နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဇူလိုင်လ 1 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ရုရှား-ယူကရိန်းစစ်ပွဲ အမေရိကန် ဥရောပ

တိုးတက်မှုမရှိပါက ယူကရိန်းအပစ်အခတ်ရပ်စဲရေးဆွေးနွေးပွဲတွေကနေ အမေရိကန် နှုတ်ထွက်သွားမယ်လို့ ထရန့်ပြော

ဧပြီလ (၁၉) ရက်။

ရုရှားနှင့် ယူကရိန်းတို့ကြား အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲများ လျင်မြန်စွာ တိုးတက်မှုမရှိပါက အမေရိကန်အစိုးရသည် ရက်ပိုင်းအတွင်း နုတ်ထွက်မည်ဖြစ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ၁၈ ရက်နေ့တွင် သတိပေးခဲ့သည်။

ထရန့်သည် နှစ်ဖက်စလုံးအား အပစ်အခတ်ရပ်စဲရန် တောင်းဆိုခဲ့ပြီး ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် ဖုန်းခေါ်ဆိုပြီး နှစ်နိုင်ငံ ညှိနှိုင်းမှုများ အကြိမ်ကြိမ် ပြုလုပ်ခဲ့သော်လည်း ကြီးမားသော လိုက်လျောမှုများကို ရယူနိုင်ခြင်း မရှိခဲ့ပေ။

” အကြောင်းရင်း တစ်ခုခုကြောင့် တစ်ဘက်က အပစ်အခတ်ရပ်စဲဖို့ အရမ်းခက်ခဲနေတယ်ဆိုရင် ‘မင်းဘက်က မိုက်မဲနေတာ’ လို့ ပြောပြီး ကျွန်တော်တို့က နောက်ပြန်ဆုတ်သွားမှာပါ” ဟု အိမ်ဖြူတော် ဘဲဥပုံရုံးတွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ထရန့်က ပြောကြားခဲ့သည်။

“ ဒါ​ပေမယ့်​ ကျွန်​​တော်​တို့ အဲ့လိုလုပ်​စရာမလိုဘူးလို့ ကျွန်​​တော်​​ မျှော်​လင့်​ပါတယ်​။” ဟု သူက ဆက်လက်ပြောကြားခဲ့ပါသည်။

၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလတွင် ယူကရိန်းအား အပြည့်အ၀ကျူးကျော်ရန် အမိန့်ပေးခဲ့သော ပူတင် နှင့် ယူကရိန်းသမ္မတဇလန်းစကီးတို့အား မည်သူ့တွင်တာဝန်ရှိသည်ဟု ထရန့်က အတိအလင်း မပြောခဲ့ဘဲ နှစ်ဖက်စလုံးက တိုးတက်ရန် လိုအပ်သည်ဟု ပြောကြားခဲ့သည်။

အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲကို ဖျက်သိမ်းမလားဆိုသည့် ဆုံးဖြတ်ချက်ကို မကြာခင်မှာ ချမှတ်နိုင်သည်ဟု သူက သတိပေးထားသလို “ဘယ်အချိန် အတိအကျ မပြောနိုင်ပေမယ့် မကြာခင် ဖြစ်တော့မှာပါ” ဟု ၎င်းက သတိပေးလိုက်သည်။

AFP ဂျပန်သတင်းဖြစ်ပါသည်။

၂၀၂၅ ခုနှစ်၊ ဧပြီလ ၁၈ ရက်နေ့တွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်သည် ဝါရှင်တန်ဒီစီရှိ အိမ်ဖြူတော်ရှိ ဘဲဥပုံရုံးခန်းတွင် သတင်းထောက်များနှင့် စကားပြောနေစဉ်/AFP

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အမေရိကန်

အီလွန်မာ့ခ် သည် ရွေးကောက်ပွဲပြီးနောက်ပိုင်း သူ့ရဲ့ အပြင်းထန်ဆုံး နိုင်ငံရေးအရ ခြိမ်းခြောက်မှုကို ပြုခဲ့သည်။

  • 2025 ခုနှစ်၊ ဇူလိုင်လ 1 ရက်
  • 9 Views
CNN  ဇွန် ၃၀ရက် ၊ ၂၀၂၅ သူသည် နိုင်ငံရေးလောကမှ ထွက်ခွာသွားပြီဟု ကြေငြာပြီးနောက် အီလွန်မာ့ခ် သည် နိုင်ငံရေးစက်ဝင်းထဲသို့
နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အစ္စရေး

ဂါဇာစီးတီး ဆိပ်ကမ်းအနီးရှိ ကော်ဖီဆိုင်ကို အစ္စရေး၏ တိုက်ခိုက်မှုကြောင့် ဒါဇင်နဲ့ချီ သေဆုံးခဲ့သည်ဟုဆေးရုံတာဝန်ရှိသူမှပြောကြား။

  • 2025 ခုနှစ်၊ ဇူလိုင်လ 1 ရက်
  • 12 Views
CNN- ၂၀၂၅ ခုနှစ်၊ ဇွန်လ ၃၀ ရက်၊ ဂါဇာစီးတီးရှိ ဆိပ်ကမ်းနားရှိ ကော်ဖီဆိုင်ကို အစ္စရေး၏ လေကြောင်း တိုက်ခိုက်မှု
တရုတ် နိုင်ငံတကာသတင်း ဗြိတိန်

ယူကေနဲ့ တရုတ်နိုင်ငံက အမျိုးသမီး ၁၀ ဦးကို ဆေးခပ်ပြီးမုဒိမ်းကျင့်ခဲ့သည့် တရုတ်ကျောင်းသားကို ထောင်ဒဏ်တစ်သက် ချမှတ်လိုက်ခြင်း။

  • 2025 ခုနှစ်၊ ဇွန်လ 27 ရက်
  • 22 Views
CNN —  ဗြိတိန်နဲ့ တရုတ်နိုင်ငံက အမျိုးသမီး ၁၀ ဦးကို မု ဆက်တိုက် မုဒိမ်းကျင့်ခဲ့သည့် တရုတ်အမျိုးသားကို တစ်သက်တစ်ကျွန်း အနည်းဆုံး ထောင်ဒဏ် ၂၄ နှစ် ချမှတ်လိုက်ပါသည်။ ဂျင်ဟောင်ဇို (Zhenhao Zou) အသက်
နိုင်ငံတကာသတင်း အမေရိကန် အီရန်

အီရန်၏ ထိပ်တန်းခေါင်းဆောင်က အမေရိကန်သည် ၎င်း၏နျူကလီးယားစက်ရုံများကို တိုက်ခိုက်ခြင်းမှာ အောင်မြင်မှုမရရှိခဲ့ဟုဆို

  • 2025 ခုနှစ်၊ ဇွန်လ 27 ရက်
  • 22 Views
BBC သတင်း ၂၀၂၅ခုနှစ် ဂျွန်လ ၂၇ရက် အင်္ဂါနေ့က အစ္စရေးနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီခဲ့ပြီးနောက် ၎င်း၏ ပထမဆုံးသော လူသိရှင်ကြား မိန့်ခွန်းတွင် အီရန်၏ ထိပ်တန်းခေါင်းဆောင်က အမေရိကန်သည် ၎င်း၏နျူကလီးယားစက်ရုံများကို တိုက်ခိုက်ခြင်းမှ အောင်မြင်မှုမရရှိခဲ့ဟု အခိုင်အမာ
နိုင်ငံတကာသတင်း အမေရိကန် အီရန်

အမေရိကန်- အီရန် ဆွေးနွေးပွဲများ ပြန်လည်စတင်ရန် လျှို့ဝှက်သံတမန်ရေးရာ ကြိုးပမ်းမှုများ အသေးစိတ် ထွက်ပေါ်လာခဲ့သည်။

  • 2025 ခုနှစ်၊ ဇွန်လ 27 ရက်
  • 28 Views
CNN — ထရမ့်အစိုးရသည် အရပ်ဘက်စွမ်းအင် ထုတ်လုပ်သည့် နျူကလီးယား အစီအစဉ် တည်ဆောက်ရန်အတွက်အီရန်ကို ဒေါ်လာ ၃၀ဘီလီယံ အကူအညီပေးပြီး စီးပွားရေး ပိတ်ဆို့ထားမှုများကို လျော့ချပေးမည့်အပြင် ဘီလီယံ နှင့်ချီပြီး အေးခဲထားခဲ့သော အီရန်ပိုင်ငွေများကို ပြန်လည် အသုံးပြုခွင့်ပေးမည်
နိုင်ငံတကာသတင်း အမေရိကန်

ဖလော်ရီဒါ ပြည်နယ်ရှေ့နေချုပ်က အဲဗားဂလိပ်စ် (Everglades) ရှိနေရာအား မိကျောင်းအယ်ကတ်ရက်ဇ် ‘ (Alligator Alcatraz’ )ရွှေ့ပြောင်းအကျဉ်းစခန်းအဖြစ်အသုံးပြုရန်အဆိုပြုခဲ့သည်။

  • 2025 ခုနှစ်၊ ဇွန်လ 26 ရက်
  • 23 Views
ABC News ၂၀၂၅ခုနှစ်၊ ဂျွန်လ ၂၆ရက် “ မင်းဒီပတ်ဝန်းကျင်မှာ ဒီလောက်အများကြီး ရင်းနှီးကုန်ကျခံစရာလုပ်ဖို့ မလိုအပ်ပါဘူး” ဟု ဂျိမ်းစ် အပ်မိုင်ရာ (James Uthmeier) က ပြောကြားခဲ့သည်။ ဖလော်ရီဒါပြည်နယ်ရှေ့နေချုပ် ဂျိမ်းစ်အပ်မိုင်ရာ သည်
နိုင်ငံတကာသတင်း အာရှ

ထရမ့်၏ အီရန်အပေါ် တိုက်ခိုက်မှုသည် မြောက်ကိုရီးယားအား ၎င်း၏နျူကလီးယား လက်နက်များကို ထိန်းသိမ်းထားရန် ယခင်ကထက် ပိုမိုစိတ်ပိုင်းဖြတ်ထားခြင်းကို ဖြစ်စေခဲ့သည်။

  • 2025 ခုနှစ်၊ ဇွန်လ 26 ရက်
  • 34 Views
CNN ၂၀၂၅ခုနှစ်၊ ဂျွန်လ ၂၆ရက် အမေရိကန် B-2 ဗုံးကြဲလေယာဉ်များသည် အီရန်နိုင်ငံကို ဖြတ်ကျော်ဝင်ရောက်လာခဲ့ပြီး တီဟီရန်၏နျူကလီးယားရည်မှန်းချက်များနှင့် ဆက်စပ်နေသည့် အဆောက်အအုံများကို ပစ်မှတ်ထားကာတိုက်ခိုက်ခဲ့ခြင်းကို – အီရန်ထက် အဆပေါင်းများစွာ နျူကလီးယား လက်နက်များ ပိုမိုအဆင့်မြင့်သော မြောက်ကိုရီးယားသို့
နိုင်ငံတကာသတင်း အမေရိကန် ဥရောပ

အရှေ့အလယ်ပိုင်း အကျပ်အတည်းကို ဖြေရှင်းရာမှာ ဒက်ဒီထရန့်က ကူညီခဲ့တယ်လို့ နေတိုးအကြီးအကဲပြော

  • 2025 ခုနှစ်၊ ဇွန်လ 26 ရက်
  • 32 Views
ဇွန်လ (၂၆) ရက်။ နေတိုး၏အထွေထွေအတွင်းရေးမှူးချုပ် မာ့ခ်ရူတေ (Mark Rutte) သည် ဗုဒ္ဓဟူးနေ့ အစောပိုင်းတွင် ၎င်းတို့၏ဆွေးနွေးပွဲများအတွင်း အမေရိကန်သမ္မတဒေါ်နယ်ထရန့် ၏ အရှေ့အလယ်ပိုင်း အကျပ်အတည်းကို ကိုင်တွယ်ပုံအကြောင်း ကွက်ကွက်ကွင်းကွင်း ဖော်ပြချက်တစ်ခုကို ပြောဆိုခဲ့သည်။ ထရန့်