နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 22 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ရုရှား-ယူကရိန်းစစ်ပွဲ

ရုရှားတိုက်ခိုက်မှုကြောင့် ယူကရိန်းအရှေ့ပိုင်းမှာ လူ ၁၁ ဦး သေဆုံး

*** ရုရှားရဲ့ ရည်မှန်းချက် မပြောင်းလဲသေးကြောင်း ဇလန်းစကီးပြော***

မတ်လ (၉) ရက်။

ယူကရိန်းသမ္မတ ဗလော်ဒီမီယာ ဇလန်းစကီးက မတ်လ ၈ ရက်နေ့က ယူကရိန်းအရှေ့ပိုင်း ဒွန်းညက်စ် (Donetsk) ဒေသရှိ ‌ဒေါ်ပရိုပီးလီးယား (Dobropillya) မြို့ကို ရုရှားက ဒုံးကျည်နဲ့ တိုက်ခိုက်ခဲ့ရာ လူ ၁၁ ဦး သေဆုံးခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။ ရုရှားရဲ့ ရည်မှန်းချက်တွေ မပြောင်းလဲတေတာကို သက်သေပြလိုက်တာလို့ သူက ပြောကြားခဲ့ပါတယ်။

မတ်လ ၇ ရက်ညနဲ့ ၈ ရက် မနက်ပိုင်းအထိ ရုရှားရဲ့ တိုက်ခိုက်မှုမှာ ကလေးငါးဦး အပါအဝင်လူ ၃၀ ကျော်ဒဏ်ရာရခဲ့တယ်လို့ ဇလန်းစကီးက ပြောကြားခဲ့ပါတယ်။

တိုက်ခိုက်ခံရတဲ့နေရာမှာ အနည်းဆုံး အိမ်ရှစ်လုံး ပျက်စီးခဲ့တယ်လို့ သိရပါတယ်။ အပျက်အစီးတွေအောက်မှာ ပိတ်မိနေသူတွေ ရှိနိုင်ကြောင်း တာဝန်ရှိသူတွေက ပြောကြားခဲ့ပါတယ်။

ယူကရိန်းစစ်ပွဲဟာ ထရမ့်အစိုးရက ယူကရိန်းနိုင်ငံကို စစ်ရေးအကူအညီနဲ့ သတင်းအချက်အလက် မျှဝေမှုတို့ကို ရပ်တန့်လိုက်ပြီး အပစ်အခတ်ရပ်စဲရေးအတွက် ဖိအားတွေ တိုးမြင့်လာတာကြောင့် အရေးကြီးတဲ့ အလှည့်အပြောင်းကို ရောက်ရှိနေပြီဖြစ်ပါတယ်။

ဇလန်းစကီးကတော့ ဒီတိုက်ခိုက်မှုကို “ရုရှားက မကြာခဏ အသုံးပြုလေ့ရှိတဲ့ စက်ဆုပ်ဖွယ် လူမဆန်တဲ့ ခြိမ်းခြောက်မှု နည်းဗျူဟာ” ဖြစ်တယ်လို့ ရှုတ်ချခဲ့ပါတယ်။ “အသက်အန္တရာယ်ကို ကာကွယ်ဖို့၊ လေကြောင်းရန် ကာကွယ်ရေး အားကောင်းဖို့နဲ့ ရုရှားအပေါ် ပိတ်ဆို့အရေးယူမှုတွေ အရှိန်မြှင့်ဖို့ အစွမ်းရှိသမျှ အစွမ်းကုန် ဆက်လုပ်သွားဖို့ အရေးကြီးပါတယ်” လို့ ပြောခဲ့ပြီး ရုရှားသမ္မတ ပူတင်ရဲ့ စစ်ပွဲရန်ပုံငွေရရှိမှုကို ဖြတ်တောက်ဖို့ လိုအပ်ကြောင်း အလေးပေး ပြောကြားခဲ့ပါတယ်။

ဇလန်းစကီးဟာ လာမည့်သီတင်းပတ်မှာ ပြုလုပ်ဖို့ စီစဉ်ထားတဲ့ အဆင့်မြင့် ဆွေးနွေးပွဲ မတိုင်မီ ဆော်ဒီအာရေဗျမှာ အိမ်ရှေ့မင်းသား မိုဟာမက်နဲ့ တွေ့ဆုံရဖို့ ရှိတယ်လို့ သူက ပြောကြားခဲ့ပြီး အမေရိကန်တာဝန်ရှိသူတွေနဲ့ တွေ့ဆုံဖို့မရှိဘဲ သူ့လက်အောက်က တာဝန်ရှိသူတွေက တွေ့ဆုံသွားမယ်လို့ သိရပါတယ်။

လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း ယူကရိန်း အရှေ့ပိုင်းနဲ့ တောင်ပိုင်းတို့မှာ ရုရှားရဲ့ တိုက်ခိုက်မှုတွေကြောင့် အနည်းဆုံး လူ ၂၃ ဦး သေဆုံးပြီး ၅၀ ကျော် ဒဏ်ရာရခဲ့တယ်လို့ ဒေသဆိုင်ရာ တာဝန်ရှိသူတွေက (၈) ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။ ဒွန်းညက်စ်၊ ‌ဒေါ်ပရိုပီးလီးယားမှာ သေဆုံးမှုခဲ့သူတွေအပြင် လူကိုးဦးသေဆုံးကာ ၁၃ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

ခါကိ့ဗ် (Kharkiv) အရှေ့ပိုင်းမှာ ဒရုန်းနဲ့ တိုက်ခိုက်မှုကြောင့် လူ ၃ ဦး သေဆုံးပြီး ခုနစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း အရေးပေါ် အာဏာပိုင်တွေက ပြောကြားခဲ့ပါတယ်။ တောင်ပိုင်း ခါဆွန် (Kherson) မြို့မှာလည်း ငါးဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

ယူကရိန်းလေတပ်က ရုရှားမောင်းသူမဲ့လေယာဉ် ၁၄၅ စင်းအနက် ၇၉ စင်းကို ပစ်ချခဲ့ပြီး ၅၄ စင်းကတော့ ပစ်မှတ်ကို မရောက်ရှိနိုင်ခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။ ရုရှားက ပစ်လွှတ်တဲ့ ဒုံးကျည်သုံးစင်းကျော်ထဲက တစ်ခုကို ကြားဖြတ်ဟန့်တားနိုင်ခဲ့တယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အိန္ဒိယ

နတ်ဘုရားများထံမှ ခိုးယူခြင်း- အိန္ဒိယနိုင်ငံ၏ ရာမဗိမာန် (Ram Temple) တွင် အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံ ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 80 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အရေးပါသော ပြည်နယ်ရွေးကောက်ပွဲများ မတိုင်မီ အလှူငွေများ
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးတပ်ဖွဲ့များ သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) တစ်ခွင် စီးနင်းမှုများ ဆက်လက်လုပ်ဆောင်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 89 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် Wafa သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ နောက်ဆုံးရရှိထားသော
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ တိုက်ရိုက်သတင်း- အမေရိကန်နှင့် ဆွေးနွေးပွဲသတင်းများ ထွက်ပေါ်နေစဉ် ဟော်မုဇ်ရေလက်ကြားကို ၎င်းတို့သာ ထိန်းချုပ်ခွင့်ရှိကြောင်း တဟီရန် အခိုင်အမာဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 87 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်တို့သည် တိုက်ခိုက်မှုများကို ရပ်တန့်ရန်နှင့် ဟော်မုဇ်ရေလက်ကြား အရေး အငြင်းပွားမှုကို ဖြေရှင်းရန် အင်္ဂါနေ့တွင် ကာတာနိုင်ငံ မြို့တော် ဒိုဟာ၌
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အီရန်

အပြီးသတ်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်မှ လုံးဝဆုတ်ခွာပေးရန် အီရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 89 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်အကြား ယာယီရရှိထားသော သဘောတူညီချက်ကို တိုက်ပွဲများကြောင့် ဆက်လက်ဖိအားဖြစ်စေလျက်ရှိစဉ်၊ အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်နိုင်ငံအတွင်းမှ လုံးဝ ဆုတ်ခွာပေးရေးသည် အမေရိကန်နှင့်ချုပ်ဆိုမည့် အပြီးသတ်သဘောတူညီချက်တွင် မဖြစ်မနေ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လတ်တလောရရှိထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ထိခိုက်မှု ရှိစေသည့် တိုက်ခိုက်မှုများ ဖြစ်ပွားလာပြီးနောက် အီရန်က ဘာရိန်းနှင့် ကူဝိတ်ရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများကို တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 87 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါက အီရန်နိုင်ငံသည် “နောက်ထပ် တည်ရှိတော့မည် မဟုတ်ကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပြီး၊ တဟီရန် (အီရန်အစိုးရ) ကမူ ဆွေးနွေးညှိနှိုင်းမှုများကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 86 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန် နီဗ်ကာ (Kostyantynivka) မြို့အတွင်းသို့ ရုရှားတပ်ဖွဲ့များ စိမ့်ဝင်ပူးကပ်လာပြီး ဝိုင်းရံရန် ကြိုးပမ်းနေကြသည်။ လက်ရှိတွင်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 102 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ် သိသာထင်ရှားသည့် ထောက်ခံ အတည်ပြုချက် နှစ်ခုကို ချမှတ်ပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်များသည် အမေရိကန် အစိုးရ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 94 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက