နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 22 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန်

ထရန့်၏စည်းကြပ်ခွန်စာရင်း ကြေညာပြီးနောက် ရွှေဈေး စံချိန်သစ် ဈေးတက်နေစဉ် အာရှရှယ်ယာစျေးကွက်များ ကျဆင်းသွားသည်။

ဧပြီလ (၈) ရက်။

အာရှနိုင်ငံအများအပြားကို ပစ်မှတ်ထားသည့် ကြီးလေးသော စည်းကြပ်ခွန်များအပါအဝင် ကမ္ဘာလုံးဆိုင်ရာ အခွန်စည်းကြပ်မှုကို စတင်လိုက်သည့် အမေရိကန်သမ္မတဒေါ်နယ်ထရမ့်၏ ကြေညာချက်ကို ရင်းနှီးမြှုပ်နှံသူများက တုံ့ပြန်မှုကြောင့် အာရှရှယ်ယာဈေးကွက်များသည် ကြာသပတေးနေ့တွင် ကျဆင်းသွားခဲ့သည်။

တစ်ချိန်တည်းတွင် ရင်းနှီးမြှုပ်နှံသူများသည် ပိုမိုလုံခြုံပြီး ခိုင်မာသောငွေကြေးအဖြစ် အစဉ်အလာအားဖြင့် မြင်ကြသော အဖိုးတန်ရွှေသတ္တုကို ရင်းနှီးမြှုပ်နှံသူများက အပြေးအလွှား ပြေးဝယ်ယူ ကြသဖြင့် ရိုက်တာသတင်း၏အဆိုအရ ရွှေသည် တစ်အောင်စလျှင် $ ၃,၁၆၀ အထက် စံချိန်သစ်တင်ခဲ့သည်။

ဂျပန်နိုင်ငံ၏ Nikkei 225 အညွှန်းကိန်းသည် ကြာသပတေးနေ့အဖွင့်တွင် ၄ ရာခိုင်နှုန်းနီးပါး ကျဆင်းသွားပြီး အမေရိကန်သို့ ပို့ကုန်များအပေါ် အခွန် ၂၄ ရာခိုင်နှုန်း တိုးကောက်ခံရသောကြောင့် ရှစ်လတာ အနိမ့်ဆုံးသို့ ရောက်ရှိခဲ့သည်။

ဟောင်ကောင်၏ အခြေခံစံနှုန်းဖြစ်သော Hang Seng Index သည် ကြာသပတေးနေ့ နံနက်ပိုင်းတွင် အမေရိကန်က တရုတ်အပေါ် အခွန် ၃၄% တိုးကောက်ကြောင်း ကြေညာပြီးနောက် ကြာသပတေးနေ့နံနက်ပိုင်းတွင် ၁.၁၅% ခန့် ကျဆင်းသွားခဲ့သည်။

တောင်ကိုရီးယား၏ Kospi စတော့ဈေးကွက်အညွှန်းကိန်းသည် အဖွင့်တွင် ၃% ကျဆင်းပြီးနောက် နောက်ဆုံးအရောင်းအဝယ်ဖြစ်မှု ၁% ခန့် လျော့ကျခဲ့သည်။ အမေရိကန်သို့ ၎င်း၏သွင်းကုန်များအပေါ် ၂၅% စည်းကြပ်ခံရမည်ဖြစ်သည်။

အခွန်စည်းကြပ်ရန် ထရန့် ဆုံးဖြတ်ချက်ချပြီးနောက် ကြာသပတေးနေ့ ဖွင့်လှစ်ချိန်တွင် ၁၄၂ မှတ် သို့မဟုတ် ၁.၇၉% သို့ကျဆင်းသွားသည်။ ထိုင်ဝမ်ရှိ ရှယ်ယာစျေးကွက်သည် ကြာသပတေးနေ့တွင် ပိတ်သည်။

ဗီယက်နမ်၏စံညွှန်း VN အညွှန်းကိန်းသည် အစောပိုင်းကုန်သွယ်မှုတွင် ၅ ရာခိုင်နှုန်းကျော် ကျဆင်းခဲ့ကြောင်း Bloomberg သတင်းက ဆိုသည်။ ထိုအတိုင်းအတာသည် ၎င်း၏နှစ်စဉ် အဆက်မပြတ်ရရှိနေခဲ့သော အမြတ်များကို ဖျက်ပစ်ရန် အသင့်ရှိနေပါသည်။

ထရန့်က သတင်းစာသမားများကို အခွန်စာရင်းကဒ်ပြားကို လက်ထောက်ပြသခဲ့ပြီး အမေရိကန်သို့ ထိုနိုင်ငံများက အခွန်မည်မျှကောက်ခံပြီး သူကမည်မျှပြန်လည် ကောက်ခံကြောင်းကို ရှင်းပြသည့်အထဲတွင် –

နိုင်ငံ အမေရိကန်နိုင်ငံအပေါ်အခွန်/အမေရိကန်ကပြန်ကောက်သည့်အခွန်

တရုတ် ၆၇%/၃၄%

ဥရောပသမဂ္ဂ ၃၉%/ ၂၀%

ဗီယက်နမ် ၉၀%/ ၄၆%

တိုင်ဝမ် ၆၄% /၃၂%

ဂျပန် ၄၆%/၂၄%

အိန္ဒိယ ၅၂% /၂၆%

တောင်ကိုရီးယား ၅၀% /၂၅%

ထိုင်း ၇၂%/၃၆%

ဆွစ်ဇာလန် ၆၁% /၃၁%

အင်ဒိုနီးရှား ၆၄% /၃၂%

မလေးရှား ၄၇% /၂၄%

ကမ္ဘောဒီယား ၉၇% /၄၉%

မြန်မာ ၈၈% /၄၄%

သာဓကအားဖြင့် ဥရောပသမဂ္ဂ၏ အမေရိကန်ကုန်ပစ္စည်းများအပေါ် စည်းကြပ်ခွန် ၃၉% နှင့်ကိုက်ညီမည့် ဥရောပသမဂ္ဂသွင်းကုန်များအပေါ် အမေရိကန်မှ ကောက်ခံမည့် စည်းကြပ်ခွန်အသစ်သည် ၂၀% ဖြစ်လိမ့်မည်။

တရုတ်သည် ဖင်သနော် (fentanyl) ကုန်သွယ်မှုတွင် ပါဝင်သည့်အတွက် ၂၀% အခွန်စည်းကြပ်ထားပြီးဖြစ်ပြီး နောက်ထပ် ၃၄% စည်းကြပ်ခွန် ထပ်ပိုးလိုက်သဖြင့်တရုတ်သွင်းကုန်များအပေါ် စည်းကြပ်ခွန် စုစုပေါင်း ၅၄% ဖြစ်လာမည် ဖြစ်သည်။ တရုတ်မှ အမေရိကန်သွင်းကုန်များကို အခွန် ၆၇%စည်းကြပ်ထားသဖြင့် မျှခြေ နီးပါးရှိလာသည်။

နိုင်ငံပေါင်း ၆၀ လောက်က အခွန်စည်းကြပ်မှု ၁၀% ထက် ပိုများသည်ကို တွေ့ရပါလိမ့်မည်။ အခြေခံအကောက်ခွန် ၁၀% သည် စနေနေ့သန်းခေါင်ကျော် တစ်မိနစ်တွင် စတင်အသက်ဝင်မည်ဖြစ်ပြီး ထို့နောက် မြင့်မားသော အခွန်အခများသည် ဧပြီလ ၉ ရက်နေ့တွင် အသက်ဝင်မည် ဖြစ်သည်။

စည်းကြပ်ခွန်အသစ်များသည် သံမဏိ၊ အလူမီနီယမ်နှင့် မော်တော်ကားများအတွက် ယခင်က ကြေညာထားသော စည်းကြပ်ခွန်များကို ထပ်တိုးမည် မဟုတ်ပါ။

အမေရိကန်-မက္ကဆီကို-ကနေဒါအတွက် ထရန့်က စည်းကြပ်ခွန် ၂၅% သတ်မှတ်ထားပြီး ဖြစ်သည်။ ဖင်သနော် (fentanyl) နှင့် တရားမဝင်လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ပြဿနာများကို ရှေ့တန်းတင်၍ မဖြေရှင်းသရွေ့ ယခင်အတိုင်း ရှိနေမည် ဖြစ်သည်ဟု ဆိုသည်။

အိမ်ဖြူတော်အကြီးတန်းအရာရှိများက ထရန့်သည် ဆီမီးကွန်ဒတ်တာ (semiconductors)၊ ဆေးဝါးများနှင့် အရေးပါသောသတ္တုများအတွက် သီးခြားအခွန်စည်းကြပ်မှုကို နောက်ပိုင်းတွင် ကြေညာမည်ဟု ပြောကြားခဲ့သည်။

See insights and ads

Boost post

All reactions:

5858

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အမေရိကန်

တရားရုံးချုပ်က ထရန့် နှင့် ရီပတ်ပလီကင်ပါတီ (GOP) အဖွဲ့ဝင်များအတွက် ကွယ်ဝှက် ထားသော လက်ဆောင်တစ်ခု ပေးအပ်လိုက်ခြင်း

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 22 ရက်
  • 10 Views
CNN – ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၂ ရက် တရားရုံးချုပ်သည် သောကြာနေ့တွင် သမ္မတ ဒေါ်နယ်ထရန့် ၏
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အီရန်

အရေးကြီးသော ဆွေးနွေးပွဲများမတိုင်မီ အီရန်အပေါ် အမေရိကန်က စစ်ရေးဖိအားများ တိုးမြှင့်နေ

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 17 ရက်
  • 40 Views
CNN- ၂၀၂၆ခုနှစ်၊ ဖေဖော်ဝါရီလ၊ ၁၇ရက် လာမည့်အင်္ဂါနေ့တွင် ဂျီနီဗာမြို့၌ အီရန်နှင့်ပြုလုပ်မည့် ဆွေးနွေးပွဲများမတိုင်မီ အမေရိကန် စစ်တပ်သည် အရှေ့အလယ်ပိုင်းဒေသတွင် လေကြောင်းနှင့် ရေတပ်အင်အားကို သိသိသာသာ ဆက်လက်တိုးမြှင့်လျက်ရှိသည်။ တီဟီရန်အစိုးရကို ခြိမ်းခြောက်ရန်နှင့် အကယ်၍ ၎င်းတို့၏ နျူကလီးယားအစီအစဉ်နှင့်
ဂျာမဏီ နိုင်ငံတကာသတင်း ပြင်သစ် ဗြိတိန် အမေရိကန် ဥရောပ

 ရုရှားကို ဟန့်တားရန် လက်နက်အသုံးစရိတ်နှင့် ပတ်သက်၍ ပြည်သူများက ခက်ခဲသော ရွေးချယ်မှုများ’ ပြုလုပ်ရန် လိုအပ်ကြောင်း ဥရောပ ထိပ်တန်းစစ်ဗိုလ်ချုပ်နှစ်ဦး သတိပေး

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 16 ရက်
  • 46 Views
CNN – ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၆ ရက် အမေရိကန်၏ အဓိကမဟာမိတ် နှစ်နိုင်ငံမှ ကာကွယ်ရေးဦးစီးချုပ်များသည် အနောက်ဘက် သို့ ပိုမိုဦးတည်လာနေသော ရုရှားနှင့် ဖြစ်ပွားလာနိုင်သည့် စစ်ပွဲကို ဟန့်တားနိုင်ရန်အတွက် ကာကွယ်ရေးအသုံးစရိတ် အမြောက်အမြား
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အနောက်ဘက်ကမ်းခြေ ဒေသအများအပြားကို နိုင်ငံပိုင်မြေအဖြစ် သတ်မှတ်ရန် အစ္စရေး၏ လုပ်ဆောင်ချက်မှာ ‘အင်အားသုံး သိမ်းပိုက်ခြင်း’ ဖြစ်သည်ဟု ပြစ်တင်ရှုတ်ချခံရ

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 16 ရက်
  • 41 Views
CNN- ၂၀၂၆ခုနှစ်၊ဖေဖော်ဝါရီလ ၁၆ရက် တဲလ်အဗစ် — သိမ်းပိုက်ထားသော အနောက်ဘက်ကမ်းခြေ (West Bank) ရှိ နယ်မြေများကို နိုင်ငံပိုင်မြေအဖြစ် မှတ်ပုံတင်ရန် အစ္စရေးအစိုးရက ရှေ့ဆက်လုပ်ဆောင်နေပြီး ယင်းလုပ်ရပ် ကို ပါလက်စတိုင်းတို့က “အင်အားသုံး နယ်မြေသိမ်းပိုက်ခြင်း
ဂျာမဏီ နိုင်ငံတကာသတင်း အမေရိကန် ဥရောပ

ရူဘီယိုနှင့် ဥရောပခေါင်းဆောင်များ အချက်တခုတွင် သဘောတူညီကြသည်- ထိုအချက်မှာ ယခင်ကမ္ဘာ့အာဏာစဉ်ဟောင်းသည် ‘မတည်ရှိတော့ပါ’ဟူ၍ဖြစ်သည်

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 16 ရက်
  • 45 Views
CNN – ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၆ ရက် မြူးနစ်၊ ဂျာမနီ — သောကြာနေ့က ကျင်းပသော အားပြိုင်မှုများပြင်းထန်သည့် မြူးနစ်လုံခြုံရေးညီလာခံတွင် ဥရောပခေါင်းဆောင်များသည် အမေရိကန်ဦးဆောင်သော နိုင်ငံတကာအစီအစဉ် ဇာတ်သိမ်းသွားပြီဆိုသည့်အချက်ကို အလေးပေးဆွေးနွေးခဲ့ကြသည် –
တရုတ် နိုင်ငံတကာသတင်း အမေရိကန် ဥရောပ

ရူဘီယိုက ဆက်ဆံရေးများ ပြန်လည်ကုစားရန် ကြိုးပမ်းနေချိန်တွင် တရုတ်က ဥရောပကို သိမ်းသွင်းရန် မျှော်လင့်နေ

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 16 ရက်
  • 53 Views
CNN – ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၆ ရက် ပေကျင်း — မြူးနစ်လုံခြုံရေးညီလာခံတွင် အမေရိကန်နှင့် ဥရောပသည် “အတူတကွ ရှိနေရမည့်သူများ” ဖြစ်ကြောင်း ထိပ်တန်းသံတမန် မာကိုရူဘီယိုက ရင်ကြားစေ့ရေး မိန့်ခွန်းပြောကြားပြီး မိနစ်ပိုင်းအကြာမှာပင်၊
နိုင်ငံတကာသတင်း ရုရှား

ရုရှားအတိုက်အခံခေါင်းဆောင် အလက်ဇီ နာဗာလ်နိကို ဖားအဆိပ်မြှား (Dart Frog Toxin) သုံး၍ သတ်ဖြတ်ခဲ့ကြောင်း ဗြိတိန်ပြောကြား

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 14 ရက်
  • 46 Views
BBC – ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၄ ရက် ရုရှားအတိုက်အခံခေါင်းဆောင် အလက်ဇီ နာဗာလ်နီ (Alexei Navalny) သည် ဖားမှ ထုတ်ယူဖော်စပ်ထားသော အဆိပ်ကို အသုံးပြု၍မြှားဆိပ်ဖြင့် သတ်ဖြတ်ခံခဲ့ရခြင်း ဖြစ်ကြောင်း ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးဌာနက