နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ နိုဝင်ဘာလ 4 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန်

ထရန့်အစိုးရက အလုပ်ထုတ်လိုက်တဲ့ ထောင်နဲ့ချီတဲ့ အစမ်းခန့်ထားသည့်ဝန်ထမ်းများကို ယာယီပြန်ခန့်အပ်ဖို့ ဒုတိယဖက်ဒရယ်တရားသူကြီးက အမိန့်ပေးခဲ့

မတ်လ (၁၄) ရက်။

ထရန့်အစိုးရက အလုပ်ထုတ်လိုက်သော ထောင်နှင့်ချီသော အစမ်းခန့်ဝန်ထမ်းများအား ၎င်းတို့၏အလုပ်များတွင် ယာယီပြန်လည်ခန့်အပ်ရမည်ဟု ဒုတိယဖက်ဒရယ်တရားသူကြီးက ကြာသပတေးနေ့တွင် ဆုံးဖြတ်ခဲ့သည်။

ဒီမိုကရက်တစ်သမတ အိုဘားမားလက်ထက်က ခန့်အပ်ထားခဲ့သော ဝါရင့်တရားသူကြီး ဂျိမ်းစ်ဗရီဒါက ယာယီ တားမြစ်အမိန့်ကို ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ ထိုအမိန့်သည် အေဂျင်စီ ၁၈ ခုကို ၂ ပတ်ကြာ အကျုံးဝင်သက်ရောက်စေမည်ဖြစ်ပြီး နိုင်ငံတော် ရှေ့နေချုပ်၏ ရာထူးမှရပ်စဲခြင်းဆိုင်ရာကိစ္စကို စိန်ခေါ်မှုတစ်ရပ်ဖြစ်စေခဲ့သည်။

ကယ်လီဖိုးနီးယားရှိ သီးခြားတရားစွဲဆိုမှုတစ်ခုအား ဦးဆောင်နေသည့် ပြည်ထောင်စု တရားသူကြီးတစ်ဦးသည် ကြာသပတေးနေ့အစောပိုင်းတွင် အေဂျင်စီငယ်များကြား အစမ်းသပ်ခံ အလုပ်သမားများကို အစုလိုက် အပြုံလိုက် အလုပ်မှ ထုတ်ပယ်ခြင်းကို ပြန်လည်ခန့်ရန် အမိန့်ပေးလိုက်ခြင်းအတွက် ဗရီဒါ၏တရားဝင်အကြောင်းပြချက်မှာ ကယ်လီဖိုးနီးယားတရားသူကြီး ဝီလီယံအယ်အပ် (William Alsup) နှင့် ကွဲပြားခဲ့သည်။

ဘော်လ်တီမိုး၏ ဖက်ဒရယ်တရားရုံးတွင် တင်သွင်းသောပြည်နယ်များ၏အမှုတွင် အစိုးရသည်အင်အားလျှော့ချခြင်း သို့မဟုတ် RIFS ဟုခေါ်သော အစုလိုက်အပြုံလိုက် အလုပ်ဖြုတ်မည်ဖြစ်ကြောင်း ၆ ရက် ကြိုတင်အသိပေးရမည်ဆိုသည့် လိုအပ်ချက်ကို မပြုလုပ်ဘဲ ချိုးဖောက်ခဲ့သည်ဟု ရှေ့နေချုပ်ကဆိုသည်။

အစိုးရ၏ အစောပိုင်းကာလများတွင် ရာထူးမှရပ်စဲခြင်းအတွက် ယင်းသတိပေးချက် မလိုအပ်ကြောင်း အစိုးရက တုံ့ပြန်ခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ပြည်ထောင်စုဥပဒေသည် အချို့သောအခြေအနေများတွင် အစိုးရအနေနှင့် အစမ်းခန့်ဝန်ထမ်းများအား ကြိုတင်အသိပေးရန် မလိုအပ်ဘဲ အလုပ်မှ ရပ်စဲရန်ခွင့်ပြုထားသောကြောင့်ဖြစ်သည်။

ဝန်ထမ်းများသည် စံနှုန်းအောက်နိမ့်ကျသော စွမ်းဆောင်ရည်ကြောင့် အလုပ်ထုတ်ခံရခြင်း ဖြစ်သောကြောင့် အလုပ်ထုတ်ခံရခြင်းများသည် အသိပေးရန် မလိုအပ်သည့် အမျိုးအစားနှင့် ကိုက်ညီကြောင်း အစိုးရ၏ ငြင်းဆိုချက်များကို ကြာသပတေးနေ့တွင် တရားသူကြီးဘရီဒါမှ ပယ်ချခဲ့သည်။

“ဒီမှာ အလုပ်ရပ်စဲထားတဲ့ အစမ်းခန့်ဝန်ထမ်းတွေကို အကြောင်းပြချက်တွေကြောင့် ရပ်စဲတာမဟုတ်ဘူး” ဟု ဘရက်ဒါက စာမျက်နှာ ၅၆ မျက်နှာပါ သုံးသပ်ချက် ရေးသားခဲ့သည်။ “ ရက်အနည်းငယ်အတွင်း အစုလိုက်အလုပ်မှ ရပ်စဲခံရသည့် ဝန်ထမ်းတစ်ဦးချင်းသည် စွမ်းဆောင်ရည် ကျေနပ်စရာ မရှိခြင်း သို့မဟုတ် အကျင့်စာရိတ္တကြောင့်ဟု အလုပ်မှရပ်စဲခဲ့သည်ဆိုသည့် အကြောင်းပြချက်သည် လိမ်ညာထားမှုသာဖြစ်သည်” ဟု ယုံကြည်ကြောင်း ဖော်ပြထားသည်။

သူက အစိုးရ၏ဖြေရှင်းချက်သည် တာဝန်မဲ့ပြီး ခိုင်လုံသောအကြောင်းပြချက် မရှိဟု ဆိုခဲ့သည်။

အင်္ဂါနေ့က ကြားနာပွဲ၌ ဘရီဒါ၏ စီရင်ချက်၏ အထွတ်အထိပ်မှာ အစိုးရအနေနှင့် အုပ်ချုပ်ရေးပိုင်းမှ ဝန်ထမ်းများအား အစုလိုက်အပြုံလိုက် ရာထူးမှ ထုတ်ပယ်ခြင်းတွင် ကြိုတင်အသိပေးချက်အပါအဝင် သင့်လျော်သော RIF လုပ်ထုံးလုပ်နည်းများအတိုင်း ဆောင်ရွက်ရမည်ဖြစ်သည်။

၎င်း၏စီရင်ချက်အရ အစိုးရသည် “တစ်ဦးချင်း၏သစ္စာရှိမှုဆိုင်ရာ ဆုံးဖြတ်ချက်များကို အခြေခံ၍ RIF စည်းမျဉ်းများကို မလိုက်နာဘဲ တစ်ဦးချင်း ဝန်ထမ်းများကို လွတ်လပ်စွာ အလုပ်ထုတ် နိုင်သည်” ဟု မှတ်ချက်ပြုထားသည်။

ဓာတ်ပုံ။

တရားသူကြီး ဂျိမ်းစ်ဗရီဒါ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း

 အမေရိကန်နိုင်ငံရေး၊ အစ္စရေး-ဟားမတ်စ်စစ်ပွဲနှင့် ရုရှား-ယူကရိန်းစစ်ပွဲတို့နှင့် ပတ်သက်သည့် နောက်ဆုံးရသတင်းအချက်အလက်များကို အကျဉ်းချုပ် တင်ပြပေး လိုက်ပါတယ်။

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 3 ရက်
  • 23 Views
၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ၄ရက် အမေရိကန်နိုင်ငံရေး (US Politics) အစိုးရလုပ်ငန်း ရပ်ဆိုင်းမှုနှင့် တရားရုံးစီရင်ချက်များ: လက်ရှိတွင် အမေရိကန်အစိုးရ၏ လုပ်ငန်းများ (Government
နိုင်ငံတကာသတင်း အမေရိကန်

ရီပတ်ဘလစ်ကန် ခေါင်းဆောင်များက ဖီလီဘက်စတာကို အပြီးသတ်ဖျက်သိမ်းရန် ထရန့်ဖ်၏ တောင်းဆိုမှုကို ပယ်ချ

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 1 ရက်
  • 33 Views
CNN- ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၁ ရက် သမ္မတ ဒေါ်နယ်လ် ထရန့်ဖ်က အစိုးရ လုပ်ငန်းများ ရပ်ဆိုင်းနေသည်ကို
နိုင်ငံတကာသတင်း ဗြိတိန်

ဗြိတိသျှမင်းသား အင်ဒရူး (Prince Andrew)မင်းသား ဘွဲ့မှ ဖယ်ရှားခံရခြင်း

  • 2025 ခုနှစ်၊ အောက်တိုဘာလ 31 ရက်
  • 34 Views
၂၀၂၅ခုနှစ်၊ အောက်တိုဘာလ ၃၁ရက် သုံးယောက်မြောက်ချားလ်ဘုရင်(King Charles III) သည် ညီတော် မင်းသား အင်ဒရူး(Prince Andrew) ၏ မင်းသားဘွဲ့ (Prince title) အပါအဝင် တော်ဝင်ဘွဲ့များအားလုံးကို ဖယ်ရှားကာ ၎င်းနေထိုင်ရာ တော်ဝင်စံအိမ်
တရုတ် နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန်သမ္မတ ဒေါ်နယ်လ် ထရန့် နဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင် တို့တွေ့ကြပြီ

  • 2025 ခုနှစ်၊ အောက်တိုဘာလ 30 ရက်
  • 68 Views
၂၀၂၅ခုနှစ်၊ အောက်တိုဘာလ ၃၀ရက် အမေရိကန်သမ္မတ ဒေါ်နယ်လ် ထရန့် နဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင် တို့ဟာ ယနေ့ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၃၀ ရက်၊ ကြာသပတေးနေ့ မှာ တောင်ကိုရီးယားနိုင်ငံ၊ ဘူဆန်မြို့
နိုင်ငံတကာသတင်း ပါလက်စတိုင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အစ္စရေး အမေရိကန်

 အစ္စရေး၏ ဂါဇာတိုက်ခိုက်မှုများတွင် လူ ၁၀၄ ဦး သေဆုံးကြောင်း ကျန်းမာရေး ဝန်ကြီးဌာန ပြောကြား၊ ဟားမတ်စ်အား စစ်သားသတ်မှုဖြင့် အစ္စရေးကစွပ်စွဲ

  • 2025 ခုနှစ်၊ အောက်တိုဘာလ 29 ရက်
  • 67 Views
BBC- ၂၀၂၅ ခုနှစ် အောက်တိုဘာ ၂၉ ရက် အစ္စရေး၏ တိုက်ခိုက်မှုကြောင့် အလယ်ပိုင်း ဂါဇာရှိ နူစိုင်ရတ် ဒုက္ခသည်စခန်းတွင် လူ လေးဦး သေဆုံးခဲ့သည်။ အင်္ဂါနေ့ညက ဂါဇာတွင် အစ္စရေးတို့၏ လှိုင်းလုံးလိုက် လေကြောင်း
တရုတ် နိုင်ငံတကာသတင်း အမေရိကန်

တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် ထရန့်တို့ တွေ့ဆုံမည့် အစီအစဉ်

  • 2025 ခုနှစ်၊ အောက်တိုဘာလ 29 ရက်
  • 48 Views
၂၀၂၅ခုနှစ်၊ အောက်တိုဘာလ ၂၉ရက် တွေ့ဆုံမည့်ရက်: သမ္မတ ထရန့်နှင့် တရုတ်သမ္မတ ရှီကျင့်ဖျင်တို့သည် အောက်တိုဘာလ ၃၀ ရက်နေ့ (ကြာသပတေးနေ့) တွင် တောင်ကိုရီးယား၌ ပြုလုပ်သည့် APEC ထိပ်သီး အစည်းအဝေး ဘေးပန်းနေရာတခုတွင် တွေ့ဆုံရန်
တောင်ကိုးရီးယား နိုင်ငံတကာသတင်း အမေရိကန်

တောင်ကိုရီးယားသမ္မတ လီမှ နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘော လောင်စာအတွက် ထရန့်ဖ်အား တောင်းဆို

  • 2025 ခုနှစ်၊ အောက်တိုဘာလ 29 ရက်
  • 44 Views
CNN ၂၀၂၅ခုနှစ်၊ အောက်တိုဘာလ ၂၉ရက် တောင်ကိုရီးယားနိုင်ငံသည် မြောက်ကိုရီးယားနှင့် တရုတ်တို့၏ ရေငုပ်သင်္ဘောများကို ယှဉ်ပြိုင်နိုင်ရန် တည်ဆောက်လိုသည့် နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘောများ အတွက် လောင်စာ ရရှိရေးအတွက် အမေရိကန်၏ ခွင့်ပြုချက်ကို ထပ်မံတောင်းဆိုခဲ့ပါသည်။ တောင်ကိုရီးယားသမ္မတ လီဂျယ်မြောင်
တောင်ကိုရီးယား နိုင်ငံတကာသတင်း အမေရိကန်

သမ္မတ ထရန့်ဖ်၏ တောင်ကိုရီးယား ခရီးစဉ်နှင့် ရွှေရောင်သရဖူ

  • 2025 ခုနှစ်၊ အောက်တိုဘာလ 29 ရက်
  • 41 Views
၂၀၂၅ခုနှစ်၊ အောက်တိုဘာလ ၂၉ရက် သမ္မတ ထရန့်ဖ်သည် ၎င်း၏ အာရှခရီးစဉ် နောက်ဆုံးအဆင့်အဖြစ် အောက်တိုဘာလ ၂၉ ရက်နေ့ (ဗုဒ္ဓဟူးနေ့) တွင် တောင်ကိုရီးယားနိုင်ငံ၊ ဂယောင်ဂျူ (Gyeongju)မြို့ သို့ ရောက်ရှိ ခဲ့ပါသည်။ ထိုမြို့တွင်