နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ နိုဝင်ဘာလ 4 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ

အစ္စရေးဓားစာခံတွေကို ပြန်လွှတ်ပေးဖို့ အသင့်ရှိနေတယ်လို့ ဟားမက်စ်ခေါင်းဆောင်ပြော

++++++++++++++++++++

ဂါဇာစစ်ပွဲအဆုံးသတ်ရေးသဘောတူညီချက်တစ်စိတ်တစ်ပိုင်းအနေနဲ့ အစ္စရေးဓားစာခံတွေကို လွှတ်ပေးဖို့ အသင့်ရှိနေတယ်လို့ ဟားမက်စ်အဖွဲ့ရဲ့ ဂါဇာအကြီးအကဲက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ “အစ္စရေးက ဖမ်းဆီးထားတဲ့ ပါလက်စတိုင်းအကျဉ်းသားအရေအတွက်နဲ့ ဓားစာခံတွေအားလုံးကို လဲလှယ်ဖို့ ကျတော်တို့ဘက်က အသင့်ရှိပါတယ်။ စစ်ပွဲကို အမြန်ဆုံးအဆုံးသတ်ဖို့နဲ့ ဂါဇာကို ပြန်လည်တည်ဆောက်ဖို့ က အစ္စရေးတွေ ဂါဇာထဲကနေ အပြီးထွက်သွားဖို့ လိုပါတယ်”လို့ ဟားမက်စ်အဖွဲ့ရဲ့ ဂါဇာအကြီးအကဲဖြစ်တဲ့ ခါလစ်အဲလ်ဟေယာက ရုပ်သံမိန့်ခွန်းကနေ ပြောသွားခဲ့တာပါ။ ဒါ့အပြင်သူက နေတန်ယာဟုနဲ့ အစ္စရေးအစိုးရဟာ ဓားစာခံတွေအားလုံး ပြန်ရသည့်တိုင် ဂါဇာဒေသကို စစ်ရေးနဲ့ ဆက်လက်ဖိနှိပ်ပြီး အငတ်ဘေးသင့်စေမယ့် မူဝါဒကို ဆက်လက်ကျင့်သုံးနိုင်ကြောင်းနဲ့ မိမိတို့ဘက်က အဲဒီမူဝါဒမျိုးကို လုံး၀လက်မခံကြောင်းကိုလည်း ထည့်သွင်းပြောဆိုသွားခဲ့ပါတယ်။ အစ္စရေးနဲ့ ဆွေးနွေးမယ့် ဟားမက်စ်ကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်သူ ခါလစ်အဲလ်ဟေယာက သူတို့အနေနဲ့ ယာယီအပစ်အခတ်ရပ်ဆဲရေးဆွေးနွေးချက်ကို သဘောမတူဘူးလို့လည်း ပြောဆိုထားပါတယ်။ အစ္စရေး-ပါလက်စ်တိုင်းအရေးကို ကြားဝင်ဖြန်ဖြေပေးနေတဲ့ အီဂျစ်နိုင်ငံဟာ ဇန်နဝါရီလအတွင်းက အဆိုပြုခဲ့တဲ့ အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ကို ပြန်လည်အသက်သွင်းဖို့ ကြိုးပမ်းနေပေမယ့် အစ္စရေးနဲ့ ပါလက်စတိုင်းတို့ နှစ်ဘက်သဘောတူညီမှု မရသေးဘဲ တစ်ဖက်နဲ့တစ်ဖက် ပြစ်တင်ဝေဖန်မှုတွေနဲ့သာ အချိန်ကုန်နေရတာပါ။ အစ္စရေးဓားစာခံတွေလွတ်မြောက်ရေးနဲ့ အပစ်အခပ်ရပ်စဲရေးအတွက် ပြီးခဲ့တဲ့တနင်္လာနေ့က အီဂျစ်နိုင်ငံ ကိုင်ရိုမြို့မှာ နောက်ဆုံးအကြိမ်ဆွေးနွေးခဲ့ရာမှာလည်း အောင်မြင်မှုမရှိဘဲ ပြီးဆုံးခဲ့ရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း

 အမေရိကန်နိုင်ငံရေး၊ အစ္စရေး-ဟားမတ်စ်စစ်ပွဲနှင့် ရုရှား-ယူကရိန်းစစ်ပွဲတို့နှင့် ပတ်သက်သည့် နောက်ဆုံးရသတင်းအချက်အလက်များကို အကျဉ်းချုပ် တင်ပြပေး လိုက်ပါတယ်။

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 3 ရက်
  • 9 Views
၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ၄ရက် အမေရိကန်နိုင်ငံရေး (US Politics) အစိုးရလုပ်ငန်း ရပ်ဆိုင်းမှုနှင့် တရားရုံးစီရင်ချက်များ: လက်ရှိတွင် အမေရိကန်အစိုးရ၏ လုပ်ငန်းများ (Government
နိုင်ငံတကာသတင်း အမေရိကန်

ရီပတ်ဘလစ်ကန် ခေါင်းဆောင်များက ဖီလီဘက်စတာကို အပြီးသတ်ဖျက်သိမ်းရန် ထရန့်ဖ်၏ တောင်းဆိုမှုကို ပယ်ချ

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 1 ရက်
  • 29 Views
CNN- ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၁ ရက် သမ္မတ ဒေါ်နယ်လ် ထရန့်ဖ်က အစိုးရ လုပ်ငန်းများ ရပ်ဆိုင်းနေသည်ကို
နိုင်ငံတကာသတင်း ဗြိတိန်

ဗြိတိသျှမင်းသား အင်ဒရူး (Prince Andrew)မင်းသား ဘွဲ့မှ ဖယ်ရှားခံရခြင်း

  • 2025 ခုနှစ်၊ အောက်တိုဘာလ 31 ရက်
  • 34 Views
၂၀၂၅ခုနှစ်၊ အောက်တိုဘာလ ၃၁ရက် သုံးယောက်မြောက်ချားလ်ဘုရင်(King Charles III) သည် ညီတော် မင်းသား အင်ဒရူး(Prince Andrew) ၏ မင်းသားဘွဲ့ (Prince title) အပါအဝင် တော်ဝင်ဘွဲ့များအားလုံးကို ဖယ်ရှားကာ ၎င်းနေထိုင်ရာ တော်ဝင်စံအိမ်
တရုတ် နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန်သမ္မတ ဒေါ်နယ်လ် ထရန့် နဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင် တို့တွေ့ကြပြီ

  • 2025 ခုနှစ်၊ အောက်တိုဘာလ 30 ရက်
  • 64 Views
၂၀၂၅ခုနှစ်၊ အောက်တိုဘာလ ၃၀ရက် အမေရိကန်သမ္မတ ဒေါ်နယ်လ် ထရန့် နဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင် တို့ဟာ ယနေ့ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၃၀ ရက်၊ ကြာသပတေးနေ့ မှာ တောင်ကိုရီးယားနိုင်ငံ၊ ဘူဆန်မြို့
နိုင်ငံတကာသတင်း ပါလက်စတိုင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အစ္စရေး အမေရိကန်

 အစ္စရေး၏ ဂါဇာတိုက်ခိုက်မှုများတွင် လူ ၁၀၄ ဦး သေဆုံးကြောင်း ကျန်းမာရေး ဝန်ကြီးဌာန ပြောကြား၊ ဟားမတ်စ်အား စစ်သားသတ်မှုဖြင့် အစ္စရေးကစွပ်စွဲ

  • 2025 ခုနှစ်၊ အောက်တိုဘာလ 29 ရက်
  • 66 Views
BBC- ၂၀၂၅ ခုနှစ် အောက်တိုဘာ ၂၉ ရက် အစ္စရေး၏ တိုက်ခိုက်မှုကြောင့် အလယ်ပိုင်း ဂါဇာရှိ နူစိုင်ရတ် ဒုက္ခသည်စခန်းတွင် လူ လေးဦး သေဆုံးခဲ့သည်။ အင်္ဂါနေ့ညက ဂါဇာတွင် အစ္စရေးတို့၏ လှိုင်းလုံးလိုက် လေကြောင်း
တရုတ် နိုင်ငံတကာသတင်း အမေရိကန်

တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် ထရန့်တို့ တွေ့ဆုံမည့် အစီအစဉ်

  • 2025 ခုနှစ်၊ အောက်တိုဘာလ 29 ရက်
  • 48 Views
၂၀၂၅ခုနှစ်၊ အောက်တိုဘာလ ၂၉ရက် တွေ့ဆုံမည့်ရက်: သမ္မတ ထရန့်နှင့် တရုတ်သမ္မတ ရှီကျင့်ဖျင်တို့သည် အောက်တိုဘာလ ၃၀ ရက်နေ့ (ကြာသပတေးနေ့) တွင် တောင်ကိုရီးယား၌ ပြုလုပ်သည့် APEC ထိပ်သီး အစည်းအဝေး ဘေးပန်းနေရာတခုတွင် တွေ့ဆုံရန်
တောင်ကိုးရီးယား နိုင်ငံတကာသတင်း အမေရိကန်

တောင်ကိုရီးယားသမ္မတ လီမှ နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘော လောင်စာအတွက် ထရန့်ဖ်အား တောင်းဆို

  • 2025 ခုနှစ်၊ အောက်တိုဘာလ 29 ရက်
  • 44 Views
CNN ၂၀၂၅ခုနှစ်၊ အောက်တိုဘာလ ၂၉ရက် တောင်ကိုရီးယားနိုင်ငံသည် မြောက်ကိုရီးယားနှင့် တရုတ်တို့၏ ရေငုပ်သင်္ဘောများကို ယှဉ်ပြိုင်နိုင်ရန် တည်ဆောက်လိုသည့် နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘောများ အတွက် လောင်စာ ရရှိရေးအတွက် အမေရိကန်၏ ခွင့်ပြုချက်ကို ထပ်မံတောင်းဆိုခဲ့ပါသည်။ တောင်ကိုရီးယားသမ္မတ လီဂျယ်မြောင်
တောင်ကိုရီးယား နိုင်ငံတကာသတင်း အမေရိကန်

သမ္မတ ထရန့်ဖ်၏ တောင်ကိုရီးယား ခရီးစဉ်နှင့် ရွှေရောင်သရဖူ

  • 2025 ခုနှစ်၊ အောက်တိုဘာလ 29 ရက်
  • 40 Views
၂၀၂၅ခုနှစ်၊ အောက်တိုဘာလ ၂၉ရက် သမ္မတ ထရန့်ဖ်သည် ၎င်း၏ အာရှခရီးစဉ် နောက်ဆုံးအဆင့်အဖြစ် အောက်တိုဘာလ ၂၉ ရက်နေ့ (ဗုဒ္ဓဟူးနေ့) တွင် တောင်ကိုရီးယားနိုင်ငံ၊ ဂယောင်ဂျူ (Gyeongju)မြို့ သို့ ရောက်ရှိ ခဲ့ပါသည်။ ထိုမြို့တွင်