နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဧပြီလ 1 ရက်

မြန်မာသတင်း

မြန်မာသတင်း

ဆောမြို့ပေါ်ရှိ အရက်၊ ဘီယာအရောင်းဆိုင်တွေ သင်္ကြန်ကာလထဲ ယာယီပိတ်ထားဖို့ ကာကွယ်ရေးတပ်တွေ အမိန့်ထုတ်

မတ်လ (၂၇)ရက်။

ဆောမြို့ပေါ်ရှိ အရက်၊ ဘီယာဆိုင်တွေကို ယာယီပိတ်ထားဖို့ နယ်မြေခံကာကွယ်ရေးတပ်ရင်းတွေက မတ်လ (၁၆)ရက်နေ့ရက်စွဲနဲ့ အမိန့်ထုတ်ပြန်ထားတယ်လို့ ဒေသတွင်းသတင်းတွေထံက သိရပါတယ်။

ဆောမြို့ပေါ်ရှိ အရက်၊ ဘီယာဆိုင်တွေအနေနဲ့ သတ်မှတ်ချိန်ထက် ကျော်လွန်ဖွင့်လှစ်တာ၊ အဲ့ဒီဆိုင်တွေကနေ ဝယ်ယူလာသူတွေဟာ အမူးလွန်စွာသောက်သုံးတာနဲ့ သတ်မှတ်ချိန်ကျော်ပြီး ဂိတ်ဖြတ်သန်းတာတို့ကြောင့် မလိုလားအပ်တဲ့ ပြဿနာတွေ ဖြစ်ပွားနေတယ်လို့ ဆိုပါတယ်။

ဆောမြို့နယ်ရှိ ကာကွယ်ရေးတပ်ရင်းတွေရဲ့ ထိန်းချုပ်နယ်မြေတွေထဲ မူးယစ်ရမ်းကားတာတွေ နေ့တိုင်းဖြစ်ပေါ်နေတာကြောင့် အဲ့ဒီအခြေအနေကို တည်ငြိမ်စေဖို့ သက်ဆိုင်ရာ ကွပ်ကဲရေး၊ အုပ်ချုပ်ရေးအဖွဲ့တို့နဲ့ ညှိနှိုင်းပြီး မြို့ပေါ်ဧရိယာထဲ စည်းကမ်းထုတ်ပြန်တာလို့ ဖော်ပြထားပါတယ်။

ဒါ့ကြောင့် နယ်မြေခံတပ်ရင်းတွေဖြစ်တဲ့ အမှတ်(၃)နဲ့ (၅)တပ်ရင်းတွေက ပူးပေါင်းဆွေးနွေးကာ မြို့ပေါ်ရှိ အရက်၊ ဘီယာဆိုင်တွေကို သင်္ကြန်ကာလထဲ ယာယီပိတ်သိမ်းထားဖို့ ညွှန်ကြားထားတာလို့ ဖော်ပြထားပါတယ်။

နောက်ပြီး ပြန်လည်ရောင်းချခွင့်ကို သင်္ကြန်ကာလထဲ အခြေအနေတွေပေါ် မူတည်ပြီး ဆောမြို့ပေါ်ရှိ အရက်၊ ဘီယာဆိုင်တွေကို နယ်မြေခံတပ်ရင်းဖြစ်တဲ့ အမှတ်(၃)နဲ့(၅)တပ်ရင်းက ပြန်လည်ထုတ်ပြန်သွားမယ်လို့ ပြောဆိုထားပါတယ်။

ဒါ့အပြင် သတ်မှတ်ထားတဲ့ စည်းကမ်းတွေကို မလိုက်နာတာ ဒါမှမဟုတ် ရှောင်တခင်ဝင်စစ်တဲ့အချိန်မှာ ရောင်းချတာတွေ တွေ့ရှိပါက ဒဏ်ကြေးငွေ သိန်း(၅၀) ပေးဆောင်ရမယ်လို့ သတိပေးထားတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း မြန်မာသတင်း အရှေ့တောင်အာရှ

ကျန်တဲ့အဆောက်အအုံတွေ ဘာမှမဖြစ်ဘဲ တရုတ်ဆောက်တဲ့ အဆောက်အအုံတစ်ခုပဲ ပြိုကျခဲ့တာလို့ ထိုင်းဝန်ကြီးချုပ်ပြော

  • 2025 ခုနှစ်၊ ဧပြီလ 1 ရက်
  • 0 Views
ဧပြီလ (၁) ရက်။ မတ်လ ၂၈ ရက်နေ့က မြန်မာနိုင်ငံမှာ လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် ထိုင်းနိုင်ငံ ဘန်ကောက်မြို့က ၃၃
1027 Operations မြန်မာသတင်း

ကွတ်ခိုင်မှာ ကိုးကန့်တပ်(MNDAA)နဲ့ TNLA တို့ ခိုက်ရန်ဖြစ်ပွားခဲ့

  • 2025 ခုနှစ်၊ ဧပြီလ 1 ရက်
  • 6 Views
ကွတ်ခိုင်မှာ ကိုးကန့်တပ်(MNDAA)နဲ့ TNLA တို့ ခိုက်ရန်ဖြစ်ပွားခဲ့ ဧပြီလ (၁)ရက်။ ဒီကနေ့ နံနက် (၁၁)နာရီ (၂၀)မိနစ်အချိန်က ကွတ်ခိုင်မြို့
မြန်မာသတင်း

ငလျင်ဒဏ်ခံစားနေရတဲ့ အင်းလေးဒေသကို စစ်ကောင်စီက လက်နက်ကြီးတွေ ပစ်ခတ်

  • 2025 ခုနှစ်၊ ဧပြီလ 1 ရက်
  • 11 Views
ဧပြီလ (၁)ရက်။ ဒီကနေ့ နံနက်အစောပိုင်းက ငလျင်ဒဏ်ခံစားနေရတဲ့ ညောင်ရွှေမြို့ အင်းလေးဒေသကို စစ်ကောင်စီက လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။ “ ဒီတမနက်လုံး လက်နက်ကြီးတွေပစ်နေတာ။ အိပ်ယာထ နှိုးစက်က လက်နက်ကြီးသံပဲ။ ငလျင်လှုပ်တဲ့ရက်တွေမှာလဲ
မြန်မာသတင်း

စစ်ကိုင်းငလျင်ကြောင့် သေဆုံးသူဦးရေ (၂၄၀၀)နီးပါးရှိပြီလို့ NUG ထုတ်ပြန်

  • 2025 ခုနှစ်၊ ဧပြီလ 1 ရက်
  • 4 Views
ဧပြီလ (၁)ရက်။ အင်အားအလွန်ကြီးမားတဲ့ စစ်ကိုင်းငလျင်ကြောင့် အတည်ပြုနိုင်တဲ့ သေဆုံးသူဦးရေဟာ ဒီကနေ့အချိန်အထိ (၂၃၉၅)ဦးအထိရှိပြီလို့ NUG ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်ကိုင်းငလျင်ဘေးကြောင့် တိုက်ရိုက်ထိခိုက်ခံစားခဲ့ကြရတဲ့ လူဦးရေဟာ စုစုပေါင်း (၈၅၆၂၅၅၅)ဦးခန့်ရှိခဲ့တယ်လို့ ဆိုပါတယ်။ နိုင်ငံတကာက ရှာဖွေကယ်ဆယ်ရေးအဖွဲ့တွေ
မြန်မာသတင်း

ငလျင်ကြောင့် မန္တလေး အိုးဘိုထောင်မှာ (၁၂)ဦးအထိသေဆုံးခဲ့တယ်လို့ PPNM ထုတ်ပြန်

  • 2025 ခုနှစ်၊ ဧပြီလ 1 ရက်
  • 6 Views
ဧပြီလ (၁)ရက်။ အင်အားပြင်းငလျင် လှုပ်ခတ်ခဲ့တာကြောင့် မန္တလေး အိုးဘိုထောင်မှာ (၁၂)ဦးအထိ သေဆုံးခဲ့တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)ရဲ့ ဒီကနေ့မှာ ကနဦးထုတ်ပြန်ထားချက်အရ သိရပါတယ်။ ငလျင်ဒဏ်ကြောင့် အိုးဘိုထောင်မှာ သေဆုံးခဲ့ရသူတွေထဲ (၈)ဦးရဲ့ အချက်အလက်ကိုတော့ ကနဦးသိရှိထားပြီး ကျန်တဲ့သူတွေကို
မြန်မာသတင်း

အစ္စလာမ်ဘာသာဝင်အများအပြား ငလျင်ဘေးကြောင့် သေဆုံးခဲ့ရတဲ့အပေါ် ဝမ်းနည်းကြောင်း NUG ထုတ်ပြန်

  • 2025 ခုနှစ်၊ မတ်လ 31 ရက်
  • 16 Views
မတ်လ (၃၁)ရက်။ အစ္စလာမ်ဘာသာဝင် အများအပြား ငလျင်ဘေးကြောင့် သေဆုံးခဲ့ရတဲ့အပေါ် မိသားစုဝင်တွေနဲ့ထပ်တူ ဝမ်းနည်းပူဆွေးရတယ်လို့ NUG ရဲ့ ဒီကနေ့မှာကျရောက်တဲ့ အီဒွလ်ဖိသ်ရ်နေ့မှာ ပေးပို့တဲ့သဝဏ်လွှာမှာ ပြောဆိုထားတယ်လို့ သိရပါတယ်။ မတ်လ (၂၈)ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းငလျင်ကြောင့် နိုင်ငံထဲ
မြန်မာသတင်း

ငလျင်ကြောင့် အခုရက်သတ္တပတ်ကို နိုင်ငံအဆင့်ဝမ်းနည်းခြင်းအထိမ်းအမှတ်အနေနဲ့ စစ်ကောင်စီသတ်မှတ်

  • 2025 ခုနှစ်၊ မတ်လ 31 ရက်
  • 3 Views
မတ်လ (၃၁)ရက်။ အင်အားပြင်းငလျင်ဖြစ်စဉ်ကြောင့် အခုရက်သတ္တပတ်ကို နိုင်ငံတော်အဆင့် ဝမ်းနည်းခြင်းအထိမ်းအမှတ်နေ့အနေနဲ့ သတ်မှတ်လိုက်တယ်လို့ စစ်ကောင်စီရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ မတ်လ (၂၈)ရက်နေ့က အင်အားပြင်းငလျင် လှုတ်ခတ်ခဲ့တာကြောင့် အသက်ဆုံးရှုံးတာတွေနဲ့ ပျက်စီးဆုံးရှုံးတာတွေအတွက် စာနာနားလည်မှုတွေနဲ့အတူ ထပ်တူခံစားရတယ်လို့ ဆိုပါတယ်။
မြန်မာသတင်း

လူသားစာနာတဲ့အကူအညီတွေကို စစ်တပ်က အခွင့်ကောင်းယူပြီး နိုင်ငံရေးအမြတ်မထုတ်အောင် စောင့်ကြည့်ဖို့ KNU တိုက်တွန်း

  • 2025 ခုနှစ်၊ မတ်လ 31 ရက်
  • 12 Views
မတ်လ (၃၁)ရက်။ ငလျင်ဒဏ်သင့် ပြည်သူတွေအတွက် ပေးအပ်တဲ့ လူသားစာနာတဲ့အကူအညီတွေကို စစ်တပ်က အခွင့်ကောင်းယူပြီး နိုင်ငံရေးအမြတ်မထု‌တ်အောင် စောင့်ကြည့်ဖို့ KNU ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ၂၀၀၈ခုနှစ်က ကြုံတွေ့ခဲ့ရတဲ့ နာဂစ်မုန်တိုင်းကြောင့် ပြည်သူတွေအတွက် လက်ခံရရှိတဲ့