နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 6 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန်

သမ္မတဒေါ်နယ်ထရန့်၏ ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်ရေးစစ်ပွဲရဲ့ ပထမဆုံး ပစ်ခတ်မှုကို စတင်ခဲ့သည်။

မတ်လ (၁၃) ရက်။

ထရန့်က ကနေဒါ၏ တင်ပို့ကုန်များဖြစ်သည့် စတီးလ်နှင့် အလူမီနီယံတို့အပေါ် စည်းကြပ်ခွန်များ ချမှတ်ခဲ့သည်ကို တုံ့ပြန်သည့်အနေနှင့် ကနေဒါနိုင်ငံသည် ဒေါ်လာ ၂၁ ဘီလီယံတန်ဖိုးရှိ အမေရိကန် ကုန်ပစ္စည်းများအချို့အပေါ် လက်တုံ့ပြန် ကုန်သွယ်မှုခွန်အသစ်ကို ဗုဒ္ဓဟူးနေ့တွင် ကြေညာခဲ့သည်။

ကနေဒါ၏ လက်တုံ့ပြန်ရေး လုပ်ဆောင်မှုနောက်ဆက်တွဲအဖြစ် အမဲသား၊ ဆိုင်ကယ်နှင့် ဝီစကီအပါအဝင် အမေရိကန်လုပ် စတီးလ်နှင့် အလူမီနီယမ်တို့ အပါအဝင် ဒေါ်လာ ၂၈ ဘီလီယံတန်ဖိုးရှိ အမေရိကန်ကုန်ပစ္စည်း အများအပြားကို အခွန်တိုးကောက်ခံမည်ဖြစ်ကြောင်း ဥရောပသမဂ္ဂက ဗုဒ္ဓဟူးနေ့တွင် ကြေညာခဲ့သည်။ တရုတ်ကလည်း တုံ့ပြန်ရန် အသင့်ရှိကြောင်း အချက်ပြခဲ့သည်။

ရက်သတ္တပတ်များကြာ ခြိမ်းခြောက်မှုများနှင့် စေ့စပ်ညှိနှိုင်းမှုများအပြီးတွင် ထရန့်က နောက်ထပ်များစွာ ခြိမ်းခြောက်ခဲ့သည့်တိုင် နိုင်ငံများက အမှန်တကယ် ချမှတ်ရမည့် ကြီးမားသည့်တာဝန်များထဲမှ အခွန်စည်းကြပ်မှုသည် ထိုအထဲမှပထမဆုံးအသစ် လုပ်ဆောင်မှုတစ်ခု ဖြစ်သည်။ တရုတ်ကုန်ပစ္စည်းများအပေါ် စုစုပေါင်း ၂၀% ထပ်ဆောင်းခွန်များအပြင် ထရန့်သည် ကနေဒါနှင့် မက္ကဆီကိုတို့အပေါ် ခြိမ်းခြောက်သည့် အခြားအကောက်ခွန်များကို ဆိုင်းငံ့ထားသည်။

အပြန်ပြန်အလှန်လှန် ခြိမ်းခြောက်မှုများသည် ကမ္ဘာတစ်ဝှမ်းရှိ စီးပွားရေးတိုးတက်မှု အလားအလာများကို နှောင့်နှေးစေမည့် ကမ္ဘာ့ကုန်သွယ်ရေးစစ်ပွဲကို မီးမွှေးစေသည်။

ထရန့်အစိုးရသည် ၎င်း၏မူဝါဒပန်းတိုင်များကို အကောင်အထည်ဖော်နေချိန်တွင် စီးပွားရေး “အကူးအပြောင်း” သို့မဟုတ် “အခက်အခဲ ရှိလာမည်ကို အသိအမှတ်ပြုကာ ကုန်သွယ်မှု အမြောက်အများ ချက်ခြင်းလက်ငင်းကျဆင်းမှုကို လျှော့ချရန် ကြိုးပမ်းခဲ့သည်။

ယခုအချိန်အထိ အကျိုးဆက်များသည် စျေးကွက်တိုင်းတာမှုအရ သိသာထင်ရှားပါသည်။ ကျယ်ပြန့်သော စတော့အညွှန်းကိန်းများသည် ယခုအခါ ရင်းနှီးမြုပ်နှံသူများက စရိတ်စက ပိုမိုမြင့်မားလာမည့် အလားအလာကို မကြိုက်သော ကြောင့် ၎င်းတို့၏ ရွေးကောက်ပွဲနောက်ပိုင်း ရှယ်ယာများကို ထုတ်ရောင်းချခဲ့ကြသည်။

ဗုဒ္ဓဟူးနေ့တွင် ကုန်သွယ်မှုများ ကျဆင်းလာသည်နှင့်အမျှ ရေတိုသက်သာမှုကို ပေးစွမ်းနိုင်သော ငွေကြေးဖောင်းပွမှု အစီရင်ခံစာတစ်ခု ထွက်ပေါ်လာပြီးနောက် အစောပိုင်း အမြတ်ငွေများကို စတော့ရှယ်ယာများက ပြန်လည်ပေးဆပ်ခဲ့ရသည်။ အမေရိကန်ကားထုတ်လုပ်သူများ၏ရှယ်ယာများ ကျဆင်းသွားသည်။ ဖောက်သည်များအား ဗုဒ္ဓဟူးနေ့က မှတ်ချက် တစ်ခုတွင်၊ ဘာကလေ(Barclays) ဘဏ္ဍာရေးဝန်ဆောင်မှုအဖွဲ့မှ လေ့လာသုံးသပ်သူများသည် ထရန့်၏ အလားတူ အခွန်တိုးမှုများကို အကောင်အထည် ဖော်သည့်အခါ Ford နှင့် GM တို့သည် အမြတ်အစွန်းနည်းပါးသွားခဲ့ကြောင်း အစီရင်ခံ တင်ပြခဲ့သည်။

ကနေဒါနှင့် သွင်းကုန်ခွန်စစ်ပွဲသည် အမေရိကန်သည် ၎င်း၏ အကြီးဆုံးကုန်သွယ်ဖက်ကို ဆန့်ကျင်ခဲ့သည်။ အမေရိကန်၏ မြောက်ပိုင်းအိမ်နီးချင်းနိုင်ငံသည် အမေရိကန်သို့ သံမဏိနှင့် အလူမီနီယံ တင်သွင်းမှု အများဆုံးနိုင်ငံဖြစ်ပြီး ကျွမ်းကျင်သူများက ထရန့်၏ အခွန်တိုးကောက်မှုများသည် စားသုံးသူများထံ ကျရောက်စေမည်ဖြစ်ကြောင်း သတိပေးထားသည်။

လက်တုံ့ပြန်သည့်အခွန်ကောက်ခံမှုများကို ကြေညာသည့် ဗုဒ္ဓဟူးနေ့သတင်းစာရှင်းလင်းပွဲတွင် ကနေဒါအစိုးရပြောရေးဆိုခွင့်ရှိသူက ထရန့်၏ အခွန်စည်းကြပ်မှုသည် လုံးဝတရားမျှတမှုမရှိသလို ကျိုးကြောင်းဆီလျော်မှု မရှိဟု ပြောဆိုခဲ့သည်။

“ အမေရိကန်အစိုးရဟာ မယုံနိုင်လောက်အောင် အောင်မြင်နေတဲ့ ကုန်သွယ်မိတ်ဖက်ကို နောက်တကြိမ် အနှောက်အယှက်ဖြစ်စေခြင်းနဲ့ မတည်ငြိမ်ဖြစ်စေတဲ့ လုပ်ဆောင်မှုကြောင့် ကနေဒါနိုင်ငံသားတွေနဲ့ အမေရိကန်အိမ်ထောင်စုတွေအတွက် နေ့စဉ်သုံးကုန်ပစ္စည်းတွေရဲ့ ကုန်ကျစရိတ်တွေကို မြင့်တက်စေပါတယ်” ဟု ကနေဒါ၏ ဆန်းသစ်တီထွင်မှု၊ သိပ္ပံနှင့် စက်မှုလုပ်ငန်းဝန်ကြီး ဖရန်ကော်စစ် ဖိလစ် ရှမ်ပိန်း (François-Philippe Champagne) က ပြောကြားခဲ့သည်။

အမေရိကန်လျှပ်စစ်ဓာတ်အားသုံးစွဲသူများအပေါ် ၂၅% ပိုကောက်ခံမည့် ကနေဒါ၏ ခြိမ်းခြောက်မှုများကို ဖြေရှင်းရန် ထရန့်အစိုးရသည် အင်္ဂါနေ့တွင် တင်းမာမှုကို လျော့ချနိုင်ခဲ့သော်လည်း ကနေဒါက ကြေညာချက်ကို ထုတ်ပြန်ခဲ့သည်။ အွန်ထရီယိုပြည်နယ်သည် အပိုကြေးထပ်တိုးလာပါက စတီးနှင့် အလူမီနီယံ စည်းကြပ်ခွန် ၅၀ ရာခိုင်နှုန်းအထိ တိုးကောက်မည်ဟု ထရန့်က ကနေဒါကို ခြိမ်းခြောက်ခဲ့သည်။

ထရန့်အစိုးရသည် ကုန်သွယ်ရေး လှုပ်ရှားမှုများအတွက် ကျိုးကြောင်းဆီလျော်မှု အပြောင်းအလဲကို ကမ်းလှမ်းထားသည်။ သံမဏိနှင့် အလူမီနီယံ စည်းကြပ်ခွန်ကိစ္စတွင် နိုင်ငံများသည် ၎င်းတို့၏ ကုန်သွယ်ရေးမူဝါဒများမှတဆင့် အမေရိကန်ကို အခွင့်ကောင်းယူနေကြကြောင်း အကြောင်းပြခဲ့ပြီး၊ ၎င်းက အမေရိကန်၏ ကုန်သွယ်မှုလိုငွေပြမှုတွင် ဖြစ်စေသည်ဟု ဆိုခဲ့သည်။

အမေရိက၏ သွင်းကုန်များသည် စံချိန်တင်အဆင့်သို့ ရောက်ရှိနေသော်လည်း ပို့ကုန်မှာလည်း ထိုနည်းလည်းကောင်းပင်ဖြစ်သည်။ အချို့သော ဘောဂဗေဒပညာရှင်တို့က အမေရိကန်ထွန်စက် သို့မဟုတ် အသုံးအဆောင်ပစ္စည်းများ ထုတ်လုပ်သူများအတွက် စျေးနှုန်းသက်သာသော သို့မဟုတ် အထူးပြုထားသော ကုန်ကြမ်းစတီးလ်နှင့် အလူမီနီယံတို့ကို ရရှိနိုင်ခြင်းကြောင့် အခွန်အခများတိုးကောက်ခြင်းသည် ၎င်းတို့ဖန်တီးနိုင်သမျှ အလုပ်အကိုင်များကို ခြိမ်းခြောက်နိုင်ဖွယ်ရှိသည်ဟု ပြောဆိုခဲ့ကြသည်။

တစ်ချိန်တည်းတွင်၊ ကနေဒါနှင့် မက္ကဆီကိုနိုင်ငံများအပေါ် ခြိမ်းခြောက်ထားသော အထွေထွေ ကုန်သွယ်ရေး အခွန်အခများကိစ္စကို ထရန့်အစိုးရက ခေတ္တဆိုင်းငံထားလိုက်ပြီးနောက် တဖန် ထိုနိုင်ငံများမှတရားမဝင် ဖန်သာနော် (fentanyl) စီးဆင်းမှုကို မီးမောင်းထိုးပြခဲ့ပြန်သည်။

သို့သော်လည်း ပြီးခဲ့သောလတွင်၊ ထရန့်သည် ဘာကြောင့် အခွန်ကောက်ခံမှု လုပ်ရခြင်းသည် ပိုမိုတိုက်ရိုက် ကျိုးကြောင်းဆီလျော်စွာရှိကြောင်း ဖော်ပြခဲ့သည်။

“ဒါက အမေရိကကို ပြန်ချမ်းသာလာအောင်လုပ်ဖို့ အစပဲ” ဟု သမ္မတက ပြောကြားခဲ့သည်။

ဗုဒ္ဓဟူးနေ့တွင် ကြေညာခဲ့သည့် လက်တုံ့ပြန်သည့် တုံ့ပြန်ဆောင်ရွက်မှုများကို ထရန့် အစိုးရအဖွဲ့က တုံ့ပြန်ခြင်းမရှိသေးသော်လည်း ယင်းကဲ့သို့ လှုပ်ရှားမှုမှန်သမျှကို တုံ့ပြန်သွားမည်ဟု အချက်ပြခဲ့သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်းအပေါ် ပူတင်၏ သဘောထား တင်းမာမြဲဖြစ်သော်လည်း ရုရှားပြည်တွင်း၌ စစ်ပွဲနှင့်ပတ်သက်၍ လူထုအမြင် ပြောင်းလဲလာနေသလား

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 26 Views
ရေးသားသူ- ဘီဘီစီ ရုရှားအယ်ဒီတာ စတီ့ဗ် ရိုစင်ဘာ့ဂ်(Steve Rosenberg) BBC- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၃ရက် မူလက စစ်ဆင်ရေးကို
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်၏ တိုက်ခိုက်မှုများကို တုံ့ပြန်သည့်အနေဖြင့် အမေရိကန် ပဉ္စမမြောက် ရေတပ်စုဌာနချုပ်နှင့် လေတပ်စခန်းတို့ကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြောင်း အီရန်ပြောကြား

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 19 Views
CNN-၂၀၂၆ခုနှစ်၊ ဂျွန်လ ၃ရက် ဟယ်လင် ရီဂန် (Helen Regan) ရေးသားသည်။ အီရန်နှင့်ဆက်နွှယ်နေသော ရေနံတင်သင်္ဘောတစ်စင်းကို အမေရိကန်က တိုက်ခိုက်ခဲ့မှုနှင့် ကက်ရှ်မ်ကျွန်း (Qeshm Island) ပေါ်သို့ ဗုံးကြဲတိုက်ခိုက်ခဲ့မှုများကို တုံ့ပြန်သည့်အနေဖြင့် ၎င်းတို့သည် ဒေသတွင်းရှိ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အပစ်အခတ်ရပ်စဲရေး မသေချာမရာဖြစ်နေစဉ် အမေရိကန်နှင့် အီရန်တို့ ရက်သတ္တပတ်များအတွင်း အပြင်းထန်ဆုံး အပြန်အလှန်တိုက်ခိုက်မှုများ ပြုလုပ်နေ

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 20 Views
CNN- ဂျက်ဆီ ယန်း (Jessie Yeung) ရေးသားသည်။ ပြီးခဲ့သည့် ဧပြီလတွင် အပစ်အခတ်ရပ်စဲရေး စတင်ခဲ့ပြီးနောက်ပိုင်း အပြင်းထန်ဆုံးသော ညသန်းခေါင်ယံ တိုက်ခိုက်မှုတစ်ခုအဖြစ် အမေရိကန်နှင့် အီရန်တို့သည် အပြန်အလှန် စစ်ရေးအရ တုံ့ပြန်ခဲ့ကြသည်။ ရက်အနည်းငယ်ကြာ အပြန်အလှန်
နိုင်ငံတကာသတင်း မြန်မာသတင်း အာရှ အိန္ဒိယ

မင်းအောင်လှိုင်ရဲ့ သမ္မတအနေနဲ့ ပထမဆုံး ပြည်ပခရီးစဉ် လာရောက်တာကို ဂုဏ်ယူတယ်ဆိုပြီး မိုဒီပြော

  • 2026 ခုနှစ်၊ ဇွန်လ 2 ရက်
  • 35 Views
‌ဇွန်လ (၂)ရက်။ မင်းအောင်လှိုင်ဟာ သမ္မတ ရွေးချယ်ခံရပြီးနောက် ပထမဆုံး ပြည်ပခရီးစဉ်အနေနဲ့ အိန္ဒိယကို လာရောက်တဲ့အပေါ် ဂုဏ်ယူတယ်ဆိုပြီး ဝန်ကြီးချုပ် မိုဒီက မနေ့က တွေ့ဆုံပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ နိုင်ငံရဲ့အာဏာကို လက်နက်အားကိုးနဲ့ အတင်းအဓမ္မလုယူပြီး အတုအယောင်ရွေးကောက်ပွဲ
နိုင်ငံတကာသတင်း လက်ဘနွမ် အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လက်ဘနွန်အရေးကြောင့် ဆွေးနွေးပွဲများမှ နုတ်ထွက်မည်ဟု ခြိမ်းခြောက်ပြီးနောက် သံတမန်ရေးရာလမ်းကြောင်း ပြန်လည်စတင်ပြီဖြစ်ကြောင်း အီရန် အရိပ်အမြွက်ပြသ

  • 2026 ခုနှစ်၊ ဇွန်လ 2 ရက်
  • 29 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ (၂)ရက် အီရန်နှင့် ဝါရှင်တန်တို့ကြား ဆွေးနွေးမှုများ ဆက်လက်လုပ်ဆောင်နေကြောင်း အီရန်မီဒီယာ များက အရိပ်အမြွက် ဖော်ပြခဲ့ကြသော်လည်း၊ လက်ဘနွန်အပေါ် အစ္စရေး၏ တိုက်ခိုက်မှုများ ဆက်လက်ရှိနေပါက အခြေအနေကို ပိုမိုတင်းမာအောင် ပြုလုပ်သွားမည်ဟု အီရန်၏
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အရှေ့အလယ်ပိုင်း

လက်ဘနွန်နှင့် အစ္စရေးတို့ကြား ဆွေးနွေးပွဲများ ပြန်လည်စတင်ရန် ပြင်ဆင်နေစဉ် ဟစ်ဇဘိုလာနှင့် အစ္စရေးတို့ ဆက်လက်တိုက်ပွဲဖြစ်ပွားနေ

  • 2026 ခုနှစ်၊ ဇွန်လ 2 ရက်
  • 28 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ(၂)ရက် လက်ဘနွန်နှင့် အစ္စရေး ကိုယ်စားလှယ်အဖွဲ့များသည် အင်္ဂါနေ့တွင် နောက်ထပ်ဆွေးနွေးပွဲတစ်ခုအတွက် ပြင်ဆင်နေကြသော်လည်း၊ လက်ဘနွန်ရှိ အီရန်ကျောထောက်နောက်ခံပြု ဟစ်ဇဘိုလာလက်နက်ကိုင်အဖွဲ့နှင့် အစ္စရေးစစ်တပ်တို့သည် လက်ဘနွန်တောင်ပိုင်းတွင် ညတွင်းချင်း ဆက်လက်၍ အပြန်အလှန် တိုက်ခိုက်ခဲ့ကြသည်။ ဟစ်ဇဘိုလာ၏ တိုက်ခိုက်မှုများကို