နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မေလ 5 ရက်

မြန်မာသတင်း

မြန်မာသတင်း

KNU က ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်က ပြည်သူတွေကို စစ်ရှောင်ခိုင်း

ဧပြီလ (၂၄) ရက်။

မြောက်ပိုင်းညီနောင်သုံးဖော်ရဲ့ ဒုတိယလှိုင်း စစ်ဆင်ရေးမှာ သိမ်းပိုက်ရရှိလိုက်တဲ့လာရှိုးမြို့ကနေ တရုတ်ရဲ့ပြင်းထန်တဲ့ ဖိအားပေးမှုတွေကြောင့် ကိုးကန့်တပ်တွေ ပြန်လည် ဆုတ်ခွာရချိန်မှာ တောင်ပိုင်းကရင်ပြည်နယ်မှာ တတိယလှိုင်းစစ်ဆင်ရေးလုပ်ဖို့ ကေအင်ယူက စတင်နေပြီလို့ ကေအင်ယူနဲ့နီးစပ်တဲ့ သတင်းရင်းမြစ်ဆီက သိရပါတယ်။

ကော့ကရိတ်နဲ့ ကျုံဒိုး ကို KNU ၊ KNLA နဲ့ PDFပူးပေါင်းတပ်တွေက ဝိုင်းဝန်းပိတ်ဆို့ပြီး တိုက်နေကြပြီဖြစ်တဲ့အတွက် ပြည်သူတွေကို ဒီနယ်မြေတွေက ထွက်ကြဖို့ သတိပေးထားပြီး ဒေသခံပြည်သူ ၂ သောင်းလောက် ဘေးလွတ်ရာကို ထွက်ပြေးနေကြရပါတယ်။

ကေအင်ယူတပ်မဟောအသစ်အဖြစ် တပ်မဟာ (၈) ကို ဖွဲ့စည်းထားပြီး၊ ကေအင်ယူတပ်မဟာ (၆) ကို ဗိုလ်မှူးကြီးရန်နိုင်က ဦးစီးတယ်လို့ သိရပါတယ်။ စစ်ကောင်စီက သူတို့လူတွေကို ကရင်ပြည်နယ်ထဲကို ခိုးသွင်းနေတာလည်း ရှိတယ်လို့သိရပါတယ်။

စစ်ကောင်စီတပ်တွေ သင်္ကန်းညီနောင်ဖက်ကနေ တက်လာလို့ မရတဲ့အတွက် ကျုံဒိုးနဲ့ ကျိုက်ဒုံဖက်ကနေတက်လာဖို့ ကြိုးစားနေတယ်လို့ ပြောပါတယ်။ လက်ရှိမှာ ကြာအင်းဆိပ်ကြီးကို ကေအင်ယူက ထိန်းချုပ်ထားပြီး စစ်ကောင်စီက ကျုံဒိုးဂျိုင်းတံတားကနေ သူ့ရဲ့တပ်ဖွဲ့တွေ ပို့နေတယ်လို့ ဆိုပါတယ်။ အနန်းကွင်းမှာလည်း တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး နှစ်ဖက်အကျအဆုံး များတယ်လို့ ဆိုပါတယ်။

ခမရ (၅၄၅) နဲ့ ခမရ (၅၄၆)ကို ဧပြီလ ၂၅ ရက် ဒီနေ့မှာ ကေအင်ယူနဲ့ ပူးပေါင်းတပ်တွေက သိမ်းလိုက်တယ် လို့ သိရပါတယ်။ မနေ့က ဧပြီလ ၂၄ ရက်မှာလည်း ၉ တိုင်၊ ၅ တိုင်၊ ၄ တိုင် နေရာတွေကို သိမ်းလိုက်ပြီး စကစက Y12 နဲ့ လာရောက်ပစ်ခတ်သွားတယ်လို့ ပြောပါတယ်။

ကော့ကရိတ်နဲ့ ၉ တိုင်ကို ကားနဲ့သွားရင် ၁၅ မိနစ်လောက် ကြာပြီး ဘုရားသုံးဆူကနေ သွားရင် ကြာအင်းဆိပ်ကြီးပြီးရင် သမိန်ထွတ်-ဝင်ကကျေးရွာ-လောင်းကိုင်-ပြီးရင် တောင်ကြာအင်း – အဲဒီကနေ‌ မြောက်ကြာအင်း-ကော့ဝါလဲ- ပြီးတော့ ၉ တိုင်ကို ရောက်ပါတယ်။ ၉ တိုင်ကနေ မြဝတီလမ်းကို ရောက်တယ်လို့ သိပါတယ်။

ကျုံဒိုးမြို့နယ်က ဝင်းကကျေးရွာ စာသင်ကျောင်းကို ဧပြီ ၂၃ ရက်နေ့ ည၈ နာရီဝန်းကျင်မှာ စစ်ကောင်စီက ဂျက်ဖိုက်တာနှစ်စီးနဲ့ ဗုံးကြဲတိုက်ခိုက်သွားတယ်လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်ထံက သိရပါတယ်။

ဒီတိုက်ခိုက်မှုမှာတော့ စာသင်ကျောင်းအနီးကပြည်သူတွေ ကြိုတင်ရှောင်ထားတဲ့အတွက် လူသေဆုံး ထိခိုက်မှု မရှိဘူးလို့သိရပါတယ်။ စာသင်ကျောင်းဆောင်နဲ့ လူနေအိမ်သုံးလုံးပျက်စီးသွားတယ်လို့ သိရပါတယ်။

ကော့ကရိတ်မြို့နဲ့ ကျုံဒိုးမြို့ကြားတွင် တော်လှန်ရေးပူးပေါင်းတပ်နဲ့ စစ်ကောင်စီတပ်ကြားစစ်ရေး တင်းမာနေပြီး စစ်ကောင်စီက အရပ်သားပြည်သူတွေ နေထိုင်တဲ့ကျေးရွာအတွင်းမှာရှိတဲ့ ဘာသာရေး အဆောက်အအုံနဲ့ စာသင်ကျောင်းတွေကို ဆက်တိုက်ပစ်မှတ်ထား ပစ်ခတ်တိုက်ခိုက်နေတဲ့အတွက် ဧပြီ ၁၅ ရက် နေ့မှ စတင်ပြီး တစ်ပတ်ကျော်အတွင်း ပြည်သူ၂၀ ဦးကျော် သေဆုံးပြီး ၄၀ ဦးကျော် ထိခိုက်ဒဏ်ရာရရှိ သွားတယ်လို့ KNU သတင်းမီဒီယာ KIC မှာ ဖော်ပြထားပါတယ်။

ဓာတ်ပုံ။ KIC

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

တောင်သာမှာ PDF တွေပါတဲ့ကား ခြုံခိုတိုက်ခိုက်ခံရပြီး (၁၁)ဦးကျဆုံးခဲ့

  • 2026 ခုနှစ်၊ မေလ 4 ရက်
  • 13 Views
မေလ (၄)ရက်။ ဒီကနေ့ နံနက်ပိုင်းအချိန်က တောင်သာမြို့မှာ PDF တွေလိုက်ပါတဲ့ကားကို စစ်တပ်က ခြုံခိုတိုက်ခိုက်ခဲ့တယ်လို့ ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “
မြန်မာသတင်း

ဂန့်ဂေါရှိ ခလရ(၅၀)က စစ်ကော်မရှင်တပ်သားတဦး CDF-KKG ဆီ လက်နက်ခဲယမ်းတွေနဲ့ အလင်းဝင်

  • 2026 ခုနှစ်၊ မေလ 4 ရက်
  • 14 Views
မေလ (၄)ရက်။ ဂန့်ဂေါမြို့ရှိ ခလရ(၅၀)က စစ်ကော်မရှင်တပ်သားတဦး လင်နက်ခဲယမ်းတွေနဲ့ အလင်းဝင်လာခဲ့တယ်လို့ CDF-KKG ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။
မြန်မာသတင်း

အင်းတော်နယ်ထဲ Star Link အသုံးပြုတာတွေ ယာယီပိတ်သိမ်းထားဖို့ မြို့နယ်ပအဖထုတ်ပြန်

  • 2026 ခုနှစ်၊ မေလ 4 ရက်
  • 15 Views
မေလ (၄)ရက်။ အင်းတော်မြို့နယ်ထဲ Star Link အသုံးပြုတာတွေကို ယာယီပိတ်သိမ်းထားဖို့ မြို့နယ်ပအဖက မနေ့ကရက်စွဲနဲ့ အကြောင်းကြားထားတယ်လို့ သိရပါတယ်။ မြို့နယ်ထဲ Star Link Wifi အသုံးပြုတာတွေကို NUG ရဲ့ ရုံးလုပ်ငန်းတွေ လည်ပတ်အသုံးပြုနေတဲ့
မြန်မာသတင်း

NUG နဲ့ စစ်ကိုင်းဖက်ဒရယ်ယူနစ်အစိုးရတို့ အုပ်ချုပ်ရေးလုပ်ငန်းတွေ လွှဲပြောင်း

  • 2026 ခုနှစ်၊ မေလ 4 ရက်
  • 14 Views
မေလ (၄)ရက်။ မေလ (၁)ရက်နေ့က NUG နဲ့ စစ်ကိုင်းဖက်ဒရယ်ယူနစ်အစိုးရတို့ အုပ်ချုပ်ရေးလုပ်ငန်းတွေ လွှဲပြောင်းတဲ့အခမ်းအနားကို ပြုလုပ်ခဲ့တယ်လို့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီအခမ်းအနားကို Zoom Platform ကနေ ကျင်းပခဲ့ပြီး NUG ယာယီသမ္မတ၊
မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်ပြောင်းတာ မင်းအောင်လှိုင်ရဲ့ နိုင်ငံရေးအရ တရားဝင်မှုရယူလိုတာကြောင့်လို့ NLD ထုတ်ပြန်

  • 2026 ခုနှစ်၊ မေလ 4 ရက်
  • 11 Views
မေလ (၄)ရက်။ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်ပြောင်းရွှေ့တာက မင်းအောင်လှိုင်ရဲ့ အတုအယောင်ရွေးကောက်ပွဲကတဆင့် နိုင်ငံရေးအရတရားဝင်မှု ရယူလိုတဲ့ ဟန်ပြလုပ်ရပ်လို့ NLD ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်အနေနဲ့ ပြောင်းရွှေ့ထားတယ်လို့ စစ်တပ်က ထုတ်ပြန်ကြေညာတာတို့ဟာ
မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်ကိုဘာကြောင့်လွှတ်မပေးရဲတာလဲ?

  • 2026 ခုနှစ်၊ မေလ 3 ရက်
  • 35 Views
တရုတ်- အမေရိကန် တို့ရဲ့ခြေလှမ်း ဒီအပတ်မေလ (၃)ရက်တနင်္ဂနွေနေ့ အပတ်စဥ်နိုင်ငံရေးဖြစ်စဥ်ကိုလေ့လာသုံးသပ်ခြင်း (၄၅) မှာ ပြောကြားမဲ့အကြောင်းကတော့ စစ်အုပ်စုက ဘာကြောင့် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်မပေးရဲတာလဲ ဆိုတဲ့အကြောင်းနဲ့ တရုတ်နဲ့ အမေရိကန်တို့ မြန်မာပြည်အပေါ် ဘယ်လို ကစားကြမလဲဆိုတာကို ဦးထွန်းအောင်ကျော်နဲ့
မြန်မာသတင်း

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိရဲ့ နေပြည်တော်ခရီးစဉ်ထဲ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့

  • 2026 ခုနှစ်၊ မေလ 2 ရက်
  • 27 Views
မေလ (၂)ရက်။ နေပြည်တော်ကို တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ လာရောက်ချိန် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့တယ်လို့ သတင်းထွက်ပေါ်ချက်တွေအရ သိရပါတယ်။ “ ဝမ်ယိက နေပြည်တော်ကိုလာတဲ့အချိန် အန်တီနဲ့ တွေ့သွားတယ်။ ဒါပေမယ့် အဲ့သတင်းက နှစ်ဖက်စလုံးက မထုတ်ပြန်ဘူး။ အိန်တီလဲ
မြန်မာသတင်း

ရန်ကုန်မှာ “ ငါတို့ သမ္မတက ဦးဝင်းမြင့်” ဆိုတဲ့ လှုပ်ရှားမှုပြုလုပ်

  • 2026 ခုနှစ်၊ မေလ 2 ရက်
  • 26 Views
မေလ (၂)ရက်။ ဒီကနေ့ ရန်ကုန်မြို့မှာ “ ငါတို့ သမ္မတက ဦးဝင်းမြင့်” ဆိုတဲ့ လှုပ်ရှားမှုကို ပြုလုပ်ခဲ့တယ်လို့ Yangon 4 Brothers ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ရန်ကုန်မြို့ထဲ အာဏာရှင်ရဲ့ လုံခြုံရေးအစီအမံကို