နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 7 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အာရှ

တီဟီရန်နှင့် နျူကလီးယား သဘောတူညီချက်အသစ်အတွက် ထရန့် တွန်းအားပေးနေချိန်တွင် တရုတ်၊ ရုရှားနှင့် အီရန်တို့သည် ပေကျင်းမှာ တွေ့ဆုံဆွေးနွေးနေကြသည်။

မတ်လ (၁၄) ရက်။

တရုတ်နိုင်ငံသည် တီဟီရန်၏ နျူကလီးယားအစီအစဉ်ဆိုင်ရာ ဆွေးနွေးပွဲများအတွက် အီရန်နှင့် ရုရှားနိုင်ငံတို့မှ သံတမန်များကို အိမ်ရှင်အဖြစ် လက်ခံကျင်းပလျက်ရှိပြီး လုံခြုံရေးဆိုင်ရာ စိုးရိမ်ပူပန်မှုတစ်ခုအဖြစ် နိုင်ငံတကာက ရှုမြင်နေသည့် ပြဿနာတစ်ရပ်အတွက် ဘေဂျင်းသည် ပါဝါပွဲစားအဖြစ် ရပ်တည်ရန် ရည်ရွယ်ထားသည်။

“ အီရန်နျူကလီးယားပြဿနာ” နှင့်ပတ်သက်ပြီး တရုတ်နိုင်ငံ၏ အမှုဆောင် ဒုနိုင်ငံခြားရေး၀န်ကြီး မာ ဇောင်ဇူ (Ma Zhaoxu) သည် ရုရှား ဒုတိယနိုင်ငံခြားရေးဝန်ကြီး ဆာဂေးရတ်ဘ် ကော့ဗ် (Sergei Ryabkov) နှင့် အီရန် ဒုတိယ နိုင်ငံခြားရေးဝန်ကြီး ကာဇမ် ဂါရစ်ဘာဘာဒီ (Kazem Gharibabadi) တို့နှင့် တွေ့ဆုံဆွေးနွေးရန် အတူထိုင်နေခဲ့သည်ဟု နိုင်ငံပိုင်မီဒီယာက ဖော်ပြသည်။

၂၀၁၅ အီရန်နျူကလီးယားသဘောတူညီချက်မှ အဓိကနောက်ဆုံးနေ့အဖြစ် သံတမန်နည်းလမ်းအရ ဖြေရှင်းရန် နိုင်ငံများအနေဖြင့် ဖိအားများ ရင်ဆိုင်နေရချိန်တွင် ဆွေးနွေးပွဲ ဖြစ်ပေါ်လာခြင်းဖြစ်သည်။

၎င်း၏ပထမသက်တမ်းအတွင်း အဆိုပါသဘောတူညီချက်မှ နုတ်ထွက်ခဲ့သည့် သမ္မတ ဒေါ်နယ်ထရန့် သည် သဘောတူညီချက်အသစ်တစ်ခု ရရှိရန် တွန်းအားပေးနေပြီး အဆိုပါကိစ္စနှင့်ပတ်သက်၍ ဥရောပအင်အားကြီးနိုင်ငံများသည် မကြာသေးမီလများအတွင်း တီဟီရန်နှင့် အကြိမ်ကြိမ် ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။

အရှေ့အလယ်ပိုင်းတွင် ပဋိပက္ခများကြားတွင် အီရန်၏ နျူကလီးယားအစီအစဉ်ကို ထိန်းချုပ်ရန် သံတမန်နည်းလမ်းကို ရှာဖွေရန် အရေးတကြီး တိုးလာနေသည့် ခံစားချက်တစ်ခု ဖြစ်သည်။ အီရန်သည် ဗုံးထုတ်လုပ်ရန် အဆင့်ရှိယူရေနီယံဟု ယူဆသည့်အရာများ ကို လျင်မြန်စွာ ဖြန့်ကျက်ချထားကြောင်း ကုလသမဂ္ဂ နျူကလီးယားစောင့်ကြည့်ရေးအဖွဲ့က သတိပေးသည်။ အီရန်သည် ၎င်း၏နျူကလီးယားဗုံးကို ထုတ်လုပ်ချင်ကြောင်းကို ငြင်းဆိုထားပြီး ၎င်း၏နျူကလီးယားစွမ်းအင် အစီအစဉ်သည် “လုံးဝငြိမ်းချမ်းသည်” ဟု အခိုင်အမာပြောကြားခဲ့သည်။

ယခုအချိန်တွင် တရုတ်နိုင်ငံသည် ၎င်း၏ကိုယ်ပိုင်သံတမန်ရေးရာ တွန်းအားပေးမှုဖြင့် ခြေလှမ်းနေပြီဖြစ်ပြီး လေ့လာသူများက အမေရိကန်နေရာတွင် အစားထိုးလာသည့် ကမ္ဘာ့ခေါင်းဆောင်တစ်ဦးအဖြစ် ရပ်တည်ရန် ပေကျင်း၏ ရည်ရွယ်ချက်နှင့် ကိုက်ညီသည်ဟု အကဲခတ်များက ဆိုကြသည်။

ထရန့်၏ အမေရိကန်သည်ပထမ (America First) အစီအစဉ်ဖြင့် နိုင်ငံခြားရေးမူဝါဒတွင် ရိုက်ခတ်လာသောအခါတွင် တရုတ်ခေါင်းဆောင်များသည် ၎င်းတို့ရည်မှန်းချက်အတွက် “ပိုမိုအောင်မြင်နိုင်သည့် အခွင့်အလမ်းများ မြင်တွေ့နေရသည်။

“ တရုတ်နိုင်ငံသည် ၎င်း၏အကျိုးစီးပွားကို ကာကွယ်ရန် ၎င်း၏ဒေသတွင်းလွှမ်းမိုးမှုကို ချဲ့ထွင်ရန်နှင့် တာဝန်သိ ကမ္ဘာ့ပါဝါအဖြစ် ၎င်း၏ပုံရိပ်ကို အားဖြည့်ရန် အီရန်နျူကလီးယားအရေးတွင် ၎င်း၏ပါဝင်ပတ်သက်မှုကို ပိုမိုနက်ရှိုင်းစွာ လုပ်ဆောင်နေသည်” ဟု ဝါရှင်တန်ရှိ ကာနေဂီ နိုင်ငံတကာငြိမ်းချမ်းရေးလေ့လာရေးဌာန (Carnegie Endowment for International Peace Think Tank) မှ အကြီးတန်းလုပ်ဖော်ကိုင်ဖက် တောင်ဇအို (Tong Zhao) က ပြောကြား ခဲ့သည်။

ရုရှားနှင့် အီရန်တို့နှင့်အခန်းထဲတွင် အတူရှိနေခြင်းဖြင့် တရုတ်နိုင်ငံသည် ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုများကို ဖြေရှင်းရန်အတွက် အနောက်နိုင်ငံ မဟုတ်သော ချဉ်းကပ်မှုများ၏ အရေးပါမှုကို မီးမောင်းထိုးပြရန် ရည်မှန်းထားကြောင်း ၎င်းက ပြောကြားခဲ့သည်။

“ ပြဿနာကို ဖြေရှင်းဖို့ အပြိုင်အဆိုင်”

တရုတ်နိုင်ငံသည် ၂၀၁၅ ခုနှစ် နျူကလီးယားသဘောတူညီချက် (သို့) ဘက်စုံပူးပေါင်း ဆောင်ရွက်ရေးအစီအမံ (Joint Comprehensive Plan of Action (JCPOA)) အတွက် ထောက်ခံသူအဖြစ် ကာလရှည်ကြာစွာ ရပ်တည်ခဲ့သည်။ ကုလသမဂ္ဂလုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင်ငါးနိုင်ငံနှင့် တီဟီရန်တို့ကြား ဆွေးနွေးညှိနှိုင်းခဲ့သည့် မူလသဘောတူညီချက်သည် အီရန်၏နျူကလီးယားအစီအစဉ်ကို ကန့်သတ်ထားသည်။

ဘေဂျင်းသည် အီရန်အပေါ် အမေရိကန်၏ ဒဏ်ခတ်ပိတ်ဆို့မှုများကို ဆန့်ကျင်ရင်း သဘောတူညီချက်မှ အမေရိကန်နုတ်ထွက်မှုကို ဝေဖန်ခဲ့သည်။ အမေရိကန် နုတ်ထွက်ပြီးနောက် တီဟီရန်သည် ၎င်း၏နျူကလီးယားဆိုင်ရာ ကတိကဝတ်များနှင့် ဝေးကွာသွားခဲ့သည်။

၂၀၁၅ သဘောတူညီချက်အရ နိုင်ငံများသည် JCPOA လက်အောက်မှ ရုတ်သိမ်းခဲ့သည့် အီရန်အပေါ် “snapback” ဟု သော နိုင်ငံတကာပိတ်ဆို့အရေးယူမှုကို နို၀င်ဘာလအထိ လုပ်ဆောင်ရန် လိုအပ်သည်။

JCPOA အစီအမံကို ဆက်လက် ထိန်းသိမ်းထားနိုင်စေရန်အတွက် သဘောတူညီချက်အသစ်တစ်ခု ရရှိရန် ယခုနှစ် အောက်တိုဘာလတွင် ရပ်စဲမည့်ရက်မတိုင်မီ ကန့်သတ်ထားသောအချိန်အတွင်း သဘောတူညီချက်ကို လုပ်နိုင်မည်ဟု မျှော်လင့်ကြောင်း တရုတ်နိုင်ငံဆိုင်ရာ ကုလသမဂ္ဂသံအမတ်ကြီး ဖူကောင် (Fu Cong) က ဗုဒ္ဓဟူးနေ့တွင် ပြုလုပ်သည့် အီရန်နျူကလီးယားအစီအစဉ်ဆိုင်ရာ အထူးအစည်းအဝေးမတိုင်မီ သတင်းထောက်များအား ပြောကြားခဲ့သည်။

“နိုင်ငံတစ်ခုအပေါ် အမြင့်ဆုံးဖိအားပေးမှုက လိုချင်တဲ့ပန်းတိုင်ကို ရောက်နိုင်မှာမဟုတ်ဘူး” ဟု တီဟီရန်နျူကလီးယားလက်နက် မရရှိရန်အတွက် တားဆီးရန် အီရန်ကို စီးပွားရေးအရနှင့် သံတမန်နည်းအရအထီးကျန်စေဖို့ ထရန့်၏ ချဉ်းကပ်ပုံကို ကိုးကား၍ ၎င်းက ပြောကြား ခဲ့သည်။

ပြီးခဲ့သည့်အပတ်က ထရန့်မှ Fox News သို့ သူသည် အီရန်၏ အဓိပတိခေါင်းဆောင် အယာတိုလာအလီခါမီနီ (Ayatollah Ali Khamenei) ထံ စာရေးပြီး “ အီရန်က လုပ်ဆောင်ရန် နည်းလမ်းနှစ်ခု ရှိပါတယ်။။ စစ်ရေးအရ ဒါမှမဟုတ် အအပေးအယူလုပ်ရန် ဖြစ်ပါတယ်။ အီရန်ကို မထိခိုက်ဖို့ စဉ်းစားတဲ့အတွက် အပေးအယူလုပ်ဖို့သာ ကျွန်တော် ဆန္ဒရှိပါတယ်” ဟု ထရန့်က စာရေးခဲ့သည်။

သို့သော် မကြာသေးမီရက်များအတွင်း အီရန်သည် ထရန့် နှင့် စကားပြောရန် စိတ်ဝင်စားမှု မရှိကြောင်း အချက်ပြခဲ့ပြီး ခါမေနီက “အနိုင်ကျင့်သောနိုင်ငံများ” မှ စေ့စပ်ညှိနှိုင်းရန် ကြိုးပမ်းမှုနေသည်ဟု ဝေဖန်ခဲ့ပြီး ငြင်းဆိုခဲ့သည်။

အလားအလာရှိသော သဘောတူညီချက်အသစ်သည် မည်သည့်ပုံစံဖြစ်လာမည် သို့မဟုတ် မည်သို့ကြားဝင်စေ့စပ်ပေးနိုင်မည်ဆိုသည်ကို မရှင်းလင်းပါ။ သဘောတူညီချက် ရရှိအောင် မဆောင်ရွက်နိုင်ပါက လက်ရှိဖြစ်ပေါ်နေသော အစ္စရေးနှင့် အီရန်တို့ တိုက်ရိုက်တိုက်ခိုက်မှုများ အပြန်အလှန် ဖြစ်ပွားနေမှုသည် ပဋိပက္ခကို ပိုမိုတိုးမြင့်လာစေနိုင်ပြီး တီဟီရန်အနေနှင့် နျူကလီးယား လက်နက်ဆိုင်ရာပိုင်းသို့ ပြောင်းလဲ လုပ်ဆောင်လာနိုင်သည်ဟု အကဲခတ်များက ဆိုသည်။

လန်ဒန်အခြေစိုက် ချတ်သမ်အိမ် ဉာဏ်ကြီးရှင်အဖွဲ့ (Chatham House Think Tank) မှ အရှေ့အလယ်ပိုင်းနှင့် မြောက်အာဖရိက ပရိုဂရမ်၏ ဒါရိုက်တာ စနမ်ဗာကီလ် (Sanam Vakil) က “ ထိရောက်စွာဖြင့် လူတိုင်းသည် ဤပြဿနာကို ဖြေရှင်းရန် ပြိုင်ဆိုင်နေကြသည်” ဟု ပြောကြားခဲ့သည်။ “အပြိုင်ကြိုးပမ်းမှုတွေ အများအပြားရဲ့ ဆောင်ရွက်ကြမှုမှာ ရုရှားနဲ့ တရုတ်တို့ ညှိနှိုင်းပြီး သဘောတူညီချက်ရဖို့အတွက် ဘယ်လိုဖြေရှင်းနိုင်တယ်ဆိုတဲ့ သူတို့ရဲ့ပုံစံကို ရှေ့တန်းတင် တင်ပြဖို့ အခွင့်အရေးတစ်ခုပါပဲ” ဟု ဆိုသည်။

ဘေဂျင်းနှင့် မော်စကိုနှစ်နိုင်ငံစလုံးသည် “အီရန်အနေနှင့်နျူကလီးယားအစီအစဉ်ကို လက်နက်အဖြစ်ထုတ်လုပ်ခြင်းကို မမြင်ချင်ဘဲ သံတမန်နည်းအရ ဖြေရှင်းချက်ရှာရန် ကြိုးပမ်းကြသည်” သို့ရာတွင် တီဟီရန်၏နျူကလီးယားအစီအစဉ်ကို အာရုံစိုက်ထားသည့် ကျစ်လစ်သော သဘောတူညီချက်ကို လိုလားသော်လည်း ဥရောပနှင့် အမေရိကန်တို့က ပိုမိုကျယ်ပြန့် သည့် သဘောတူညီချက်ကို လိုလားနေသည်ဟု ဗာ‌ကေးလ် (Vakil) က ဆိုသည်။

ယင်းသို့ ဆွေးနွေးရာတွင် တရုတ်နှင့် ရုရှားတို့ကို အလားအလာရှိသော မဟာမိတ်များအဖြစ် အီရန်က ရှုမြင်သည်။ မကြာသေးမီနှစ်များအတွင်း အီရန်၏မောင်းသူမဲ့လေယာဉ်များက ယူကရိန်းကို တိုက်ခိုက်ရန် ရုရှားကို ကူညီပေးသောကြောင့် တီဟီရန်နှင့် မော်စကိုတို့သည် ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်ခဲ့ကြသည်။

တရုတ်နိုင်ငံသည် အီရန်အတွက် အဓိကစီးပွားရေးနှင့် သံတမန်ရေးအရ ကျောထောက် နောက်ခံအဖြစ် ဆက်လက်တည်ရှိနေသော်လည်း ဆော်ဒီအာရေးဗီးယားကဲ့သို့သော မိတ်ဖက်များနှင့် ဆက်ဆံရေးတိုးမြှင့်ခြင်းဖြင့် တီဟီရန်နှင့် ၎င်း၏ဆက်ဆံရေးကို ဟန်ချက်ညီစေရန် ကြိုးပမ်းနေပါသည်။ လွန်ခဲ့သည့်အပတ်က ရုရှား၊ တရုတ်နှင့် အီရန်တို့၏၂၀၁၉ ခုနှစ်မှစတင်ခဲ့သော ရေတပ်ပူးပေါင်းလေ့ကျင့်ရေးကို ငါးကြိမ်မြောက် ပြုလုပ်ခဲ့ကြောင်း တရုတ်အစိုးရမီဒီယာက ဆိုသည်။

“အီရန်အတွက်၊ (တရုတ်မှာတွေ့ဆုံမှု) ဟာ ထူးခြားတဲ့အခွင့်အရေးတစ်ခု ဖြစ်ပါတယ်။ အဲ့ဒါကတော့ ရုရှား၊ တရုတ်တို့နဲ့ လိုက်လျောညီထွေမှု ရှိနေကြောင်းကို ပြသနိုင်ပြီး ဆက်လက်ထိတွေ့ဆက်ဆံမှုကို လိုလားကြောင်း သတင်းစကားပေးနိုင်ပါတယ်” ဟု ဗာ‌ကေးလ် (Vakil) က ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ၏ တွက်ချက်မှု

ထရန့်အစိုးရသည် ပေကျင်းနှင့် မော်စကို၏ နီးကပ်သောဆက်ဆံရေးကို ဖြတ်တောက်ရန် ရှာဖွေနေစဥ် တရုတ်၊ ရုရှား၊ အီရန် တို့သုံးပွင့်ဆိုင် ညီညွတ်မှုကို ပြသသည့်ပွဲသည် တရုတ်အတွက် အမြတ်ထွက်နိုင်ပြီး တရုတ်၊ ရုရှား၊ အီရန်နှင့် မြောက်ကိုရီးယားတို့ကြားချိတ်ဆက်ပေါ်ထွက်လာသည့် “ဝင်ရိုး” အဖြစ် ပြန်လည်တွန်းလှန်ပြီး ညီညွတ်နေကြောင်းကို ပြသနိုင်ခဲ့သည်။

ထရမ့်လက်ထက် မော်စကို-ဝါရှင်တန် ဆက်ဆံရေး နွေးထွေးနေချိန်တွင် အီရန်နှင့် အမေရိကန်တို့ကြား နျူကလီးယား ဆွေးနွေးပွဲများတွင် ရုရှားအနေနှင့် ပါဝင်လာရန် ကမ်းလှမ်းထားကြောင်း ကရင်မလင်မှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

“ ရုရှားနဲ့ အီရန်တို့ရဲ့ အနာဂတ်မူဝါဒလမ်းညွန်ချက်တွေဟာ အရှေ့အလယ်ပိုင်းနဲ့ ပြင်ပရှိ တရုတ်ရဲ့ မဟာဗျူဟာ ရွေးချယ်မှုတွေကို သိသိသာသာ လွှမ်းမိုးနိုင်လိမ့်မယ်” ဟု Carnegie Endowments ၏ ဇို (Zhao) က ပြောကြားခဲ့ပြီး ယင်းကဲ့သို့ ကိစ္စရပ်များအတွက် တရုတ်အနေနှင့် မော်စကိုနှင့် တီဟီရန်တို့နှင့် ဆက်ဆံရေးတိုးမြှင့်ရခြင်း၏ အကြောင်းရင်းတစ်ခုအဖြစ် ဇိုက ထောက်ပြခဲ့သည်။

“ဒီလို ညှိနှိုင်းဆောင်ရွက်မှုဟာ သူတို့ကြားထဲမှာ ကွဲပြားမှု ဖြစ်လာဖို့ ဖြစ်နိုင်ချေရှိတဲ့ အမေရိကန်ရဲ့ ကြိုးပမ်းမှုတွေကို ဆန့်ကျင်တဲ့ စည်းလုံးညီညွတ်မှုကို အချက်ပြလိုက်ခြင်း ဖြစ်တယ်” ဟု ၎င်းက ထပ်လောင်း ပြောကြားခဲ့သည်။

ပေကျင်းသည် အရှေ့အလယ်ပိုင်းတွင် လောင်းကြေးများစွာ ရှိသည်။

တရုတ်နိုင်ငံသည် စွမ်းအင်အတွက် အရှေ့အလယ်ပိုင်းဒေသအပေါ် မှီခိုနေပြီး ချမ်းသာကြွယ်ဝသော ပင်လယ်ကွေ့နိုင်ငံများနှင့် အစဉ်အလာ အမေရိကန် မဟာမိတ်များ အပါအဝင် ၎င်း၏ မဟာဗျူဟာမြောက် ဆက်ဆံရေးကို နက်ရှိုင်းအောင် လုပ်ဆောင်ခဲ့သည်။ ပေကျင်းသည် သက်တမ်းရှည် ပြိုင်ဘက် အီရန်နှင့် ဆော်ဒီအာရေးဗီးယားတို့ကြား ဆက်ဆံရေးကို ကြားဝင်စေ့စပ်ပေးသည့် အခန်းကဏ္ဍမှ ပါဝင်ခဲ့သည့် ၂၀၂၃ ခုနှစ်တွင် ဒေသတွင်း ပါဝါကစားသမား ဖြစ်လာရန် ၎င်း၏ရည်မှန်းချက်ကို ပြသခဲ့သည်။

သဘောတူညီချက် မရရှိခဲ့ပါက အီရန်နှင့် ၎င်း၏ကိုယ်ပိုင်ကုမ္ပဏီများ၏ ကူးသန်းရောင်းဝယ်ရေး ဆိုင်ရာ ဆက်ဆံမှုများတွင် တရုတ်သည် ထရမ့်၏ ဖိအားပေးနည်းဗျူဟာတွင် ရောထွေးပိတ်ပင်ခံရနိုင်သည့် အလားအလာကိုလည်း သတိပြုဖွယ်ရှိကြောင်း လေ့လာသူများက ပြောကြား ခဲ့သည်။

သို့သော် ဘေဂျင်းတွင် တွေ့ဆုံမှုသည် “ ရုရှားနဲ့ အီရန်တို့ကို ဒီနေရာမှာ လုပ်ချင်သလို လုပ်ခွင့်ပေးဖို့ ဒါမှမဟုတ် သူတို့ကို နျူကလီးယားပြန့်ပွားမှုစံနှုန်းတွေကို ဖျက်ပစ်ဖို့ တရုတ်က စိတ်ဝင်စားနေတယ်ဆိုတာ အရိပ်အယောင်တစ်ခု မဟုတ်ဘူး” ဟု Bourse & Bazaar Foundation အကြံပေးအဖွဲ့ကို တည်ထောင်သူ Esfandyar Batmanghelidj က ပြောကြားခဲ့သည်။

“အီရန်နျူကလီးယားအစီအစဉ်ကို စေ့စပ်ညှိနှိုင်းမှုကနေ မဖြေရှင်းဘူးဆိုရင် အရှေ့အလယ်ပိုင်းမှာ ဒီအကျပ်အတည်းက အရှိန်မြှင့်တက်လာနိုင်တယ်ဆိုတဲ့ တရုတ်ရဲ့ အလေးအနက် စိုးရိမ်မှုကို ရောင်ပြန်ဟပ်နေပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။

သို့သော်လည်း၊ ၎င်း၏အခန်းကဏ္ဍကို ချဲ့ထွင်ရန် ကြိုးပမ်းနေသော်လည်း ဤပြဿနာအတွက် စေ့စပ်ညှိနှိုင်းပေးသူတစ်ဦးဖြစ်ရန် ဘေဂျင်း၏ စွမ်းဆောင်ရည်မှာ အကန့်အသတ်များ ရှိနေပါသည်။ ၎င်းသည် အမေရိကန်၏ ကာလကြာရှည်စွာ လွှမ်းမိုးထားခဲ့သော အာဏာရှိသည့်ဒေသတွင် အတွေ့အကြုံမရှိသော ကစားသမားတစ်ဦးဖြစ်ပြီး တီဟီရန်နှင့် ၎င်း၏ စီးပွားရေး ချိတ်ဆက်မှုများ ရှိနေသော်လည်း နိုင်ငံ၏ မူဝါဒအပေါ် အနည်းငယ်သာ လွှမ်းမိုးမှုရှိသည်ဟု လေ့လာသူများက ဆိုသည်။

“ဒီပိုကြီးတဲ့ နိုင်ငံတကာ အငြင်းပွားမှုတွေအတွက် တရုတ်နိုင်ငံက ကြားဝင်ဖျန်ဖြေပေးနေတဲ့ အခန်းကဏ္ဍသစ်တစ်ခု ဖြစ်တယ်ဆိုတာ ရုရှားနဲ့ အီရန်နိုင်ငံသားတွေက နားလည်ပါတယ်။ တရုတ်က ဒီစေ့စပ်ညှိနှိုင်းမှုရဲ့ ဗိသုကာပညာရှင်ဖြစ်နိုင်တဲ့ အတိုင်းအတာအထိ လက်တွေ့ဆန်မှုလည်း များစွာရှိပါတယ်” ဟု Batmanghelidj က ပြောကြားခဲ့သည်။

ဒါပေမယ့် သူတို့နှစ်ယောက်လုံးက “ဒီကစားသမားသစ်အဖြစ် ပေါ်ထွက်လာတဲ့ တရုတ်နိုင်ငံရဲ့ ကွင်းထဲမှာ ပါဝင်ရတာ အရမ်းပျော်ပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ၏ အမှုဆောင်ဒုတိယနိုင်ငံခြားရေးဝန်ကြီး Ma Zhaoxu (ဗဟို) သည် အီရန်ဒုတိယနိုင်ငံခြားရေးဝန်ကြီး Kazem Gharibabadi (ဘယ်) နှင့် ရုရှားဒုတိယနိုင်ငံခြားရေးဝန်ကြီး Sergei Ryabkov အား ဘေဂျင်းတွင် သောကြာနေ့တွင် လက်ခံတွေ့ဆုံသည်။ credit- CCTV

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်းအပေါ် ပူတင်၏ သဘောထား တင်းမာမြဲဖြစ်သော်လည်း ရုရှားပြည်တွင်း၌ စစ်ပွဲနှင့်ပတ်သက်၍ လူထုအမြင် ပြောင်းလဲလာနေသလား

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 34 Views
ရေးသားသူ- ဘီဘီစီ ရုရှားအယ်ဒီတာ စတီ့ဗ် ရိုစင်ဘာ့ဂ်(Steve Rosenberg) BBC- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၃ရက် မူလက စစ်ဆင်ရေးကို
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်၏ တိုက်ခိုက်မှုများကို တုံ့ပြန်သည့်အနေဖြင့် အမေရိကန် ပဉ္စမမြောက် ရေတပ်စုဌာနချုပ်နှင့် လေတပ်စခန်းတို့ကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြောင်း အီရန်ပြောကြား

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 26 Views
CNN-၂၀၂၆ခုနှစ်၊ ဂျွန်လ ၃ရက် ဟယ်လင် ရီဂန် (Helen Regan) ရေးသားသည်။ အီရန်နှင့်ဆက်နွှယ်နေသော ရေနံတင်သင်္ဘောတစ်စင်းကို အမေရိကန်က တိုက်ခိုက်ခဲ့မှုနှင့် ကက်ရှ်မ်ကျွန်း (Qeshm Island) ပေါ်သို့ ဗုံးကြဲတိုက်ခိုက်ခဲ့မှုများကို တုံ့ပြန်သည့်အနေဖြင့် ၎င်းတို့သည် ဒေသတွင်းရှိ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အပစ်အခတ်ရပ်စဲရေး မသေချာမရာဖြစ်နေစဉ် အမေရိကန်နှင့် အီရန်တို့ ရက်သတ္တပတ်များအတွင်း အပြင်းထန်ဆုံး အပြန်အလှန်တိုက်ခိုက်မှုများ ပြုလုပ်နေ

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 27 Views
CNN- ဂျက်ဆီ ယန်း (Jessie Yeung) ရေးသားသည်။ ပြီးခဲ့သည့် ဧပြီလတွင် အပစ်အခတ်ရပ်စဲရေး စတင်ခဲ့ပြီးနောက်ပိုင်း အပြင်းထန်ဆုံးသော ညသန်းခေါင်ယံ တိုက်ခိုက်မှုတစ်ခုအဖြစ် အမေရိကန်နှင့် အီရန်တို့သည် အပြန်အလှန် စစ်ရေးအရ တုံ့ပြန်ခဲ့ကြသည်။ ရက်အနည်းငယ်ကြာ အပြန်အလှန်
နိုင်ငံတကာသတင်း မြန်မာသတင်း အာရှ အိန္ဒိယ

မင်းအောင်လှိုင်ရဲ့ သမ္မတအနေနဲ့ ပထမဆုံး ပြည်ပခရီးစဉ် လာရောက်တာကို ဂုဏ်ယူတယ်ဆိုပြီး မိုဒီပြော

  • 2026 ခုနှစ်၊ ဇွန်လ 2 ရက်
  • 44 Views
‌ဇွန်လ (၂)ရက်။ မင်းအောင်လှိုင်ဟာ သမ္မတ ရွေးချယ်ခံရပြီးနောက် ပထမဆုံး ပြည်ပခရီးစဉ်အနေနဲ့ အိန္ဒိယကို လာရောက်တဲ့အပေါ် ဂုဏ်ယူတယ်ဆိုပြီး ဝန်ကြီးချုပ် မိုဒီက မနေ့က တွေ့ဆုံပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ နိုင်ငံရဲ့အာဏာကို လက်နက်အားကိုးနဲ့ အတင်းအဓမ္မလုယူပြီး အတုအယောင်ရွေးကောက်ပွဲ
နိုင်ငံတကာသတင်း လက်ဘနွမ် အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လက်ဘနွန်အရေးကြောင့် ဆွေးနွေးပွဲများမှ နုတ်ထွက်မည်ဟု ခြိမ်းခြောက်ပြီးနောက် သံတမန်ရေးရာလမ်းကြောင်း ပြန်လည်စတင်ပြီဖြစ်ကြောင်း အီရန် အရိပ်အမြွက်ပြသ

  • 2026 ခုနှစ်၊ ဇွန်လ 2 ရက်
  • 39 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ (၂)ရက် အီရန်နှင့် ဝါရှင်တန်တို့ကြား ဆွေးနွေးမှုများ ဆက်လက်လုပ်ဆောင်နေကြောင်း အီရန်မီဒီယာ များက အရိပ်အမြွက် ဖော်ပြခဲ့ကြသော်လည်း၊ လက်ဘနွန်အပေါ် အစ္စရေး၏ တိုက်ခိုက်မှုများ ဆက်လက်ရှိနေပါက အခြေအနေကို ပိုမိုတင်းမာအောင် ပြုလုပ်သွားမည်ဟု အီရန်၏
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အရှေ့အလယ်ပိုင်း

လက်ဘနွန်နှင့် အစ္စရေးတို့ကြား ဆွေးနွေးပွဲများ ပြန်လည်စတင်ရန် ပြင်ဆင်နေစဉ် ဟစ်ဇဘိုလာနှင့် အစ္စရေးတို့ ဆက်လက်တိုက်ပွဲဖြစ်ပွားနေ

  • 2026 ခုနှစ်၊ ဇွန်လ 2 ရက်
  • 36 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ(၂)ရက် လက်ဘနွန်နှင့် အစ္စရေး ကိုယ်စားလှယ်အဖွဲ့များသည် အင်္ဂါနေ့တွင် နောက်ထပ်ဆွေးနွေးပွဲတစ်ခုအတွက် ပြင်ဆင်နေကြသော်လည်း၊ လက်ဘနွန်ရှိ အီရန်ကျောထောက်နောက်ခံပြု ဟစ်ဇဘိုလာလက်နက်ကိုင်အဖွဲ့နှင့် အစ္စရေးစစ်တပ်တို့သည် လက်ဘနွန်တောင်ပိုင်းတွင် ညတွင်းချင်း ဆက်လက်၍ အပြန်အလှန် တိုက်ခိုက်ခဲ့ကြသည်။ ဟစ်ဇဘိုလာ၏ တိုက်ခိုက်မှုများကို