နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဇွန်လ 26 ရက်

၁၁၁၃ ရခိုင်စစ်ပွဲ

၁၁၁၃ ရခိုင်စစ်ပွဲ မြန်မာသတင်း

ရခိုင်နဲ့ ပဲခူးအစပ်က စစ်ကောင်စီရဲ့ ညောင်ကျိုးတပ်စခန်းကို AA သိမ်းပိုက်

မတ်လ (၁၄)ရက်။

မနေ့က ရခိုင်နဲ့ ပဲခူးအစပ် ပန်းတောင်းမြို့နယ်က စစ်ကောင်စီရဲ့ ညောင်ကျိုးတပ်စခန်းကို AA နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေထံက သိရပါတယ်။

“ ညောင်ကျိုးတပ်စခန်းက ရခိုင်-ပဲခူးအစပ် ပဲခူးတိုင်း ပန်းတောင်းမြို့နယ် ဥသျှစ်ပင်မြို့အနီး ရိုးပေါ်မှာ စကစ အင်အား (၃၀၀)လောက်နဲ့ ထိုင်ထားတာ။ အဲ့စခန်းကို မနေ့က AA နဲ့ ပူးပေါင်းတပ်တွေက သိမ်းပိုက်နိုင်ခဲ့တာ” လို့ ဆိုပါတယ်။

ပန်းတောင်းမြို့နယ် ဥသျှစ်ပင်မြို့အနီး ရိုးပေါ်မှာ စစ်ကောင်စီက အင်အား (၃၀၀)ခန့်နဲ့ အထိုင်ချထားတဲ့ ညောင်ကျိုးတပ်စခန်းကို AA နဲ့ ပူးပေါင်းတပ်တွေက သိမ်ပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီဘက်က အထိနာပြီး ဆုတ်ခွာထွက်ပြေးသွားတယ်လို့ သိရပါတယ်။

တိုက်ပွဲထဲ စစ်ကောင်စီရဲ့ စစ်ကြောင်းမှူးအပါအဝင် (၃၀)ခန့်ကို အရှင်ဖမ်းမိခဲ့ပြီး ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို တော်လှန်ရေးတပ်ဖွဲ့တွေက လိုက်လံတိုက်ခိုက်နေတယ်လို့ ဆိုပါတယ်။

ညောင်ကျိုးစခန်းသိမ်းတိုက်ပွဲမှာ ထိခိုက်သေဆုံးတဲ့အခြေအနေ အသေးစိတ်ကိုတော့ သက်ဆိုင်ရာတပ်ဖွဲ့တွေဘက်က ထုတ်ပြန်ပြောဆိုထားတာ မရှိသေးပါဘူး။

ညောင်ကျိုးစခန်း မကျစေဖို့ စစ်ကောင်စီဘက်က ရာနဲ့ချီတဲ့ စစ်ကူတွေ ပို့ဆောင်ခဲ့သလို လေကြောင်းကနေ အဆက်မပြတ် ပစ်ကူပေးခဲ့ပေမယ့် (၂)လနီးပါးအကြာမှာ လက်လွှတ်ခဲ့ရတာလို့လဲ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

စစ်တပ်အာဏာသိမ်းတဲ့နောက်ပိုင်း မူးယစ်ဆေးဝါးအသစ်တွေ နေရာအနှံ့ပျံ့နှံ့လာတယ်လို့ RCSS ပြော

  • 2025 ခုနှစ်၊ ဇွန်လ 26 ရက်
  • 13 Views
ဇွန်လ (၂၆)ရက်။ စစ်တပ်အာဏာသိမ်းတဲ့နောက်ပိုင်း ဘိန်းအပါအဝင် စိတ်ကြွဆေးပြား၊ ICE နဲ့ မူးယစ်ဆေးဝါးအသစ်တွေ နေရာအနှံ့ ပျံ့နှံလာတယ်လို့ RCSS ရဲ့
မြန်မာသတင်း

ဖားဆောင်းမြို့ရှိ မော်ချီးဒေသကို စစ်ကောင်စီ လေကြောင်းဗုံးကြဲ၊ အရပ်သား (၇)ဦးသေဆုံးပြီး (၂၀)ကျော် ဒဏ်ရာရရှိခဲ့

  • 2025 ခုနှစ်၊ ဇွန်လ 26 ရက်
  • 14 Views
ဇွန်လ (၂၆)ရက်။ မနေ့က နံနက် (၁၁)နာရီအချိန် ကရင်နီပြည် ဖာဆောင်းမြို့နယ်ရှိ မော်ချီးဒေသကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေရဲ့
မြန်မာသတင်း

လက်နက်ကိုင်အဖွဲ့တွေအနေနဲ့ လက်နက်ကိုင်လမ်းစဉ်စွန့်ပြီး ရွေးကောက်ပွဲဝင်ကြဖို့ စစ်ခေါင်းဆောင် ထပ်ပြော

  • 2025 ခုနှစ်၊ ဇွန်လ 26 ရက်
  • 11 Views
ဇွန်လ (၂၆)ရက်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ PDF တွေ လက်နက်ကိုင်လမ်းစဉ်စွန့်ပြီး ရွေးကောက်ပွဲဝင်ဖို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မနေ့က နေပြည်တော်မှာပြုလုပ်တဲ့ ငြိမ်းချမ်းရေးဖိုရမ်မှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ၊ PDF တွေအနေနဲ့ လက်နက်ကိုင်တဲ့လမ်းစဉ်ကို စွန့်လွှတ်ပြီး
မြန်မာသတင်း

ရန်ကုန်-မန္တလေး လမ်းဟောင်းပေါ်က စစ်ကောင်စီစခန်း (၉)ခု တိုက်ခိုက်ခံရပြီး (၂၀)ကျော်သေဆုံးခဲ့

  • 2025 ခုနှစ်၊ ဇွန်လ 25 ရက်
  • 17 Views
ဇွန်လ (၂၅)ရက်။ ဒီကနေ့ နံနက်အစောပိုင်းအချိန်က ရန်ကုန်-မန္တလေး လမ်းဟောင်းပေါ်ရှိ စစ်ကောင်စီစခန်း(၉)ခုကို တပြိုင်ထဲ တိုက်ခိုက်ခဲ့တယ်လို့ MOD ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ရန်ကုန်-မန္တလေး လမ်းဟောင်းပေါ်ရှိ စစ်ကောင်စီအခြေချတပ်စွဲထားတဲ့ စခန်း (၉)ခုကို PDF စစ်ဆင်ရေးနယ်မြေ(၂)ကွပ်ကဲမှုအောက်ရှိ
မြန်မာသတင်း

မိတ္ထီလာမှာ စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်ခံရပြီး (၄)ဦးသေဆုံးခဲ့

  • 2025 ခုနှစ်၊ ဇွန်လ 25 ရက်
  • 20 Views
ဇွန်လ (၂၅)ရက်။ မနေ့က ညနေ (၆)နာရီအချိန် မိတ္ထီလာမြို့ အုံတုံရွာနဲ့ ဂွေးတောက်ကန်ရွာကြားမှာ စစ်ကောင်စီစစ်ကြောင်းကို စောင့်ကြိုတိုက်ခိုက်ခဲ့တယ်လို့ တောင်သာပကဖရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ အုံတုံရွာနဲ့ ဂွေးတောက်ကန်ရွာကြားမှာ စစ်ကြောင်းထိုးလာတဲ့ စကစရဲ့ တပ်မ(၉၉)လက်အောက်ခံ
မြန်မာသတင်း

မိုင်းငေါ့ရှိ TNLA ရဲ့ စစ်ဆေးရေးဂိတ်ကို SSPP/SSA က ပစ်ခတ်တိုက်ခိုက်

  • 2025 ခုနှစ်၊ ဇွန်လ 25 ရက်
  • 44 Views
ဇွန်လ (၂၅)ရက်။ မနေ့က ညနေ (၄)နာရီ (၂၀)မိနစ်အချိန်က မိုင်းငေါ့မြို့ မန်ပွန်းရွာအနီးရှိ TNLA ရဲ့ စစ်ဆေးရေးဂိတ်ကို SSPP/SSA က ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ် “ ညနေ(၄)နာရီ (၂၀)မိနစ်လောက်က လူအင်အား
မြန်မာသတင်း

ထိုင်းမှာ ဖမ်းဆီးခံရပြီး စစ်ကောင်စီထံ ပြန်ပို့ခံရကာ စစ်မှုထမ်းနေရသူ (၄)ဦး PDF ထံ အလင်းဝင်

  • 2025 ခုနှစ်၊ ဇွန်လ 25 ရက်
  • 30 Views
ဇွန်လ (၂၅)ရက်။ ဇွန်လ (၁၈)ရက်နေ့က ပလောက်မြို့ အမှတ်(၁၂) စစ်တပ်တန်းမြင့်လေ့ကျင့်ရေးကျောင်း(တိုင်း‌ဗဟို ၁၂)က လူငယ် (၄)ဦး အလင်းဝင်လာတယ်လို့ မြိတ်ခရိုင်အမှတ်(၁)တပ်ရင်းရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီလူငယ် (၄)ဦးဟာ စစ်ကောင်စီက စစ်မှုထမ်းအပတ်စဉ်(၁၁)အနေနဲ့ အဓမ္မစုဆောင်းခံရသူတွေဖြစ်ပြီး
မြန်မာသတင်း

လာမယ့်ရက်ပိုင်းထဲ စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဘယ်လာရုစ်နိုင်ငံကို သွားရောက်ဖို့ရှိနေတယ်လို့ဆို

  • 2025 ခုနှစ်၊ ဇွန်လ 25 ရက်
  • 28 Views
ဇွန်လ (၂၅)ရက်။ လာမယ့်ရက်ပိုင်းထဲ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ ဘယ်လာရုစ်နိုင်ငံကို သွားရောက်ဖို့ရှိတယ်လို့ စစ်ကောင်စီရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ EAEU ရဲ့ အလှည့်ကျဥက္ကဋ္ဌဖြစ်တဲ့ ဘယ်လာရုစ်သမ္မတရဲ့ ဖိတ်ကြားတာကြောင့် စစ်ခေါင်းဆောင်က မင့်စ်မြို့မှာကျင်းပမယ့် စတုတ္ထအကြိမ် ဥရောပ-အာရှ