နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဒီဇင်ဘာလ 21 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း မြန်မာသတင်း

ဂျာမနီနိုင်ငံ ကြက်ခြေနီအသင်းက မြန်မာနိုင်ငံအတွက် (၄၂) တန်ကျော် လူသားချင်း စာနာမှုဆိုင်ရာ ထောက်ပံ့ပစ္စည်းများ ပေးအပ်

ဧပြီလ (၁၄) ရက်။

ဂျာမနီနိုင်ငံ ကြက်ခြေနီအသင်းက ပေးပိုတဲ့ (၄၂) တန်ကျော်ရှိတဲ့ လူသားချင်း စာနာမှုဆိုင်ရာထောက်ပံ့ပစ္စည်းတွေကို ဧပြီလ (၁၃) ရက်နေ့က လက်ခံရရှိခဲ့တယ်လို့ မြန်မာနိုင်ငံကြက်ခြေနီအသင်းရဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

လှူဒါန်းတဲ့ ပစ္စည်းတွေက တစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်းတွေ၊ အိမ်ဆောက်အထောက်အကူပြုပစ္စည်းတွေ၊ ယာယီရွက်ဖျင်တဲတွေ၊ တာပေါ်လင်စတွေ၊ ရေသန့်ဘူးတွေ၊ စောင်တွေနဲ့ ဖျာတွေ ပါဝင်တယ်လို့ သိရပါတယ်။

ဧပြီလ (၁၃) ရက်နေ့က ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ ပြုလုပ်ခဲ့တဲ့ လွှပြောင်းပေးအပ်ပွဲကို မြန်မာနိုင်ငံကြက်ခြေနီအသင်း အလုပ်အမှုဆောင် ပါမောက္ခဒေါက်တာတင်မောင်လှိုင် တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

“ဘယ်သူတွေကလမ်းမှားလျှောက်

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 21 ရက်
  • 16 Views
NUG ကလမ်းတွေပျောက် တပ်ပေါင်းစုကလမ်းမှန်ရောက်” ဒီအပတ်တနင်္ဂနွေနေ့ ဆွေးနွေးမဲ့အပတ်စဥ်နိုင်ငံရေးဖြစ်စဥ်များဆွေးနွေးတင်ဆက်မှု (၂၆)ကြိမ်မြောက်အဖြစ်ခေတ်မျက်လုံးက စစ်ခေါင်းဆောင်က NCA သဘောတူညီမှုကနေ ထွက်သွားသူများဟာလမ်းမှားလျှောက်နေသူများဖြစ်တယ်ဆိုတဲ့ပြောဆိုချက်၊ NUG သမတကြီးဒူးဝါးလရှီးလ
မြန်မာသတင်း

ဂျက်ဖရီအက်ဖ်ဖိုင်များထဲတွင် ဘာတွေပါဝင်သလဲ?

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 20 ရက်
  • 30 Views
၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ ၂၀ရက် အမေရိကန် တရားရေးဌာန (DOJ) က ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၉ ရက်နေ့မှာ
မြန်မာသတင်း

မင်းတပ်မြို့မှာ ခရစ္စမတ်နဲ့ နှစ်သစ်ကူးကာလ လူစုလူဝေးနဲ့ ပွဲလမ်းသဘင်မလုပ်ဖို့ မြို့နယ်ပအဖ ထုတ်ပြန်

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 20 ရက်
  • 32 Views
ဒီဇင်ဘာလ (၂၀)ရက်။ မင်းတပ်မြို့မှာ ခရစ္စမတ်ကာလနဲ့ နှစ်သစ်ကူးကာလထဲ လူစုလူဝေးနဲ့ ပွဲလမ်းသဘင် ကျင်းပတာတွေ မလုပ်ဖို့ မြို့နယ်ပအဖက မနေ့က ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်တာတွေကြောင့် မင်းတပ်မြို့ထဲ အဲ့ဒီကာလတွေမှာ ပွဲလမ်းသဘင် ကျင်းပတာတွေ မလုပ်ဖို့
မြန်မာသတင်း

ရွေးကောက်ပွဲ မဲပေးမယ့်ရက်မှာ အေးချမ်းတည်ငြိမ်စွာ ဖြတ်သန်းနိုင်ဖို့ဆိုပြီး အဖွဲ့အသီးသီးကို KSPP မေတ္တာရပ်ခံ

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 20 ရက်
  • 31 Views
ဒီဇင်ဘာလ (၂၀)ရက်။ ရွေးကောက်ပွဲ မဲပေးမယ့်ရက်မှာ အေးချမ်းတည်ငြိမ်စွာ ဖြတ်သန်းနိုင်ဖို့ဆိုပြီး အဖွဲ့အစည်းအသီးသီးကို ကချင်ပြည်နယ် ပြည်သူ့ပါတီ(KSPP)က မနေ့က မေတ္တာရပ်ခံ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ KSPP ဟာ ဒီမိုကရေစီစံနှုန်းနဲ့ ဖွဲ့စည်းထားတဲ့ပါတီဖြစ်ပြီး ငြိမ်းချမ်းရေးဆိုင်ရာ လုပ်ငန်စဉ်တိုင်းမှာ အစဉ်အမြဲပါဝင်နေတဲ့ပါတီလို့
မြန်မာသတင်း

စဉ့်ကူးမြို့ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့တယ်ဆိုပြီး စစ်တပ်ထုတ်ပြန်

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 20 ရက်
  • 23 Views
ဒီဇင်ဘာလ (၂၀)ရက်။ ‌မနေ့က တော်လှန်ရေးတပ်တွေ စိုးမိုးထားတဲ့ စဉ့်ကူးတမြို့လုံးကို ပြန်လည်းသိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့တယ်ဆိုပြီး စစ်တပ်ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်တပ်ရဲ့ ထုတ်ပြန်ချက်ထဲ စဉ့်ကူးမြို့နဲ့ လက်ပန်လှရွာတို့ကို ပြန်လည်သိမ်းပိုက်ရရှိဖို့ စစ်ကြောင်းတွေခွဲပြီး ပိတ်ဆို့တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ အဲ့ဒီစစ်ဆင်ရေးထဲ
မြန်မာသတင်း

အခုနှစ်ကုန်ပိုင်းကို အရေးကြီးကာလအနေနဲ့ သတ်မှတ်ကြောင်း KA သတိပေးချက်ထုတ်ပြန်

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 19 ရက်
  • 32 Views
ဒီဇင်ဘာလ (၁၉)ရက်။ ဒီကနေ့ကစပြီး ၂၀၂၆ခုနှစ် ဇန်နဝါရီလ (၅)ရက်နေ့အထိ အရေးကြီးကာလအနေနဲ့ ကရင်နီပြည်‌တပ်‌မတော်(KA)ရဲ့ စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် အောင်မြတ်က သတိပေးချက်ထုတ်ပြန်ထားတယ်လို သိရပါတယ်။ KA စစ်ဦးစီးချုပ်က အဲ့ဒီကာလကို အရေးကြီးကာလအနေနဲ့ သတ်မှတ်ထားတာကို ကရင်နီပြည်သူ၊ ကရင်နီပြည်နယ်
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ ဥရောပ

မြေပုံညွှန်းများထဲမှ ယူကရိန်း – ရုရှားနှင့် ဖြစ်ပွားနေသော စစ်ပွဲအခြေအနေကို လေ့လာခြင်း

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 19 ရက်
  • 30 Views
BBC- ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ ၁၉ရက် ရုရှားက ယူကရိန်းကို အလုံးစုံ ကျူးကျော်တိုက်ခိုက်ခဲ့သည်မှာ သုံးနှစ်ကျော် ကြာမြင့်ခဲ့ပြီ ဖြစ်ပြီး တိုက်ပွဲများမှာ ယနေ့တိုင် ပြင်းထန်နေဆဲဖြစ်သည်။ ပြီးခဲ့သည့် တစ်နှစ်တာအတွင်း ရုရှားတပ်ဖွဲ့များသည် ယူကရိန်းအရှေ့ပိုင်းရှိ ၎င်းတို့ ထိန်းချုပ်ထားသော
မြန်မာသတင်း

NCA မှာ ပါဝင်လက်မှတ်ထိုးခဲ့သူအချို လမ်းမှားလျှောက်နေတယ်ဆိုပြီး စစ်ခေါင်းဆောင်ပြော

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 19 ရက်
  • 38 Views
ဒီဇင်ဘာလ (၁၉)ရက်။ တိုင်ရင်းသားလက်နက်ကိုင်အဖွဲတွေ NCA မှာ ပါဝင်လက်မှတ်ထိုးခဲ့ပေမယ့် အချိုက လမ်းမှားလျှောက်နေတယ်ဆိုပြီး စစ်ခေါင်းဆောင် မင်းအောင်လှိင်က ဒီကနေ့ ကရင်ပြည်နယ်နေ့မှာ ပြောဆိုခဲ့တယ်လို သိရပါတယ်။ “ စစ်တပ်အနေနဲ့ NCA ပါ သဘောတူညီချက်တွေအတိုင်း ဖြစ်နိုင်သမျှ