နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဩဂုတ်လ 18 ရက်

မြန်မာသတင်း

မြန်မာသတင်း

ကျားဖြန့်လုပ်ကိုင်တဲ့ တရုတ်နိုင်ငံသား (၃၇၅)ဦးကို စစ်ကောင်စီ ပြန်လွှဲပြောင်း

မတ်လ (၁၅)ရက်။

မနေ့က နိုင်ငံထဲ တရားမဝင် ဝင်ရောက်လာပြီး ကျားဖြန့်လုပ်ငန်းမှာ ပါဝင်ခဲ့တဲ့ တရုတ်နိုင်ငံသား (၃၇၅)ဦးကို ပြည်နှင်လွှဲပြောင်းပေးခဲ့တယ်လို့ စစ်ကောင်စီရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

အဲ့ဒီ ကျားဖြန့်လုပ်ကိုင်တဲ့ တရုတ်နိုင်ငံသားတွေကို မြန်မာ-ထိုင်း အမှတ်(၂) ချစ်ကြည်ရေးတံတားကနေတဆင့် သက်ဆိုင်ရာနိုင်ငံကို ပြန်လည်လွှဲပြောင်းပေးခဲ့တယ်လို့ ဆိုပါတယ်။

ပြည်နှင်လွှဲပြောင်းပေးအပ်ပွဲကို စစ်ကောင်စီရဲ့ ပြည်နယ်နယ်/လုံဝန်ကြီးနဲ့ တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနရဲ့ ပြစ်မှုဆိုင်ရာစုံစမ်းရေးဌာနက ဒုညွှန်ချုပ်အပါအဝင် ထိုင်းနိုင်ငံ တာ့ခ်ခရိုင် လဝကတာဝန်ရှိသူတွေ တက်ရောက်ခဲ့ပါတယ်။

နောက်ပြီး မြဝတီမြို့ မင်းလက်ပံနဲ့ KK Park နယ်မြေထဲကို တရားမဝင်လမ်းကြောင်းကနေ ဝင်ရောက်လာတဲ့ နိုင်ငံခြားသား (၂၆၀)ဦးကို ထပ်မံ ဖမ်းဆီးရမိခဲ့သေးတယ်လို့ ဖော်ပြထားပါတယ်။

ထပ်မံဖမ်းမိခဲ့သူတွေကို သက်ဆိုင်ရာနိုင်ငံတွေဆီ အမြန်ဆုံးပြန်လည်လွှဲပြောင်း‌ဖို့ ဆောင်ရွက်နေကာ ဇန်နဝါရီလ (၃၀)ရက်ကနေ မတ်လ (၁၄)ရက်နေ့အထိ နိုင်ငံခြားသား (၆၂၇၅)ဦးအထိ ဖမ်းမိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

ဖမ်းမိခဲ့တဲ့ နိုင်ငံခြားသား (၆၀၀၀)ကျော်ထဲ (၃၅၈၈)ဦးကို သက်ဆိုင်ရာနိုင်ငံတွေဆီ လွှဲပြောင်းခဲ့ပြီး ကျန်တဲ့ နိုင်ငံခြားသား (၂၆၀၀)ကျော်ကို လွှဲပြောင်းပေးဖို့ အသင့်ဖြစ်နေကာ ကောင်းမွန်စွာ ထိန်းသိမ်းထားတယ်လို့ ပြောဆိုထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

မိုးကုတ်မြို့ ရဲစခန်းနဲ့ ထွေအုပ်ရုံးအနီးကို စစ်ကောင်စီတပ် ထပ်မံဗုံးကြဲ၊ ကလေးငယ်အပါအဝင် ပြည်သူ (၃)ဦး သေဆုံးခဲ့

  • 2025 ခုနှစ်၊ ဩဂုတ်လ 17 ရက်
  • 41 Views
ဩဂုတ်လ (၁၇)ရက်။ ဒီကနေ့ နံနက် (၉)နာရီအချိန်က မိုးကုတ်မြို့အရှေ့ပိုင်းရှိ မြို့မရဲစခန်းနဲ့ ထွေအုပ်ရုံးအနီးကို စစ်ကောင်စီတပ်က ပေါင် (၂၅၀)ဗုံး (၃)လုံး
မြန်မာသတင်း

စစ်တပ်ရဲ့ လေကြောင်းဗုံးကြဲတာမှာ KNU စစ်ဦးစီးချုပ် သေဆုံးခဲ့တယ်ဆိုပြီး စစ်လော်ဘီတွေ ဝါဒဖြန့်

  • 2025 ခုနှစ်၊ ဩဂုတ်လ 17 ရက်
  • 32 Views
ဩဂုတ်လ (၁၇)ရက်။ ဩဂုတ်လ (၁၁)ရက်နေ့က စစ်တပ်က လေကြောင်းဗုံးကြဲခဲ့တာမှာ KNU စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောဂျော်နီ သေဆုံးတယ်ဆိုပြီး စစ်လော်ဘီချန်နယ်တွေက
မြန်မာသတင်း

ပလမြို့တိုက်ပွဲထဲ စစ်ကောင်စီတပ်ဖွဲ့ဝင် (၅၃)ဦးသေဆုံးပြီး (၄၈)ဦးဒဏ်ရာရရှိခဲ့တယ်လို့ ပုလော-PDF ထုတ်ပြန်

  • 2025 ခုနှစ်၊ ဩဂုတ်လ 17 ရက်
  • 34 Views
ဩဂုတ်လ (၁၇)ရက်။ ပုလောမြို့နယ် ပလမြို့ကို စစ်ကြောင်းထိုးဝင်လာဖို့ ကြိုးပမ်းတဲ့ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးပူးပေါင်းတပ်တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ပုလော-PDF ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ဇူလိုင်လ (၂၄)ရက်ကစပြီး ပလမြို့ကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးဝင်ဖို့
မြန်မာသတင်း

ငဖဲမြို့တိုက်ပွဲထဲ စစ်ကောင်စီတပ်ဖွဲ့ဝင် (၂၀)ဦး သေဆုံးခဲ့

  • 2025 ခုနှစ်၊ ဩဂုတ်လ 17 ရက်
  • 23 Views
ဆုတ်ခွာထွက်ပြေးသူတွေကို လိုက်လံချေမှုန်းနေတယ်လို့ AA ထုတ်ပြန် ဩဂုတ်လ (၁၇)ရက်။ ဩဂုတ်လ (၁၄)ရက်နေ့က ငဖဲမြို့ စွန်တက်ကျေးရွာရဲ့ မြောက်ဘက် မီတာ(၃၀၀၀)ကျော်အကွာက AA တပ်ဖွဲ့တွေရှိရာကို စစ်‌ကောင်စီတပ်ရဲ့ တပ်မ(၉၉)လက်အောက်ခံတပ်တွေ ထိုးစစ်ဆင်လာခဲ့တယ်လို့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။
မြန်မာသတင်း

အိုးဘိုထောင် ဗုံးကြဲခံရတဲ့ဖြစ်စဉ်ထဲ သေဆုံးခဲ့တဲ့ နိုင်ငံရေးအကျဉ်းသားတွေစာရင်း PPNM ထုတ်ပြန်

  • 2025 ခုနှစ်၊ ဩဂုတ်လ 17 ရက်
  • 26 Views
ဩဂုတ်လ (၁၇)ရက်။ ဩဂုတ်လ (၈)ရက်နေ့က မန္တလေး အိုးဘိုထောင်ကို ဗုံးကြဲခဲ့တဲ့ဖြစ်စဉ်ထဲ နိုင်ငံရေးအကျဉ်းသားတွေအပါအဝင် အကျဉ်းသား စုစုပေါင်း (၂၁)ဦး သေဆုံးခဲ့တယ်လို့ PPNM ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဖြစ်စဉ်ထဲ သေဆုံးသူတွေမှာ နိုင်ငံရေးအကျဉ်းသား
မြန်မာသတင်း

ရွေးကောက်ပွဲမှာ လုံခြုံရေးအတွက် စိုးရိမ်စရာမလိုဘူးဆိုပြီး ကြံ့ခိုင်ရေးပါတီပြော

  • 2025 ခုနှစ်၊ ဩဂုတ်လ 16 ရက်
  • 35 Views
ဩဂုတ်လ (၁၅)ရက်။ လာမယ့်ရွေးကောက်ပွဲမှာ လုံခြုံရေးအတွက် စိုးရိမ်စရာမလိုဘူးဆိုပြီး ကြံ့ခိုင်ရေးပါတီဥက္ကဋ္ဌ ဦးခင်ရီက မနေ့က ရန်ကုန်မြို့မှာ ကျင်းပခဲ့တဲ့ သတင်းစာရှင်းလင်းပွဲထဲ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ အခု နိုင်ငံရဲ့လုံခြုံရေးအခြေအနေအရ မဲဆန္ဒနယ်တွေ ပိုမိုကျယ်ပြန့်လာနိုင်ပေမယ့် နယ်မြေရှင်းလင်းရေး အောင်မြင်လာတဲ့အတွက်
မြန်မာသတင်း

စစ်ကောင်စီရွေးကောက်ပွဲအတွက် သင်တန်းတက်မယ့် Non-CDM ပညာရေးဝန်ထမ်း (၄)ဦးကို MSRF ဖမ်းမိ

  • 2025 ခုနှစ်၊ ဩဂုတ်လ 16 ရက်
  • 26 Views
ဩဂုတ်လ (၁၅)ရက်။ သံဖြူဇရပ်-ရေး အမှတ် (၈)အမြန်လမ်းမှာ Non-CDM ပညာရေးဝန်ထမ်း (၄)ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ MSRF ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ မွန်ပြည်နယ် ရေးမြို့နယ်အတွက် ရွေးကောက်ပွဲမှာ ပါဝင်ဆောင်ရွက်ကြမယ့် Non-CDM ဝန်ထမ်းတွေရဲ့
မြန်မာသတင်း

ရွေးကောက်ပွဲအတွက် အစည်းအ‌ဝေးလုပ်နေတဲ့ အုပ်ချုပ်ရေးမှူးရုံးကို လုံခြုံရေးယူပေးနေတဲ့ စစ်ကောင်စီတပ် တိုက်ခိုက်ခံရ

  • 2025 ခုနှစ်၊ ဩဂုတ်လ 15 ရက်
  • 41 Views
ဩဂုတ်လ (၁၅)ရက်။ မနေ့က ည (၁၀)နာရီဝန်းကျင်ခန့်မှာ လှိုင်သာယာ (၁၄)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကို လုံခြုံရေးယူပေးနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို မိုင်းခွဲတိုက်ခိုက်ခဲ့တယ်လို့ မြို့ပြကြွက်ကွန်ယက်ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ည (၁၀)နာရီလောက် လှိုင်သာယာ(၁၄)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးမှာ