နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဧပြီလ 14 ရက်

မြန်မာသတင်း

မြန်မာသတင်း

ကယန်းအမျိုးသားနေ့ကျင်းပတဲ့ရွာကို စစ်ကောင်စီဗုံးကြဲမှု ပြင်းထန်စွာကန့်ကွက်ရှုတ်ချတယ်လို့ ကယန်းပြည်သစ်ပါတီထုတ်ပြန်

ဧပြီလ (၁၁)ရက်။

မနေ့က ည (၁၁)နာရီ (၄၅)မိနစ်အချိန် ကယန်းအမျိုးသားနေ့အခမ်းအနား ကျင်းပတဲ့ သိကျိတ်ကျေးရွာကို စစ်ကောင်စီက ပေါင် (၂၀၀)ဗုံး ကြဲချခဲ့တယ်လို့ ကယန်းပြည်သစ်ပါတီရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

ငလျင်ဒဏ်ကို အကြောင်းပြုပြီး စစ်ကောင်စီက အပစ်ရပ်တယ်ဆိုပြီး ကြေညာထားတဲ့အချိန် ကယန်းအမျိုးသားနေ့အခမ်းအနား ကျင်းပတဲ့ သိကျိတ်ရွာကို ဗုံးကြဲတိုက်ခိုက်တာဟာ စစ်ရာဇဝတ်မှု ကျူးလွန်တာလို့ ဆိုပါတယ်။

ကယန်းအမျိုးသားတွေရဲ့ နေ့ထူးနေ့မြတ် အခမ်းအနားကျင်းပတဲ့နေရာကို ဗုံးကြဲတိုက်ခိုက်တာဟာ တိုင်ရင်းသားလူနည်းစုအခွင့်အရေးဆိုင်ရာ နိုင်ငံတကာစံနှုန်းသတ်မှတ်ချက်တွေကို အတိအလင်းချိုးဖောက်တာလို့ ဖော်ပြထားပါတယ်။

နောက်ပြီး သိကျိတ်ကျေးရွာဟာ ကယန်းပြည်သစ်ပါတီ ဗဟိုစည်းဧရိယာထဲဖြစ်သလို ၁၉၉၄ခုနှစ် အပစ်ရပ်စဲချိန်က သဘောတူညီချက်တွေကို ချိုးဖောက်တာအပြင် စစ်ကောင်စီကိုယ်တိုင် ကြေညာထားတဲ့ အပစ်ရပ်စဲတဲ့ ထုတ်ပြန်ချက်ကို ကိုယ်တိုက်ချိုးဖောက်တာဖြစ်တဲ့အတွက် ပြင်းထန်စွာကန့်ကွက်ရှုတ်ချတယ်လို့ ရေးသားထားပါတယ်။

အခုလို ကယန်းပြည်သူတွေနေထိုင်တဲ့ ကျေးရွာတွေထဲ ဗုံးကြဲတိုက်ခိုက်တဲ့ဖြစ်စဉ်မျိုး ထပ်မံကျူးလွန်ပါက ဖြစ်လာမယ့် ကိစ္စရပ်တွေကို တာဝန်ခံမှာမဟုတ်ဘူးလို့လဲ ကယန်းပြည်သစ်ပါတီက အသိပေးထားပါတယ်။

သိကျိတ်ရွာကို စစ်ကောင်စီက ပေါင် (၂၀၀)ဗုံးနဲ့ ကြဲချတိုက်ခိုက်ခဲ့တဲ့ဖြစ်စဉ်ထဲ နေအိမ် (၃)လုံးပျက်စီးကာ လူ (၂)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

မင်းတပ်မြို့ပေါ်က မြို့မနှစ်ခြင်း (MBC) ဘုရားကျောင်းကို စစ်ကောင်စီ လေကြောင်းက တိုက်ခိုက်

  • 2025 ခုနှစ်၊ ဧပြီလ 13 ရက်
  • 9 Views
ဧပြီလ (၁၃) ရက်။ ဒီကနေ့ ညနေ ၄ နာရီဝန်းကျင်မှာ နေပြည်တော် အေလာလေတပ်က တက်လာတဲ့ ဂျက်ဖိုက်တာတစ်စီးက မင်းတပ်မြို့ပေါ်က
1027 Operations မြန်မာသတင်း

တောင်းခမ်းမှာ TNLA တပ်စခန်းတွေကို စစ်ကောင်စီ ဆက်လက် ထိုးစစ်ဆင် တိုက်ခိုက်နေ

  • 2025 ခုနှစ်၊ ဧပြီလ 13 ရက်
  • 14 Views
ဧပြီလ (၁၃) ရက်။ ရှမ်းမြောက်ပိုင်း နောင်ချိုမြို့နယ်၊ တောင်းခမ်းကျေးရွာ အနီးဝန်းကျင်မှာ တအာင်းတပ်မတော် TNLA ရဲ့ တပ်စခန်းတွေကို စစ်ကောင်စီတပ်က
မြန်မာသတင်း

ကောလင်းမြိုနယ် ညောင်ကုန်းရွာကို စစ်ကောင်စီ လေကြောင်းက တိုက်ခိုက်

  • 2025 ခုနှစ်၊ ဧပြီလ 13 ရက်
  • 6 Views
ဧပြီလ (၁၃) ရက်။ စစ်ကိုင်းတိုင်း ကောလင်းမြို့နယ်က ညောင်ကုန်းရွာကို စစ်ကောင်စီက လေကြောင်းကနေ တိုက်ခိုက်ခဲ့ရာ အရပ်သား ၂ ဦး ဒဏ်ရာ ရခဲ့တယ်လို့ သိရပါတယ်။ ဒီကနေ့ ဧပြီလ ၁၃ ရက် နေ့လယ်
မြန်မာသတင်း

ကုလသမဂ္ဂက မြန်မာ့ငလျင်ဘေး အရေးပေါ်အကူအညီ‌ ပေးနိုင်ရေးအတွက် နောက်ထပ် အမေရိကန်ဒေါ်လာ ၂၄၁ ဒသမ ၆ သန်း အကူအညီတောင်းခံ

  • 2025 ခုနှစ်၊ ဧပြီလ 13 ရက်
  • 18 Views
ဧပြီလ (၁၃) ရက်။ ကုလသမဂ္ဂက မြန်မာ့ငလျင်ဘေး အရေးပေါ်အကူအညီ‌ ပေးနိုင်ရေးအတွက် နောက်ထပ် အမေရိကန်ဒေါ်လာ ၂၄၁ ဒသမ ၆ သန်းကို အကူအညီတောင်းခံထားသည်ဟု ကုလသမဂ္ဂ ထုတ်ပြန်ချက်အရ သိရသည်။ မတ် ၂၈ ရက်က
မြန်မာသတင်း

မိတ္ထီလာအနီး ပြင်းအား ၅.၅ အဆင့်ရှိ နောက်ဆက်တွဲ ငလျင်ထပ်လှုပ်

  • 2025 ခုနှစ်၊ ဧပြီလ 13 ရက်
  • 10 Views
ဧပြီလ (၁၃) ရက်။ မန္တလေးတိုင်း မိတ္ထီလာမြို့နယ် အရှေ့မြောက်ဘက် ဝမ်းတွင်းမြို့အနီးမှာ ဒီနေ့မနက် ၉ နာရီဝန်းကျင်က ရစ်ခ်ျတာစကေး ၅ ဒဿမ ၅ အဆင့် အင်အားအသင့်အတင့်ရှိတဲ့ ငလျင်လှုပ်ခတ်ခဲ့တယ်လို့ အမေရိကန်ဘူမိဗေဒလေ့လာရေးဌာန (USGS) က
မြန်မာသတင်း

စစ်ခေါင်းဆောင်နဲ့ အိန္ဒိယနိုင်ငံမှ ငြိမ်းချမ်းရေးသံတမန် ဂုရုကြီး ရှရီရှရီ ရာဗီရှန်ကာတို့ ဖုန်းနဲ့ ဆက်သွယ်စကားပြောခဲ့ဟုဆို

  • 2025 ခုနှစ်၊ ဧပြီလ 13 ရက်
  • 19 Views
ဧပြီလ (၁၃) ရက်။ စစ်ခေါင်းဆောင်နဲ့ အိန္ဒိယနိုင်ငံမှ ငြိမ်းချမ်းရေးသံတမန်ဂုရုကြီး ရှရီရှရီ ရာဗီရှန်ကာတို့ ဖုန်းနဲ့ ဆက်သွယ်စကားပြောခဲ့တယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ပါတယ်။ ငြိမ်းချမ်းရေးသံတမန်ဂုရုကြီးဟာ ဖေဖော်ဝါရီလဆန်းက မြန်မာပြည်ကိုလာရောက်ခဲ့ပြီး စစ်ခေါင်းဆောင်နဲ့ တွေ့ခဲ့သူတစ်ဦးလည်း ဖြစ်ပါတယ်။ အမေရိကန်ကို ခေတ္တရောက်ရှိနေတဲ့
မြန်မာသတင်း

ငလျင်ကြောင့် ပြိုကျခဲ့သည့် အဆောက်အဦးများထဲမှ ရှာတွေ့ခဲ့သည့် ရတနာများနှင့် ငွေသားများကို ပိုင်ရှင်ထံပြန်အပ်

  • 2025 ခုနှစ်၊ ဧပြီလ 13 ရက်
  • 17 Views
ဧပြီလ (၁၃) ရက်။ ပြီးခဲ့တဲ့ မတ်လ (၂၈) ရက်နေ့မှာ လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းငလျင်ကြီးကြောင့် ပြိုကျပျက်စီးခဲ့ရတဲ့ မန္တလေးမြိုနဲ့ နေပြည်တော်တို့မှာရှိတဲ့ အဆောက်အအုံတွေထဲက တွေ့ရှိခဲ့တဲ့ ရတနာနဲ့ ငွေသားတွေကို ပိုင်ရှင်တွေထံ ပြန်လည်အပ်နှံခဲ့တယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က မနေ့က
မြန်မာသတင်း

ဘင်္ဂလားဒေ့ရှ်ကြက်ခြေနီအသင်းက အင်အားပြင်းငလျင်ကြီးဒဏ်သင့်သူတွေအတွက် တစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်းတွေလှူဒါန်း

  • 2025 ခုနှစ်၊ ဧပြီလ 13 ရက်
  • 14 Views
ဧပြီလ (၁၂) ရက်။ ဘင်္ဂလားဒေ့ရှ်ကြက်ခြေနီအသင်းက အင်အားပြင်းငလျင်ကြီးဒဏ်သင့်သူတွေအတွက် တစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်းတွေကို မြန်မာနိုင်ငံကြက်ခြေနီအသင်းထံကို မနေ့က ဧပြီလ ၁၂ ရက်နေ့ မနက်ပိုင်းက ရန်ကုန်မြို့ရှိ သီလဝါဆိပ်ကမ်းမှာ လွှဲပြောင်းပေးအပ်လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသံရုံး၏ သံအမတ်ကြီး ဒေါက်တာမွန်ဝါဟိုဆန်