နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဩဂုတ်လ 18 ရက်

မြန်မာသတင်း

မြန်မာသတင်း

ကနီမြို့ပေါ်ရှိ စစ်ကောင်စီတပ် ဒရုန်းနဲ့ ဗုံးကြဲခံရပြီး တစ်ဦးသေဆုံးကာ (၅)ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့

မတ်လ (၂၆)ရက်။

မတ်လ (၂၃)ရက်နေ့ကစပြီး (၂၅)ရက်နေ့အထိ ကနီမြို့ပေါ်ရှိ စစ်ကောင်စီတပ်တွေကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ KLG-PDF ကျောက်လုံးကြီးရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

အဲ့ဒီ (၃)ရက်တာထဲ ကနီမြို့ပေါ်က စစ်ကောင်စီတပ်တွေဟာ တိုက်ပွဲဖြစ်ပွားတာမရှိဘဲ နတ်ကြီးရွာရေဆိပ်ကို ဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်ခဲ့သလို ကျေးရွာတွေကို UAVs ဒရုန်းနဲ့ ပတ်ဝဲကင်းထောက်တာတွေ ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

အဲ့ဒါကြောင့် ကနီမြို့ပေါ်ရှိ စစ်ကောင်စီတပ်တွေကို ဗျူဟာ 4G KLG-PDF ဒရုန်းအဖွဲ့က Fixed Wing ဒရုန်းနဲ့ ဗုံးသီး (၁၅)လုံးအပါအဝင် ရော့ကတ် (၇)လုံးနဲ့ ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

အခုလို တိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီဘက်က (၁)ဦးသေဆုံးခဲ့ပြီး ရဲမေ (၂)ဦးအပါအဝင် (၅)ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ ရေးသားထားပါတယ်။

နောက်ပြီး ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တဲ့ဖြစ်စဉ်ထဲ ဒရုန်းတစ်စီး ပျက်စီးခဲ့ရသလို စစ်ကောင်စီရဲ့ ဗိုလ်မှူးနေအိမ်၊ ရဲဝန်ထမ်းအိမ်ရာ၊ ထွေ/အုပ်ရုံးနဲ့ စာရင်းစစ်ရုံးတွေ ထိခိုက်ပျက်စီးခဲ့တယ်လို့ ပြောဆိုထားပါတယ်။

ဒရုန်းတွေနဲ့ တိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီရဲ့ ကနီမြို့စောင့်တပ်ဘက်ကနေ မြို့မြောက်ဘက်ကို လက်နက်ကြီးတွေနဲ့ ရမ်းသန်းပစ်ခတ်ခဲ့သလို မြို့ပေါ်ရှိ ရပ်ကွက်(၂)က ပြည်သူပိုင်နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ‌ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် ဒီကနေ့ နမခ တဆ(၄/၃၀၀)ကို ဒဏ်ရာရခဲ့တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ပို့ဆောင်ဖို့ ရဟတ်ယာဉ်အကူခေါ်ခဲ့ပေမယ့် အခုအချိန်အထိ နမခတိုင်းစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ကျော်စွာဝင်းက လွှတ်ပေးတာမရှိဘူးလို့လဲ ပြောဆိုထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

မိုးကုတ်မြို့ ရဲစခန်းနဲ့ ထွေအုပ်ရုံးအနီးကို စစ်ကောင်စီတပ် ထပ်မံဗုံးကြဲ၊ ကလေးငယ်အပါအဝင် ပြည်သူ (၃)ဦး သေဆုံးခဲ့

  • 2025 ခုနှစ်၊ ဩဂုတ်လ 17 ရက်
  • 39 Views
ဩဂုတ်လ (၁၇)ရက်။ ဒီကနေ့ နံနက် (၉)နာရီအချိန်က မိုးကုတ်မြို့အရှေ့ပိုင်းရှိ မြို့မရဲစခန်းနဲ့ ထွေအုပ်ရုံးအနီးကို စစ်ကောင်စီတပ်က ပေါင် (၂၅၀)ဗုံး (၃)လုံး
မြန်မာသတင်း

စစ်တပ်ရဲ့ လေကြောင်းဗုံးကြဲတာမှာ KNU စစ်ဦးစီးချုပ် သေဆုံးခဲ့တယ်ဆိုပြီး စစ်လော်ဘီတွေ ဝါဒဖြန့်

  • 2025 ခုနှစ်၊ ဩဂုတ်လ 17 ရက်
  • 30 Views
ဩဂုတ်လ (၁၇)ရက်။ ဩဂုတ်လ (၁၁)ရက်နေ့က စစ်တပ်က လေကြောင်းဗုံးကြဲခဲ့တာမှာ KNU စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောဂျော်နီ သေဆုံးတယ်ဆိုပြီး စစ်လော်ဘီချန်နယ်တွေက
မြန်မာသတင်း

ပလမြို့တိုက်ပွဲထဲ စစ်ကောင်စီတပ်ဖွဲ့ဝင် (၅၃)ဦးသေဆုံးပြီး (၄၈)ဦးဒဏ်ရာရရှိခဲ့တယ်လို့ ပုလော-PDF ထုတ်ပြန်

  • 2025 ခုနှစ်၊ ဩဂုတ်လ 17 ရက်
  • 32 Views
ဩဂုတ်လ (၁၇)ရက်။ ပုလောမြို့နယ် ပလမြို့ကို စစ်ကြောင်းထိုးဝင်လာဖို့ ကြိုးပမ်းတဲ့ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးပူးပေါင်းတပ်တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ပုလော-PDF ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ဇူလိုင်လ (၂၄)ရက်ကစပြီး ပလမြို့ကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးဝင်ဖို့
မြန်မာသတင်း

ငဖဲမြို့တိုက်ပွဲထဲ စစ်ကောင်စီတပ်ဖွဲ့ဝင် (၂၀)ဦး သေဆုံးခဲ့

  • 2025 ခုနှစ်၊ ဩဂုတ်လ 17 ရက်
  • 22 Views
ဆုတ်ခွာထွက်ပြေးသူတွေကို လိုက်လံချေမှုန်းနေတယ်လို့ AA ထုတ်ပြန် ဩဂုတ်လ (၁၇)ရက်။ ဩဂုတ်လ (၁၄)ရက်နေ့က ငဖဲမြို့ စွန်တက်ကျေးရွာရဲ့ မြောက်ဘက် မီတာ(၃၀၀၀)ကျော်အကွာက AA တပ်ဖွဲ့တွေရှိရာကို စစ်‌ကောင်စီတပ်ရဲ့ တပ်မ(၉၉)လက်အောက်ခံတပ်တွေ ထိုးစစ်ဆင်လာခဲ့တယ်လို့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။
မြန်မာသတင်း

အိုးဘိုထောင် ဗုံးကြဲခံရတဲ့ဖြစ်စဉ်ထဲ သေဆုံးခဲ့တဲ့ နိုင်ငံရေးအကျဉ်းသားတွေစာရင်း PPNM ထုတ်ပြန်

  • 2025 ခုနှစ်၊ ဩဂုတ်လ 17 ရက်
  • 25 Views
ဩဂုတ်လ (၁၇)ရက်။ ဩဂုတ်လ (၈)ရက်နေ့က မန္တလေး အိုးဘိုထောင်ကို ဗုံးကြဲခဲ့တဲ့ဖြစ်စဉ်ထဲ နိုင်ငံရေးအကျဉ်းသားတွေအပါအဝင် အကျဉ်းသား စုစုပေါင်း (၂၁)ဦး သေဆုံးခဲ့တယ်လို့ PPNM ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဖြစ်စဉ်ထဲ သေဆုံးသူတွေမှာ နိုင်ငံရေးအကျဉ်းသား
မြန်မာသတင်း

ရွေးကောက်ပွဲမှာ လုံခြုံရေးအတွက် စိုးရိမ်စရာမလိုဘူးဆိုပြီး ကြံ့ခိုင်ရေးပါတီပြော

  • 2025 ခုနှစ်၊ ဩဂုတ်လ 16 ရက်
  • 34 Views
ဩဂုတ်လ (၁၅)ရက်။ လာမယ့်ရွေးကောက်ပွဲမှာ လုံခြုံရေးအတွက် စိုးရိမ်စရာမလိုဘူးဆိုပြီး ကြံ့ခိုင်ရေးပါတီဥက္ကဋ္ဌ ဦးခင်ရီက မနေ့က ရန်ကုန်မြို့မှာ ကျင်းပခဲ့တဲ့ သတင်းစာရှင်းလင်းပွဲထဲ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ အခု နိုင်ငံရဲ့လုံခြုံရေးအခြေအနေအရ မဲဆန္ဒနယ်တွေ ပိုမိုကျယ်ပြန့်လာနိုင်ပေမယ့် နယ်မြေရှင်းလင်းရေး အောင်မြင်လာတဲ့အတွက်
မြန်မာသတင်း

စစ်ကောင်စီရွေးကောက်ပွဲအတွက် သင်တန်းတက်မယ့် Non-CDM ပညာရေးဝန်ထမ်း (၄)ဦးကို MSRF ဖမ်းမိ

  • 2025 ခုနှစ်၊ ဩဂုတ်လ 16 ရက်
  • 26 Views
ဩဂုတ်လ (၁၅)ရက်။ သံဖြူဇရပ်-ရေး အမှတ် (၈)အမြန်လမ်းမှာ Non-CDM ပညာရေးဝန်ထမ်း (၄)ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ MSRF ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ မွန်ပြည်နယ် ရေးမြို့နယ်အတွက် ရွေးကောက်ပွဲမှာ ပါဝင်ဆောင်ရွက်ကြမယ့် Non-CDM ဝန်ထမ်းတွေရဲ့
မြန်မာသတင်း

ရွေးကောက်ပွဲအတွက် အစည်းအ‌ဝေးလုပ်နေတဲ့ အုပ်ချုပ်ရေးမှူးရုံးကို လုံခြုံရေးယူပေးနေတဲ့ စစ်ကောင်စီတပ် တိုက်ခိုက်ခံရ

  • 2025 ခုနှစ်၊ ဩဂုတ်လ 15 ရက်
  • 41 Views
ဩဂုတ်လ (၁၅)ရက်။ မနေ့က ည (၁၀)နာရီဝန်းကျင်ခန့်မှာ လှိုင်သာယာ (၁၄)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကို လုံခြုံရေးယူပေးနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို မိုင်းခွဲတိုက်ခိုက်ခဲ့တယ်လို့ မြို့ပြကြွက်ကွန်ယက်ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ည (၁၀)နာရီလောက် လှိုင်သာယာ(၁၄)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးမှာ