နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 23 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန်

စတော့ဈေးကွက်ပြိုလဲခြင်းမှ အိမ်ဖြူတော် အာရုံလွှဲ

မတ်လ (၁၁) ရက်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ဟာ မတ်လ (၁၀) ရက်နေ့က ကင်မရာရှေ့ကို ရှားရှားပါးပါး ထွက်မလာခဲ့ပါဘူး။ စီးပွားရေး ဆုတ်ယုတ် ကျဆင်းမှု (recession) ဖြစ်နိုင်ခြေ ငြင်းဆိုခြင်းမရှိတဲ့ သူ့ရဲ့မှတ်ချက်အပြီးမှာ အဲ့ဒီနေ့မှာပဲ အမေရိကန်စတော့ဈေးကွက်မှာ ရောင်းချမှု အများကြီး ဖြစ်ခဲ့ပါတယ်။

စျေးကွက်အပေါ် သူ့ရဲ့ တုံ့ပြန်မှုနှင့်ပတ်သက်ပြီး မေးမြန်းရာမှာ အိမ်ဖြူတော်က ထရန့်ရဲ့မူဝါဒတွေကို ခုခံကာကွယ်ခဲ့ပြီး ထရန့်အနေနဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို အားပေးနေတယ်လို့ ကာကွယ်ပြောကြားခဲ့ပါတယ်။ ထရန့်ရဲ့ ပထမ သမ္မတသက်တမ်းရဲ့ စီးပွားရေးအောင်မြင်မှုတွေကိုလည်း ပြောကြားခဲ့ပါတယ်။

“ သမ္မတထရန့် ရွေးချယ်ခံရပြီးကတည်းက စီးပွားရေးခေါင်းဆောင်တွေဟာ ထရန့်ရဲ့ အမေရိကန် ပထမ စီးပွားရေး အစီအစဉ်ကို တုံ့ပြန်ခဲ့ကြပါတယ်” လို့ အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူ Kush Desai က ထုတ်ပြန်ချက်တွင် ပြောကြားခဲ့ပါတယ်။ အကောက်ခွန်နဲ့ စည်းမျဥ်းစည်းကမ်းတွေ ဖြေလျှော့ဖို့အပြင် အမေရိကန် စွမ်းအင်ကဏ္ဍကို ဖွင့်ပေးရာမှာ ကြီးမားတဲ့ ရင်းနှီးမြှုပ်နှံမှုပြုလုပ်မယ်ဆိုတဲ့ ကတိကဝတ်တွေအရ အလုပ်အကိုင် ထောင်ပေါင်းများစွာကို ဖန်တီးပေးမှာ ဖြစ်တယ်လို့ သူက ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် သူ့ရဲ့ ပထမသက်တမ်းအတွင်း အလုပ်အကိုင်၊ လုပ်ခနဲ့ ရင်းနှီးမြှုပ်နှံမှုတွေမှာ သမိုင်းဝင်အမြတ်အစွန်းတွေ ရရှိခဲ့တယ်လို့ သူက ပြောကြားခဲ့ပြီး သူ့ရဲ့ ဒုတိယသက်တမ်းမှာလည်း ဒီလို ထပ်တူထပ်မျှဖြစ်ဖို့ လမ်းကြောင်းပေါ်မှာ ရှိနေတယ်လို့ သူက ထပ်လောင်းပြောကြားခဲ့ပါတယ်။

စတော့ရှယ်ယာဈေးကွက်မှာ ရှယ်ယာတွေ အမြောက်အများ ပြန်ရောင်းရခြင်းရဲ့ အဓိကအကြောင်းရင်းက ထရန့်ရဲ့ အခွန်မူဝါဒတွေအပေါ် သက်ရောက်မှုအတွက် စိုးရိမ်မှုတွေကြောင့် ဖြစ်ပါတယ်။ ၉ ရက်နေ့က Fox News နဲ့ အင်တာဗျူးမှာ ထရန့်က အမေရိကန်စီးပွားရေးသည် “ အကူးအပြောင်းကာလ” ကို ဝင်ရောက်နေတာလို့ ပြောခဲ့ပြီး စီးပွားရေးဆုတ်ယုတ်ကျဆင်းမှု (recession) ဖြစ်နိုင်ချေကိုတော့ ငြင်းပယ်တာ မရှိခဲ့ပါဘူး။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အမေရိကန်

တရားရုံးချုပ်က ထရန့် နှင့် ရီပတ်ပလီကင်ပါတီ (GOP) အဖွဲ့ဝင်များအတွက် ကွယ်ဝှက် ထားသော လက်ဆောင်တစ်ခု ပေးအပ်လိုက်ခြင်း

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 22 ရက်
  • 16 Views
CNN – ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၂ ရက် တရားရုံးချုပ်သည် သောကြာနေ့တွင် သမ္မတ ဒေါ်နယ်ထရန့် ၏
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အီရန်

အရေးကြီးသော ဆွေးနွေးပွဲများမတိုင်မီ အီရန်အပေါ် အမေရိကန်က စစ်ရေးဖိအားများ တိုးမြှင့်နေ

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 17 ရက်
  • 41 Views
CNN- ၂၀၂၆ခုနှစ်၊ ဖေဖော်ဝါရီလ၊ ၁၇ရက် လာမည့်အင်္ဂါနေ့တွင် ဂျီနီဗာမြို့၌ အီရန်နှင့်ပြုလုပ်မည့် ဆွေးနွေးပွဲများမတိုင်မီ အမေရိကန် စစ်တပ်သည် အရှေ့အလယ်ပိုင်းဒေသတွင် လေကြောင်းနှင့် ရေတပ်အင်အားကို သိသိသာသာ ဆက်လက်တိုးမြှင့်လျက်ရှိသည်။ တီဟီရန်အစိုးရကို ခြိမ်းခြောက်ရန်နှင့် အကယ်၍ ၎င်းတို့၏ နျူကလီးယားအစီအစဉ်နှင့်
ဂျာမဏီ နိုင်ငံတကာသတင်း ပြင်သစ် ဗြိတိန် အမေရိကန် ဥရောပ

 ရုရှားကို ဟန့်တားရန် လက်နက်အသုံးစရိတ်နှင့် ပတ်သက်၍ ပြည်သူများက ခက်ခဲသော ရွေးချယ်မှုများ’ ပြုလုပ်ရန် လိုအပ်ကြောင်း ဥရောပ ထိပ်တန်းစစ်ဗိုလ်ချုပ်နှစ်ဦး သတိပေး

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 16 ရက်
  • 46 Views
CNN – ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၆ ရက် အမေရိကန်၏ အဓိကမဟာမိတ် နှစ်နိုင်ငံမှ ကာကွယ်ရေးဦးစီးချုပ်များသည် အနောက်ဘက် သို့ ပိုမိုဦးတည်လာနေသော ရုရှားနှင့် ဖြစ်ပွားလာနိုင်သည့် စစ်ပွဲကို ဟန့်တားနိုင်ရန်အတွက် ကာကွယ်ရေးအသုံးစရိတ် အမြောက်အမြား
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အနောက်ဘက်ကမ်းခြေ ဒေသအများအပြားကို နိုင်ငံပိုင်မြေအဖြစ် သတ်မှတ်ရန် အစ္စရေး၏ လုပ်ဆောင်ချက်မှာ ‘အင်အားသုံး သိမ်းပိုက်ခြင်း’ ဖြစ်သည်ဟု ပြစ်တင်ရှုတ်ချခံရ

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 16 ရက်
  • 41 Views
CNN- ၂၀၂၆ခုနှစ်၊ဖေဖော်ဝါရီလ ၁၆ရက် တဲလ်အဗစ် — သိမ်းပိုက်ထားသော အနောက်ဘက်ကမ်းခြေ (West Bank) ရှိ နယ်မြေများကို နိုင်ငံပိုင်မြေအဖြစ် မှတ်ပုံတင်ရန် အစ္စရေးအစိုးရက ရှေ့ဆက်လုပ်ဆောင်နေပြီး ယင်းလုပ်ရပ် ကို ပါလက်စတိုင်းတို့က “အင်အားသုံး နယ်မြေသိမ်းပိုက်ခြင်း
ဂျာမဏီ နိုင်ငံတကာသတင်း အမေရိကန် ဥရောပ

ရူဘီယိုနှင့် ဥရောပခေါင်းဆောင်များ အချက်တခုတွင် သဘောတူညီကြသည်- ထိုအချက်မှာ ယခင်ကမ္ဘာ့အာဏာစဉ်ဟောင်းသည် ‘မတည်ရှိတော့ပါ’ဟူ၍ဖြစ်သည်

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 16 ရက်
  • 46 Views
CNN – ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၆ ရက် မြူးနစ်၊ ဂျာမနီ — သောကြာနေ့က ကျင်းပသော အားပြိုင်မှုများပြင်းထန်သည့် မြူးနစ်လုံခြုံရေးညီလာခံတွင် ဥရောပခေါင်းဆောင်များသည် အမေရိကန်ဦးဆောင်သော နိုင်ငံတကာအစီအစဉ် ဇာတ်သိမ်းသွားပြီဆိုသည့်အချက်ကို အလေးပေးဆွေးနွေးခဲ့ကြသည် –
တရုတ် နိုင်ငံတကာသတင်း အမေရိကန် ဥရောပ

ရူဘီယိုက ဆက်ဆံရေးများ ပြန်လည်ကုစားရန် ကြိုးပမ်းနေချိန်တွင် တရုတ်က ဥရောပကို သိမ်းသွင်းရန် မျှော်လင့်နေ

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 16 ရက်
  • 59 Views
CNN – ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၆ ရက် ပေကျင်း — မြူးနစ်လုံခြုံရေးညီလာခံတွင် အမေရိကန်နှင့် ဥရောပသည် “အတူတကွ ရှိနေရမည့်သူများ” ဖြစ်ကြောင်း ထိပ်တန်းသံတမန် မာကိုရူဘီယိုက ရင်ကြားစေ့ရေး မိန့်ခွန်းပြောကြားပြီး မိနစ်ပိုင်းအကြာမှာပင်၊
နိုင်ငံတကာသတင်း ရုရှား

ရုရှားအတိုက်အခံခေါင်းဆောင် အလက်ဇီ နာဗာလ်နိကို ဖားအဆိပ်မြှား (Dart Frog Toxin) သုံး၍ သတ်ဖြတ်ခဲ့ကြောင်း ဗြိတိန်ပြောကြား

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 14 ရက်
  • 46 Views
BBC – ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၄ ရက် ရုရှားအတိုက်အခံခေါင်းဆောင် အလက်ဇီ နာဗာလ်နီ (Alexei Navalny) သည် ဖားမှ ထုတ်ယူဖော်စပ်ထားသော အဆိပ်ကို အသုံးပြု၍မြှားဆိပ်ဖြင့် သတ်ဖြတ်ခံခဲ့ရခြင်း ဖြစ်ကြောင်း ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးဌာနက