နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မေလ 17 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်းကလေးငယ်တွေရဲ့ စိတ်ကူးယဉ်ကမ္ဘာကို ရုရှားက ဖျက်ဆီးခဲ့တယ်လို့ ကုလသမဂ္ဂရှုတ်ချ

+++++++++++++++++++++

ယူကရိန်းကလေးငယ်တွေရဲ့အနာဂတ်ကို စိတ်ကူးယဉ်ခွင့်မရှိအောင် ရုရှားက ဖျက်ဆီးလိုက်တယ်လို့ ကုလသမဂ္ဂက ဝေဖန်ရှုတ်ချလိုက်ပါတယ်။ 2022 ခုနှစ် ဖေဖော်ဝါရီလ 24 ရက်နေ့ကနေ ဒီဇင်ဘာလ 31 ရက်နေ့အတွင်း ယူကရိန်းအပေါ် ရုရှားရဲ့ ကျူးကျော်တိုက်ခိုက်မှုကြောင့် ကလေးငယ် 36 ဦးသေဆုံးခဲ့ရသလို လူနေထူထပ်တဲ့နေရာတွေမှာ ဖောက်ခွဲရေးပစ္စည်းတွေအကြီးအကျယ်အသုံးပြုမှုကြောင့် ကလေးငယ်အများအပြား ဒဏ်ရာရရှိခဲ့ကြပါတယ်။ ဒါကြောင့် ကုလသမဂ္ဂရဲ့ OHCHR အကြီးအကဲ လစ်ဇ်သရော့ဆဲလ်က “ ယူကရိန်းအပေါ် ရုရှားရဲ့ ကျူးကျော်စစ်ဟာ လူ့အခွင့်အရေးတွေကို အကြီးအကျယ်ချိုးဖောက်နေတာဖြစ်ပါတယ်။ အဲဒီကျူးကျော်စစ်ကြောင့် သန်းနဲ့ချီတဲ့ ယူကရိန်းကလေးငယ်တွေရဲ့ စိတ်ထဲမှာ မထင်မှတ်လောက်အောင်ဆိုးရွားတဲ့ စိတ်ဝေဒနာတွေ ခံစားရစေပါတယ်။ ကလေးငယ်တွေဟာ ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာမှာပါ ဒဏ်ရာတွေ ရနေကြတာပါ” လို့ ရှုတ်ချဝေဖန်ခဲ့တာဖြစ်ပါတယ်။ ရုရှားဟာ 2022 ခုနှစ်နောက်ပိုင်း ယူကရိန်းရဲ့ ဒေသ လေးခုကို ကျူးကျော်သိမ်းပိုက်ခဲ့ပြီး ကလေးငယ်တွေရဲ့ အခွင့်အရေးကို ထိခိုက်စေမယ့် ဥပဒေတွေ၊ အုပ်ချုပ်ရေးနဲ့ အဖွဲ့အစည်းတွေကို ပြောင်းလဲပစ်ခဲ့တယ်လို့လည်း သူက ပြောပါတယ်။ အရပ်သားတွေကို တမင်တကာ သတ်ဖြတ်တာဟာ စစ်ရာဇဝတ်မှုဖြစ်ပြီး ဂျနီဗာသဘောတူညီချက်ကို ဆိုးဆိုးရွားရွားချိုးဖောက်မှုဖြစ်ပါတယ်။ ယူကရိန်းမှာ 2022 ခုနှစ်ကနေ 2023 ခုနှစ်အတွင်း အပြစ်မဲ့ ယောက်ကျာ်းလေး 5 ဦးနဲ့ မိန်းကလေး 2 ဦးအထိ သတ်ဖြတ်ခံခဲ့ရတယ်လို့ အစီရင်ခံစာတစ်ခုမှာဖော်ပြထားပါတယ်။ ဒါ့အပြင် ယူကရိန်းကလေးငယ်တွေကို ရုရှားနိုင်ငံတော်သီချင်းနဲ့ ရုရှားပညာရေးသင်ရိုးညွှန်းတမ်းကို အတင်းအကြပ် သင်ကြားခံခဲ့ရတယ်ုလို့လည်း ကုလသမဂ္ဂရဲ့ အစီရင်ခံစာမှာ ဖော်ပြထားတာကြောင့် နိုင်ငံတကာလူသားချင်းစာနာမှုဥပဒေကို ရုရှားက ပြောင်ပြောင်တင်းတင်းချိုးဖောက်ခဲ့တာ ထင်ရှားပါတယ်။ ရုရှားတို့သိမ်းပိုက်ထားတဲ့ ယူကရိန်းနယ်မြေ လေးခုက ကလေးငယ် 200 ခန့်ကို ရုရှားနိုင်ငံဘက် လွှဲပြောင်းခဲ့ခြင်းကလည်း စစ်ရာဇဝတ်မှုမြောက်နိုင်ကြောင်း ကုလအစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

တရုတ် နိုင်ငံတကာသတင်း အမေရိကန် အာရှ

ထိုင်ဝမ်သို့ လက်နက်ရောင်းချရန် ဆိုင်းငံ့ထားမှုအပေါ် “ ညှိနှိုင်းရယူဖို့ ကောင်းမွန်တဲ့ အကျိုးအမြတ်တစ်ခု” ဟု ထရမ့် ခေါ်ဆို

  • 2026 ခုနှစ်၊ မေလ 16 ရက်
  • 19 Views
CNN- ၂၀၂၆ခုနှစ်၊ မေလ ၁၆ရက် သမ္မတ ဒေါ်နယ်ထရမ့်က ထိုင်ဝမ်သို့ လက်နက်များ ရောင်းချရန် ဆိုင်းငံ့ထားသည့် ဒေါ်လာ ၁၄
တရုတ် နိုင်ငံတကာသတင်း အမေရိကန်

ဂျင်မီလိုင်အား ထောင်မှလွှတ်ပေးရန် တောင်းဆိုချက်အပေါ် ရှီကျင့်ဖျင်၏ တုံ့ပြန်မှုမှာ “ အပြုသဘောမဆောင်” ဟု ထရမ့် ပြောကြား

  • 2026 ခုနှစ်၊ မေလ 16 ရက်
  • 20 Views
CNN- ၂၀၂၆ခုနှစ်၊ မေလ ၁၆ရက် ဟောင်ကောင် မီဒီယာလုပ်ငန်းရှင်ဟောင်း ဂျင်မီလိုင် (Jimmy Lai) နှင့် ပါစတာ ဇာဂျင်မင်ရီ
နိုင်ငံတကာသတင်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

နျူကလီးယားထိပ်ဖူးတပ်ဆင်နိုင်သော အစွမ်းထက်ဒုံးကျည်စမ်းသပ်မှုဖြင့် ပူတင် အင်အားပြ

  • 2026 ခုနှစ်၊ မေလ 16 ရက်
  • 13 Views
၂၀၂၆ ခုနှစ်၊ မေလ ၁၄ ရက် မော်စကို —နေတိုး (NATO) အဖွဲ့က “စေတန် ၂” (Satan II) ဟု အမည်ပေးပုံတူကူးထားသည့် ရုရှား၏ ကမ္ဘာ့အစွမ်းထက်ဆုံး ဒုံးကျည်စနစ်ကို အင်္ဂါနေ့က အောင်မြင်စွာ
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

စစ်ပွဲစတင်ကတည်းက အကြီးမားဆုံးနှင့် အချိန်အရှည်ကြာဆုံး ဒရုန်းတိုက်ခိုက်မှုဖြင့် ယူကရိန်းကို ရုရှားက အပြင်းအထန် ဗုံးကြဲတိုက်ခိုက်

  • 2026 ခုနှစ်၊ မေလ 16 ရက်
  • 19 Views
CNN- ၂၀၂၆ ခုနှစ်၊ မေလ ၁၆ ရက် ကိဗ်၊ ယူကရိန်း — ယူကရိန်းအာဏာပိုင်များ၏ ပြောကြားချက်အရ ယူကရိန်းနိုင်ငံ၏ မြို့တော် ကိဗ်ကို ရုရှားက တစ်ညတာအတွင်း အကြီးအကျယ် လှိုင်းလုံးကဲ့သို့ ဗုံးကြဲ တိုက်ခိုက်ခဲ့ရာ
နိုင်ငံတကာသတင်း အီရန်

အမေရိကန် စက်သုံးဆီဆိုင်များရှိ ဆီတိုင်ကီဖတ်စနစ်များကို ဟက်ကာများ ဖောက်ထွင်း ဝင်ရောက်၊ အီရန်တွင် တာဝန်ရှိသည်ဟု တာဝန်ရှိသူများ သံသယရှိ

  • 2026 ခုနှစ်၊ မေလ 16 ရက်
  • 18 Views
CNN- ၂၀၂၆ ခုနှစ်၊ မေလ ၁၆ ရက် အမေရိကန်ပြည်ထောင်စု ပြည်နယ်အများအပြားရှိ စက်သုံးဆီဆိုင်များတွင် အသုံးပြုနေသည့် သိုလှောင်ကန်များအတွင်းရှိ ဆီပမာဏကို စောင့်ကြည့်စစ်ဆေးသော စနစ်များကို ဟက်ကာ များက ဖောက်ထွင်းဝင်ရောက်ခဲ့သည့် ဖြစ်စဉ်များ၏ နောက်ကွယ်တွင် အီရန်ဟက်ကာများ
တရုတ် နိုင်ငံတကာသတင်း အမေရိကန် အီရန်

အမေရိကန်-တရုတ် ထိပ်သီးအစည်းအဝေး – ရှီကျင့်ဖျင်နှင့် ထိုင်ဝမ်သို့ လက်နက်ရောင်းချရေးကိစ္စ ဆွေးနွေးခဲ့ကြောင်း ထရမ့်ပြောကြား

  • 2026 ခုနှစ်၊ မေလ 15 ရက်
  • 21 Views
CNN – ၂၀၂၆ ခုနှစ်၊ မေလ ၁၅ ရက် အီရန်စစ်ပွဲသည်လည်း အဆိုပါအစည်းအဝေးများအတွင်း အဓိကဆွေးနွေးခဲ့သည့် အခြားအကြောင်းအရာတစ်ခု ဖြစ်ခဲ့ပြီး၊ အရေးကြီးသည့် ကိစ္စရပ်များနှင့်ပတ်သက်၍ မည်သည့်ရေရာပြတ်သားသော သဘောတူညီချက်မျှ ကြေညာနိုင်ခြင်းမရှိဘဲ အစည်းအဝေးများ ပြီးဆုံးခဲ့သည်။ ထရမ့်
တရုတ် နိုင်ငံတကာသတင်း အမေရိကန်

ထရမ့် နှင့် ရှီ တို့သည် ကြိုဆိုပွဲအခမ်းအနားတစ်လျှောက် ရင်းနှီးပွင့်လင်းစွာ စကားပြောဆိုခဲ့ကြသည်

  • 2026 ခုနှစ်၊ မေလ 14 ရက်
  • 29 Views
၂၀၂၆ခုနှစ်၊ မေလ ၁၄ရက် ဘီဂျင်း။ တရုတ်ခေါင်းဆောင် ရှီကျင့်ဖျင်သည် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်၏ ၂၀၁၇ ခုနှစ်နောက်ပိုင်း ပထမဆုံး တရုတ်နိုင်ငံခရီးစဉ်အတွက် ကော်ဇောနီခင်းကာ ကြိုဆိုခဲ့သည်။ ထရန့်သည် ပေကျင်းမြို့ရှိ ပြည်သူ့ခန်းမဆောင်ကြီး (Great Hall of
တရုတ် နိုင်ငံတကာသတင်း အမေရိကန်

အဆုံးအဖြတ်ပေးမည့် ရှီနှင့်တွေ့ဆုံပွဲမတိုင်မီ ထရမ့် တရုတ်နိုင်ငံသို့ ဆိုက်ရောက်

  • 2026 ခုနှစ်၊ မေလ 13 ရက်
  • 23 Views
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် တရုတ်ခေါင်းဆောင် ရှီကျင့်ဖျင်တို့သည် နည်းပညာ၊ ကုန်သွယ်ရေး၊ အီရန်နှင့် ထိုင်ဝမ် အရေးကိစ္စရပ်များကို ဆွေးနွေးညှိနှိုင်းကြရမည်ဖြစ်သည်။ CNN – ၂၀၂၆ ခုနှစ်၊ မေလ ၁၃ ရက် ဘေဂျင်းသို့ ဆိုက်ရောက်ခြင်း: ကမ္ဘာ့အကြီးဆုံး