဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 99 Views
ဇွန်လ (၃၀)ရက်။ မနေ့က ညပိုင်းအချိန်က မုံရွာမြိုပလဖစခန်းကို NUG တပ်ရင်းတွေ ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့တယ်လို ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “မုံရွာပလဖစခန်းကို NUG က တပ်ရင်း (၅)ရင်းနဲ့ ဝင်စီးတာ။ အဲ့ဒီမှာ ပစ်ခတ်တာတွေဖြစ်ပြီး ပလဖတာဝန်ခံ အာကူး
မြန်မာသတင်း

မိုးဗြဲအနီးတိုက်ပွဲ လက်နက်ခဲယမ်းနဲ့ စစ်သုံပန်း (၂)ဦး ဖမ်းမိခဲ့တယ်လို UTF ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 89 Views
ဇွန်လ (၂၉)ရက်။ မနေ့က ရှမ်း-ကရင်နီအစပ် မိုးဗြဲမြိုအနီးမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို Urban Task Force Aung Ban ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တိုက်ပွဲထဲ စစ်ကောင်စီတပ်ဆီကနေ လက်နက်ခဲယမ်းအချိုနဲ့ စစ်သုံပန်း
မြန်မာသတင်း

Proof of Life ကို ပိုမိုအရှိန်မြှင့်မယ်လိုဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 79 Views
ဇွန်လ (၂၉)ရက်။ ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိသေးတယ်ဆိုတာကို သက်သေပြဖို တောင်းဆိုတဲ့ Proof of Life အစီအစဉ်ကို ပိုမိုအရှိန်မြှင့်မယ်လို ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစွာ သက်ရှိထင်ရှား ရှိနေသေးတာကို အခိုင်အမာ သက်သေပြဖို စစ်အုပ်စုကို