နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဩဂုတ်လ 18 ရက်

မြန်မာသတင်း

မြန်မာသတင်း

စစ်ကောင်စီရဲ့ ဟားလီးကွေ့တပ်စခန်း တိုက်ခိုက်ခံရပြီး ဗိုလ်ကြီးတစ်ဦး သေဆုံးကာ (၁၆)ဦး ဖမ်းမိခဲ့တယ်လို့ဆို

ဧပြီလ (၂၈)ရက်။

ဧပြီလ (၂၆)ရက်နေ့ နံနက် (၆)နာရီခန့်က ထားဝယ်မြို့ မောင်မယ်ရှောင်ရွာ စစ်ကောင်စီရဲ့ ဟားလီးကွေ့တပ်စခန်းကို ဝင်ရောက်ပစ်ခတ်ခဲ့တယ်လို့ ဒူကရစစ်ကြောင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

“ ထားဝယ် မောင်မယ်ရှောင်ရွာ ရေး-ထားဝယ် အမှတ်(၈) ပြည်ထောင်စုလမ်းမကြီးပေါ်မှာရှိတဲ့ ဟားလီးကွေ့ စကစတပ်စခန်းကို ညီနောင်မဟာမိတ်ရဲဘော်တွေက ဝင်ရောက်ပစ်ခတ်ခဲ့တာ” လို့ ဆိုပါတယ်။

ဟားလီးကွေ့တပ်စခန်းဟာ ရေး-ထားဝယ် အမှတ်(၈)ပြည်ထောင်စုလမ်းမကြီးပေါ်မှာ တည်ရှိပြီး တိုက်ပွဲထဲ စစ်ကောင်စီဘက်က ဗိုလ်ကြီး (၁)ဦး သေဆုံးကာ (၁၆)ဦးကို အရှင်ဖမ်းမိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

နောက်ပြီး ထိတွေ့တိုက်ပွဲထဲ စစ်ကောင်စီထံက MA-1 (၉)လက်၊ MA-2 (၁)လက်၊ MA-3 (၆)လက်၊ MA-4 (၁)လက်၊ MA-11 (၁၁)လက်၊ BA-100 (၁)လက်နဲ့ ဆက်စပ်ပစ္စည်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ ရေးသားထားပါတယ်။

အဲ့ဒီစစ်ဆင်ရေးကို DNLA ရဲ့ ဒူကရစစ်ကြောင်း ဦးဆောင်ပြီး YPPDF၊ KNU တပ်မဟာ(၄) တပ်ရင်း (၁၂) တပ်ခွဲ(၅)၊ ဥဩစစ်ကြောင်း၊ DGRF၊ TPLF၊ ဒေါနတပ်ခွဲ(၇)၊ Sky Ghost Drone Force၊ ဖက်ဒရယ်ဓူဝံကြယ်တပ်ဖွဲ့နဲ့ အရှေ့တောပြည်သူ့ကာကွယ်ရေးအင်အားစုတို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ ထုတ်ပြန်ထားပါတယ်။

ပြည်သူတွေအနေနဲ့ တနိုင်ငံလုံးအတိုင်းအတာနဲ့ စစ်ရေးတွေ အရှိန်မြှင့် ဆောင်ရွက်နေတဲ့အချိန်ဖြစ်တာကြောင့် စစ်ရေးအထူးသတိပြုသွားလာဖို့နဲ့ တိုင်းထဲ စစ်ကောင်စီက အချိန်မရွေး လေကြောင်းတိုက်ခိုက်တာတွေ ရှိနိုင်တဲ့အတွက် လေကြောင်းရန်ကာကွယ်ရေးနည်းလမ်းတွေ လိုက်နာဖို့ အသိပေးထားပါတယ်။

တော်လှန်ရေးနဲ့ စစ်ရေးအရှိန် မြင့်လာတာနဲ့အတူ ပြည်သူ့ဘက်၊ အမှန်တရားဘက် ရပ်တည်လိုတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ပြည်သူ့ရင်ခွင်ခိုလှုံပြီး အမြန်ဆုံးပူးပေါင်းပေးဖို့ တိုက်တွန်းထားတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

မိုးကုတ်မြို့ ရဲစခန်းနဲ့ ထွေအုပ်ရုံးအနီးကို စစ်ကောင်စီတပ် ထပ်မံဗုံးကြဲ၊ ကလေးငယ်အပါအဝင် ပြည်သူ (၃)ဦး သေဆုံးခဲ့

  • 2025 ခုနှစ်၊ ဩဂုတ်လ 17 ရက်
  • 16 Views
ဩဂုတ်လ (၁၇)ရက်။ ဒီကနေ့ နံနက် (၉)နာရီအချိန်က မိုးကုတ်မြို့အရှေ့ပိုင်းရှိ မြို့မရဲစခန်းနဲ့ ထွေအုပ်ရုံးအနီးကို စစ်ကောင်စီတပ်က ပေါင် (၂၅၀)ဗုံး (၃)လုံး
မြန်မာသတင်း

စစ်တပ်ရဲ့ လေကြောင်းဗုံးကြဲတာမှာ KNU စစ်ဦးစီးချုပ် သေဆုံးခဲ့တယ်ဆိုပြီး စစ်လော်ဘီတွေ ဝါဒဖြန့်

  • 2025 ခုနှစ်၊ ဩဂုတ်လ 17 ရက်
  • 15 Views
ဩဂုတ်လ (၁၇)ရက်။ ဩဂုတ်လ (၁၁)ရက်နေ့က စစ်တပ်က လေကြောင်းဗုံးကြဲခဲ့တာမှာ KNU စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောဂျော်နီ သေဆုံးတယ်ဆိုပြီး စစ်လော်ဘီချန်နယ်တွေက
မြန်မာသတင်း

ပလမြို့တိုက်ပွဲထဲ စစ်ကောင်စီတပ်ဖွဲ့ဝင် (၅၃)ဦးသေဆုံးပြီး (၄၈)ဦးဒဏ်ရာရရှိခဲ့တယ်လို့ ပုလော-PDF ထုတ်ပြန်

  • 2025 ခုနှစ်၊ ဩဂုတ်လ 17 ရက်
  • 19 Views
ဩဂုတ်လ (၁၇)ရက်။ ပုလောမြို့နယ် ပလမြို့ကို စစ်ကြောင်းထိုးဝင်လာဖို့ ကြိုးပမ်းတဲ့ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးပူးပေါင်းတပ်တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ပုလော-PDF ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ဇူလိုင်လ (၂၄)ရက်ကစပြီး ပလမြို့ကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးဝင်ဖို့
မြန်မာသတင်း

ငဖဲမြို့တိုက်ပွဲထဲ စစ်ကောင်စီတပ်ဖွဲ့ဝင် (၂၀)ဦး သေဆုံးခဲ့

  • 2025 ခုနှစ်၊ ဩဂုတ်လ 17 ရက်
  • 13 Views
ဆုတ်ခွာထွက်ပြေးသူတွေကို လိုက်လံချေမှုန်းနေတယ်လို့ AA ထုတ်ပြန် ဩဂုတ်လ (၁၇)ရက်။ ဩဂုတ်လ (၁၄)ရက်နေ့က ငဖဲမြို့ စွန်တက်ကျေးရွာရဲ့ မြောက်ဘက် မီတာ(၃၀၀၀)ကျော်အကွာက AA တပ်ဖွဲ့တွေရှိရာကို စစ်‌ကောင်စီတပ်ရဲ့ တပ်မ(၉၉)လက်အောက်ခံတပ်တွေ ထိုးစစ်ဆင်လာခဲ့တယ်လို့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။
မြန်မာသတင်း

အိုးဘိုထောင် ဗုံးကြဲခံရတဲ့ဖြစ်စဉ်ထဲ သေဆုံးခဲ့တဲ့ နိုင်ငံရေးအကျဉ်းသားတွေစာရင်း PPNM ထုတ်ပြန်

  • 2025 ခုနှစ်၊ ဩဂုတ်လ 17 ရက်
  • 16 Views
ဩဂုတ်လ (၁၇)ရက်။ ဩဂုတ်လ (၈)ရက်နေ့က မန္တလေး အိုးဘိုထောင်ကို ဗုံးကြဲခဲ့တဲ့ဖြစ်စဉ်ထဲ နိုင်ငံရေးအကျဉ်းသားတွေအပါအဝင် အကျဉ်းသား စုစုပေါင်း (၂၁)ဦး သေဆုံးခဲ့တယ်လို့ PPNM ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဖြစ်စဉ်ထဲ သေဆုံးသူတွေမှာ နိုင်ငံရေးအကျဉ်းသား
မြန်မာသတင်း

ရွေးကောက်ပွဲမှာ လုံခြုံရေးအတွက် စိုးရိမ်စရာမလိုဘူးဆိုပြီး ကြံ့ခိုင်ရေးပါတီပြော

  • 2025 ခုနှစ်၊ ဩဂုတ်လ 16 ရက်
  • 24 Views
ဩဂုတ်လ (၁၅)ရက်။ လာမယ့်ရွေးကောက်ပွဲမှာ လုံခြုံရေးအတွက် စိုးရိမ်စရာမလိုဘူးဆိုပြီး ကြံ့ခိုင်ရေးပါတီဥက္ကဋ္ဌ ဦးခင်ရီက မနေ့က ရန်ကုန်မြို့မှာ ကျင်းပခဲ့တဲ့ သတင်းစာရှင်းလင်းပွဲထဲ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ အခု နိုင်ငံရဲ့လုံခြုံရေးအခြေအနေအရ မဲဆန္ဒနယ်တွေ ပိုမိုကျယ်ပြန့်လာနိုင်ပေမယ့် နယ်မြေရှင်းလင်းရေး အောင်မြင်လာတဲ့အတွက်
မြန်မာသတင်း

စစ်ကောင်စီရွေးကောက်ပွဲအတွက် သင်တန်းတက်မယ့် Non-CDM ပညာရေးဝန်ထမ်း (၄)ဦးကို MSRF ဖမ်းမိ

  • 2025 ခုနှစ်၊ ဩဂုတ်လ 16 ရက်
  • 23 Views
ဩဂုတ်လ (၁၅)ရက်။ သံဖြူဇရပ်-ရေး အမှတ် (၈)အမြန်လမ်းမှာ Non-CDM ပညာရေးဝန်ထမ်း (၄)ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ MSRF ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ မွန်ပြည်နယ် ရေးမြို့နယ်အတွက် ရွေးကောက်ပွဲမှာ ပါဝင်ဆောင်ရွက်ကြမယ့် Non-CDM ဝန်ထမ်းတွေရဲ့
မြန်မာသတင်း

ရွေးကောက်ပွဲအတွက် အစည်းအ‌ဝေးလုပ်နေတဲ့ အုပ်ချုပ်ရေးမှူးရုံးကို လုံခြုံရေးယူပေးနေတဲ့ စစ်ကောင်စီတပ် တိုက်ခိုက်ခံရ

  • 2025 ခုနှစ်၊ ဩဂုတ်လ 15 ရက်
  • 39 Views
ဩဂုတ်လ (၁၅)ရက်။ မနေ့က ည (၁၀)နာရီဝန်းကျင်ခန့်မှာ လှိုင်သာယာ (၁၄)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကို လုံခြုံရေးယူပေးနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို မိုင်းခွဲတိုက်ခိုက်ခဲ့တယ်လို့ မြို့ပြကြွက်ကွန်ယက်ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ည (၁၀)နာရီလောက် လှိုင်သာယာ(၁၄)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးမှာ