နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 6 ရက်

မြန်မာသတင်း

မြန်မာသတင်း

ငလျင်ဘေးသင့်ပြည်သူတွေအတွက် တအာင်းပြည်ထဲ အလှူငွေကောက်ခံရာ ငွေကျပ် သိန်းပေါင်း(၄၀၀၀)ကျော်ရရှိခဲ့တယ်လို့ TNLA ထုတ်ပြန်

ဧပြီလ (၁၂)ရက်။

ငလျင်ဘေးသင့်ပြည်သူ‌တွေအတွက် တအာင်းပြည်ထဲ အလှူငွေကောက်ခံခဲ့ရာ ငွေကျပ် သိန်းပေါင်း (၄၀၀၀)ကျော် ရရှိခဲ့တယ်လို့ TNLA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

အင်အားပြင်းငလျင်ဒဏ်သင့်တဲ့ ပြည်သူတွေအတွက် တအာင်းပြည်ထဲ TNLA ထိန်းချုပ်တဲ့ နမ့်ခမ်း၊ မန်တုံ၊ နမ့်ဆန်၊ နမ္မတူ၊ ကွတ်ခိုင်၊ မိုးကုတ်နဲ့ ကျောက်မဲတို့မှာ ကော်မတီဖွဲ့ကာ အလှူခံဌာန ဖွင့်လှစ်ကောက်ခံခဲ့တာလို့ ဆိုပါတယ်။

အဲ့ဒီလိုကောက်ခံရာ နမ့်ဆန်မြို့မှာ ကျပ်သိန်း (၉၀၀)ကျော်၊ မန်တုံမြို့မှာ ကျပ်သိန်း (၂၀၀)ကျော်၊ နမ့်ခမ်းမြို့မှာ ကျပ်သိန်း (၁၀၀၀)‌ကျော်၊ နမ္မတူမြို့မှာ ကျပ်သိန်း (၄၀၀)ကျော်၊ ကွတ်ခိုင်မြို့မှာ ကျပ်သိန်း (၄၀၀)ကျော်၊ ကျောက်မဲမြို့မှာ ကျပ်သိန်း (၂၀၀)ကျော်နဲ့ မိုးကုတ်မြို့မှာ ကျပ်သိန်း (၁၀၀၀)ကျော် ရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

အင်အားပြင်းငလျင်ဒဏ်ကြောင့် ပြည်သူတွေ ထိခိုက်နစ်နာဆုံးရှုံးတဲ့အပေါ် လူသားချင်းစာနာထောက်ထားတဲ့အနေနဲ့ ဝိုင်းဝန်းကူညီနိုင်ဖို့ တအာင်းအရပ်ဘက်အဖွဲ့အစည်း(TCSOs)နဲ့ တက်ကြွလူငယ်တွေ ဝိုင်းဝန်းပြီး အလှူငွေ‌ကောက်ခံခဲ့တာလို့ ရေးသားထားပါတယ်။

အလှုငွေကောက်ခံတာမှာ မြို့ထဲရှိ ပြည်သူတွေ၊ ရပ်ရွာပြည်သူတွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ ပြည်တွင်းပြည်ပအလှူရှင်တွေ ပါဝင်လှူဒါန်းခဲ့ကြပြီး အလှူငွေတွေကို အင်းလေး၊ စစ်ကိုင်း၊ မင်းကွန်၊ ပုလိပ်နေရာတွေအပြင် ရှမ်းတောင်ပိုင်းရှိ ကလော၊ တောင်နီ၊ ပိန်နဲပင်ရွာနဲ့ စေတီကုန်း စတဲ့ဒေသတွေမှာ လှူဒါန်းသွားမယ်လို့ ပြောဆိုထားပါတယ်။

နောက်ပြီး ငလျင်ဘေးသင့်ခံရပြီး အလှူ‌ရှင်တွေအရောက်နည်းတဲ့ နေရာဒေသတွေကိုလဲ လှူဒါန်းပေးသွားမယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။

မတ်လ (၂၈)ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်း စစ်ကိုင်းငလျင်ကြောင့် လူပေါင်း (၃၆၀၀)ကျော် သေဆုံခဲ့ပြီး (၅၀၀၀)ကျော် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

New York Times

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 6 ရက်
  • 36 Views
အာဏာသိမ်းပြီး နှစ်အနည်းငယ်အကြာတွင် မြန်မာ့ပြည်ပရောက်အစိုးရ အရာမရောက် ဖြစ်လာသည့်အခြေအနေသို့ ဆိုက်ရောက်နေ ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၆ ရက်နေ့ အမျိုးသားညီညွတ်ရေးအစိုးရ
မြန်မာသတင်း

မြိုင်နယ်ထဲ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်တာတွေကြောင့် ပြည်သူတဦး ဒဏ်ရာရပြီး နေအိမ် (၂)လုံး ပျက်စီးခဲ့

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 5 ရက်
  • 35 Views
ဖေဖော်ဝါရီလ (၅)ရက်။ မနေ့က ညနေ (၅)နာရီခွဲကျော်အချိန်က မြိုင်နယ်မြောက်ပိုင်း မြောက်ဆည်ရွာအရှေ့ထိပ်ကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။
မြန်မာသတင်း

ရေးမြို့ရှိ စစ်တပ်ရဲ့ ခမရ(၅၉၁)တပ်ရင်း တိုက်ခိုက်ခံရပြီး (၄)ဦးသေဆုံး

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 5 ရက်
  • 35 Views
ဖေဖော်ဝါရီလ (၅)ရက်။ ဖေဖော်ဝါရီလ (၃)ရက်နေ့ နံနက် (၅)နာရီအချိန်က ရေးမြို့ စကခ(၁၈)အောက်ရှိ ခမရ(၅၉၁)တပ်ရင်းကို လက်နက်ကြီး/ငယ်တွေနဲ့ တိုက်ခိုက်ခဲ့တယ်လို့ Ramonnya Mon Army ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ (၃)ရက်နေ့
မြန်မာသတင်း

KNU ဌာနချုပ်ကို အသေခံဒရုန်းတွေနဲ့ စစ်တပ်က (၃)ကြိမ်တိုက်ခိုက်ခဲ့

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 5 ရက်
  • 33 Views
ဖေဖော်ဝါရီလ (၅)ရက်။ ဒီကနေ့ နံနက်ပိုင်းအချိန်က တပ်မဟာ(၇)ရှိ KNU ဗဟိုဌာနချုပ်ကို အသေခံဒရုန်းတွေနဲ့ စစ်တပ်က တိုက်ခိုက်ခဲ့တယ်လို့ ဒေသထဲစစ်ရေးသတင်းရင်းမြစ်တွေရဲ့ ပြောဆိုထားချက်အရ သိရပါတယ်။ “ မနက်က (၇)နာရီ (၁၅)မိနစ်မှာ တကြိမ်၊ (၄၅)မိနစ်မှာ တကြိမ်နဲ့
မြန်မာသတင်း

KIO/KIA အနေနဲ့ ခိုင်မာတဲ့ မူဝါဒရှိတဲ့ တော်လှန်ရေးအဖွဲ့အဖြစ် အသိအမှတ်ပြု ဂုဏ်ယူတယ်လို့ NUG ထုတ်ပြန်

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 5 ရက်
  • 29 Views
ဖေဖော်ဝါရီလ (၅)ရက်။ KIO/KIA အနေနဲ့ ခိုင်မာတဲ့ မူဝါဒရှိတဲ့ တော်လှန်ရေးအဖွဲ့အစည်းအဖြစ် အသိအမှတ်ပြု ဂုဏ်ယူတယ်လို့ NUG က ဒီကနေ့ကျရောက်တဲ့ (၆၅)နှစ်မြောက် ကချင်တော်လှန်ရေးနေ့မှာ ပေးပို့တဲ့သဝဏ်လွှာထဲ ပြောဆိုထားတယ်လို့ သိရပါတယ်။ အခုမြန်မာ့နွေဦးတော်လှန်ရေးမှာ KIO/KIA အနေနဲ့
မြန်မာသတင်း

မုံရွာ သက္ကယ်ကျင်းရွာဘုန်းကြီးကျောင်းကို စစ်တပ် ဗုံးကြဲ၊ စစ်ရှောင် (၂)ဦး သေဆုံးပြီး (၆)ဦးထက်မနဲ ဒဏ်ရာရခဲ့

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 4 ရက်
  • 36 Views
ဖေဖော်ဝါရီလ (၄)ရက်။ ဒီကနေ့ နံနက် (၅)နာရီခန့်က မုံရွာမြို့ သက္ကယ်ကျင်းရွာရှိ ဘုန်းကြီးကျောင်းဝင်းထဲကို စစ်တပ်က ပါရာမော်တာနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ Monywa Revolution ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မုံရွာ နမခကနေတက်လာတဲ့ ပါရာမော်တာတစီးနဲ့
မြန်မာသတင်း

ဖလမ်းမြို့မှာ စစ်တပ်စစ်ကြောင်း တိုက်ခိုက်ခံရပြီး ဗိုလ်မှူးအပါအဝင် (၃၀)ဦးခန့် သေဆုံးခဲ့

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 4 ရက်
  • 30 Views
ဖေဖော်ဝါရီလ (၄)ရက်။ မနေ့က နံနက်ပိုင်းအချိန်က ဖလမ်းမြို့ ကလေး-သိုင်းငင်းလမ်းကနေ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ ချင်းတော်လှန်ရေးတပ်တွေအကြား တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒေသထဲသတင်းတွေထံက သိရပါတယ်။ “ သိုင်းငင်းကနေတက်လာတဲ့ စစ်ကြောင်း (၃)ကြောင်းမြောက်နဲ့ ချင်းတော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ပွဲဖြစ်တာ။ အဲ့ဒီမှာ ဗိုလ်မှူးအပါအဝင်
မြန်မာသတင်း

အထက်မင်းလှမြို့မှာ စစ်တပ်ရဲ့ ရဲစခန်းနဲ့ စစ်ကြောင်း တိုက်ခိုက်ခံရပြီး (၂၀)ဦးထက်မနည်း ထိခိုက်သေဆုံးခဲ့

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 4 ရက်
  • 29 Views
ဖေဖော်ဝါရီလ (၄)ရက်။ အထက်မင်းလှမြို့ စစ်တပ်ရဲ့ ရေနံမရဲစခန်းနဲ့ သရက်-မင်းလှလမ်းပေါ်မှာ လှည့်လည်နေတဲ့ စစ်ကြောင်းကို တိုက်ခိုက်ခဲ့တယ်လို့ ဗမာပြည်ကာကွယ်ရေးတပ်(USBA)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဇန်နဝါရီလ (၂၉)ရက်နေ့ ဘဲ (၇)နာရီအချိန်က အထက်မင်းလှမြို့ ရေနံမရဲစခန်းကို လက်နက်ကြီးတွေနဲ့