နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဇွန်လ 8 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ

အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ဟစ်ဇ်ဘိုလာအရာရှိတစ်ဦးသေဆုံး

++++++++++++++++++++++++

အစ္စရေးဘက်က လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တာကြောင့်  အီရန်က ကျောထောက်နောက်ခံပေးထားတဲ့ လက်ဘနွန်စစ်သွေးကြွတွေနဲ့ အစ္စရေးတို့ကြား အပစ်အခတ်ရပ်စဲရေးကို ဆွေးနွေးနေတဲ့ ဘေရွတ်မြို့မှာ ဟစ်ဇ်ဘိုလာအရာရှိတစ်ဦးအပါအဝင် လူအများအပြားသေဆုံးခဲ့ရတယ်လို့ သိရပါတယ်။ အစ္စရေးစစ်တပ်ကတော့ သူတို့အနေနဲ့ အီရန်ရဲ့ Quds တပ်ဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ဟာဆန်ဘီဒီယာကို ရှင်လင်းသုတ်သင်လိုက်ကြောင်း ထုတ်ပြန်ကြေညာပါတယ်။ ဟာဆန်ဘီဒီယာဟာ အစ္စရေးပြည်သူတွေကို တိုက်ခိုက်ခဲ့တဲ့ ဖြစ်စဉ်မှာ ဟားမက်စ်စစ်သွေးကြွတွေကို ပူးပေါင်းကူညီခဲ့တာကြောင့် ဖြစ်တယ်လို့လည်း ဆိုပါတယ်။ လက်ဘက်နွန်သတင်းရင်းမြစ်တွေရဲ့အဆိုအရတော့ သေဆုံးသွားခဲ့တဲ့ ဟစ်ဇ်ဘိုလာအရာရှိရဲ့ တာဝန်မှာ ပါလက်စ်တိုင်းကိစ္စတွေလည်း ပါဝင်တယ်လို့ဆိုပါတယ်။ အခုတိုက်ခိုက်မှုဟာ ဟစ်ဇ်ဘိုလာတွေ ထိန်းချုပ်ထားတဲ့ ဘေရွတ်မြို့တောင်ပိုင်းကို ၅ ရက်အတွင်း အစ္စရေးရဲ့ ဒုတိယအကြိမ်မြောက် တိုက်ခိုက်မှုဖြစ်ပါတယ်။ လက်ဘနွန်ဝန်ကြီးချုပ် နဝဖ်ဆလမ်က အခုလုပ်ရပ်ဟာ အပစ်အခတ်ရပ်စဲရေး ဆွေးနွေးမှုကို အစ္စရေးက ပြောင်ပြောင်တင်းတင်းချိုးဖောက်ခဲ့တာဖြစ်တယ်လို့ အပစ်တင်ခဲ့ပါတယ်။ အမေရိကန်နိုင်ငံခြားရေးဌာနကတော့ အစ္စရေးဟာ လက်ဘနွန်ဘက်က ပစ်ခတ်တိုက်ခိုက်နေတဲ့ ဒုံးကျည်တွေကို ကာကွယ်ခုခံနေရတယ်လို့ ပြောပါတယ်။ ဝါရှင်တန်ကတော့ ရန်လိုမှုတွေကို တုံ့ပြန်တဲ့ အစ္စရေးရဲ့ လုပ်ရပ်ကို ထောက်ခံကြောင်း ထုတ်ပြန်ကြေညာထားပါတယ်။ ဟစ်ဇ်ဘိုလာအဖွဲ့ကတော့ အစ္စရေးကို လက်ဘနွန်ဘက်ခြမ်းမှ ဒုံးကျည်နဲ့တိုက်ခိုက်မှုဟာ မိမိတို့လက်ချက်မဟုတ်ဘူးလို့ ငြင်းဆိုထားပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အရှေ့အလယ်ပိုင်း

ဂါဇာကမ်းမြောင်ဒေသမှာ အစ္စရေးက ၃၄ ဦးထက်မနည်းကို သတ်ဖြတ်ခဲ့သည်။

  • 2025 ခုနှစ်၊ ဇွန်လ 7 ရက်
  • 3 Views
၂၀၂၅ ခုနှစ်၊ ဇွန်လ ၇ရက် ဂါဇာကမ်းမြောင်ဒေသတွင် ပါလက်စတိုင်းကိုးဦး သေဆုံးခဲ့ခြင်းကြောင့် အကူအညီပေးရေးဌာနများကို ထပ်မံပိတ်လိုက်သည်။ ယနေ့ ဇွန်လ ၇ရက်
နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အရှေ့အလယ်ပိုင်း

အစ္စရေးကို သူတို့အား စွပ်စွဲထားသည့် အထောက်အထားများကို ပေးအပ်ရန် UNRWA က တောင်းဆိုလိုက်သည်။

  • 2025 ခုနှစ်၊ ဇွန်လ 7 ရက်
  • 4 Views
ဇွန်လ (၇) ရက်။ ပါလက်စတိုင်းဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂအေဂျင်စီ (UNRWA) က ၎င်းအား စွပ်စွဲမှုများနှင့်ပတ်သက်၍ အစ္စရေးထံမှ “ ပူးပေါင်းဆောင်ရွက်နိုင်ရန် အထောက်အထား” ကို အကြိမ်ကြိမ် တောင်းဆိုခဲ့သော်လည်း တောင်းဆိုချက်အားလုံးကို အဖြေမပေးခဲ့ကြောင်း ပြောကြားခဲ့သည်။ “
နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အမေရိကန် အရှေ့အလယ်ပိုင်း ဥရောပ

အစ္စရေးနိုင်ငံအပေါ် စုံစမ်းစစ်ဆေးမှုတွေနဲ့ ပတ်သက်ပြီး နိုင်ငံတကာ ရာဇ၀တ်ခုံရုံး တရားသူကြီးများကို အမေရိကန်က ဒဏ်ခတ်ပိတ်ဆို့လိုက်သည်။

  • 2025 ခုနှစ်၊ ဇွန်လ 7 ရက်
  • 5 Views
ဂါဇာကမ်းမြောင်နှင့် အနောက်ဘက်ကမ်းတွင် အစ္စရေးစစ်ရာဇ၀တ်မှုများအတွက် ခုံရုံး၏ စုံစမ်းစစ်ဆေးမှုကို တုံ့ပြန်သည့်အနေဖြင့် အမေရိကန်တွင်ရှိ တရားသူကြီးလေးဦး ပိုင်ဆိုင်သော ပိုင်ဆိုင်မှုများကို သိမ်းဆည်းသွားမည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။ ဇွန်လ (၆) ရက်။ ဂါဇာကမ်းမြောင်ဒေသနှင့် အနောက်ဘက်ကမ်းတွင် အစ္စရေး၏ စစ်ရာဇ၀တ်မှုများနှင့်
နိုင်ငံတကာသတင်း အမေရိကန်

ကီလ်မာအာဘရီဂိုဂါဆီယာ (Kilmar Abrego Garcia) သည် ရာဇ၀တ်မှုဖြင့် တရားရင်ဆိုင်ရန် အမေရိကန်သို့ ပြန်ခေါ်ဆောင်ခဲ့သည်။

  • 2025 ခုနှစ်၊ ဇွန်လ 7 ရက်
  • 5 Views
ဇွန်လ ၆ ရက်၊ ၂၀၂၅ မတ်လတွင် အယ်လ်ဆာဗေးဒိုးသို့ လွဲမှားစွာ ပြည်နှင်ဒဏ်ခံခဲ့ရသည့် မေရီလန်းပြည်နယ်မှ ကီလ်မာအာဘရီဂိုဂါဆီယာသည် ဖက်ဒရယ်ရာဇ၀တ်မှုဖြင့် တရားရင်ဆိုင်ရန် အမေရိကန်သို့ ပြန်ရောက်လာပြီဖြစ်ကြောင်း ရှေ့နေချုပ် ပန်းဘွန်ဒီ (Pam Bondi)က သောကြာနေ့တွင် ပြောကြားခဲ့သည်။
နိုင်ငံတကာသတင်း မြန်မာသတင်း

ILO ရဲ့ ဆုံးဖြတ်ချက် နိုင်ငံရေးအရ ဖိအားပေးတာလို့ စစ်ကောင်စီတုံ့ပြန်

  • 2025 ခုနှစ်၊ ဇွန်လ 7 ရက်
  • 8 Views
ဇွန်လ (၇)ရက်။ ILO ရဲ့ Article 33 နဲ့ အရေးယူဖို့ ဆုံးဖြတ်ချက်ဟာ နိုင်ငံရေးအရ ဖိအားပေးတာဖြစ်ပြီး စိတ်ပျက်ရတယ်ဆိုကာ စစ်ကောင်စီအလုပ်သမားဝန်ကြီးဌာနရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဆုံးဖြတ်ချက်ဟာ သမာသမတ်ကျ မျှတမှုမရှိဘဲ နိုင်ငံရေးဆိုင်ရာ
နိုင်ငံတကာသတင်း အမေရိကန်

အချိန်တိုအတွင်း ပြိုကွဲသွား စစ်ရေးကဏ္ဍအပေါ် သက်ရောက်မှု ရှိလာနိုင်

  • 2025 ခုနှစ်၊ ဇွန်လ 6 ရက်
  • 17 Views
ဇွန်လ (၆) ရက်။ အမေရိကန်သမ္မတထရန့်နှင့် စီးပွားရေးလုပ်ငန်းရှင် အီလွန်မတ်စ်တို့သည် ၅ ရက်နေ့က ဆိုရှယ်မီဒီယာပေါ်တွင် အချင်းချင်း ပြင်းပြင်းထန်ထန် စော်ကားပြောဆိုမှုများ ပြုလုပ်ခဲ့ကြသည်။ မတ်စ်သည် မေလနှောင်းပိုင်းတွင် အစိုးရဌာနမှ နုတ်ထွက်ပြီး အုပ်ချုပ်ရေး၏ အထင်ကရ ဥပဒေမူကြမ်းကို
နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အမေရိကန်

ကုလဆုံးဖြတ်ချက် ဂါဇာ အမြဲတမ်း အပစ်အခတ်ရပ်စဲရေးမူကြမ်းကို အမေရိကန်က ဗီတိုအာဏာဖြင့် ပယ်ချ

  • 2025 ခုနှစ်၊ ဇွန်လ 5 ရက်
  • 29 Views
ဇွန်လ (၅) ရက်။ ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်မူကြမ်းတွင် အစ္စရေးနှင့် ဟားမတ်စ်တို့အကြား ချက်ချင်းလက်ငင်း၊ ခြွင်းချက်မရှိ အမြဲတမ်း အပစ်အခတ်ရပ်စဲရေး တောင်းဆိုခဲ့ပြီး ထိုမူကြမ်းကို ဇွန် ၄ ရက် ဗုဒ္ဓဟူးနေ့တွင် အမေရိကန်က ဗီတိုအာဏာဖြင့် ပယ်ချလိုက်သည်။