နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ မတ်လ 25 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အရှေ့တောင်အာရှ

အင်ဒိုနီးရှားမီးတောင်ပေါက်ကွဲမှုကြောင့် လေကြောင်းခရီးစဉ်များ နှောင့်နှေး

+++++++++++++++++++++++

အင်ဒိုးနီးရှားနိုင်ငံ ဖလောရက်စ်ကျွန်းက မီးတောင်တစ်ခု သောကြာနေ့အစောပိုင်းက စတင်ပေါက်ကွဲပြီး ပြာနဲ့ မီးခိုးတွေကို အမြင့်ပေ 5 မိုင်ကျော်အထိ မှုတ်ထုတ်နေတာကြောင့် ကျွန်းပေါ်မှာရှိတဲ့ဒေသခံတွေကို အာဏာပိုင်တွေက အမြင့်ဆုံးသတိပေးချက် ထုတ်ပြန်လိုက်ပါတယ်။ လက်ရှိမှာ Lewotobi Laki-laki မီးတောင်ဟာ ဆက်လက်ပေါက်ကွဲနေတာကြောင့် ကျွန်းပေါ်က ဒေသခံတွေအတွက် သတိပေးချက်ကို အဆင့် 3 မှ 4 အထိ တိုးမြှင့်ထုတ်ပြန်ခဲ့ရတာပါ။ အဲဒီမီးတောင်ပေါက်ကွဲမှုကြောင့် ဂျပန်နိုင်ငံကမ်းရိုးတန်းတလျှောက်မှာ ဆူနာမီဖြစ်လာမှာကို အစောပိုင်းက စိုးရိမ်မှုတွေရှိခဲ့ပေမယ့် ဂျပန်မိုးလေဝသအာဏာပိုင်တွေကတော့ လက်ရှိအချိန်ထိ ဆူနာမီဖြစ်နိုင်တဲ့ အရိပ်လက္ခဏာမတွေ့ရသေးဘူးလို့ ဆိုပါတယ်။ ကောင်းကင်ပေါ်မှာ ပြာနဲ့ မီးခိုးတွေပျံ့နှံ့နေမှုကြောင့် ဩစတြေးလျလေကြောင်းလိုင်းတွေကတော့ ဘာလီကျွန်းကို ပျံသန်းမယ့်ခရီးစဉ်တွေကို သောကြာနေ့မှာ ဖျက်သိမ်းလိုက်ပါတယ်။ မီးတောင် ပေါက်ကွဲမှုမဖြစ်ခင် မတ်လ 13 ရက်နေ့ကနေ 20 ရက်နေ့အတွင်း ပတ်ဝန်းကျင်ဒေသတွေမှာ ငလျင်လှုပ်ခတ်မှုအကြိမ် 100 ကျော်အထိရှိခဲ့တယ်လို့ အင်ဒိုးနီးရှားဘူမိဗေဒပညာရှင်တွေက ဆိုပါတယ်။ ကောင်းကင်ဓါတ်ပုံတွေရဲ့ မှတ်တမ်းအရ မီးတောင်ဟာ အင်ဒိုးနီးရှားဒေသစံတော်ချိန် ညသန်းခေါင်ယံမှာ စတင်ပေါက်ကွဲခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာ အင်ဒိုးနီးရှားအာဏာပိုင်တွေက Lewotobi Laki-laki မီးတောင် ပေါက်ကွဲမှုဗဟိုချက်ရဲ့ အနောက်တောင်နဲ့ အရှေ့မြောက်ဘက် 8 ကီလိုမီတာအတွင်း လှုပ်ရှားသွားလာမှုမပြုလုပ်ဖို့ သတိပေးတားမြစ်ထားပါတယ်။ မီးတောင်က ထွက်လာတဲ့ ပြာမှုတွေဟာ ဘာလီကျွန်းတဝိုက် အခြားကျွန်းတွေပေါ်အထိ ပြန့်နှံ့လာတာကြောင့် လေယာဉ်ခရီးစဉ်တချို့လည်း နှောင့်နှေးခဲ့ရတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ

ဂါဇာမှာ သတင်းထောက်တွေကို အစ္စရေးပစ်မှတ်ထားတိုက်ခိုက်

  • 2025 ခုနှစ်၊ မတ်လ 25 ရက်
  • 1 Views
မတ်လ (၂၅) ရက်။ ဂါဇာမှာ အသက် ၂၃ နှစ်အရွယ် သတင်းထောက် ဟော့စမ်ရှားဘတ် (Hossam Shabat) ဟာ
နိုင်ငံတကာသတင်း အမေရိကန်

ထရန့်အစိုးရ၏အမျိုးသားလုံခြုံရေးအဖွဲ့မှ စစ်ရေးလျှို့ဝှက်ချက်များကို မဂ္ဂဇင်းအယ်ဒီတာထံပေးပို့ခဲ့

  • 2025 ခုနှစ်၊ မတ်လ 25 ရက်
  • 5 Views
ထရန့်အစိုးရသည် ၎င်း၏ အမျိုးသားလုံခြုံရေးအဖွဲ့မှ စစ်ရေးအစီအစဥ်များကို မဂ္ဂဇင်းအယ်ဒီတာထံ မည်သို့ ပေးပို့မိသည်ကို ပြန်လည်သုံးသပ်နေပါသည်။ ကာကွယ်ရေးဝန်ကြီး ပိ့ဟက်ဆက်က The Atlantic
နိုင်ငံတကာသတင်း အမေရိကန်

အစမ်းခန့် ဖက်ဒရယ်ဝန်ထမ်းများကို ပြန်လည်ခန့်အပ်ရန် တရားသူကြီး၏အမိန့်ကို ရပ်ဆိုင်းရန် ထရန့် အစိုးရက တရားရုံးချုပ်ကို တောင်းဆိုထားသည်။

  • 2025 ခုနှစ်၊ မတ်လ 24 ရက်
  • 2 Views
မတ်လ (၂၄) ရက်။ ဝါရှင်တန် (AP)။ ထရန့်အစိုးရက ဖက်ဒရယ်အစိုးရ အရွယ်အစားကို သိသိသာသာ လျှော့ချဖို့ ရည်ရွယ်တဲ့ ထောင်နဲ့ချီတဲ့ ဝန်ထမ်းတွေကို အစုလိုက်အပြုံလိုက် ထုတ်ပစ်မှုကို ရပ်ဆိုင်းပြီး ပြန်လည်ခန့်အပ်ဖို့ အမိန့်ချမှတ်မှုကို ဗဟိုတရားရုံးချုပ်က ရပ်ဆိုင်းပေးဖို့
နိုင်ငံတကာသတင်း ဥရောပ

‘အမေရိကန်တွေက သူတို့ရဲ့ သင်ခန်းစာကို မသင်ယူခဲ့ကြဘူး’ – အမေရိကန်ကုန်ပစ္စည်းတွေကို ဥရောပသားတွေ သပိတ်မှောက်

  • 2025 ခုနှစ်၊ မတ်လ 24 ရက်
  • 3 Views
မတ်လ (၂၄) ရက်။ မိုယာ အိုစူလေဗန် (Moya O’Sullivan) သည် သူမ၏ ဗီဒိုများကို ကြည့်လိုက်ရာ ပြဿနာတစ်ခုကို တွေ့လိုက်သည်။ သူမ၏ ခရင်မ်ချိစ်၊ သွားတိုက်ဆေး၊ ခံတွင်းဆေး၊ ဝီစကီနှင့် အချိုရည်အားလုံးသည် အမေရိကန်ထုတ်ကုန်တွေ
နိုင်ငံတကာသတင်း အမေရိကန်

ထရန့်က သူ့အစိုးရကို တရားစွဲမှုများ ပြုလုပ်သည့်ရှေ့နေများကို ‘သိမ်ဖျင်းသော’ ရှေ့နေများဟု ခေါ်ဆို၍ ပစ်မှတ်ထားတိုက်ခိုက်

  • 2025 ခုနှစ်၊ မတ်လ 24 ရက်
  • 3 Views
++++++++++++++++++++++ ဝေဖန်သူများက အဆိုပါလုပ်ဆောင်မှုကို “ သက်ဦးဆံပိုင်” “ အာဏာရှင်” နှင့် “ ကြောင်သူတော်” လုပ်ရပ်ဟု ခေါ်ဆိုခဲ့သည်။ ထရန့်၏ရှေ့နေများသည် ၂၀၂၀ ရွေးကောက်ပွဲတွင် ထရန့်အနိုင်ရခဲ့သည်ဆိုသည့်အချက် အပါအဝင် မှားယွင်းသော တရားဥပဒေကြောင်းအရ ငြင်းခုံမှု
နိုင်ငံတကာသတင်း အမေရိကန်

ကာမလာဟဲရစ်နဲ့ ဟီလာရီကလင်တန်တို့ရဲ့ လုံခြုံရေးအချက်အလက်တွေနဲ့ချိတ်ဆက်ခွင့် ဒေါ်နယ်ထရန့် ရုပ်သိမ်း++++++++++++++++++++++++++++

  • 2025 ခုနှစ်၊ မတ်လ 24 ရက်
  • 5 Views
ကာမလာဲရစ်နဲ့ ဟီလာရီကလင်တန်တို့ရဲ့ လုံခြုံရေးအချက်အလက်တွေနဲ့ချိတ်ဆက်ခွင့် ဒေါ်နယ်ထရန့် ရုပ်သိမ်း++++++++++++++++++++++++++++အမေရိကန်ဒုသမ္မတဟောင်းဖြစ်တဲ့ ကာမလာဲရစ်နဲ့ နိုင်ငံခြားရေးဝန်ကြီးဟောင်း ဟီလာရီကလင်တန်တို့အတွက် လုံခြုံရေးဆိုင်ရာအချက်အလက်တွေချိတ်ဆက်အသုံးပြုခွင့်ကို  သမ္မတဒေါ်နယ်ထရန့်က ရုပ်သိမ်းလိုက်ပါတယ်။ ဒေါ်နယ်ထရန့်ထုတ်ပြန်တဲ့စာမှာ “အဲ့ဒီပုဂ္ဂိုလ်တစ်ဦးချင်းစီအတွက် စီမံပေးထားတဲ့ အရာတွေဟာ အမျိုးသားအကျိုးစီးပွားမဟုတ်တဲ့အတွက် ပြန်ရုပ်သိမ်းဖို့ ကျတော်ဆုံးဖြတ်လိုက်ပါတယ်”လို့ ဖော်ပြထားပါတယ်။ ဝါရှင်တန်မှာ တင်းမာမှုတွေနက်ရှိုင်းလာတာနဲ့အမျှ
နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အရှေ့အလယ်ပိုင်း

အစ္စရေး-လက်ဘနွန်နယ်စပ်မှာ အပြန်အလှန်ပစ်ခတ်မှုများ ပြန်လည်ဖြစ်ပွါး

  • 2025 ခုနှစ်၊ မတ်လ 23 ရက်
  • 7 Views
++++++++++++++++++ အစ္စရေးနဲ့ လက်ဘနွန် နှစ်နိုင်ငံကြား စနေနေ့က အပြန်အလှန်ပစ်ခတ်မှုတွေကြောင့် အပစ်အခတ်ရပ်စဲရေးဆွေးနွေးမှုဟာ ပြိုပျက်လုပ်နီးပါးဖြစ်လာခဲ့ရပါတယ်။ အစ္စရေးဟာ လက်ဘနွန်ဘက်က ပစ်လိုက်တဲ့ ဒုံးကျည်တွေကို တားဆီးဟန့်တားခဲ့ပြီးနောက်မှာ လက်ဘနွန်နိုင်ငံတောင်ဘက်ကို ပြန်လည်ပစ်ခတ်ခဲ့တာဖြစ်ပါတယ်။ နိုင်ငံရဲ့တောင်ဘက်ပိုင်းမှာ စစ်ပွဲများပြန်လည်ဖြစ်ပွါးနေပြီး လူအသေအပျောက်လည်းရှိနေတယ်လို့ လက်ဘနွန်နိုင်ငံပိုင် မီဒီယာတွေက
နိုင်ငံတကာသတင်း အမေရိကန်

ရွှေ့ပြောင်းနေထိုင်သူ ၅၀၀,၀၀၀ ကျော်ကို ပြည်နှင်ဒဏ်ပေးဖို့ အမေရိကန်က ဗီဇာ ရုပ်သိမ်း

  • 2025 ခုနှစ်၊ မတ်လ 23 ရက်
  • 10 Views
မတ်လ (၂၂) ရက်။ ရွှေ့ပြောင်းအခြေချနေထိုင်သူ ၅၀၀,၀၀၀ ကျော်၏ နေထိုင်ခွင့်ကို ရုပ်သိမ်းပြီး လာမည့် ရက်သတ္တပတ်အနည်းငယ်အတွင်း နိုင်ငံတွင်းမှ ထွက်ခွာရန် တွန်းအားပေးမည်ဖြစ်ကြောင်း အမေရိကန် အစိုးရက မတ်လ (၂၁) ရက်နေ့တွင် ကြေညာခဲ့သည်ဟု AFP