နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဧပြီလ 2 ရက်

မြန်မာသတင်း

မြန်မာသတင်း

စစ်ကောင်စီစစ်ကြောင်းကနေ ထွက်ပြေးလာတဲ့ တပ်ရင်းမှူးတစ်ဦးကို ဖမ်းမိခဲ့တယ်လို့ မြိတ်ခရိုင်အမှတ်(၁)တပ်ရင်းထုတ်ပြန်

မတ်လ (၂၈)ရက်။

မတ်လ (၂၆)ရက်နေ့ နံနက် (၁၀)နာရီဝန်းကျင်က ခရီးသည်တင်ကားတွေကို စစ်ဆေးချိန် စစ်ကောင်စီတပ်ရင်းမှူးတစ်ဦးကို ဖမ်းမိခဲ့တယ်လို့ မြိတ်ခရိုင်အမှတ်(၁)တပ်ရင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

“ အမှတ် (၈)ပြည်ထောင်စုလမ်းမပေါ်က ပူးပေါင်းစစ်ဆေးရေးဂိတ်မှာ ခရီးသည်တင်ကားတွေကို စစ်ဆေးတဲ့အချိန် စကစရဲ့ ယာယီတပ်ရင်းမှူးတဦးကို ဖမ်းမိခဲ့တာ” လို့ ဆိုပါတယ်။

အမှတ် (၈) ပြည်ထောင်စုလမ်းမပေါ်ရှိ မြိတ်ခရိုင် အမှတ်(၁)တပ်ရင်းနဲ့ KNDO တပ်ရင်း(၇) ပူးပေါင်းစစ်ဆေးရေးဂိတ်မှာ စစ်ဆေးဆောင်ရွက်နေချိန် စစ်ကောင်စီရဲ့ ယာယီတပ်ရင်းမှူးကိုဖမ်းမိခဲ့တာလို့ ဖော်ပြထားပါတယ်။

ဖမ်းမိခဲ့သူဟာ စစ်ကောင်စီရဲ့ မြိတ်မြို့အခြေစိုက် ခလရ(၁၀၃)က အသက် (၄၀)နှစ်အရွယ်ရှိ ယာယီတပ်ရင်းမှူး ဗိုလ်မှူးသိန်းထိုက်ဖြစ်တယ်လို့ ‌ထုတ်ပြန်ထားပါတယ်။

သူဟာ တနင်္သာရီမြို့နယ်ထဲ စစ်ကြောင်းထိုးနေတဲ့ အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းကနေ ထွက်ပြေးလာပြီး အရပ်သားဟန်ဆောင်ကာ ခရီးသည်တင်ကားကနေ ရန်ကုန်ကို သွားရောက်ဖို့ ကြိုးပမ်းခဲ့တာလို့ ထွက်ဆိုထားပါတယ်။

ဒီလို အရပ်သားဟန်ဆောင်ပြီး ထွက်ပြေးဖို့ကြိုးစားတဲ့ စစ်ကောင်စီ ယာယီတပ်ရင်းမှူး ဗိုလ်မှူး သိန်းထိုက်ကို မဟာမိတ်ပူးပေါင်းစစ်ဆေးရေးဂိတ်မှာ ရဲဘော်တွေက တင်းကြပ်စွာ စစ်ဆေးချိန် ဖမ်းမိတာလို့ ပြောဆိုထားပါတယ်။

အခုအခါ ဖမ်းဆီးရမိခဲ့တဲ့ စစ်ကောင်စီရဲ့ ယာယီတပ်ရင်းမှူး ဗိုလ်မှူး သိန်းထိုက်ကို ကောင်းမွန်စွာ ထိန်းသိမ်းထားပြီး လိုအပ်တဲ့ စစ်ဆေးမေးမြန်းတာတွေ ပြုလုပ်နေတယ်လို့လဲ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ငလျင်ကယ်ဆယ်ရေးကြားက စစ်ကောင်စီ မင်းတပ်ကို လေကြောင်းတိုက်ခိုက်

  • 2025 ခုနှစ်၊ ဧပြီလ 1 ရက်
  • 5 Views
ဧပြီလ (၁) ရက်။ ဒီကနေ့ ဧပြီလ (၁) ရက်နေ့ ညနေ ၆ နာရီ ၂၅ မိနစ်ဝန်းကျင်မှာ
နိုင်ငံတကာသတင်း မြန်မာသတင်း အရှေ့တောင်အာရှ

ထိုင်းနိုင်ငံ ဘန်ကောက်စည် ပြိုကျနေသည့် စာရင်းစစ်ရုံး အဆောက်အအုံ၏ အပျက်အစီးများထဲတွင် ပိတ်မိနေသည့်အလောင်းများကို အမေရိကန် စစ်ဘက်ရှာဖွေရေး ကိရိယာများမှ X-ray ဓါတ်ပုံတွင် တွေ့ရှိခဲ့သည်။

  • 2025 ခုနှစ်၊ ဧပြီလ 1 ရက်
  • 6 Views
ဧပြီလ (၁) ရက်။ အဆောက်အအုံ၏ ရှုပ်ထွေးသောဖွဲ့စည်းပုံသည် နေရာအတိအကျကို ရှာဖွေရခက်ခဲစေသောကြောင့် Scan ပုံရိပ်ရှာကိရိယာတွင်တွေ့ရှိသည့် အလုံး ၇၀ လုံးသည်
မြန်မာသတင်း

ငလျင်ဒဏ်သင့်နေချိန် သင်္ကြန်ပွဲ မကျင်းပဖို့ TNLA ညွှန်ကြားထား

  • 2025 ခုနှစ်၊ ဧပြီလ 1 ရက်
  • 5 Views
ဧပြီလ (၁)ရက်။ မြန်မာနိုင်ငံမှာ ငလျင်ဒဏ်သင့်နေတဲ့အချိန် တအာင်းပြည် ခရိုင် (၅)ခုထဲက မြို့နယ်တွေမှာ သင်္ကြန်ပွဲ မကျင်းပကြဖို့ TNLA က ညွှန်ကြားထားတယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ငလျင်ဒဏ်သင့်နေချိန် လူသားချင်းစာနာထောက်ထားတဲ့အနေနဲ့ သင်္ကြန်ပွဲမကျင်းပဖို့ PSLF/TNLA
နိုင်ငံတကာသတင်း မြန်မာသတင်း အရှေ့တောင်အာရှ

ကျန်တဲ့အဆောက်အအုံတွေ ဘာမှမဖြစ်ဘဲ တရုတ်ဆောက်တဲ့ အဆောက်အအုံတစ်ခုပဲ ပြိုကျခဲ့တာလို့ ထိုင်းဝန်ကြီးချုပ်ပြော

  • 2025 ခုနှစ်၊ ဧပြီလ 1 ရက်
  • 6 Views
ဧပြီလ (၁) ရက်။ မတ်လ ၂၈ ရက်နေ့က မြန်မာနိုင်ငံမှာ လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် ထိုင်းနိုင်ငံ ဘန်ကောက်မြို့က ၃၃ ထပ် ရှိတဲ့ ဆောက်လက်စ အဆောက်အအုံ ပြိုကျခဲ့ပြီး အလုပ်သမားတွေ ပိတ်မိနေတဲ့အဆောက်အအုံကို တရုတ်နိုင်ငံပိုင်
1027 Operations မြန်မာသတင်း

ကွတ်ခိုင်မှာ ကိုးကန့်တပ်(MNDAA)နဲ့ TNLA တို့ ခိုက်ရန်ဖြစ်ပွားခဲ့

  • 2025 ခုနှစ်၊ ဧပြီလ 1 ရက်
  • 11 Views
ကွတ်ခိုင်မှာ ကိုးကန့်တပ်(MNDAA)နဲ့ TNLA တို့ ခိုက်ရန်ဖြစ်ပွားခဲ့ ဧပြီလ (၁)ရက်။ ဒီကနေ့ နံနက် (၁၁)နာရီ (၂၀)မိနစ်အချိန်က ကွတ်ခိုင်မြို့ မှာ ကိုးကန့်တပ်(MNDAA)နဲ့ TNLA တပ်ဖွဲ့ဝင်တွေအကြား ခိုက်ရန်ဖြစ်ပွားခဲ့တယ်လို့ ဒေသတွင်းသတင်းတွေရဲ့ ထုတ်ပြန်ထားချက်တွေအရ သိရပါတယ်။
မြန်မာသတင်း

ငလျင်ဒဏ်ခံစားနေရတဲ့ အင်းလေးဒေသကို စစ်ကောင်စီက လက်နက်ကြီးတွေ ပစ်ခတ်

  • 2025 ခုနှစ်၊ ဧပြီလ 1 ရက်
  • 12 Views
ဧပြီလ (၁)ရက်။ ဒီကနေ့ နံနက်အစောပိုင်းက ငလျင်ဒဏ်ခံစားနေရတဲ့ ညောင်ရွှေမြို့ အင်းလေးဒေသကို စစ်ကောင်စီက လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။ “ ဒီတမနက်လုံး လက်နက်ကြီးတွေပစ်နေတာ။ အိပ်ယာထ နှိုးစက်က လက်နက်ကြီးသံပဲ။ ငလျင်လှုပ်တဲ့ရက်တွေမှာလဲ
မြန်မာသတင်း

စစ်ကိုင်းငလျင်ကြောင့် သေဆုံးသူဦးရေ (၂၄၀၀)နီးပါးရှိပြီလို့ NUG ထုတ်ပြန်

  • 2025 ခုနှစ်၊ ဧပြီလ 1 ရက်
  • 6 Views
ဧပြီလ (၁)ရက်။ အင်အားအလွန်ကြီးမားတဲ့ စစ်ကိုင်းငလျင်ကြောင့် အတည်ပြုနိုင်တဲ့ သေဆုံးသူဦးရေဟာ ဒီကနေ့အချိန်အထိ (၂၃၉၅)ဦးအထိရှိပြီလို့ NUG ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်ကိုင်းငလျင်ဘေးကြောင့် တိုက်ရိုက်ထိခိုက်ခံစားခဲ့ကြရတဲ့ လူဦးရေဟာ စုစုပေါင်း (၈၅၆၂၅၅၅)ဦးခန့်ရှိခဲ့တယ်လို့ ဆိုပါတယ်။ နိုင်ငံတကာက ရှာဖွေကယ်ဆယ်ရေးအဖွဲ့တွေ