နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဇူလိုင်လ 31 ရက်

မြန်မာသတင်း

မြန်မာသတင်း

အစ္စလာမ်ဘာသာဝင်အများအပြား ငလျင်ဘေးကြောင့် သေဆုံးခဲ့ရတဲ့အပေါ် ဝမ်းနည်းကြောင်း NUG ထုတ်ပြန်

မတ်လ (၃၁)ရက်။

အစ္စလာမ်ဘာသာဝင် အများအပြား ငလျင်ဘေးကြောင့် သေဆုံးခဲ့ရတဲ့အပေါ် မိသားစုဝင်တွေနဲ့ထပ်တူ ဝမ်းနည်းပူဆွေးရတယ်လို့ NUG ရဲ့ ဒီကနေ့မှာကျရောက်တဲ့ အီဒွလ်ဖိသ်ရ်နေ့မှာ ပေးပို့တဲ့သဝဏ်လွှာမှာ ပြောဆိုထားတယ်လို့ သိရပါတယ်။

မတ်လ (၂၈)ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းငလျင်ကြောင့် နိုင်ငံထဲ ထိခိုက်ပျက်စီးတာ ကြီးမားခဲ့ပြီး ဘုရားကျောင်းကန် စေတီပုထိုးတွေ၊ သာသနိကအဆောက်အအုံတွေ၊ ဗလီဝတ်ကျောင်းတော်တွေ ပြိုကျပျက်စီးခဲ့ရပြီး အသက် သေဆုံးတာနဲ့ ဒဏ်ရာရတာတွေလဲ စိုးရိမ်စရာအခြေအနေအထိ ဖြစ်ပေါ်နေတယ်လို့ ဆိုပါတယ်။

ငလျင်လှုပ်ချိန်ဟာ သောကြာနေ့ ဝတ်ပြုချိန်(ဂျွမ္မာဆွလာသ်)နဲ့ တိုက်ဆိုင်နေခဲ့ပြီး အစ္စလာမ်ဘာသာဝင် အများအပြား သေဆုံးခဲ့ရတဲ့အပေါ် ယူကြုံးမရဖြစ်ကာ ကာယကံရှင်မိသားစုဝင်တွေနဲ့အတူ ထပ်တူ ဝမ်းနည်းပူဆွေးရတယ်လို့ ဖော်ပြထားပါတယ်။

နောက်ပြီး အကြမ်းဖက်စစ်ကောင်စီရဲ့ နေ့တိုင်း လူမဆန်တဲ့ အကြမ်းဖက် လုပ်ရပ်တွေကြောင့် အစ္စလာမ်ဘာသာဝင် အပေါင်းတို့ဟာ ရမဒန်ဥပုသ်လကို စိတ်အေးချမ်းစွာ ဖြတ်သန်းနိုင်တာမရှိခဲ့ဘူးလို့ ဖော်ပြထားပါတယ်။

ဒါ့အပြင် ဒီကနေ့ကျရောက်တဲ့ အီဒွလ်ဖိသ်ရ် ဝါကျွတ် အီးဒ်နေ့ထူးနေ့မြတ် အချိန်အခါမှာ အဖက်ဖက်ကချိနဲ့ကာ ဝမ်းနည်းပူဆွေးနေရတဲ့ မြန်မာနိုင်ငံက အစ္စလာမ်ဘာသာဝင်‌တွေအားလုံး ဘေးအပေါင်းကနေ ကင်းဝေးကြစေဖို့ကိုလဲ သဝဏ်လွှာမှာ ဆုတောင်းမေတ္တာပို့သထားပါတယ်။

ငလျင်ဘေးကြောင့် ထိခိုက်ဒဏ်ရာရသူတွေကြိ အသက်ဘေးက လွတ်မြောက်စေဖို့ အစွမ်းကုန်ကူညီကြဖို့နဲ့ ငလျင်ဒဏ်သင့်ဒေသတွေနဲ့ ဆက်စပ်တဲ့ ခရိုင်တွေထဲ ထိုးစစ်အားလုံး နှစ်ပတ်ကြာ ရပ်ဆိုင်းထားဖို့အပြင် လိုအပ်တဲ့ အကူအညီနဲ့ ကာကွယ်စောင့်ရှောက်တာတွေပေးဖို့ NUG က ညွှန်ကြားထားပါတယ်။

အင်အားပြင်းငလျင်ကြောင့် စစ်ကိုင်း၊ မန္တလေး၊ နေပြည်တော်နဲ့ ရမည်းသင်းအပါအဝင် နိုင်ငံအလယ်ပိုင်းရှိ ဗလီ (၅၀)ထက်မနည်း ပြိုကျပျက်စီးခဲ့ပြီး အစ္စလာမ်ဘာသာဝင် (၅၀၀)ကျော် သေဆုံးခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ကျဆုံးလုနီးပါးဖြစ်နေတဲ့ စစ်အာဏာရှင်ကို ဝိုင်းဝန်းတော်လှန်တိုက်ခိုက်ဖို့ TNLA တောင်းဆို

  • 2025 ခုနှစ်၊ ဇူလိုင်လ 30 ရက်
  • 10 Views
ဇူလိုင်လ (၃၀)ရက်။ ကျဆုံးလုနီးပါးဖြစ်နေတဲ့ စစ်အာဏာရှင်ကို ဟန်ချက်ညီညီ ဝိုင်းဝန်းတော်လှန်တိုက်ခိုက်ဖို့ တော်လှန်ရေးအင်အားစုတွေကို TNLA က ဒီကနေ့မှာ ထုတ်ပြန်တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။
မြန်မာသတင်း

စဉ့်ကူးမြို့ရှိ လက်ပန်လှရဲစခန်းအပါအဝင် နေရာ (၂)ခုကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်

  • 2025 ခုနှစ်၊ ဇူလိုင်လ 30 ရက်
  • 12 Views
ရဲစခန်းရှိ အကျဉ်းသားတွေနဲ့ သံသယတရားခံ စုစုပေါင်း (၂၀)ကျော် သေဆုံးခဲ့တယ်လို့ MDY-PDF ထုတ်ပြန် ဇူလိုင်လ (၃၀)ရက်။ မနေ့က ညနေပိုင်းအချိန်
မြန်မာသတင်း

ညောင်ဦး-ကျောက်ပန်းတောင်းကားလမ်းရှိ Denko ဆီဆိုင် ဓါးပြတိုက်ခံရ

  • 2025 ခုနှစ်၊ ဇူလိုင်လ 30 ရက်
  • 15 Views
ဇူလိုင်လ (၃၀)ရက်။ ဇူလိုင်လ (၂၈)ရက်နေ့ ညနေ (၅)နာရီခန့်က ညောင်ဦးမြို့ တောင်ဘရွာအနီး ညောင်ဦး-ကျောက်ပန်းတောင်းကားလမ်းရှိ Denko ဆီဆိုင် ဓါးပြတိုက်ခံခဲ့ရတယ်လို့ ဒေသထဲသတင်းတွေအရ သိရပါတယ်။ “ ညောင်ဦး-ကျောက်ပန်းတောင်းကားလမ်းဘေးက Denko ဆီဆိုင်ကို ဆိုင်ကယ် (၃)စီးနဲ့
မြန်မာသတင်း

ကွတ်ခိုင်မြို့ကို စစ်ကောင်စီ လေကြောင်းဗုံးကြဲ၊ ပြည်သူ (၆)ဦးသေဆုံးပြီး (၇)ဦး ဒဏ်ရာရရှိခဲ့

  • 2025 ခုနှစ်၊ ဇူလိုင်လ 30 ရက်
  • 16 Views
ဇူလိုင်လ (၃၀)ရက်။ ဒီကနေ့ နံနက် (၁)နာရီဝန်းကျင်ခန့်က ကွတ်ခိုင်မြို့ပေါ်ရှိ ရာစုသစ်ဟိုတယ်ကို စစ်ကောင်စီက လေကြောင်းကနေ ပေါင် (၂၅၉)ဗုံး (၂)လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ TNLA ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ နံနက်အစောပိုင်း (၁၂)နာရီ
မြန်မာသတင်း

ရန်ကုန် ဒဂုံဆိပ်ကမ်းမြို့မှာ ရပ်ကွက်ရုံးနဲ့ စစ်တပ်လက်ပါးစေတွေ မိုင်းခွဲတိုက်ခိုက်ခံရ

  • 2025 ခုနှစ်၊ ဇူလိုင်လ 30 ရက်
  • 17 Views
ဇူလိုင်လ (၃၀)ရက်။ မနေ့က ည (၇)နာရီအချိန်က ရန်ကုန်တိုင်း ဒဂုံဆိပ်ကမ်းမြို့ရှိ (၆၇)ရပ်ကွက်ရုံးနဲ့ စစ်တပ်လက်ပါးစေတွေကို မိုင်းခွဲတိုက်ခိုက်ခဲ့တယ်လို့ Operation Flame(OF)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ဒဂုံဆိပ်ကမ်းက (၆၇)ရပ်ကွက်ရုံးနဲ့ အကြမ်းဖက်စစ်တပ်လက်ပါးစေတွေကို ပြင်းအားမြင့်
မြန်မာသတင်း

ရွေးကောက်ပွဲကို နှောင့်ယှက်ဟန့်တားဖျက်ဆီးတာကနေ ကာကွယ်တယ်ဆိုတဲ့ဥပဒေ စစ်ကောင်စီပြဋ္ဌာန်း

  • 2025 ခုနှစ်၊ ဇူလိုင်လ 30 ရက်
  • 14 Views
ဇူလိုင်လ (၃၀)ရက်။ ရွေးကောက်ပွဲတွေကို နှောင့်ယှက်ဟန့်တားဖျက်ဆီးတာကနေ ကာကွယ်တယ်ဆိုတဲ့ဥပဒေတရပ်ကို စစ်ကောင်စီက ဇူလိုင်လ (၂၉)ရက်နေ့ရက်စွဲနဲ့ ပြဋ္ဌာန်းခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဥပဒေထဲ အခန်း (၈)ခန်းပါဝင်ပြီး ရွေးကောက်ပွဲလုပ်ငန်းစဉ်တွေ ဆောင်ရွက်တာ၊ မဲဆွယ်စည်းရုံးတဲ့ကာလ၊ မဲပေးဖို့တို့နဲ့ မဲရုံမှာ လုံခြုံရေးအပြည့်နဲ့
မြန်မာသတင်း

ဘယ်တော်လှန်ရေးအဖွဲ့တွေနဲ့မဆို ကောင်းမွန်တဲ့ ဆက်ဆံရေးရရှိအောင် တည်ဆောက်နေတယ်လို့ GZA ထုတ်ပြန်

  • 2025 ခုနှစ်၊ ဇူလိုင်လ 29 ရက်
  • 32 Views
ဇူလိုင်လ (၂၉)ရက်။ ဘယ်တော်လှန်ရေးအဖွဲ့တွေနဲ့မဆို ကောင်းမွန်တဲ့ ဆက်ဆံရေးရှိအောင် တည်ဆောက်နေပြီး ပူးတွဲစစ်ဆင်ရေးတွေ လုပ်ဆောင်သွားမယ်လို့ Generation Z Army(GZA)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ GZA အနေနဲ့ တိုင်းနဲ့ ပြည်နယ်တွေမှာ မြို့သိမ်းတိုက်ပွဲ (၆)ခု၊
မြန်မာသတင်း

အစိုးရအဖွဲ့ထဲ လုပ်ငန်းတွေ ပိုမိုထိရောက်စေဖို့ ဝန်ကြီးဌာနတွေကို စုဖွဲ့ဆောင်ရွက်နေတယ်လို့ NUG ပြော

  • 2025 ခုနှစ်၊ ဇူလိုင်လ 29 ရက်
  • 19 Views
ဇူလိုင်လ (၂၉)ရက်။ အစိုးရအဖွဲ့ထဲ လုပ်ငန်းတွေ ပိုမိုထိရောက်စေဖို့ ဝန်ကြီးဌာနတွေကို စုဖွဲ့ဆောင်ရွက်နေတယ်လို့ NUG ရဲ့ ဝန်ကြီးချုပ်ရုံးပြောခွင့်ရ ဦးနေဘုန်းလတ်က ဒီကနေ့ Press Briefing မှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ အစိုးရအဖွဲ့ထဲ လုပ်ငန်းတွေ