နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 23 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန် ဥရောပ

ယူကရိန်းအတွက် Starlink ဂြိုလ်တုဆက်သွယ်ရေးနဲ့ ပတ်သက်ပြီး အမေရိကန်နဲ့ ပိုလန် နိုင်ငံခြားရေးဝန်ကြီးတို့ စကားအခြေအတင်ဖြစ်

မတ်လ (၁၀) ရက်။

ယူကရိန်းအတွက် Starlink ဂြိုလ်တုဆက်သွယ်ရေးဝန်ဆောင်မှုကို အခြားအစားထိုး ရွေးချယ်စရာတစ်ခု လိုအပ်နေတယ်လို့ ပိုလန်နိုင်ငံခြားရေးဝန်ကြီး လာဒိုဆွာ ရှီကော့စကီ (Radosław Sikorski) ကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ရူဘီယိုက မတ်လ (၉) ရက်နေ့မှာ ဝေဖန်ခဲ့ပါတယ်။

Starlink ကို အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ရဲ့ မဟာမိတ် စီးပွားရေးလုပ်ငန်းရှင် အီလွန်မတ်စ်က ဦးဆောင်တဲ့ SpaceX က လည်ပတ်ဆောင်ရွက်နေတာပါ။ Starlink က ယူကရိန်းနဲ့ ယူကရိန်းစစ်တပ်အတွက် အင်တာနက်ချိတ်ဆက်မှုကို ထောက်ပံ့ပေးပြီး ပိုလန်နိုင်ငံက ကုန်ကျစရိတ်တွေကို ကျခံပေးနေတာ ဖြစ်ပါတယ်။

“ဒီဟာ (Starlink) ကို ဖြတ်လိုက်ရင် (ယူကရိန်းရဲ့) ရှေ့တန်းတစ်ခုလုံး ပြိုကျလိမ့်မယ်” လို့ မတ်စ်က X မှာ ရေးသားခဲ့ပါတယ်။

အဲ့ဒါကို ပိုလန်နိုင်ငံခြားရေးဝန်ကြီး ရှီကော့စကီက “ယူကရိန်းအသုံးပြုနေတဲ့ Starlink အတွက် တစ်နှစ်ကျသင့်ငွေ ဒေါ်လာသန်း ၅၀ ကို ပိုလန်ဒစ်ဂျစ်တယ်ဝန်ကြီးဌာနက ပေးချေနေတာဖြစ်တယ်” လို့ သူ့ရီ လူမှုကွန်ရက်စာမျက်နှာ X မှာ ရေးခဲ့ပါတယ်။

“ကျူးကျော်တိုက်ခိုက်ခံနေရတဲ့သူကို ခြိမ်းခြောက်နေတဲ့ ကျင့်ဝတ်အရ SpaceX ဟာ ယုံကြည်အားကိုးလောက်စရာမရှိတဲ့ ကုမ္ပဏီတစ်ခု ဖြစ်လာပြီဆိုရင် ကျွန်တော်တို့အနေနဲ့ တခြားကုမ္ပဏီတွေကို ရှာဖွေရမှာဖြစ်ပါတယ်။” လို့ ရှီကော့စကီက ရေးသားခဲ့ပါတယ်။

ဆစ်စကော့စကီးကို အီလွန်မတ်က တုံ့ပြန်ရာမှာ “တိတ်တိတ်နေ ကောင်လေး။ မင်းတို့ပေးနေတာ ကုန်ကျစရိတ်ထဲက မစို့မပို့လောက်ကိုပဲ ပေးနေတာ။ Starlink ကို အစားထိုးစရာမရှိဘူး။” လို့ ပြောလိုက်ပါတယ်။

မတ်စ်နဲ့ ရှီကော့စကီတို့ X မှာ အပြန်အလှန် ရေးသားနေတာကို ပိုလန်နိုင်ငံခြားရေးဝန်ကြီးကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက ပြစ်တင်ရှုတ်ချခဲ့ပါတယ်။

“Starlink ဖြတ်ပစ်မယ်လို့ ဘယ်သူမှ မပြောပါဘူး။ Starlink သာ မရှိရင် ယူကရိန်းစစ်ရှုံးတာ ကြာလှပြီ။ အခုချိန်လောက်ဆို ရုရှားတွေ ပိုလန်နယ်စပ်ကို ရောက်နေလောက်ပြီ။ ကျေးဇူးတင်တယ်လို့ ပြောသင့်ပါတယ်” လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုက ရေးသားခဲ့ပါတယ်။

နောက်ဆုံးမှာတော့ ပိုလန်နိုင်ငံခြားရေးဝန်ကြီးနဲ့ စကားအခြေအတင် ဖြစ်ပေမဲ့လည်း ယူကရိန်းအတွက် Starlink ဆက်လက်ထောက်ပံ့မယ် လို့ အီလွန်မတ်စ်က ပြောပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အိန္ဒိယ

နတ်ဘုရားများထံမှ ခိုးယူခြင်း- အိန္ဒိယနိုင်ငံ၏ ရာမဗိမာန် (Ram Temple) တွင် အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံ ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 82 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အရေးပါသော ပြည်နယ်ရွေးကောက်ပွဲများ မတိုင်မီ အလှူငွေများ
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးတပ်ဖွဲ့များ သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) တစ်ခွင် စီးနင်းမှုများ ဆက်လက်လုပ်ဆောင်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 93 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် Wafa သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ နောက်ဆုံးရရှိထားသော
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ တိုက်ရိုက်သတင်း- အမေရိကန်နှင့် ဆွေးနွေးပွဲသတင်းများ ထွက်ပေါ်နေစဉ် ဟော်မုဇ်ရေလက်ကြားကို ၎င်းတို့သာ ထိန်းချုပ်ခွင့်ရှိကြောင်း တဟီရန် အခိုင်အမာဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 89 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်တို့သည် တိုက်ခိုက်မှုများကို ရပ်တန့်ရန်နှင့် ဟော်မုဇ်ရေလက်ကြား အရေး အငြင်းပွားမှုကို ဖြေရှင်းရန် အင်္ဂါနေ့တွင် ကာတာနိုင်ငံ မြို့တော် ဒိုဟာ၌
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အီရန်

အပြီးသတ်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်မှ လုံးဝဆုတ်ခွာပေးရန် အီရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 90 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်အကြား ယာယီရရှိထားသော သဘောတူညီချက်ကို တိုက်ပွဲများကြောင့် ဆက်လက်ဖိအားဖြစ်စေလျက်ရှိစဉ်၊ အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်နိုင်ငံအတွင်းမှ လုံးဝ ဆုတ်ခွာပေးရေးသည် အမေရိကန်နှင့်ချုပ်ဆိုမည့် အပြီးသတ်သဘောတူညီချက်တွင် မဖြစ်မနေ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လတ်တလောရရှိထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ထိခိုက်မှု ရှိစေသည့် တိုက်ခိုက်မှုများ ဖြစ်ပွားလာပြီးနောက် အီရန်က ဘာရိန်းနှင့် ကူဝိတ်ရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများကို တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 88 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါက အီရန်နိုင်ငံသည် “နောက်ထပ် တည်ရှိတော့မည် မဟုတ်ကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပြီး၊ တဟီရန် (အီရန်အစိုးရ) ကမူ ဆွေးနွေးညှိနှိုင်းမှုများကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 88 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန် နီဗ်ကာ (Kostyantynivka) မြို့အတွင်းသို့ ရုရှားတပ်ဖွဲ့များ စိမ့်ဝင်ပူးကပ်လာပြီး ဝိုင်းရံရန် ကြိုးပမ်းနေကြသည်။ လက်ရှိတွင်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 104 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ် သိသာထင်ရှားသည့် ထောက်ခံ အတည်ပြုချက် နှစ်ခုကို ချမှတ်ပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်များသည် အမေရိကန် အစိုးရ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 94 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက