နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဧပြီလ 14 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ

အစ္စရေးဓားစာခံတွေကို ပြန်လွှတ်ပေးဖို့ အသင့်ရှိနေတယ်လို့ ဟားမက်စ်ခေါင်းဆောင်ပြော

++++++++++++++++++++

ဂါဇာစစ်ပွဲအဆုံးသတ်ရေးသဘောတူညီချက်တစ်စိတ်တစ်ပိုင်းအနေနဲ့ အစ္စရေးဓားစာခံတွေကို လွှတ်ပေးဖို့ အသင့်ရှိနေတယ်လို့ ဟားမက်စ်အဖွဲ့ရဲ့ ဂါဇာအကြီးအကဲက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ “အစ္စရေးက ဖမ်းဆီးထားတဲ့ ပါလက်စတိုင်းအကျဉ်းသားအရေအတွက်နဲ့ ဓားစာခံတွေအားလုံးကို လဲလှယ်ဖို့ ကျတော်တို့ဘက်က အသင့်ရှိပါတယ်။ စစ်ပွဲကို အမြန်ဆုံးအဆုံးသတ်ဖို့နဲ့ ဂါဇာကို ပြန်လည်တည်ဆောက်ဖို့ က အစ္စရေးတွေ ဂါဇာထဲကနေ အပြီးထွက်သွားဖို့ လိုပါတယ်”လို့ ဟားမက်စ်အဖွဲ့ရဲ့ ဂါဇာအကြီးအကဲဖြစ်တဲ့ ခါလစ်အဲလ်ဟေယာက ရုပ်သံမိန့်ခွန်းကနေ ပြောသွားခဲ့တာပါ။ ဒါ့အပြင်သူက နေတန်ယာဟုနဲ့ အစ္စရေးအစိုးရဟာ ဓားစာခံတွေအားလုံး ပြန်ရသည့်တိုင် ဂါဇာဒေသကို စစ်ရေးနဲ့ ဆက်လက်ဖိနှိပ်ပြီး အငတ်ဘေးသင့်စေမယ့် မူဝါဒကို ဆက်လက်ကျင့်သုံးနိုင်ကြောင်းနဲ့ မိမိတို့ဘက်က အဲဒီမူဝါဒမျိုးကို လုံး၀လက်မခံကြောင်းကိုလည်း ထည့်သွင်းပြောဆိုသွားခဲ့ပါတယ်။ အစ္စရေးနဲ့ ဆွေးနွေးမယ့် ဟားမက်စ်ကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်သူ ခါလစ်အဲလ်ဟေယာက သူတို့အနေနဲ့ ယာယီအပစ်အခတ်ရပ်ဆဲရေးဆွေးနွေးချက်ကို သဘောမတူဘူးလို့လည်း ပြောဆိုထားပါတယ်။ အစ္စရေး-ပါလက်စ်တိုင်းအရေးကို ကြားဝင်ဖြန်ဖြေပေးနေတဲ့ အီဂျစ်နိုင်ငံဟာ ဇန်နဝါရီလအတွင်းက အဆိုပြုခဲ့တဲ့ အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ကို ပြန်လည်အသက်သွင်းဖို့ ကြိုးပမ်းနေပေမယ့် အစ္စရေးနဲ့ ပါလက်စတိုင်းတို့ နှစ်ဘက်သဘောတူညီမှု မရသေးဘဲ တစ်ဖက်နဲ့တစ်ဖက် ပြစ်တင်ဝေဖန်မှုတွေနဲ့သာ အချိန်ကုန်နေရတာပါ။ အစ္စရေးဓားစာခံတွေလွတ်မြောက်ရေးနဲ့ အပစ်အခပ်ရပ်စဲရေးအတွက် ပြီးခဲ့တဲ့တနင်္လာနေ့က အီဂျစ်နိုင်ငံ ကိုင်ရိုမြို့မှာ နောက်ဆုံးအကြိမ်ဆွေးနွေးခဲ့ရာမှာလည်း အောင်မြင်မှုမရှိဘဲ ပြီးဆုံးခဲ့ရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ဟန်ဂေရီ အမေရိကန် အရှေ့အလယ်ပိုင်း အီရန် ဥရောပ

အီရန်အကျပ်အတည်းသည် ထရမ့်၏ တောင်းဆိုချက်များကို ကမ္ဘာကြီးက ပိုမိုတွန်းလှန် လာနေခြင်းအား ပေါ်လွင်စေသည်

  • 2026 ခုနှစ်၊ ဧပြီလ 14 ရက်
  • 14 Views
CNN- ၂၀၂၆ခုနှစ်၊ ဧပြီလ ၁၄ရက် ဒေါ်နယ်ထရမ့်၏ သမ္မတသက်တမ်းတွင် သံမဏိစည်းမျဉ်းများ ချမှတ်ကာ လွှမ်းမိုးထားသည့် အင်အား၊ အကြမ်းဖက်မှုနှင့် လုပ်ပိုင်ခွင့်
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား အမေရိကန်

ဇီလန်းစကီးက ထရန့်အား ‘ကျွန်ုပ်တို့ဘက်မှာ ဆက်ရပ်တည်ပေးပါ’ ဟု တောင်းဆို

  • 2026 ခုနှစ်၊ ဧပြီလ 13 ရက်
  • 26 Views
CNN- ၂၀၂၆ ခုနှစ်၊ ဧပြီလ ၁၃ ရက် ကိယက်ဗ် — ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇီလန်းစကီးသည် တနင်္လာနေ့တွင် ဒေါ်နယ်ထရန့်အား တောင်းဆိုမှုတစ်ခု ပြုလုပ်ခဲ့ပြီး၊ အမေရိကန်သမ္မတအနေဖြင့် “ကျွန်ုပ်တို့ဘက်မှာ ဆက်ရပ်တည်ပေးဖို့” လိုလားကြောင်း CNN
တရုတ် နိုင်ငံတကာသတင်း

၂၀၂၆ ခုနှစ်၊ မတ်လ ၁၂ ရက်နေ့တွင် ဖော်ပြသည့် ဆောင်းပါးရှင် John Liu ရေးသားသည့်တရုတ်နည်းပညာတိုးတက်လာမှုဆောင်းပါး။

  • 2026 ခုနှစ်၊ ဧပြီလ 13 ရက်
  • 22 Views
၂၀၂၆ခုနှစ် ဧပြီလ ၁၃ရက် တရုတ်နိုင်ငံသည် နည်းပညာကဏ္ဍတွင် အမေရိကန်ကို အမီလိုက်ရန် ရည်ရွယ်နေခြင်းမဟုတ် ဦးဆောင်ရန် ရည်မှန်းထားခြင်းသာဖြစ်သည်။ ဟောင်ကောင် — အမေရိကန်၏ ပြည်ပစစ်ရေးလှုပ်ရှားမှုများနှင့် ကုန်သွယ်ရေး မတည်ငြိမ်မှုများ ဖြစ်ပေါ်နေသည့် ခေတ်ကာလတွင် တရုတ်ခေါင်းဆောင် ရှီကျင့်ဖျင်သည်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ပိတ်ဆို့ထားနှင့်ပြီးဖြစ်သော ရေလက်ကြားကို ထရန့်က အဘယ်ကြောင့် ပြန်လည်ပိတ်ဆို့မည်ဟု ခြိမ်းခြောက်နေသနည်း

  • 2026 ခုနှစ်၊ ဧပြီလ 13 ရက်
  • 23 Views
CNN- ၂၀၂၆ခုနှစ်၊ ဧပြီလ ၁၃ရက် သမ္မတ ဒေါ်နယ်ထရန့်က ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) ကို ပိတ်ပစ်မည်ဟု ခြိမ်းခြောက်နေသည်။ ၎င်းသည် အီရန်အနေဖြင့် မည်သည့်စည်းကမ်းချက်မျှမပါဘဲ ချက်ချင်းပြန်ဖွင့်ပေးရမည်ဟု သူကိုယ်တိုင် ထပ်တလဲလဲ ပြောဆိုထားသည့်
နိုင်ငံတကာသတင်း ဟန်ဂေရီ အမေရိကန် ဥရောပ

ဟန်ဂေရီတွင် အော်ဘန် ရှုံးနိမ့်မှုက ပေါ်ပြူလစ်ဇင် (Populism) သည် ရှေ့ဆက်တိုးမရဘဲ မည်သို့ လမ်းဆုံးသွားနိုင်ကြောင်း ပြသနေသည်

  • 2026 ခုနှစ်၊ ဧပြီလ 13 ရက်
  • 28 Views
CNN- ၂၀၂၆ခုနှစ်၊ ဧပြီလ ၁၃ရက် ဘူဒါပတ်စ်၊ ဟန်ဂေရီ — ဗစ်တာ အော်ဘန် ရှုံးနိမ့်သွားခြင်းကြောင့် ဟန်ဂေရီနိုင်ငံတွင် ၂၀၁၀ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် အစိုးရအဖွဲ့ အပြောင်းအလဲ ဖြစ်ပေါ်တော့မည် ဖြစ်သည်။ လူထုစစ်တမ်းများအရ အတိုက်အခံ
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အရှေ့အလယ်ပိုင်းနိုင်ငံများက အပစ်အခတ်ရပ်စဲရေးကို ကြိုဆိုကြပြီး ပဋိပက္ခများ လုံးဝအဆုံးသတ်ရန် မျှော်လင့်ကြောင်း ပြောကြား

  • 2026 ခုနှစ်၊ ဧပြီလ 8 ရက်
  • 51 Views
CNN- ၂၀၂၆ခုနှစ်၊ ဧပြီလ (၈)ရက် အမေရိကန်နှင့် အီရန်တို့ နှစ်ပတ်ကြာ အပစ်အခတ်ရပ်စဲရန် သဘောတူညီ ဒေသတွင်းသို့ ကူးစက်ပြန့်နှံ့ခဲ့သည့် ငါးပတ်ကျော်ကြာ တိုက်ပွဲများအပြီးတွင် အီရန်နှင့် အမေရိကန်တို့ နှစ်ပတ်ကြာ အပစ်အခတ်ရပ်စဲရန် သဘောတူညီခဲ့ကြသည့် သတင်းအပေါ် အရှေ့အလယ်ပိုင်းနိုင်ငံများက
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ထရမ့်၏ အပစ်အခတ်ရပ်စဲရေး ကြေညာချက်အပြီး ရေနံဈေးနှုန်းများ ကျဆင်းကာ စတော့ရှယ်ယာများ ပြန်လည်ဦးမော့လာ

  • 2026 ခုနှစ်၊ ဧပြီလ 8 ရက်
  • 65 Views
CNN- ၂၀၂၆ခုနှစ်၊ ဧပြီလ(၈)ရက် သမ္မတ ဒေါ်နယ်ထရမ့်က အီရန်နှင့် နှစ်ပတ်ကြာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ရရှိကြောင်း ကြေညာခဲ့ပြီးနောက် ကမ္ဘာ့ရေနံဈေးနှုန်းများ သိသိသာသာ ထိုးဆင်းသွားပြီး စတော့ဈေးကွက်များမှာမူ အားကောင်းစွာ ပြန်လည်မြင့်တက်လာခဲ့သည်။ စစ်ပွဲကြောင့် ပိတ်ဆို့လုနီးပါးဖြစ်နေသည့် ဟော်မုဇ်