နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ စက်တင်ဘာလ 18 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန်

ဥရောပမှာ EV ကား ဝယ်လိုအားတက်လာပေမယ့် တယ်စလာကားများ ရောင်းအားထိုးကျ

+++++++++++++++++++++++++

အီလွန်မက်စ်ရဲ့ တယ်စလာကားရောင်းအားဟာ ဥရောပမှာ အခုနှစ် ပထမနှစ်လအတွင်း 49 ရာခိုင်နှုန်းကျဆင်းသွားတယ်လို့ ဥရောပမော်တော်ယာဉ်ထုတ်လုပ်သူများအဖွဲ့ရဲ့ပြောဆိုချက်ကို ကိုးကားပြီး ရိုက်တာသတင်းဌာနမှာ ဖော်ပြခဲ့ပါတယ်။ တယ်စလာလျှပ်စစ်ကားတွေရဲ့ မော်ဒယ်ဟာ သက်တမ်းအိုမင်းလာခြင်းနဲ့အတူ CEO အီလွန်မက်စ်နဲ့ အမေရိကန်သမ္မတဒေါ်နယ်ထရန့်တို့ရဲ့ ဆက်နွှယ်မှုအပေါ် တုံ့ပြန်မှုတွေကြောင့် တယ်စလာရဲ့ ဥရောပစျေးကွက်ဟာ ကျဆင်းလာခဲ့ရတာဖြစ်တယ်လို့ဆိုပါတယ်။ ပြီးခဲ့တဲ့လအတွင်းက ကျင်းပခဲ့တဲ့ ဂျာမနီနိုင်ငံရွေးကောက်ပွဲမှာ ဂျာမန်လက်ယာအစွန်းရောက် Alternative for Germany ကလည်း အီလွန်မက်စ်အပေါ် ဝေဖန်ရှုတ်ချမှုတွေပြုလုပ်ခဲ့ပါတယ်။ တရုတ်ရဲ့ BYD အပါအဝင် EV ကားထုတ်လုပ်မှုတွေ အပြိုင်အဆိုင်ဖြစ်လာတာက တယ်စလာကားစျေးကွက်ကျဆင်းလာခဲ့ရတဲ့ အဓိက  အကြောင်းရင်းတစ်ခုလည်းဖြစ်ပါတယ်။ တရုတ် BYD ကားကုမ္ပဏီဟာ 2024 ခုနှစ်အတွင်း ရောင်းအား 40 ရာခိုင်နှုန်း မြင့်တက်ခဲ့တာကြောင့် လျှပ်စစ်နဲ့ ဟိုက်ဘရစ်ကားထုတ်လုပ်မှုကနေ ဒေါ်လာ 107 ဘီလီယံ ဝင်ငွေရရှိခဲ့တယ်လို့ ပြီးခဲ့တဲ့အင်္ဂါနေ့က ကြေညာခဲ့ပါတယ်။ BYD ဟာ အခုလအစောပိုင်းကလည်း အလွန်လျင်မြန်တဲ့ အားသွင်းစနစ်တစ်ခုကို မိတ်ဆက်ခဲ့ပါတယ်။ အဲဒီအားသွင်းစနစ်ဟာ ဂတ်စ်ပိုက်ခေါင်းနဲ့ အားသွင်းသလောက်ကို မြန်ဆန်ပါတယ်။ တယ်စလာရဲ့ ရောင်းအားကတော့ 2024 ခုနှစ်နဲ့ နှိုင်းယှဉ်ရင် ဇန်နဝါရီလနဲ့ ဖေဖော်ဝါလအတွင်းမှာ 37311 ကနေ 19046 အထိ ကျဆင်းသွားခဲ့တာဖြစ်ပါတယ်။ ဥရောပမှာ လျှပ်စစ်ကားတွေရဲ့ ရောင်းအား 28.4 ရာခိုင်နှုန်းတိုးလာပေမယ့် တယ်စလာကားတွေကတော့ ရောင်းအားသိသိသာသာကို ကျဆင်းသွားခဲ့ရတာပါ။ တယ်စလာကားတွေဟာ ဥရောပမှာသာမက တကမ္ဘာလုံးမှာပါ ရောင်းအားကျဆင်းလာခဲ့တာဖြစ်ပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ဗြိတိန် အမေရိကန်

သမိုင်းဝင် အစိုးရဧည့်သည်တော်အဖြစ် ထရန့်၏ အင်္ဂလန်ခရီး

  • 2025 ခုနှစ်၊ စက်တင်ဘာလ 18 ရက်
  • 1 Views
CNN-၂၀၂၅ခုနှစ်၊ စက်တင်ဘာလ ၁၈ရက် သမိုင်းဝင် အစိုးရဧည့်သည်တော်အဖြစ် ထရန့်၏ အင်္ဂလန်ခရီး အမေရိကန် သမ္မတ ဒေါ်နယ်ထရန့်သည် ဗုဒ္ဓဟူးနေ့တွင် ဝင်ဆာရဲတိုက်ကြီးသို့
ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ အမေရိကန် ဥရောပ

စစ်သားတယောက်တိုင်းအတွက်ဒရုန်းတစင်း

  • 2025 ခုနှစ်၊ စက်တင်ဘာလ 17 ရက်
  • 70 Views
CNN သတင်း။ ဂျာမနီနိုင်ငံ၊ Wiesbaden မြို့ရှိ ကွန်ဖရင့်စင်တာတစ်ခုတွင် ဇူလိုင်လက ယူကရိန်းစစ်တပ်အကြီးအကဲများသည် ဒရုန်းများတွင် ရင်းနှီးမြှုပ်နှံရန် NATO အဖွဲ့၏
နိုင်ငံတကာသတင်း ရုရှား အမေရိကန် ဥရောပ

မော်စကို၏ ကျူးကျော်မှုများကြောင့် နေတိုးမဟာမိတ်များ ဖိအားခံစားနေရချိန်တွင် အမေရိကန်က ဘီလာရုစ်-ရုရှား စစ်ရေးလေ့ကျင့်မှုကို လေ့လာစောင့်ကြည့်နေ

  • 2025 ခုနှစ်၊ စက်တင်ဘာလ 17 ရက်
  • 70 Views
CNN- ၂၀၂၅ခုနှစ်၊ စက်တင်ဘာလ ၁၇ရက် ဘိုရီဆော့ဗ်စကီး စစ်ရေးလေ့ကျင့်ရေးကွင်း၊ ဘီလာရုစ် —ရုရှားဒရုန်းများ ပိုလန်လေပိုင်နက်အတွင်းသို့ ဝင်ရောက်လာမှုကြောင့် တင်းမာနေပြီး ဖြစ်သော အခြေအနေတွင် အမေရိကန်၏ ဥရောပရှိ နေတိုးမဟာမိတ်များသည် မော်စကို၏ ဖိအားပေးမှုကို ခံစားနေရကာ စိုးရိမ်ပူပန်မှုများ
နိုင်ငံတကာသတင်း အမေရိကန် ဥရောပ

နေတိုးမဟာမိတ်များကို သမ္မတ ဒေါ်နယ်ထရန့် စာပို့

  • 2025 ခုနှစ်၊ စက်တင်ဘာလ 15 ရက်
  • 139 Views
CNN သတင်း ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ (၁၅) ရက်။ ယခု စနေနေ့တွင် သမ္မတ ဒေါ်နယ်ထရန့်သည် နေတိုးမဟာမိတ်များကို ပေးစာတစ်စောင် ပေးပို့ခဲ့ပြီး အကယ်၍ ၎င်းတို့အားလုံးက သဘောတူပြီး ရုရှားမှ ရေနံဝယ်ယူခြင်းကို ရပ်ဆိုင်းလိုက်မှသာ
နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အရှေ့အလယ်ပိုင်း

ဓားစာခံများအတွက် မြေပြင်စစ်ဆင်ရေးအန္တရာယ်ကို ဆွေးနွေးရန် အစိုးရအဖွဲ့ အစည်းအဝေး မကျင်းပမီ ဂါဇာစီးတီးရှိ အထပ်မြင့်အဆောက်အအုံများကို အစ္စရေးက တိုက်ခိုက်

  • 2025 ခုနှစ်၊ စက်တင်ဘာလ 15 ရက်
  • 139 Views
CNN-၂၀၂၅ခုနှစ်၊ စက်တင်ဘာလ ၁၄ရက် အစ္စရေးစစ်တပ်သည် ဂါဇာစီးတီးရှိ ရပ်ကွက်များစွာကို လူများထွက်ခွာရန် သတိပေးပြီးနောက် ယခုတနင်္ဂနွေနေ့တွင် အထပ်မြင့်အဆောက်အအုံများစွာကို တိုက်ခိုက်ခဲ့သည်။ ၎င်းသည် အစ္စရေးက မြို့ကို လုံးဝပြောင်းရွှေ့ရန် အမိန့်ပေးပြီးနောက် နောက်ဆုံးအကြိမ် ဖျက်ဆီးမှုဖြစ်သည်။ဂါဇာစီးတီးအပေါ် အစ္စရေး၏ တိုက်ခိုက်မှုသည်
နိုင်ငံတကာသတင်း နီပေါ အာရှ

လွှတ်တော်တစ်ခု မီးဟုန်းဟုန်းတောက်၊ ခေါင်းဆောင်တစ်ဦး ပြုတ်ကျ။ နီပေါနိုင်ငံ၏ ဂျင်ဇီ မျိုးဆက် ဆန္ဒပြသူများက မေးသည်။ ဘာတွေဆက်ဖြစ်လာမလဲ။

  • 2025 ခုနှစ်၊ စက်တင်ဘာလ 13 ရက်
  • 235 Views
CNN- ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၁၁ ရက် “နာမည်ကျော်မိဘများ၏သားသမီးများ” နီပိုကလေးများ (Nepo Kids) ၏ ကြွယ်ဝ ချမ်းသာသောလူနေမှုပုံစံများကို ဆန့်ကျင်သည့် ဂျင်ဇီ မျိုးဆက် (Gen Z) ဦးဆောင်သော လူမှုကွန်ရက်လှုပ်ရှားမှုတစ်ခုအဖြစ်
နိုင်ငံတကာသတင်း အမေရိကန်

ချာလီကာ့ခ် (Charlie Kirk) ကို လုပ်ကြံသူကို ဖမ်းလိုက်ပြီ

  • 2025 ခုနှစ်၊ စက်တင်ဘာလ 12 ရက်
  • 258 Views
CNN- ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၁၂ရက် ချာလီကာ့ခ် (Charlie Kirk)ကို လုပ်ကြံသူသည် သူတဦးတည်း သဘောနှင့်လုပ်ဆောင် ခဲ့ခြင်းသာဖြစ်သည်ဟု ယူတာအုပ်ချုပ်ရေးမှူး စပန်ဆာကော့စ်(Spencer Cox) ကသောကြာနေ့သတင်းစာရှင်းလင်းပွဲတွင်ပြောဆိုခဲ့သည်။ သတင်းထောက်က အာဏာပိုင်များက “တေလာရော်ဘင်ဆင် (Tyler
နိုင်ငံတကာသတင်း ရုရှား အမေရိကန်

GOP(ရီပတ်ပလီကင်ပါတီ) က ထရန့် ကို ပူတင် က လှည့်စားနေတယ်လို့ ပို၍ပြောလာကြ

  • 2025 ခုနှစ်၊ စက်တင်ဘာလ 12 ရက်
  • 268 Views
သမ္မတ ဒေါ်နယ်လ် ထရမ့်ရဲ့ ရုရှားသမ္မတ ဗလာဒီမာ ပူတင်ကိုစည်းရုံးပြီးငြိမ်းချမ်းရေးရအောင် ကြိုးပမ်းမှုတွေက ထင်ထားတဲ့အတိုင်း အဆင်မပြေဘူးဆိုတာ တွေ့လာရပါတယ်။ ပြီးခဲ့တဲ့လက အလက်စကားမှာ တွေ့ဆုံပြီးနောက်ပိုင်း၊ ပူတင်က ထရမ့် ကြိုးစားခဲ့တဲ့ ယူကရိန်းနဲ့ တိုက်ရိုက် ငြိမ်းချမ်းရေးဆွေးနွေးဖို့ကို စိတ်ဝင်စားမှု