နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ စက်တင်ဘာလ 18 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန်

သမ္မတအာဏာနှင့်ပတ်သက်၍ အစိုးရအဖွဲ့၏ သဘောထားကို လက်မခံဘဲ တရားသူကြီးများက ဆန့်ကျင်ခဲ့သဖြင့် ဗဟိုတရားရုံးချုပ်ကို ထရန့်အယူခံဝင်

++++++++++++++++++++++++++++

တရားသူကြီးများသည် သမ္မတအာဏာနှင့်ပတ်သက်၍ အစိုးရအဖွဲ့၏ သဘောထားကို လက်မခံဘဲ ဆန့်ကျင်ခဲ့သဖြင့် ထရန့်က ဗဟိုတရားရုံးချုပ်ဖက်သို့ ဦးလှည့်လျှောက်ထားခဲ့သည်။

ထရန့်အစိုးရသည် အဓိကကျသော အမှုသုံးခုအတွက် ဗဟိုတရားရုံးမှ အမြန်ဆုံး ဝင်ရောက်စွက်ဖက်ပေးရန် ကြိုးပမ်းနေသည်။

တရားရေးဌာနက ဖက်ဒရယ်တရားသူကြီးများသည် ဖွဲ့စည်းပုံအခြေခံဥပဒေပါ အာဏာများကို အလွဲသုံးစားလုပ်သည်ဟု စွပ်စွဲချက်ကို တရားရုံးချုပ်ထံ တင်သွင်းခဲ့ပြီး အောက်တရားရုံးများကလည်း ထရန့် အစိုးရ၏ သမ္မတအာဏာကို ထိန်းသိမ်းချုပ်တည်းမှု မရှိသည့်အမြင်အပေါ် ဝေဖန်ရှုတ်ချခဲ့သည်။

အလုပ်ထုတ်ခံရသည့် ဖက်ဒရယ်အလုပ်သမားထောင်ပေါင်းများစွာကို ပြန်လည်ခန့်အပ်ရန် အမိန့်ထုတ်ခံရသည့်ကိစ္စအပါအဝင် သမ္မတဒေါ်နယ်ထရန့်၏အစီအစဉ်ကို အနှောင့်အယှက် ဖြစ်စေသည့် အမှုသုံးခုအတွက် ဗဟိုတရားရုံးချုပ်က ကြားဝင်စွက်ဖက်ရန် ထရန့်အစိုးရက တောင်းဆိုခဲ့သည်။

၁၈ ရာစုစစ်အတွင်း ဥပဒေဖြစ်သည့် ရန်သူနိုင်ငံခြားသားအက်ဥပဒေ(Alien Enemies Act) ကို ထရန့်အစိုးရက အသုံးပြုပြီး ပြည်နှင်ဒဏ်ပေးမှုအပေါ် တရားသူကြီးတစ်ဦးက ယာယီဆိုင်းငံ့ထားလိုက်ခြင်းကြောင့် ထရန့်အစိုးရက ထိုအချက်ကို သောကြာနေ့က အမှုဖွင့်တိုင်ကြားခဲ့ခြင်းဖြစ်သည်။

တရားသူကြီးသည် ၎င်း၏လုပ်ပိုင်ခွင့်အာဏာကို ကျော်လွန်လုပ်ဆောင်ခဲ့သည်ဟု အစိုးရရှေ့နေများက စောဒကတက်ကြပြီး ဖက်ဒရယ်တရားသူကြီးမှ ချမှတ်ထားသော တားမြစ်မိန့်များနှင့်ပတ်သက်ပြီးခုခံလျှောက်လဲရာတွင် သမတထရန့်၏ ဆောင်ရွက်နေသော အစီအစဥ်များကို သိမ်းကြုံးစိမ်ခေါ်မှုကို ဖြစ်စေခဲ့သည်ဟု ခြေပခဲ့ကြသည်။

ဗဟိုတရားရုံးချုပ်က ကြားဝင်စွက်ဖက်ရန် အုပ်ချုပ်ရေးက တောင်းဆိုသည့် တတိယမြောက် အမှုတွင်ထရန့် အရာရှိများက ရုတ်တရက် ဖျက်သိမ်းလိုက်သော ပညာရေးထောက်ပံ့ငွေ ဒေါ်လာသန်းပေါင်းများစွာ ပါဝင်သည်။

မက်ဆာချူးဆက်ပြည်နယ်ရှိ ဗဟိုတရားသူကြီးတစ်ဦးမှ ပညာရေးဌာနကို တရားလိုများက တရားဆွဲဆိုထားစဥ် ယာယီလစာထုတ်ပေးထားရန် အမိန့်ပေးခဲ့ပြီးနောက် အစိုးရအဖွဲ့မှ ဗဟိုတရားရုံးချုပ်အားအသနားခံစာ တင်သွင်းခဲ့ပြီး သမတရုံးမှ ကိုယ်ပိုင်ခန့်ထားသော မန်နေဂျာများ၏ ထောက်ပံ့ရေးနှင့် ငွေကြေးထုတ်ပေးခြင်းတို့အတွက် ဆုံးဖြတ်ချက်များကို ဖက်ဒရယ်တရားရုံးမှ ဝင်ရောက်စွက်ဖက်မှုသည် အခြေခံဥပဒေနှင့် မကိုက်ညီသောကြောင့် အမြန်ဆုံး အဆုံးသတ်ပေးရန် လျှောက်ထားခဲ့သည်။

ထရန့်၏ တရားရှုံးမှုသည် အယူခံတရားရုံးများအထိ ရောက်ရှိလာသည်။

++++++++++++++++++++++

ခရိုင်တရားရုံးအဆင့်တွင် ထရန့် အစိုးရကို အကြိမ်ကြိမ် စီရင်ချက်ချပြီးနောက် အစိုးရတရားရေးဌာနသည် အယူခံတရားရုံးများတွင်လည်း အောင်မြင်မှုများစွာ မရရှိခဲ့ပေ။

တရားသူကြီးများသည် ဂိုဏ်းဝင်များဖြစ်သည်ဟု စွပ်စွဲထားသည့် ဗင်နီဇွဲလားနိုင်ငံမှ ရွှေ့ပြောင်းအခြေချသူများကို ပြည်နှင်ဒဏ်ပေးရန်အတွက် ၁၇၉၈ ရန်သူနိုင်ငံခြားသားများ အက်ဥပဒေ (1798 Alien Enemies Act) ကို ပြန်လည်သုံးသပ်ရန် တရားသူကြီးများတွင် အခွင့်အာဏာမရှိဟု ထရန့်၏ပြောကြားချက်ကို အမေရိကန် Circuit Court of D.C. မှ ပယ်ချခဲ့သည်။ ထိုသို့ ပြည်နှင်ဒဏ်ပေးခြင်းအား တရားသူကြီးတစ်ဦးမှ ယာယီတားမြစ် ပိတ်ပင်ထားခြင်းသည် ဆက်လက်တည်ရှိနေနိုင်သည်ဟု တရားသူကြီးသုံးဦးက ဆုံးဖြတ်ခဲ့သည်။

တနင်္လာနေ့က အမှုကြားနာမှုတွင် အယူခံတရားရုံး တရားသူကြီးတစ်ဦးဖြစ်သည့် ပက်ထရစ်ရှာမီလ်လက် (Patricia Millett) က အုပ်ချုပ်ရေးပိုင်းမှ ပြည်နှင်ဒဏ်ခံရသူများအား အယ်လ်ဆာဗေးဒေါအကျဉ်းထောင်သို့ မပို့ဆောင်မီ ၎င်းတို့သည် ဂိုဏ်းနှင့် ဆက်နွှယ်နေသည့် စွပ်စွဲချက်များကို စိန်ခေါ်ရန် အစိုးရအုပ်ချုပ်ရေးမှ ခွင့်မပြုခဲ့ကြောင်း မှတ်ချက်ပြုခဲ့သည်။

ဒုတိယကမ္ဘာစစ်အတွင်းက ထိုရန်သူနိုင်ငံခြားသားများ အက်ဥပဒေကို နောက်ဆုံးအကြိမ် သုံးနှုန်းခဲ့သည့်အခါ “နာဇီများသည်ပင် ယခုထက် ပိုမိုကောင်းမွန်သော ဆက်ဆံမှုကို ရရှိခဲ့သည်” ဟု မီလ်လက်က ပြောကြားခဲ့သည်။

ဗုဒ္ဓဟူးနေ့က အမေရိကန် အယူခံတရားရုံး (U.S. Circuit Court of Appeals) တွင် တရားသူကြီးများသည် အလုပ်ထုတ်ခံရသော အစမ်းခန့်ဝန်ထမ်းထောင်ပေါင်းများစွာကို ပြန်လည်ခန့်အပ်ရန် အမိန့်ပေးထားခြင်းကို ပယ်ဖျက်ရန် အယူခံဝင်မှုကို ပယ်ချခဲ့သည်။

စီရင်ချက်နှစ်ခုစလုံးသည် ၂-၁ ဆုံးဖြတ်ချက်များဖြစ်ပြီး အမှုတစ်ခုစီတွင် ကန့်ကွက်သည့်တရားသူကြီးသည် ထရန့်၏ ပထမသက်တမ်းတွင် ခန့်အပ်ခံရသူဖြစ်သည်။ ဆိုလိုသည်မှာ ထရန့်၏ ပထမသက်တမ်းတွင် ထရန့်ခန့်အပ်ထားသည့် တရားသူကြီးက ထရန့်ကို ထောက်ခံခဲ့သည်။

တစ်ချိန်တည်းတွင် ပထမအမေရိကန်အယူခံတရားရုံး (1st U.S. Circuit Court of Appeals) သည် ဖက်ဒရယ်ရန်ပုံငွေတစ်စစ်တစ်ပိုင်းကို ရပ်ဆိုင်းထားသည့် တရားရုံးအမိန့်ကို ပယ်ဖျက်ရန် ထရန့်အစိုးရ၏ အယူခံဝင်မှုကို ငြင်းဆိုခဲ့သည်။ ၃-၀ ဖြင့် ပယ်ချခဲ့သည်။

ထရန့်အစိုးရသည် တရားစွဲဆိုမှုတစ်ခုတွင် အနိုင်ရခဲ့သည်။ DC အယူခံတရားရုံးသည် ကေသီဟဲရစ် (Cathy Harris) အား အလုပ်သမားကာကွယ်ရေးဘုတ်အဖွဲ့ (Merit Systems Protection Board) နှင့် ဂွင်းနီ ဝီလ်ကော့စ် (Gwynne Wilcox) အား အမျိုးသားအလုပ်သမားဆက်ဆံရေးဘုတ်အဖွဲ့ (National Labor Relations Board) သို့ ပြန်လည်ခန့်အပ်ခဲ့သော အောက်တရားရုံးစီရင်ချက်နှစ်ခုကို ခေတ္တဆိုင်းငံ့ထားလိုက်သည်။ ၎င်းတို့နှစ်ဦးစလုံးကို ရာထူးမှ ထုတ်ပယ်ရန် ထရန့်က ညွှန်ကြားထားသည်။

လိင်ပြောင်းထားသူများကို စစ်တပ်က ပိတ်ပင်ထားခြင်းကို နှစ်ကြိမ်တိုင် တားဆီးခံလိုက်ရသည်။

++++++++++++++++++

မတူညီသော ပြည်နယ်နှစ်ခုရှိ ဖက်ဒရယ်တရားသူကြီးများသည် ကာကွယ်ရေးဝန်ကြီးဌာနမှ လိင်ပြောင်းထားသည့်ဝန်ထမ်းများအား စစ်မှုထမ်းခြင်းမှ ထိရောက်စွာ တားမြစ်မည့် လမ်းညွှန်ချက်အသစ် အကောင်အထည်ဖော်ခြင်းကို တားမြစ်သည့် စီရင်ထုံးများကို ထုတ်ပြန်ခဲ့သည်။

May be an image of 1 person, the Oval Office and text that says 'CNN CNN WHITE HOUSE MARCH 20 TESD TUEBO TRIBUN'

See insights and ads

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ဗြိတိန် အမေရိကန်

သမိုင်းဝင် အစိုးရဧည့်သည်တော်အဖြစ် ထရန့်၏ အင်္ဂလန်ခရီး

  • 2025 ခုနှစ်၊ စက်တင်ဘာလ 18 ရက်
  • 11 Views
CNN-၂၀၂၅ခုနှစ်၊ စက်တင်ဘာလ ၁၈ရက် သမိုင်းဝင် အစိုးရဧည့်သည်တော်အဖြစ် ထရန့်၏ အင်္ဂလန်ခရီး အမေရိကန် သမ္မတ ဒေါ်နယ်ထရန့်သည် ဗုဒ္ဓဟူးနေ့တွင် ဝင်ဆာရဲတိုက်ကြီးသို့
ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ အမေရိကန် ဥရောပ

စစ်သားတယောက်တိုင်းအတွက်ဒရုန်းတစင်း

  • 2025 ခုနှစ်၊ စက်တင်ဘာလ 17 ရက်
  • 73 Views
CNN သတင်း။ ဂျာမနီနိုင်ငံ၊ Wiesbaden မြို့ရှိ ကွန်ဖရင့်စင်တာတစ်ခုတွင် ဇူလိုင်လက ယူကရိန်းစစ်တပ်အကြီးအကဲများသည် ဒရုန်းများတွင် ရင်းနှီးမြှုပ်နှံရန် NATO အဖွဲ့၏
နိုင်ငံတကာသတင်း ရုရှား အမေရိကန် ဥရောပ

မော်စကို၏ ကျူးကျော်မှုများကြောင့် နေတိုးမဟာမိတ်များ ဖိအားခံစားနေရချိန်တွင် အမေရိကန်က ဘီလာရုစ်-ရုရှား စစ်ရေးလေ့ကျင့်မှုကို လေ့လာစောင့်ကြည့်နေ

  • 2025 ခုနှစ်၊ စက်တင်ဘာလ 17 ရက်
  • 73 Views
CNN- ၂၀၂၅ခုနှစ်၊ စက်တင်ဘာလ ၁၇ရက် ဘိုရီဆော့ဗ်စကီး စစ်ရေးလေ့ကျင့်ရေးကွင်း၊ ဘီလာရုစ် —ရုရှားဒရုန်းများ ပိုလန်လေပိုင်နက်အတွင်းသို့ ဝင်ရောက်လာမှုကြောင့် တင်းမာနေပြီး ဖြစ်သော အခြေအနေတွင် အမေရိကန်၏ ဥရောပရှိ နေတိုးမဟာမိတ်များသည် မော်စကို၏ ဖိအားပေးမှုကို ခံစားနေရကာ စိုးရိမ်ပူပန်မှုများ
နိုင်ငံတကာသတင်း အမေရိကန် ဥရောပ

နေတိုးမဟာမိတ်များကို သမ္မတ ဒေါ်နယ်ထရန့် စာပို့

  • 2025 ခုနှစ်၊ စက်တင်ဘာလ 15 ရက်
  • 142 Views
CNN သတင်း ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ (၁၅) ရက်။ ယခု စနေနေ့တွင် သမ္မတ ဒေါ်နယ်ထရန့်သည် နေတိုးမဟာမိတ်များကို ပေးစာတစ်စောင် ပေးပို့ခဲ့ပြီး အကယ်၍ ၎င်းတို့အားလုံးက သဘောတူပြီး ရုရှားမှ ရေနံဝယ်ယူခြင်းကို ရပ်ဆိုင်းလိုက်မှသာ
နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အရှေ့အလယ်ပိုင်း

ဓားစာခံများအတွက် မြေပြင်စစ်ဆင်ရေးအန္တရာယ်ကို ဆွေးနွေးရန် အစိုးရအဖွဲ့ အစည်းအဝေး မကျင်းပမီ ဂါဇာစီးတီးရှိ အထပ်မြင့်အဆောက်အအုံများကို အစ္စရေးက တိုက်ခိုက်

  • 2025 ခုနှစ်၊ စက်တင်ဘာလ 15 ရက်
  • 144 Views
CNN-၂၀၂၅ခုနှစ်၊ စက်တင်ဘာလ ၁၄ရက် အစ္စရေးစစ်တပ်သည် ဂါဇာစီးတီးရှိ ရပ်ကွက်များစွာကို လူများထွက်ခွာရန် သတိပေးပြီးနောက် ယခုတနင်္ဂနွေနေ့တွင် အထပ်မြင့်အဆောက်အအုံများစွာကို တိုက်ခိုက်ခဲ့သည်။ ၎င်းသည် အစ္စရေးက မြို့ကို လုံးဝပြောင်းရွှေ့ရန် အမိန့်ပေးပြီးနောက် နောက်ဆုံးအကြိမ် ဖျက်ဆီးမှုဖြစ်သည်။ဂါဇာစီးတီးအပေါ် အစ္စရေး၏ တိုက်ခိုက်မှုသည်
နိုင်ငံတကာသတင်း နီပေါ အာရှ

လွှတ်တော်တစ်ခု မီးဟုန်းဟုန်းတောက်၊ ခေါင်းဆောင်တစ်ဦး ပြုတ်ကျ။ နီပေါနိုင်ငံ၏ ဂျင်ဇီ မျိုးဆက် ဆန္ဒပြသူများက မေးသည်။ ဘာတွေဆက်ဖြစ်လာမလဲ။

  • 2025 ခုနှစ်၊ စက်တင်ဘာလ 13 ရက်
  • 239 Views
CNN- ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၁၁ ရက် “နာမည်ကျော်မိဘများ၏သားသမီးများ” နီပိုကလေးများ (Nepo Kids) ၏ ကြွယ်ဝ ချမ်းသာသောလူနေမှုပုံစံများကို ဆန့်ကျင်သည့် ဂျင်ဇီ မျိုးဆက် (Gen Z) ဦးဆောင်သော လူမှုကွန်ရက်လှုပ်ရှားမှုတစ်ခုအဖြစ်
နိုင်ငံတကာသတင်း အမေရိကန်

ချာလီကာ့ခ် (Charlie Kirk) ကို လုပ်ကြံသူကို ဖမ်းလိုက်ပြီ

  • 2025 ခုနှစ်၊ စက်တင်ဘာလ 12 ရက်
  • 263 Views
CNN- ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၁၂ရက် ချာလီကာ့ခ် (Charlie Kirk)ကို လုပ်ကြံသူသည် သူတဦးတည်း သဘောနှင့်လုပ်ဆောင် ခဲ့ခြင်းသာဖြစ်သည်ဟု ယူတာအုပ်ချုပ်ရေးမှူး စပန်ဆာကော့စ်(Spencer Cox) ကသောကြာနေ့သတင်းစာရှင်းလင်းပွဲတွင်ပြောဆိုခဲ့သည်။ သတင်းထောက်က အာဏာပိုင်များက “တေလာရော်ဘင်ဆင် (Tyler
နိုင်ငံတကာသတင်း ရုရှား အမေရိကန်

GOP(ရီပတ်ပလီကင်ပါတီ) က ထရန့် ကို ပူတင် က လှည့်စားနေတယ်လို့ ပို၍ပြောလာကြ

  • 2025 ခုနှစ်၊ စက်တင်ဘာလ 12 ရက်
  • 271 Views
သမ္မတ ဒေါ်နယ်လ် ထရမ့်ရဲ့ ရုရှားသမ္မတ ဗလာဒီမာ ပူတင်ကိုစည်းရုံးပြီးငြိမ်းချမ်းရေးရအောင် ကြိုးပမ်းမှုတွေက ထင်ထားတဲ့အတိုင်း အဆင်မပြေဘူးဆိုတာ တွေ့လာရပါတယ်။ ပြီးခဲ့တဲ့လက အလက်စကားမှာ တွေ့ဆုံပြီးနောက်ပိုင်း၊ ပူတင်က ထရမ့် ကြိုးစားခဲ့တဲ့ ယူကရိန်းနဲ့ တိုက်ရိုက် ငြိမ်းချမ်းရေးဆွေးနွေးဖို့ကို စိတ်ဝင်စားမှု