နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 17 ရက်

မြန်မာသတင်း

မြန်မာသတင်း

ယင်းမာပင်မှာ စစ်ကောင်စီတပ်တွင်းသတင်းပေးအရဆိုပြီး တော်လှန်ရေးရဲဘော်အချင်းချင်း ဖမ်းဆီးတာတွေရှိ

မတ်လ (၁၂) ရက်။

ယင်းမာပင်နယ်ထဲ စစ်ကောင်စီတပ်တွင်းသတင်းရဲ့ သတင်းပေးတာကြောင့်ဆိုပြီး တော်လှန်ရေးရဲဘော်အချင်းချင်း ဖမ်းဆီးတာတွေရှိနေတယ်လို့ နီးစပ်တဲ့အသိုင်းအဝိုင်းရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။

“ အခုက ယင်းမာပင်မှာ စကစဖရဲသီးက သတင်းပေးလို့ဆိုပြီး တော်လှန်ရေးရဲဘော်တွေကို ခရိုင်ပလဖနဲ့ ABSDF တိုပူးပေါင်းပြီး ဖမ်းဆီးတာတွေရှိနေတာပါ။ ဖမ်းဆီးခံရတဲ့ တော်လှန်ရေးရဲဘော်တွေက မြေပြင်မှာ တကယ်အလုပ်လုပ်ပြီး စကစကို တော်လှန်နေတဲ့ လူငယ်တွေ” လို့ ဆိုပါတယ်။

ဖေဖော်ဝါရီလ (၁၀)ရက်နေ့က ယင်းမာပင်ခရိုင် သဲစုရွာနေ တော်လှန်ရေးရဲဘော် (၂) ဦးဖြစ်တဲ့ ရဲဘော်သန့်ရှင်းနဲ့ အရှည်ကြီးတိုကို စစ်ကောင်စီတပ်တွင်းကသတင်းပေးတာကြောင့်ဆိုပြီး ခရိုင်ပလဖနဲ့ ABSDF တို ဖမ်းဆီးခဲ့တာလို သိရပါတယ်။

ဖမ်းဆီးခံရတဲ့ ရဲဘော်(၂) ဦးဟာ ယင်းမာပင်ခရိုင်တပ်ရင်း (၁၆)မှာ တာဝန်ထမ်းဆောင်ခဲ့ပြီး အခက်အခဲတွေကြောင့် နှုတ်ထွက်ကာ ဒေသကာကွယ်ရေးတပ်ဖွဲ‌အနေနဲ့ ရပ်တည်ဖို ကြိုးစားနေသလို မုံရွာမြိုရှိ စစ်ကောင်စီနဲ့ ထောက်တိုင်တွေကို စစ်ဆင်ရေးဖော်ဆောင်နေတာလို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလကလဲ တော်လှန်ရေးရဲဘော်တွေက စစ်ကောင်စီရဲဝန်ထမ်းရဲ့ ဆီဆိုင်ကို စစ်ဆင်ရေးဖော်ဆောင်ခဲ့ရာမှာ စစ်ကောင်စီသတင်းပေးကြောင့် ရဲဘော်တွေနဲ့ ထောက်ပိုအပါအဝင် (၅) ဦး တပတ်ခန့်အကြာမှာ စစ်ကောင်စီက ဖမ်းဆီးခဲ့တယ်လို သိရပါတယ်။

အဲ့ဒီစစ်ဆင်ရေးမှာ စစ်ကောင်စီထောက်တိုင် ရဲဝန်ထမ်းဆီဆိုင်ကို ပြည်သူဆီဆိုင်လို စစ်ကောင်စီဘက်က သုံးနှုန်းပြီး ရွှေ၊ ငွေတွေပါ ဓါးပြတိုက်သွားတယ်လို မမှန်မကန် ဖော်ပြခဲ့သလို စစ်ကောင်စီတပ်တွင်းကသတင်းပေးသူရဲ့ တိုင်ကြားချက်ကြောင့်ဆိုကာ ကျန်လွတ်မြောက်နေတဲ့ တော်လှန်ရေးရဲဘော်တွေကို ABSDF နဲ့ ခရိုင်ပလဖတို့က ဖမ်းဆီးခဲ့တာပါ။

“ ရဲဘော်သန့်ရှင်း သား (၂) ယောက်ကို မိခင်က အိမ်ခြံမြေကွက်ရောင်းရတဲ့ငွေ ကျပ်သိန်း (၂၀၀)နဲ့ ထိုင်းက သန့်စင်လင်းက (၁၀၀) နဲ့ မြေး(၂)ဦးကို အလှူလုပ်ဖို စီစဉ်ထားတာ။ အဲ့ဒါကို စကစတပ်တွင်း ဖရဲသီးက ဆီဆိုင်ဓါးပြတိုက်တာကနေ ရတဲ့ငွေတွေဆိုပြီး လိမ်လည်သတင်းပိုတာတွေကြောင့် အခုလို ရဲဘော်အချင်းချင်း ဖမ်းဆီးတာ။ ဒီလုပ်ရပ်က ABSDF နဲ့ ခရိုင်ပလဖတို့ဟာ အင်မတန်ကြောက်စရာကောင်းတဲ့ စကစရဲ့ သပ်လျှိုသွေးခွဲတာကိုယုံကြည်ပြီးလက်ခံလုပ်ဆောင်နေတာ လို့ သူက ဆက်ပြောပါတယ်။

အခုလို စစ်ကောင်စီအတွင်းသတင်းပေးရဲ့ မမှန်မကန် လီဆယ်တိုင်ကြားချက်ကြောင့် တော်လှန်ရေးရဲဘော်တွေကို ဖမ်းဆီးထားတာဟာ မမှန်ကန်တဲ့လုပ်ရပ်ဖြစ်ပြီး အမြန်ဆုံး‌ပြန်လွှတ်ပေးဖို NUG ယာယီသမ္မတနဲ့ ဝန်ကြီးချုပ်အပါအဝင် သက်ဆိုင်ရာအဖွဲ့တွေဆီ စာပေးပို့ထားတယ်လို့ သိရပါတယ်။

ဒါ့အပြင် ဒီလုပ်ရပ်ဟာ တော်လှန်ရေးပြိုပျက်စေဖို ကြံစည်တဲ့ စစ်ကောင်စီနဲ့ တူညီနေကာ စစ်ကောင်စီအတွင်းသတင်းတွေ၊ ချန်နယ်တွေရဲ့ မဟုတ်မမှန် သတင်းပေးစွပ်စွဲချက်တွေနဲ့ တော်လှန်ရေးအင်အားတွေ မဖြိုဖျက်မိစေဖို အသိပေးပြောဆိုထားတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဆောမြို့မှာ ပလဖက ဖမ်းဆီးထိန်းသိမ်းထားတဲ့ သေဒဏ်ကျတရားခံတဦး ထွက်ပြေးလွတ်မြောက်နေ

  • 2026 ခုနှစ်၊ ဇွန်လ 16 ရက်
  • 23 Views
ဇွန်လ (၁၅)ရက်။ ဆောမြို့မှာ NUG လက်အောက်ခံ မြို့နယ်ပလဖက ဖမ်းဆီးထိန်းသိမ်းထားတဲ့ သေဒဏ်ကျခံနေရတဲ့ တရားခံတဦး ထွက်ပြေးလွတ်မြောက်နေတယ်လို့ ဒေသထဲသတင်းတွေထံက သိရပါတယ်။
မြန်မာသတင်း

ကော်သူးလေတည်ထောင်ဖို့ အင်တိုက်အားတိုက် ကြိုးပမ်းကြဖို့ KNU ဥက္ကဋ္ဌ တိုက်တွန်း

  • 2026 ခုနှစ်၊ ဇွန်လ 16 ရက်
  • 21 Views
ဇွန်လ (၁၅)ရက်။ “ ကော်သူးလေ” တည်ထောင်ဖို့ကို အင်တိုက်အားတိုက် ကြိုးပမ်းတည်ဆောက်ကြဖို့ KNU ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက (၇၇)နှစ်မြောက် ကော်သူးလေနေ့မှာ
မြန်မာသတင်း

စိုးမိုးနယ်မြေထဲ လောင်းကစားဝိုင်းတွေ ရပ်တန့်ဖို့ ယင်းမာပင်ခရိုင်တပ်ရင်း(၁၁) မေတ္တာရပ်ခံ

  • 2026 ခုနှစ်၊ ဇွန်လ 16 ရက်
  • 28 Views
ဖမ်းမိတဲ့သူတွေထဲ လူငယ်တွေကို စစ်သင်တန်းပေးပြီး တော်လှန်ရေးရဲဘော်အနေနဲ့ တာဝန်ပေးမယ်လို့ဆို ဇွန်လ (၁၅)ရက်။ ‌တော်လှန်ရေးစိုးမိုးနယ်မြေထဲ လောင်းကစားဝိုင်းတွေ အကြီးအကျယ် လုပ်ကိုင်နေတာကို တိုင်ကြားလာတာတွေရှိတယ်လို့ ယင်းမာပင်ခရိုင်တပ်ရင်း(၁၁)ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီလောင်းကစားဝိုင်းတွေကြောင့် အိုးမဲ့အိမ်မဲ့ စာရိတ္တတွေ ပျက်စီးတဲ့အထိ
မြန်မာသတင်း

မန္တလေးတိုင်းစစ်ဆင်ရေးနယ်မြေထဲ တိုက်ပွဲ(၁၃)ကြိမ်ဖြစ်ပွားခဲ့၊ စစ်ကော်မရှင်တပ်ဖွဲ့ဝင် (၁၈)ဦးသေဆုံးပြီး (၆)ဦးဒဏ်ရာရခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 16 ရက်
  • 27 Views
ဇွန်လ (၁၅)ရက်။ မေလနဲ့ အခုလပထမအပတ်ထဲ မန္တလေးတိုင်းစစ်ဆင်ရေးနယ်မြေမှာ ပြောက်ကျားတိုက်ပွဲပေါင်း (၁၃)ကြိမ် ဖြစ်ပွားခဲ့တယ်လို့ PDF စစ်ရုံးချုပ်ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီပြောက်ကျားတိုက်ပွဲတွေထဲ စစ်ကော်မရှင်တပ်ဖွဲ့ဝင် (၁၈)ဦးသေဆုံးပြီး (၆)ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။ စစ်ဆင်ရေးနယ်မြေထဲ
မြန်မာသတင်း

CDF-Zophie ဌာနချုပ် လေကြောင်းတိုက်ခိုက်ခံရတဲ့အပေါ် ဇိုဖေရမ်ကောင်စီ ပြင်းပြင်းထန်ထန် ရှုတ်ချ

  • 2026 ခုနှစ်၊ ဇွန်လ 16 ရက်
  • 24 Views
စစ်အုပ်စုရဲ့ လိမ်လည်တာတွေကို နားမယောင်ဘဲ ဆက်လက်တော်လှန်ဖို့ တိုက်တွန်းထား ဇွန်လ (၁၃)ရက်။ CDF-Zophie ဌာနချုပ်ကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲခဲ့တဲ့‌အပေါ် ပြင်းပြင်းပြင်းထန်ထန် ရှုတ်ချတယ်လို့ ဇိုဖေရမ်ကောင်စီရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဇိုဖေရမ်ကောင်စီရုံးစိုက်ရာနေရာဖြစ်တဲ့ CDF-Zophei
မြန်မာသတင်း

ချောင်းဦးမှာ စစ်တပ်စစ်ကြောင်းကြောင့် ဒေသခံ (၃)ဦးသေဆုံးပြီး (၄)ဦးထက်မနည်း ဒဏ်ရာရခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 16 ရက်
  • 28 Views
ဇွန်လ (၁၃)ရက်။ အခုလပထမအပတ်ထဲ ချောင်းဦးမြို့ကို စစ်တပ်က (၃)ရက်ဆက်တိုက် စစ်ကြောင်းထိုးဝင်ရောက်ခဲ့တယ်လို့ စစ်ကိုင်းပြည်သူ ဖေးမကူကွန်ရက်ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီကာလထဲ စစ်တပ်စစ်ကြောင်းဟာ ချောင်းဦးမြို့နယ်ရှိ ကျေးရွာတွေကို စစ်ကြောင်းဝင်ရောက်ခဲ့ရာ ဒေသခံအများအပြား ထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်လို့ ဆိုပါတယ်။
မြန်မာသတင်း

“မြန်မာ့အချုပ်အခြာတရုတ်လက်ထဲထိုးအပ်လိုက်ပြီလား”

  • 2026 ခုနှစ်၊ ဇွန်လ 16 ရက်
  • 17 Views
ဒီအပတ် တနင်္ဂနွေနေ့ အပတ်စဥ်နိုင်ငံရေးဖြစ်စဥ်ကိုလေ့လာသုံးသပ်ကြည့်ခြင်း (၅၁)မှာ ဆွေးနွေး တင်ပြမဲ့အကြောင်းအရာကတော့ “မြန်မာ့အချုပ်အခြာ တရုတ်လက်ထဲ ထိုးအပ် လိုက်ပြီလား”ဖြစ်ပါတယ်။ တရုတ်အစိုးရကမြန်မာနိုင်ငံပြည်တွင်းရေးကိုနိုင်ငံခြားပယောဂတွေဝင်လာမှာ ဝင်ရောက် စွက်ဖက်တာကို လုံးဝလက်မခံဘူးလို့ နိုင်ငံခြားရေးဝန်ကြီးဝမ်ယိကပြောခဲ့သလို မင်းအောင်လှိုင် လုပ်တဲ့ အတုအယောင်ရွေးကောက်ပွဲကိုလည်း ထောက်ခံ အသိအမှတ်
မြန်မာသတင်း

လူထုခေါင်းဆောင် ဒေါ်ဆောင်ဆန်းစုကြည်ရဲ့ မွေးနေ့မှာ ပြည်လုံးကျွတ် လူထုလှုပ်ရှားမှုပြုလုပ်ဖို့ နှိုးဆော်

  • 2026 ခုနှစ်၊ ဇွန်လ 16 ရက်
  • 19 Views
ဇွန်လ (၁၃)ရက်။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့မှာ ပြည်လုံးကျွတ် လူထုလှုပ်ရှားမှုပြုလုပ်ဖို့ နှိုးဆော်ထားတယ်လို့ People Movement Platform ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီပြည်လုံးကျွတ်လှုပ်ရှားမှုကို ဇွန်လ (၁၉)ရက်မှာ ကျရောက်မယ့် ဒေါ်အောင်ဆန်းစုကြည်ရဲ့