နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ မေလ 9 ရက်

မြန်မာသတင်း

မြန်မာသတင်း

မြဝတီမှာ တရားမဝင် ဝင်ရောက်လာတဲ့ ပြည်ပနိုင်ငံသား (၅၄၀၀)ကျော်ကို ဖမ်းမိခဲ့တယ်လို့ စစ်ကောင်စီထုတ်ပြန်

မတ်လ (၁၂)ရက်။

ဇန်နဝါရီလ (၃၀)ရက်ကစပြီး မတ်လ (၁၁)ရက်နေ့အထိ နိုင်ငံထဲ တရားမဝင် ဝင်ရောက်လာတဲ့ ပြည်ပနိုင်ငံသား (၅၄၄၆)ဦးကို ဖော်ထုတ်ဖမ်းမိခဲ့တယ်လို့ စစ်ကောင်စီရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

အဲ့ဒီပြည်ပနိုင်ငံသား (၅၄၀၀)ကျော်ဟာ မြဝတီမြို့နယ်ထဲမှာ ဖမ်းမိခဲ့တာဖြစ်ပြီး အွန်လိုင်းလိမ်လည်တာနဲ့ အွန်လိုင်းလောင်းကစား လုပ်ဆောင်သူတွေနဲ့ ပါဝင်ပတ်သက်သူတွေလို့ ဆိုပါတယ်။

ဖမ်းဆီးရမိခဲ့သူတွေထဲ (၂၇၆၃)ဦးကို ထိုင်းနိုင်ငံကနေတဆင့် သက်ဆိုင်ရာနိုင်ငံတွေဆီ လွှဲပြောင်းထားပြီးဖြစ်ကာ ကျန်ရှိတဲ့ ပြည်ပနိုင်ငံသား (၂၆၈၃)ဦးကို ပြန်လည်လွှဲပြောင်းဖို့ အသင့်ဖြစ်နေပြီလို့ ဖော်ပြထားပါတယ်။

စစ်ကောင်စီအနေနဲ့ ကျားဖြန့်လုပ်ငန်းတွေမှာ ပါဝင်ပတ်သက်သူတွေနဲ့ နောက်ကွယ်ကနေ ကြိုးကိုင်နေတဲ့ နိုင်ငံခြားသားတွေကို ဖော်ထုတ်ဖမ်းဆီးပြီး အရေးယူနိုင်ဖို့ ဆောင်ရွက်နေတယ်လို့ ရေးသားထားပါတယ်။

နောက်ပြီး မနေ့ကလဲ အဲ့ဒီလုပ်ငန်းတွေထဲ ဆက်စပ်ပါဝင်တဲ့ အိန္ဒိယ (၂၆၆)ဦးနဲ့ မလေးရှားနိုင်ငံသား (၂၅)ဦးကို မြန်မာ-ထိုင်း အမှတ်(၂)ချစ်ကြည်ရေးတံတားကနေတဆင့် ပြည်နှင်လွှဲပြောင်းပေးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် အဲ့ဒီတရက်ထဲ မြဝတီမြို့ မယ်ထော်သလေးနယ်မြေထဲ တရားမဝင် ဝင်ရောက်လာတဲ့ ပြည်ပနိုင်ငံသား (၂၄၇)ဦးကို ထပ်မံဖမ်းမိခဲ့ပြီး သက်ဆိုင်ရာနိုင်ငံတွေဆီ ပြန်လွှဲပြောင်းပေးဖို့ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ရန်ကုန်အဝေးသင်တက္ကသိုလ်က ကထိကတဦးကို ဖမ်းမိခဲ့တယ်လို့ နွားထိုးကြီး-PDF ထုတ်ပြန်

  • 2025 ခုနှစ်၊ မေလ 8 ရက်
  • 11 Views
မေလ (၈)ရက်။ ရန်ကုန်အဝေးသင်တက္ကသိုလ်ရဲ့ သတ္တဗေဒဌာနက ကထိက ဒေါ်ဝင်းဝင်းအောင်ကို ဖမ်းဆီးရမိခဲ့တယ်လို့ နွားထိုးကြီး-PDF ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
မြန်မာသတင်း

ABSDF နဲ့ BLDF တို့အကြား စစ်ရေး၊ နိုင်ငံရေး ပူးပေါင်းဆောင်ရွက်ဖို့ သဘောတူညီခဲ့ကြ

  • 2025 ခုနှစ်၊ မေလ 8 ရက်
  • 40 Views
မေလ (၈)ရက်။ မနေ့က ကျောင်းသားတပ်မတော်(ABSDF)နဲ့ ဗမာလွတ်မြောက်ရေး ဒီမိုကရက်တစ်တပ်ဦး(BLDF)တို့ အွန်လိုင်းကနေတဆင့် ဆွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီတွေ့ဆုံပွဲဟာ ပထမဆုံးအကြိမ်ဖြစ်ပြီး
မြန်မာသတင်း

PDF တပ်ရင်းထောက်ပံ့စရိတ်အနေနဲ့ ကန်ဒေါ်လာ (၂၄)သန်းကျော် ပေးပို့ခဲ့တယ်လို့ MOD ထုတ်ပြန်

  • 2025 ခုနှစ်၊ မေလ 8 ရက်
  • 21 Views
မေလ (၈)ရက်။ PDF တပ်ရင်း ထောက်ပံ့စရိတ်အနေနဲ့ စုစုပေါင်း ခန့်မှန် အမေရိကန်ဒေါ်လာ (၂၄.၉)သန်းခန့် ပေးပို့ထားတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ PDF တပ်ရင်း၊ တပ်ဖွဲ့တွေ စတင်ဖွဲ့စည်းတဲ့အချိန်ကစပြီး မနေ့ကအထိ
၁၁၁၃ ရခိုင်စစ်ပွဲ မြန်မာသတင်း

ဦးဦးလှစော ကွယ်လွန်သွားတဲ့အပေါ် TNLA က ဝမ်နည်းကြောင်း သဝဏ်လွှာပေးပို့

  • 2025 ခုနှစ်၊ မေလ 8 ရက်
  • 23 Views
မေလ (၈)ရက်။ အာရက္ခတပ်တော်(ULA/AA)ရဲ့ နိုင်ငံရေးမှူး ဦးဦးလှစော ကွယ်လွန်သွားတဲ့အပေါ် AA အပါအဝင် မိသားစုဝင်တွေနဲ့ ထပ်တူ ဝမ်းနည်းပူဆွေးရတယ်လို့ TNLA ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ရက္ခိတလမ်းစဉ်ကိုင်ဆွဲကာ အာရက္ခပြည်ကို ပုံဖော်နေတဲ့ကာလမှာ မူဝါဒပိုင်းဆိုင်ရာတွေ
မြန်မာသတင်း

(၁၀)နာရီကြာမြင့်ခဲ့တဲ့ ကျုံဒိုးမြို့တိုက်ပွဲ စစ်ကောင်စီဘက်က ဒုတပ်ရင်းမှူးအပါအဝင် (၃၀)ခန့်သေဆုံး

  • 2025 ခုနှစ်၊ မေလ 8 ရက်
  • 19 Views
မေလ (၈)ရက်။ ဧပြီလ (၃၀)ရက်နေ့ နံနက် (၇)နာရီအချိန်ကစပြီး ကျုံဒိုးမြို့ နွားခြံကုန်းရွာအနီး စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေအကြား တိုက်ပွဲပြင်းထန်ခဲ့တယ်လို့ MLA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီစစ်ကောင်စီစစ်ကြောင်းဟာ အင်အား (၅၀)ခန့်ရှိပြီး
မြန်မာသတင်း ဥရောပ

စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် ကိုယ်စားလှယ်အဖွဲ့ မော်စကိုမြို့ကို ရောက်ရှိ

  • 2025 ခုနှစ်၊ မေလ 7 ရက်
  • 31 Views
မေလ (၇) ရက်။ ရုရှားနိုင်ငံ ဒုတိယကမ္ဘာစစ် နာဇီအောင်ပွဲ နှစ် (၅၀) ပြည့် အထိမ်းအမှတ်စစ်ရေးပြအခမ်းအနား တက်ရောက်ဖို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် ကိုယ်စားလှယ်အဖွဲ့သည် ယနေ့ မေလ ၇ ရက် မွန်းလွဲပိုင်းတွင် မော်စကိုမြို့ရှိ
မြန်မာသတင်း

ရုရှားက သင်တန်းပေးထားတယ်ဆိုတဲ့ PNA ကွန်မန်ဒိုတပ်သားတွေ ညောင်ရွှေတိုက်ပွဲမှာ သေဆုံး

  • 2025 ခုနှစ်၊ မေလ 7 ရက်
  • 21 Views
မေလ (၇)ရက်။ မေလ (၅)ရက်နေ့က ညောင်ရွှေမြို့ ရေပူရွာဘက်ကို စစ်ကြောင်းထိုးလာတဲ့ PNA ပြည်သူ့စစ်ရဲ့ ကွန်မန်ဒိုတပ်သားတွေနဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ IPDF ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ညောင်ရွှေ ရေပူရွာဘက်ကို PNA
မြန်မာသတင်း အာရှ

အိန္ဒိယရောက် မြန်မာတွေ သတိနဲ့နေထိုင်ဖို့ India for Myanmar တိုက်တွန်း

  • 2025 ခုနှစ်၊ မေလ 7 ရက်
  • 26 Views
မေလ (၇)ရက်။ စစ်ရေးတင်းမာနေတဲ့ အိန္ဒိယနိုင်ငံမှာ ရောက်ရှိနေထိုင်နေတဲ့ မြန်မာနိုင်ငံသားတွေအနေနဲ့ သတိရှိစွာနဲ့ နေထိုင်ကြဖို့ India for Myanmar က ဒီကနေ့မှာ ထုတ်ပြန်တိုက်တွန်းထားတယ်လို့ သိရပါတယ်။ အခုအခါ အိန္ဒိယဟာ ပါကစ္စတန်နဲ့ စစ်ရေးတင်းမာတဲ့ အခြေအနေနဲ့