နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇန်နဝါရီလ 11 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ

ဂါဇာကမ်းမြောင်ဒေသကို အစ္စရေးက လေကြောင်းတိုက်ခိုက်မှုကြောင့် လူ ၂၀၀ ကျော် သေဆုံးခဲ့ပါတယ်

မတ်လ (၁၈) ရက်။

ဂါဇာကမ်းမြောင်ဒေသရှိ အစ္စလာမ္မစ်အဖွဲ့ ဟားမတ်စ်အဖွဲ့ရဲ့ အခြေစိုက်စခန်းကို အစ္စရေးစစ်တပ်က ကြီးမားတဲ့ လေကြောင်းတိုက်ခိုက်မှုတစ်ခု ပြုလုပ်ခဲ့တာ ကလေးငယ်များ အပါအဝင် လူပေါင်း ၂၀၀ ကျော် သေဆုံးခဲ့ကြောင်း ဒေသဆိုင်ရာ ကျန်းမာရေး အာဏာပိုင်တွေက ပြောကြားခဲ့တာကို ရိုက်တာ အပါအဝင် မီဒီယာအချို့က ဖော်ပြကြပါတယ်။

အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက “အစ္စရေးက ဟားမတ်စ်ကို ဒီထက်ပြင်းထန်တဲ့ စစ်ဆင်ရေးတွေကို လုပ်ဆောင်သွားမှာပါ” လို့ အလေးပေး ပြောကြားခဲ့ပါတယ်။ အစ္စရေး-ဟားမတ်စ်အကြား အပစ်အခတ် ရပ်စဲရေးဟာ ပျက်ပြားသွားဖွယ် ရှိပါတယ်။

အခုနှစ် ဇန်နဝါရီလကတည်းက အပစ်အခတ် ရပ်စဲထားတဲ့ ပါလက်စတိုင်းရှိ ဂါဇာကမ်းမြောင်ဒေသမှာ အစ္စရေးစစ်တပ်က ဟားမတ်စ်အခြေစိုက်စခန်းများကို အကြီးစား လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်နေကြောင်း ဒေသစံတော်ချိန် ၁၈ ရက်နေ့ မနက်အစောပိုင်းတွင် ကြေညာခဲ့ပါတယ်။

လေကြောင်းတိုက်ခိုက်ခဲ့ရတဲ့ အကြောင်းရင်းကို “အပစ်အခတ်ရပ်စဲရေးကို အချိန်အတိုင်းအတာတစ်ခုအထိ သက်တမ်းတိုးပြီး ဓားစာခံတွေ လွှတ်ပေးဖို့ အမေရိကန်ရဲ့အဆိုပြုချက်ကို ဟားမတ်စ်က ပယ်ချခဲ့တဲ့အတွက် ဖြစ်တယ်” လို့ အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက ထုတ်ပြန်ချက်မှာ ဖော်ပြခဲ့ပြီး အစ္စရေးက ပိုမိုပြင်းထန်တဲ့ စစ်အင်အားနဲ့ ဟားမတ်စ်ကို တိုက်ခိုက်သွားမယ်လို့ အလေးပေးပြောကြားခဲ့ပါတယ်။

ဂါဇာကမ်းမြှောင်တစ်လျှောက်မှာ ကလေးငယ်များအပါအဝင် လူပေါင်း ၂၀၀ ကျော် သေဆုံးခဲ့ကြောင်း ဒေသဆိုင်ရာ ကျန်းမာရေးအာဏာပိုင်တွေရဲ့ ပြောကြားချက်ကို ကိုးကားပြီး ရိုက်တာနဲ့ အရှေ့အလယ်ပိုင်း ဂြိုလ်တုရုပ်မြင်သံကြားဌာန Al Jazeera တို့က ဖော်ပြကြပါတယ်။

အပစ်အခတ်ရပ်စဲရေး ဆက်လက်ဆွေးနွေးဖို့ ခက်ခဲနေတဲ့အချိန်မှာ အစ္စရေးစစ်တပ်ဟာ ဂါဇာကမ်းမြောင်ဒေသမှာ ဒရုန်းတွေ အသုံးပြုပြီး ကြို့ကြားကြိုကြား တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ရာ အသေအပျောက်တွေရှိခဲ့ပေမဲ့ အခုနောက်ဆုံးလေကြောင်းတိုက်ခိုက်မှုဟာ အပစ်အခတ်ရပ်စဲရေး စတင်အသက်ဝင်ပြီးနောက်ပိုင်း အကြီးမားဆုံးတိုက်ခိုက်မှုဖြစ်တယ်လို့ သိရပါတယ်။

“ဝန်ကြီးချုပ် နေတန်ယာဟုက အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို စွန့်လွှတ်ပြီး ဓားစာခံတွေကို အန္တရာယ်ဖြစ်စေတယ်” လို့ ဟားမတ်စ်အဖွဲ့က ပြင်းပြင်းထန်ထန် ကန့်ကွက်လိုက်ပါတယ်။

အစ္စရေးစစ်တပ်က ဂါဇာကမ်းမြောင်ဒေသရှိ ဟားမတ်စ် အခြေစိုက်စခန်းများကို ပစ်မှတ်ထား၍ 18 ရက် (ဒေသစံတော်ချိန်) တွင် ကြီးမားသော လေကြောင်းတိုက်ခိုက်မှုတစ်ခု ပြုလုပ်ခဲ့ကြောင်း သိရသည်။

NHK ဂါဇာရုံးက ကင်မရာမင်း Salam Abtahon က ဂါဇာတောင်ပိုင်း ခန်းယူနစ်စ်ရှိ နက်ဆာ (Nasser) ဆေးရုံမှာ ဒေသစံတော်ချိန် နံနက် ၂း၃၀ နာရီခန့်က ရိုက်ကူးထားတဲ့ ဗီဒီယိုဖိုင်မှာ ကလေးငယ်တွေ အပါအဝင် ဒဏ်ရာရသူများကို တယောက်ပြီးတယောက် ခေါ်ဆောင်လာတာကို တွေ့ရပါတယ်။

အစ္စရေး ကုလသမဂ္ဂ သံတမန် – “ ကျွန်တော်တို့ ရန်သူတွေကို မသနားဘူး”

အစ္စရေးလေတပ်က ဂါဇာကမ်းမြှောင်ရှိ ဟားမတ်စ်ပစ်မှတ်တွေကို တိုက်ခိုက်ခဲ့ပါတယ်။ ရန်သူတွေကို သနားညှာတာမှု မပြဘဲ အစ္စရေးလေတပ်က ဓားစာခံအားလုံးကို မလွှတ်ပေးမချင်း တိုက်ခိုက်မှုတွေကို ရပ်တန့်မှာ မဟုတ်ဘူးလို့ အစ္စရေးရဲ့ ကုလသမဂ္ဂသံအမတ်ကြီးက ၁၇ ရက်နေ့က ထုတ်ပြန်ခဲ့ပါတယ်။

အမေရိကန် ပြောရေးဆိုခွင့်ရှိသူက “ဂါဇာကမ်းမြှောင်ကို တိုက်ခိုက်ဖို့ အစ္စရေးက ကျွန်မတို့နဲ့ ဆွေးနွေးခဲ့တယ်”

အိမ်ဖြူတော်ပြောရေးဆိုခွင့်ရှိသူ ကာရိုလိုင်းလီးဗစ်က ဂါဇာကမ်းမြောင်ဒေသရှိ ဟားမတ်စ်အခြေစိုက်စခန်းတွေကို အစ္စရေးစစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး ရက်နေ့က Fox News အစီအစဉ်မှာ ပြောဆိုခဲ့ပြီး “ ထရန့်အစိုးရနဲ့ အိမ်ဖြူတော်တို့က ဂါဇာကမ်းမြောင်ဒေသ တိုက်ခိုက်မှုတွေနဲ့ ပတ်သက်ပြီး အစ္စရေးတို့နဲ့ ဆွေးနွေးတိုင်ပင်ခဲ့တယ်” လို့ ပြောဆိုခဲ့ပါတယ်။

ကိုးကား။ ရိုက်တာ, NHK, Al Jazeera

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အီရန်

အာဏာပိုင်များ၏ နှိမ်နင်းမှုအပြီး ဆေးရုံများတွင် ‘အလောင်းများ ပုံနေသည်’ ကို မြင်တွေ့ခဲ့ရကြောင်း တီဟီရန်ရှိ ဆန္ဒပြသူများ ပြောကြား

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 11 ရက်
  • 14 Views
၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ ၁၁ရက် ပြီးခဲ့သည့် ရက်ပိုင်းအတွင်း အီရန်နိုင်ငံ၌ ဆန္ဒပြခဲ့ကြသူ အများအပြားက တီဟီရန် လမ်းမများ ပေါ်တွင် လူအုပ်ကြီးနှင့်အတူ
နိုင်ငံတကာသတင်း ဗင်နီဇွဲလား အမေရိကန်

ဗင်နီဇွဲလားက ‘ငြိမ်းချမ်းရေး’ အထိမ်းအမှတ်အဖြစ် ပထမဆုံး အကျဉ်းသားအချို့ကို ပြန်လွှတ်ပေး-

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 9 ရက်
  • 30 Views
CNN- ၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ၊ ၉ရက် ဗင်နီဇွဲလားသမ္မတ နီကိုးလပ်စ် မာဒူရို (Nicolás Maduro) ကို ဖမ်းဆီးရန် အမေရိကန်၏ စစ်ဆင်ရေးအပြီး တစ်ပတ်မပြည့်မီမှာပင် ဗင်နီဇွဲလားအစိုးရက “ငြိမ်းချမ်းရေးကို ရှာဖွေရန်” ဟုဆိုကာ အတိုက်အခံ နိုင်ငံရေးသမားများ
နိုင်ငံတကာသတင်း အီရန်

တဟီရန်တွင် လမ်းပေါ်ထွက်ဆန္ဒပြမှုများ ပေါက်ကွဲထွက်လာပြီး တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အစိုးရဆန့်ကျင်ရေး အုံကြွမှုများ ပြန့်နှံ့လာ

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 9 ရက်
  • 37 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၉ ရက် ကြာသပတေးနေ့က အီရန်နိုင်ငံ တဟီရန်မြို့တော်တွင် အစိုးရဆန့်ကျင်ရေး ဆန္ဒပြမှုများ ပေါက်ကွဲထွက်လာခဲ့သည်။ ယိမ်းယိုင်နေသော စီးပွားရေးနှင့် လုံခြုံရေးတပ်ဖွဲ့များ၏ နှိမ်နင်းမှုများအပေါ် ဒေါသထွက်နေကြသော အီရန်ပြည်သူများသည် မြို့တော်၏
နိုင်ငံတကာသတင်း ပြင်သစ် ဗြိတိန် ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ ဥရောပ

ယူကရိန်းသို့ စေလွှတ်မည့် မည်သည့် နိုင်ငံခြားတပ်ဖွဲ့ဝင်မဆို “ တရားဝင် ပစ်မှတ်များ” ဖြစ်လာမည်ဟု ရုရှားသတိပေး

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 8 ရက်
  • 42 Views
CNN- ၂၀၂၆ခုနှစ်၊ ဇွန်လ၈ရက် ယူကရိန်းနိုင်ငံတွင် ငြိမ်းချမ်းရေး သဘောတူညီချက် ရရှိလာပါက တပ်ဖွဲ့ဝင်များ စေလွှတ်မည်ဟု ပြင်သစ်နှင့် ဗြိတိန်တို့က ကတိပြုပြီးနောက်၊ ယူကရိန်းရှိ အနောက်အုပ်စု တပ်ဖွဲ့များသည် “ တရားဝင် ပစ်မှတ်များ” ဖြစ်သည်ဆိုသည့် သူတို့၏
နိုင်ငံတကာသတင်း အမေရိကန်

မင်နီယာပိုလစ်မြို့တွင် “လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်ခွန်ကြီးကြပ်ရေးဌာန”(ICE) အေးဂျင့်တစ်ဦးက အမျိုးသမီးတစ်ဦးအား ပစ်သတ်မှုကြောင့် လူဝင်မှုကြီးကြပ်ရေး နှိမ်နင်းမှုအပေါ် တင်းမာမှုများ ပိုမိုမြင့်တက်လာ

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 8 ရက်
  • 41 Views
CNN- ၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ ၈ရက် မင်နီယာပိုလစ်မြို့တွင် လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်ခွန်ကြီးကြပ်ရေး (ICE) အေးဂျင့်တစ်ဦးက အမျိုးသမီးတစ်ဦးအား သေနတ်ဖြင့် ပစ်သတ်ခဲ့မှုအပေါ် ပြည်တွင်းလုံခြုံရေးဝန်ကြီး ခရစ်စတီနူံးမ်(Kristi Noem) က အဆိုပါအေးဂျင့်ဘက်မှ ခုခံကာကွယ် ပြောကြားခဲ့သည်။ ထိုအမျိုးသမီးသည်
ဂျပန် နိုင်ငံတကာသတင်း ဥရောပ

မျက်မှန်အပြောင်းအလဲလုပ်စရာမလို အလိုအလျှောက်ကြည်လင်သောအမြင်ကို ချိန်ညှိပေး မည့်အနာဂါတ်မျက်မှန်။

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 7 ရက်
  • 29 Views
CNN -၂၀၂၆ခုနှစ်၊ဇန်နဝါရီလ ၇ ရက် ဖင်လန်နိုင်ငံအခြေစိုက် မျက်မှန်ကုမ္ပဏီဖြစ်သော IXI သည် သာမန်မျက်မှန်များနှင့် ပုံစံတူ သော်လည်း တပ်ဆင်သူ၏ လိုအပ်ချက်ပေါ်မူတည်၍ အမြင်အာရုံကို အလိုအလျောက် ချိန်ညှိပေးနိုင်သည့် “Autofocus” စမတ်မျက်မှန်များကို မိတ်ဆက်ရန် ပြင်ဆင်နေပါသည်။
နိုင်ငံတကာသတင်း ဗင်နီဇွဲလား အမေရိကန်

ဗင်နီဇွဲလားရေနံကို ပြန်လည်အသက်သွင်းလိုသည့် ထရမ့်၏အိပ်မက်ကို ရေနံကုမ္ပဏီကြီး များ စိတ်မဝင်စား

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 6 ရက်
  • 43 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၆ ရက် နယူးယောက် — ဗင်နီဇွဲလား၏ ရေနံနှင့်ပတ်သက်၍ သမ္မတ ဒေါ်နယ်ထရမ့်သည် ကြီးမားသော အမှားတွက်ချက်မှုတစ်ခု ပြုလုပ်ခဲ့ပုံရသည်။ ဗင်နီဇွဲလား၏ များပြားလှသော ရေနံသယံဇာတများကို အမေရိကန်ရေနံကုမ္ပဏီများ