နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 17 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန်

ဒေါ်နယ်ထရန့်ရဲ့ မူဝါဒတွေကြောင့် အမေရိကန် စီးပွားရေး မတည်မငြိမ် ဖြစ်စေတယ်လို့ အမေရိကန်နိုင်ငံသားတွေ ယုံကြည်

မတ်လ (၁၃) ရက်။

ထိပ်တန်းကုန်သွယ်ဖက် နိုင်ငံအချို့အပေါ် အခွန်တင်းကြပ်မှုဟာ အမေရိကန်ရဲ့ စတော့စျေးကွက်ကို လှုပ်ခတ်စေခဲ့တာကြောင့် သမ္မတထရန့်ရဲ့ လုပ်ဆောင်ချက်တွေဟာ စျေးကွက်မတည်ငြိမ်မှုကိုဖြစ်စေတယ်လို့ အမေရိကန်နိုင်ငံသားတွေယုံကြည်နေကြကြောင်း ရိုက်တာရဲ့ စစ်တမ်းတစ်ရပ်မှာ ဖော်ပြခဲ့ပါတယ်။

လူ ၃ ဦးမှာ ရီပက်ဘလီကန်တစ်ဦး ပါဝင်ဖြေဆိုခဲ့တဲ့ အဲဒီစစ်တမ်းမှာ ၅၇ ရာခိုင်နှုန်းက ဒေါ်နယ်ထရန့်ရဲ့ သွင်းကုန်တွေအပေါ် အခွန်တိုးမြှင့်ကောက်ခံရေးမူဝါဒကြောင့် ဂလိုဘယ်ကုန်သွယ်ရေးစစ်ပွဲ စတင်ခဲ့ပြီး စီးပွါးရေးမတည်ငြိမ်မှုတွေဖြစ်လာခဲ့ရတယ်လို့ တညီတညွတ်တည်းဖြေဆိုခဲ့ကြတာပါ။ ဒေါ်နယ်ထရန့်ရဲ့ မူဝါဒအသစ်တွေကြောင့် မြင့်တက်လာတဲ့ ကုန်စျေးနှုန်းတွေ ပြန်မကျမှာကိုလည်း စိုးရိမ်နေကြပြီး ကုန်စျေးနှုန်းပြန်ကျရေးကို အာရုံစိုက်ဖို့ အမေရိကန်နိုင်ငံသားတွေ လိုလားနေကြပါတယ်။

မက္ကဆီကိုနဲ့ ကနေဒါနိုင်ငံလို မဟာမိတ်နိုင်ငံတွေအပေါ် စည်းကြပ်ခွန်တွေ တိုးမြှင့်လိုက်တာနဲ့ စီးပွားပျက်ကပ်ကို ပယ်ချငြင်းဆိုမှုတွေက အမေရိကန်စျေးကွက်စီးပွားရေးကို ထိတ်လန့်တုန်လှုပ်စရာဖြစ်လာခဲ့တာပါ။ အိမ်ဖြူတော်ရဲ့ တုံ့ပြန်ချက်မှာတော့ ဒေါ်နယ်ထရန့်ရဲ့ ကုန်သွယ်မှုအစီအစဉ်သစ်တွေကို အကောင်အထည်ဖော်ရာမှာ ရေတိုအားဖြင့် ထိခိုက်နာကျင်မှုအချို့ရှိလာနိုင်တယ်လို့ ဆိုပါတယ်။

ဒေါ်နယ်ထရန့်ရဲ့ ကုန်သွယ်ရေးပေါ်လစီသစ်တွေကြောင့် Wall Street စျေးကွက်လည်း ကပြောင်းကပြန်တွေဖြစ်ကုန်ပါတယ်။ ပြီးခဲ့တဲ့အင်္ဂါနေ့က ကနေဒါနိုင်ငံရဲ့ သတ္တုပစ္စည်းတွေအပေါ် စည်းကြပ်ခွန်တိုးမြှင့်လိုက်ပြီးနောက် စျေးကွက်တန်ဖိုးတွေကျဆင်းလာခဲ့ပြီး နောက်တစ်ရက်အကြာမှာတော့ ကနေဒါနိုင်ငံရဲ့ လိုက်လျောမှုတွေကြောင့် စျေးကွက်ခြိမ်းခြောက်မှုအပေါ် လျှော့ချနိုင်ခဲ့ပါတယ်။

ရိုက်တာသတင်းဌာနရဲ့ စစ်တမ်းတရပ်လုံးမှာတော့ ၄၄ ရာခိုင်နှုန်းက ဒေါ်နယ်ထရန့်ဟာ သူ့အလုပ် သူလုပ်နေတာဖြစ်တယ်လို့ ယုံကြည်ကြပြီး ၃၂ ရာခိုင်နှုန်းကတော့ သူ့ရဲ့ ပေါ်လစီကြောင့် နေထိုင်မှုစရိတ်တွေ မြင့်တက်လာခဲ့တယ်လို့ အတည်ပြုခဲ့ကြပါတယ်။

လူ ၁၀ ဦးမှာ ဒီမိုကရက် ၉ ဦး၊ ရီပက်ဘလီကန် ၆ ဦးပါဝင်တဲ့ ၇၀ ရာခိုင်နှုန်းကတော့ ဒေါ်နယ်ထရန့်ရဲ့ အခွန်စည်းကြပ်မှုတွေကြောင့် ကုန်စျေးနှုန်းများ အဆမတန်ကြီးမြင့်လာဦးမယ်လို့ မျှော်လင့်ထားကြောင့် စစ်တမ်းမှာ ဖြေဆိုထားကြတာဖြစ်ပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အိန္ဒိယ

နတ်ဘုရားများထံမှ ခိုးယူခြင်း- အိန္ဒိယနိုင်ငံ၏ ရာမဗိမာန် (Ram Temple) တွင် အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံ ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 69 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အရေးပါသော ပြည်နယ်ရွေးကောက်ပွဲများ မတိုင်မီ အလှူငွေများ
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးတပ်ဖွဲ့များ သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) တစ်ခွင် စီးနင်းမှုများ ဆက်လက်လုပ်ဆောင်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 79 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် Wafa သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ နောက်ဆုံးရရှိထားသော
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ တိုက်ရိုက်သတင်း- အမေရိကန်နှင့် ဆွေးနွေးပွဲသတင်းများ ထွက်ပေါ်နေစဉ် ဟော်မုဇ်ရေလက်ကြားကို ၎င်းတို့သာ ထိန်းချုပ်ခွင့်ရှိကြောင်း တဟီရန် အခိုင်အမာဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 78 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်တို့သည် တိုက်ခိုက်မှုများကို ရပ်တန့်ရန်နှင့် ဟော်မုဇ်ရေလက်ကြား အရေး အငြင်းပွားမှုကို ဖြေရှင်းရန် အင်္ဂါနေ့တွင် ကာတာနိုင်ငံ မြို့တော် ဒိုဟာ၌
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အီရန်

အပြီးသတ်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်မှ လုံးဝဆုတ်ခွာပေးရန် အီရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 83 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်အကြား ယာယီရရှိထားသော သဘောတူညီချက်ကို တိုက်ပွဲများကြောင့် ဆက်လက်ဖိအားဖြစ်စေလျက်ရှိစဉ်၊ အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်နိုင်ငံအတွင်းမှ လုံးဝ ဆုတ်ခွာပေးရေးသည် အမေရိကန်နှင့်ချုပ်ဆိုမည့် အပြီးသတ်သဘောတူညီချက်တွင် မဖြစ်မနေ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လတ်တလောရရှိထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ထိခိုက်မှု ရှိစေသည့် တိုက်ခိုက်မှုများ ဖြစ်ပွားလာပြီးနောက် အီရန်က ဘာရိန်းနှင့် ကူဝိတ်ရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများကို တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 77 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါက အီရန်နိုင်ငံသည် “နောက်ထပ် တည်ရှိတော့မည် မဟုတ်ကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပြီး၊ တဟီရန် (အီရန်အစိုးရ) ကမူ ဆွေးနွေးညှိနှိုင်းမှုများကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 76 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန် နီဗ်ကာ (Kostyantynivka) မြို့အတွင်းသို့ ရုရှားတပ်ဖွဲ့များ စိမ့်ဝင်ပူးကပ်လာပြီး ဝိုင်းရံရန် ကြိုးပမ်းနေကြသည်။ လက်ရှိတွင်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 93 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ် သိသာထင်ရှားသည့် ထောက်ခံ အတည်ပြုချက် နှစ်ခုကို ချမှတ်ပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်များသည် အမေရိကန် အစိုးရ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 87 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက