နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဧပြီလ 14 ရက်

မြန်မာသတင်း

မြန်မာသတင်း

ဧဒင် ဦးချစ်ခိုင်အပါအဝင် စီးပွားရေးလုပ်ငန်းရှင်အချိုကို စစ်ကောင်စီ ပြန်လွှတ်ပေး

ဧပြီလ (၁၂)ရက်။

ဒီကနေ့ နံနက်ပိုင်းအချိန်က ဧဒင်ကုမ္ပဏီဥက္ကဋ္ဌ ဦးချစ်ခိုင်အပါအဝင် စီးပွားရေးလုပ်ငန်းရှင်အချိုကို စစ်ကောင်စီက ပြန်လွှတ်ပေးခဲ့တယ်လို နီးစပ်တဲ့အသိုင်းအဝိုင်းတွေထံက သိရပါတယ်။

“ စကစပြန်လွှတ်တဲ့အထဲ ဧဒင် ဦးချစ်ခိုင်ရယ် ဇေကမ္ဘာခင်ရွှေရဲ့သား ဇေသီဟလဲပါတယ်။ နောက်ပြီး စားအုန်းဆီလုပ်ငန်းရှင်အချိုလဲပါတယ်လိုကြားတယ်။ ဘာလို ပြန်လွှတ်ပေးလဲဆိုတာတော့ မသိသေးဘူး” လို ဆိုပါတယ်။

စစ်ကောင်စီက ပြန်လွှတ်ပေးတဲ့အထဲ ဦးချစ်ခိုင်အပါအဝင် ဇေကမ္ဘာခင်ရွှေရဲ့ သားဖြစ်သူ ဦးဇေသီဟနဲ့ စားအုန်းဆီလုပ်ငန်းရှင်အချိုပါဝင်ကာ အသေးစိတ်ကိုတော့ ထုတ်ပြန်ထားတာ မရှိပါဘူး။

ဧဒင် ဦးချစ်ခိုင်ဟာ ၂၀၂၂ခုနှစ် ဧပြီလပိုင်းထဲ အဂတိမှုနဲ့ အမှုဖွင့်ဖမ်းဆီးခံရပြီးနောက် မန္တလေး အိုးဘိုထောင်ကနေ ပြန်လည်လွှတ်မြောက်လာကာ ဦးဇေသီဟကတော့ အင်းစိန်ထောင်ကနေ ပြန်လွတ်လာခဲ့ပါတယ်။

ဦးဇေသီဟက ဖခင်ဖြစ်သူ ဦးခင်ရွှေနဲ့အတူ ဖမ်းဆီးခံရပြီး စစ်ကောင်စီက ၂၀၂၄ခုနှစ် စက်တင်ဘာလမှာ ကျန်းမာရေးအခြေအနေကြောင့်ဆိုပြီး ပြန်လွှတ်ပေးခဲ့တာလို သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

မင်းတပ်မြို့ပေါ်က မြို့မနှစ်ခြင်း (MBC) ဘုရားကျောင်းကို စစ်ကောင်စီ လေကြောင်းက တိုက်ခိုက်

  • 2025 ခုနှစ်၊ ဧပြီလ 13 ရက်
  • 9 Views
ဧပြီလ (၁၃) ရက်။ ဒီကနေ့ ညနေ ၄ နာရီဝန်းကျင်မှာ နေပြည်တော် အေလာလေတပ်က တက်လာတဲ့ ဂျက်ဖိုက်တာတစ်စီးက မင်းတပ်မြို့ပေါ်က
1027 Operations မြန်မာသတင်း

တောင်းခမ်းမှာ TNLA တပ်စခန်းတွေကို စစ်ကောင်စီ ဆက်လက် ထိုးစစ်ဆင် တိုက်ခိုက်နေ

  • 2025 ခုနှစ်၊ ဧပြီလ 13 ရက်
  • 14 Views
ဧပြီလ (၁၃) ရက်။ ရှမ်းမြောက်ပိုင်း နောင်ချိုမြို့နယ်၊ တောင်းခမ်းကျေးရွာ အနီးဝန်းကျင်မှာ တအာင်းတပ်မတော် TNLA ရဲ့ တပ်စခန်းတွေကို စစ်ကောင်စီတပ်က
မြန်မာသတင်း

ကောလင်းမြိုနယ် ညောင်ကုန်းရွာကို စစ်ကောင်စီ လေကြောင်းက တိုက်ခိုက်

  • 2025 ခုနှစ်၊ ဧပြီလ 13 ရက်
  • 3 Views
ဧပြီလ (၁၃) ရက်။ စစ်ကိုင်းတိုင်း ကောလင်းမြို့နယ်က ညောင်ကုန်းရွာကို စစ်ကောင်စီက လေကြောင်းကနေ တိုက်ခိုက်ခဲ့ရာ အရပ်သား ၂ ဦး ဒဏ်ရာ ရခဲ့တယ်လို့ သိရပါတယ်။ ဒီကနေ့ ဧပြီလ ၁၃ ရက် နေ့လယ်
မြန်မာသတင်း

ကုလသမဂ္ဂက မြန်မာ့ငလျင်ဘေး အရေးပေါ်အကူအညီ‌ ပေးနိုင်ရေးအတွက် နောက်ထပ် အမေရိကန်ဒေါ်လာ ၂၄၁ ဒသမ ၆ သန်း အကူအညီတောင်းခံ

  • 2025 ခုနှစ်၊ ဧပြီလ 13 ရက်
  • 17 Views
ဧပြီလ (၁၃) ရက်။ ကုလသမဂ္ဂက မြန်မာ့ငလျင်ဘေး အရေးပေါ်အကူအညီ‌ ပေးနိုင်ရေးအတွက် နောက်ထပ် အမေရိကန်ဒေါ်လာ ၂၄၁ ဒသမ ၆ သန်းကို အကူအညီတောင်းခံထားသည်ဟု ကုလသမဂ္ဂ ထုတ်ပြန်ချက်အရ သိရသည်။ မတ် ၂၈ ရက်က
မြန်မာသတင်း

မိတ္ထီလာအနီး ပြင်းအား ၅.၅ အဆင့်ရှိ နောက်ဆက်တွဲ ငလျင်ထပ်လှုပ်

  • 2025 ခုနှစ်၊ ဧပြီလ 13 ရက်
  • 10 Views
ဧပြီလ (၁၃) ရက်။ မန္တလေးတိုင်း မိတ္ထီလာမြို့နယ် အရှေ့မြောက်ဘက် ဝမ်းတွင်းမြို့အနီးမှာ ဒီနေ့မနက် ၉ နာရီဝန်းကျင်က ရစ်ခ်ျတာစကေး ၅ ဒဿမ ၅ အဆင့် အင်အားအသင့်အတင့်ရှိတဲ့ ငလျင်လှုပ်ခတ်ခဲ့တယ်လို့ အမေရိကန်ဘူမိဗေဒလေ့လာရေးဌာန (USGS) က
မြန်မာသတင်း

စစ်ခေါင်းဆောင်နဲ့ အိန္ဒိယနိုင်ငံမှ ငြိမ်းချမ်းရေးသံတမန် ဂုရုကြီး ရှရီရှရီ ရာဗီရှန်ကာတို့ ဖုန်းနဲ့ ဆက်သွယ်စကားပြောခဲ့ဟုဆို

  • 2025 ခုနှစ်၊ ဧပြီလ 13 ရက်
  • 19 Views
ဧပြီလ (၁၃) ရက်။ စစ်ခေါင်းဆောင်နဲ့ အိန္ဒိယနိုင်ငံမှ ငြိမ်းချမ်းရေးသံတမန်ဂုရုကြီး ရှရီရှရီ ရာဗီရှန်ကာတို့ ဖုန်းနဲ့ ဆက်သွယ်စကားပြောခဲ့တယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ပါတယ်။ ငြိမ်းချမ်းရေးသံတမန်ဂုရုကြီးဟာ ဖေဖော်ဝါရီလဆန်းက မြန်မာပြည်ကိုလာရောက်ခဲ့ပြီး စစ်ခေါင်းဆောင်နဲ့ တွေ့ခဲ့သူတစ်ဦးလည်း ဖြစ်ပါတယ်။ အမေရိကန်ကို ခေတ္တရောက်ရှိနေတဲ့
မြန်မာသတင်း

ငလျင်ကြောင့် ပြိုကျခဲ့သည့် အဆောက်အဦးများထဲမှ ရှာတွေ့ခဲ့သည့် ရတနာများနှင့် ငွေသားများကို ပိုင်ရှင်ထံပြန်အပ်

  • 2025 ခုနှစ်၊ ဧပြီလ 13 ရက်
  • 15 Views
ဧပြီလ (၁၃) ရက်။ ပြီးခဲ့တဲ့ မတ်လ (၂၈) ရက်နေ့မှာ လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းငလျင်ကြီးကြောင့် ပြိုကျပျက်စီးခဲ့ရတဲ့ မန္တလေးမြိုနဲ့ နေပြည်တော်တို့မှာရှိတဲ့ အဆောက်အအုံတွေထဲက တွေ့ရှိခဲ့တဲ့ ရတနာနဲ့ ငွေသားတွေကို ပိုင်ရှင်တွေထံ ပြန်လည်အပ်နှံခဲ့တယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က မနေ့က
မြန်မာသတင်း

ဘင်္ဂလားဒေ့ရှ်ကြက်ခြေနီအသင်းက အင်အားပြင်းငလျင်ကြီးဒဏ်သင့်သူတွေအတွက် တစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်းတွေလှူဒါန်း

  • 2025 ခုနှစ်၊ ဧပြီလ 13 ရက်
  • 14 Views
ဧပြီလ (၁၂) ရက်။ ဘင်္ဂလားဒေ့ရှ်ကြက်ခြေနီအသင်းက အင်အားပြင်းငလျင်ကြီးဒဏ်သင့်သူတွေအတွက် တစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်းတွေကို မြန်မာနိုင်ငံကြက်ခြေနီအသင်းထံကို မနေ့က ဧပြီလ ၁၂ ရက်နေ့ မနက်ပိုင်းက ရန်ကုန်မြို့ရှိ သီလဝါဆိပ်ကမ်းမှာ လွှဲပြောင်းပေးအပ်လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသံရုံး၏ သံအမတ်ကြီး ဒေါက်တာမွန်ဝါဟိုဆန်