နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ မတ်လ 12 ရက်

မြန်မာသတင်း

မြန်မာသတင်း

EAO တွေ ဖြစ်ချင်တာကို မပြောဘဲ ဖြစ်နိုင်တာတွေပဲပြောဖို့ စစ်ခေါင်းဆောင်ပြော

မတ်လ (၁၁)ရက်။

EAO တွေအနေနဲ့ ဖြစ်ချင်တာကို မပြောဘဲ ဖြစ်သင့်တာနဲ့ ဖြစ်နိုင်တာတွေပဲပြောဖို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ရုရှားကနေ ပြန်လာချိန် လေယာဉ်ပေါ်မှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။

“ EAO တွေကို ကျွန်တော်ပြောချင်တာကတော့ ကိုယ်ဖြစ်ချင်တာတွေကို မပြောပါနဲ့၊ ဖြစ်သင့်တာတွေ၊ ဖြစ်နိုင်တာတွေပဲပြောဖို့ ကောင်းပါတယ်။ လူဆိုတာကတော့ ဖြစ်ချင်တာကတော့ လူတိုင်း ဖြစ်ချင်တာပဲ” လို့ ဆိုပါတယ်။

စစ်ခေါင်းဆောင်ဟာ သူ့အနေနဲ့ ဖြစ်ချင်တာတွေ အများကြီးရှိကာ ဖြစ်သင့်တာ ဖြစ်နိုင်တာကိုပဲ သွားတာကောင်းပြီး တဖက်သတ်အခွင့်အရေး ပေးလို့မရဘူးလို့လဲ ပြောဆိုထားပါသေးတယ်။

နောက်ပြီး တိုင်းရင်းသားတွေကို ဦးစားပေးဖို့ ဆုံးဖြတ်ထားကာ နောက်ကျကျန်ခဲ့တဲ့ တိုင်းရင်းသားနယ်မြေတွေကို ဦးစားပေး ဆောင်ရွက်ပေးမှာဖြစ်သလို အခုအချိန်ထိ တတ်နိုင်သလောက် လုပ်ပေးနေတယ်လို့ ထည့်သွင်းပြောဆိုထားပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံလောက် အခွင့်အရေးကောင်းတဲ့နိုင်ငံ မရှိဘဲ ကြီးမားတဲ့ ဈေးကွက်ကြီးတခုလုံးကို ကူးလူးဆက်ဆံနိုင်ခွင့် ရမှာဖြစ်တာကြောင့် လက်တွဲလုပ်ဖို့ အသင့်တော်ဆုံးအချိန်လို့ သူက ဆက်ပြောပါတယ်။

စစ်ခေါင်းဆောင်ဟာ မဖြစ်နိုင်တာကို မပြောဖို့ဆိုပြီး EAO တွေကို မကြာခဏဆိုသလို ပြောဆိုနေကာ တဆက်ထဲမှာ လက်နက်စွန့်ပြီး ရွေးကောက်ပွဲဝင်ဖို့ တဖက်သတ်ပြောဆိုနေတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ယင်းမာပင်မှာ စစ်ကောင်စီတပ်တွင်းသတင်းပေးအရဆိုပြီး တော်လှန်ရေးရဲဘော်အချင်းချင်း ဖမ်းဆီးတာတွေရှိ

  • 2025 ခုနှစ်၊ မတ်လ 12 ရက်
  • 4 Views
မတ်လ (၁၂) ရက်။ ယင်းမာပင်နယ်ထဲ စစ်ကောင်စီတပ်တွင်းသတင်းရဲ့ သတင်းပေးတာကြောင့်ဆိုပြီး တော်လှန်ရေးရဲဘော်အချင်းချင်း ဖမ်းဆီးတာတွေရှိနေတယ်လို့ နီးစပ်တဲ့အသိုင်းအဝိုင်းရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။ “
မြန်မာသတင်း

စစ်ကိုင်းရှိ တပ်မ(၃၃)က ဒုတပ်ကြပ်တစ်ဦးနဲ့ စစ်မှုထမ်းတပ်သား (၂)ဦး လက်နက်ခဲယမ်းတွေနဲ့ အလင်းဝင်

  • 2025 ခုနှစ်၊ မတ်လ 12 ရက်
  • 11 Views
မတ်လ (၁၂)ရက်။ စစ်ကိုင်းရှိ စစ်ကောင်စီရဲ့ တပ်မ(၃၃)က ဒုတပ်ကြပ်တစ်ဦးနဲ့ အတင်းအဓမ္မစုဆောင်းခံရတဲ့ စစ်မှုထမ်းတပ်သား (၂)ဦးတို့ လက်နက်ခဲယမ်းတွေနဲ့ အလင်းဝင်လာခဲ့တယ်လို့ BNRA
မြန်မာသတင်း

ရခိုင်မှာ စစ်အုပ်စုကြောင့် အရပ်သား (၄၅)ဦး သေဆုံးခဲ့

  • 2025 ခုနှစ်၊ မတ်လ 12 ရက်
  • 6 Views
မတ်လ (၁၂)ရက်။ ဇန်နဝါရီလ (၁)ရက်နေ့ကနေ မတ်လ (၁၁)ရက်နေ့အထိ ရခိုင်မှာ စစ်အုပ်စုကြောင့် အရပ်သား (၄၅)ဦး သေဆုံးခဲ့တယ်လို့ AAPP ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်အုပ်စုကြောင့် သေဆုံးသူ (၄၅)ဦးဟာ အမျိုးသား
မြန်မာသတင်း

မြဝတီမှာ တရားမဝင် ဝင်ရောက်လာတဲ့ ပြည်ပနိုင်ငံသား (၅၄၀၀)ကျော်ကို ဖမ်းမိခဲ့တယ်လို့ စစ်ကောင်စီထုတ်ပြန်

  • 2025 ခုနှစ်၊ မတ်လ 12 ရက်
  • 4 Views
မတ်လ (၁၂)ရက်။ ဇန်နဝါရီလ (၃၀)ရက်ကစပြီး မတ်လ (၁၁)ရက်နေ့အထိ နိုင်ငံထဲ တရားမဝင် ဝင်ရောက်လာတဲ့ ပြည်ပနိုင်ငံသား (၅၄၄၆)ဦးကို ဖော်ထုတ်ဖမ်းမိခဲ့တယ်လို့ စစ်ကောင်စီရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီပြည်ပနိုင်ငံသား (၅၄၀၀)ကျော်ဟာ မြဝတီမြို့နယ်ထဲမှာ ဖမ်းမိခဲ့တာဖြစ်ပြီး
မြန်မာသတင်း

ရုရှားကပြန်ရောက်ရောက်ချင်း စစ်ခေါင်းဆောင် တရုတ်အထူးကိုယ်စားလှယ်နဲ့ နေပြည်တော်မှာတွေ့

  • 2025 ခုနှစ်၊ မတ်လ 12 ရက်
  • 1 Views
မတ်လ (၁၂)ရက်။ မနေ့က နေပြည်တော်မှာ တရုတ်အာရှရေးရာအထူးကိုယ်စားလှယ် H.E Mr. Deng Xijun နဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်တို့ တွေ့ဆုံခဲ့တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ နှစ်ဖက်တွေ့ဆုံရာမှာ စစ်ကောင်စီတပ်က အကောင်အထည်ဖော်နေတဲ့ ရှေ့လုပ်ငန်းစဉ်
မြန်မာသတင်း

ထားဝယ်မှာ စစ်ကောင်စီစက်လှေ ပစ်ခတ်ခံရပြီး မီးလောင်

  • 2025 ခုနှစ်၊ မတ်လ 12 ရက်
  • 6 Views
မတ်လ (၁၂)ရက်။ မတ်လ (၁၀)ရက်နေ့ ည (၁၁)နာရီအချိန်ခန့်က ထားဝယ်မြစ်ကြောင်းအတိုင်း စုန်ဆင်းလာတဲ့ စစ်ကောင်စီလှေကို တိုက်ခိုက်ခဲ့တယ်လို့ ထားဝယ်ခရိုင်တပ်ပေါင်းစုရဲ့ မနေ့က ထုတ်ပြန်ချက်အရ သိရပါတယ်။ “ ထားဝယ်ကနေ သရက်ချောင်း ဆင်ဖြူပြင်ဆိပ်ကမ်းဘက်ကို စုန်ဆင်းလာတဲ့ စကစရဲ့
မြန်မာသတင်း

ပုလောမြို့မှာ အတင်းအဓမ္မ တပ်သားစုဆောင်းခံရသူ (၂)ဦး ရှေ့တန်းစစ်မြေပြင်ကနေ ထွက်ပြေးအလင်းဝင်

  • 2025 ခုနှစ်၊ မတ်လ 12 ရက်
  • 5 Views
မတ်လ (၁၁)ရက်။ ဖေဖော်ဝါရီလ (၁၂)ရက်နေ့က ပုလောမြို့အခြေစိုက် စစ်ကောင်စီရဲ့ ခလရ(၂၈၅)တပ်ရင်းက တပ်သား (၂)ဦး ထွက်ပြေးအလင်းဝင်လာတယ်လို့ တနင်္သာရီမြို့နယ်ပကဖရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ အဲ့ဒီတပ်သား (၂)ဦးက ပုလောအခြေစိုက် ခလရ(၂၈၅)တပ်ရင်းက၊ သိန်ခွန်းတိုက်ပွဲကနေ
မြန်မာသတင်း

နွားထိုးကြီးမြို့ ဝက်လူးရဲစခန်းက အင်အား(၂၀၀)ခန့်ရှိ စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး (၂၅)ဦးသေဆုံး

  • 2025 ခုနှစ်၊ မတ်လ 11 ရက်
  • 25 Views
မတ်လ (၁၁)ရက်။ မတ်လ (၉)ရက်နေ့က နွားထိုးကြီးမြို့ ဝက်လူးရဲစခန်းကနေ အင်အား (၂၀၀)ခန့်ရှိ စစ်ကောင်စီတပ်ကို ကာကွယ်ရေးပူးပေါင်းတပ်တွေက တိုက်ခိုက်ခဲ့တယ်လို့ အမှတ်(၁)စစ်ဒေသရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဝက်လူးရဲစခန်းကနေထွက်လာတဲ့ တပ်မ (၁၀၁)လက်အောက်ခံ စစ်ကောင်စီတပ်ဖွဲ့ဝင် (၂၀၀)ခန့်ကို