နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဧပြီလ 12 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန်

သမ္မတထရန့်ကို လူထုထောက်ခံမှုကျဆင်း

ဧပြီလ (၂၈) ရက်။

ယခုလ ၂၉ ရက်နေ့တွင် သမ္မတထရန့် သမ္မတအဖြစ်တာဝန်ယူပြီးနောက် ရက်ပေါင်း ၁၀၀ ပြည့်မြောက်မည့်နေ့ရက် ဖြစ်သည်။ သမ္မတထရန့်၏ လူထုထောက်ခံမှုအဆင့်သည် ၃၉% သို့ ကျဆင်းသွားခဲ့ကြောင်း အမေရိကန်မီဒီယာများက ဖော်ပြခဲ့သည်။

ဝါရှင်တန်ပို့စ်၊ ABC News တို့က အရွယ်ရောက်ပြီးသူ ၂,၄၆၄ ဦးတို့ကို ၁၈ ရက်နေ့မှ ၂၂ ရက်နေ့အထိ ပြုလုပ်ခဲ့သော စစ်တမ်းတစ်ခုတွင် လူထုထောက်ခံမှု ကျဆင်းသွားကြောင်း ဖော်ပြနေသည်။

သမ္မတထရန့်ကို ထောက်ခံမှု ၃၉ % သည် ၎င်း၏ပထမသက်တမ်းအတွင်း တချိန်တည်းတွင် သုံးမှတ်နိမ့်နေပြီး ၎င်းကို မထောက်ခံသည့်ရာခိုင်နှုန်းမှာ ၅၅% ဖြစ်သည်။

ဖေဖော်ဝါရီတွင် သမတရာထူးတာဝန်ယူပြီးနောက် မကြာမီတွင် သမ္မတ သမ္မတထရန့်ကို ထောက်ခံမှုမှာ ၄၅ ရာခိုင်နှုန်းဖြစ်သည်။

ရက်ပေါင်း ၁၀၀ တာဝန်ထမ်းဆောင်ခဲ့သော ယခင်သမ္မတများနှင့် နှိုင်းယှဉ်ပါက ၁၉၃၃ မှ ၁၉၄၅ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့သော ရိုစဗက် (Roosevelt) နောက်ပိုင်း အနိမ့်ဆုံးဖြစ်ကြောင်း အစီရင်ခံစာက ဆိုသည်။

“ လူဝင်မှုကြီးကြပ်ရေး ဆန့်ကျင်ရေးအစီအမံများ” ကို ထောက်ခံမှုသည် ၄၆% ရှိပြီး “ အကောက်ခွန်မူဝါဒ” ကို ၃၄% က ထောက်ခံပြီး 64% သော လူများကအကောက်ခွန်မူဝါဒကို ဆန့်ကျင်ကြသည်။

အစိုးရဝန်ထမ်းများကို လျှော့ချရန် အစီအစဉ်များ ပါဝင်သော “သမ္မတအာဏာများ တိုးချဲ့ခြင်း” နှင့် ပတ်သက်၍ ၆၄% က ၎င်းသည် “ လွန်ကဲလွန်းသည်” ဟု တုံ့ပြန်ခဲ့သည်။

အဓိကပြဿနာများကို သူမည်ကဲ့သို့ကိုင်တွယ်ဖြေရှင်းမည်ကို မေးမြန်းသောအခါ ၃၉ ရာခိုင်နှုန်းက “သမ္မတထရန့်ကို ယုံကြည်သည်” ဟု ပြောကြားခဲ့သည်။

အခြားတစ်ဖက်တွင်လည်း ဖြေဆိုသူ ၃၀ % ကသာ “ ဒီမိုကရက်တစ်ပါတီကို ယုံကြည်သည်” ဟု ဖြေဆိုခဲ့ပြီး ထရန့်အစိုးရကို မကျေနပ်မှုအတွက်ထွက်ပေါက်တစ်ခုအဖြစ် ဒီမိုကရက်တစ်ပါတီကိုလည်း မယုံကြည်ကြကြောင်း မီးမောင်းထိုးပြနေသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

သဘောတူညီချက်လား၊ ထင်ယောင်ထင်မှားလား? ထရမ့်၏ အီရန်အပစ်အခတ်ရပ်စဲရေးနှင့် မြေပြင်မှ ရှုပ်ထွေးမှုများ ထိပ်တိုက်တွေ့ဆုံခြင်း

  • 2026 ခုနှစ်၊ ဧပြီလ 10 ရက်
  • 28 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၁၀ ရက် အီရန်အနေဖြင့် သဘောတူညီမှုတစ်ခု ရယူရန်၊ သို့မဟုတ်ပါက သေကြေပျက်စီးမှုများ
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အရှေ့အလယ်ပိုင်းနိုင်ငံများက အပစ်အခတ်ရပ်စဲရေးကို ကြိုဆိုကြပြီး ပဋိပက္ခများ လုံးဝအဆုံးသတ်ရန် မျှော်လင့်ကြောင်း ပြောကြား

  • 2026 ခုနှစ်၊ ဧပြီလ 8 ရက်
  • 42 Views
CNN- ၂၀၂၆ခုနှစ်၊ ဧပြီလ (၈)ရက် အမေရိကန်နှင့် အီရန်တို့ နှစ်ပတ်ကြာ အပစ်အခတ်ရပ်စဲရန် သဘောတူညီ ဒေသတွင်းသို့ ကူးစက်ပြန့်နှံ့ခဲ့သည့် ငါးပတ်ကျော်ကြာ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ထရမ့်၏ အပစ်အခတ်ရပ်စဲရေး ကြေညာချက်အပြီး ရေနံဈေးနှုန်းများ ကျဆင်းကာ စတော့ရှယ်ယာများ ပြန်လည်ဦးမော့လာ

  • 2026 ခုနှစ်၊ ဧပြီလ 8 ရက်
  • 55 Views
CNN- ၂၀၂၆ခုနှစ်၊ ဧပြီလ(၈)ရက် သမ္မတ ဒေါ်နယ်ထရမ့်က အီရန်နှင့် နှစ်ပတ်ကြာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ရရှိကြောင်း ကြေညာခဲ့ပြီးနောက် ကမ္ဘာ့ရေနံဈေးနှုန်းများ သိသိသာသာ ထိုးဆင်းသွားပြီး စတော့ဈေးကွက်များမှာမူ အားကောင်းစွာ ပြန်လည်မြင့်တက်လာခဲ့သည်။ စစ်ပွဲကြောင့် ပိတ်ဆို့လုနီးပါးဖြစ်နေသည့် ဟော်မုဇ်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်နှင့်အီရန်၂ပတ်အပစ်ရပ်သဘောတူညီမှုရရှိ

  • 2026 ခုနှစ်၊ ဧပြီလ 8 ရက်
  • 50 Views
အီရန်နှင့်အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်သည် ထရမ့်အတွက် ယာယီအောင်ပွဲဖြစ်သော်လည်း ပေးဆပ်မှုများ ရှိနေသည် BBC – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၈ ရက် အဆုံးသတ်မှာတော့ — အနည်းဆုံးတော့ လောလောဆယ်အထိ — အေးအေးဆေးဆေး စဉ်းစားဆုံးဖြတ်နိုင်သူတွေက
နိုင်ငံတကာသတင်း အမေရိကန် အီရန်

အဖွဲ့အစည်းပေါင်းစုံနှင့် ပါတီနှစ်ရပ်လုံးမှ စုပေါင်းအင်အားစုတစ်ခုက ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ချက် ၂၅ အရ ထရမ့်ကို ရာထူးမှဖယ်ရှားရန် ရုတ်တရက် တောင်းဆိုလာကြခြင်း။

  • 2026 ခုနှစ်၊ ဧပြီလ 8 ရက်
  • 48 Views
CNN- ၂၀၂၆ခုနှစ်၊ ဧပြီလ ၈ရက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ချက် ၂၅ (25th Amendment) နှင့်ပတ်သက်သည့် ပြောဆိုမှု များ ပြန်လည်ထွက်ပေါ်လာပြန်သည်။ မကြာသေးမီနှစ်များအတွင်း ဖွဲ့စည်းပုံ အခြေခံဥပဒေ တွင် ပြဋ္ဌာန်းထားသည့် သမ္မတကို ရာထူးမှဖယ်ရှားသည့်
ကမ္ဘောဒီးယား ထိုင်း နိုင်ငံတကာသတင်း အရှေ့တောင်အာရှ

သြစတြေးလျ၊ တရုတ်နှင့် ဘရာဇီးလ် ရဲစခန်းအတုများ- သိမ်းဆည်းရမိသည့် ကျားဖြန့် (scam) အဆောက်အအုံအတွင်းသို့ BBC ရောက်ရှိခဲ့ခြင်း

  • 2026 ခုနှစ်၊ ဧပြီလ 7 ရက်
  • 78 Views
BBC – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၇ ရက် Royal Hill ကာစီနိုနောက်ဘက်ရှိ ခြောက်ထပ်တိုက်၏ မီးမထွန်းထားသောစင်္ကြန်လမ်းများ အတိုင်း လျှောက်သွားရာတွင် တံခါးတစ်ခုစီသည် မတူညီသော ကမ္ဘာတစ်ခုစီသို့ ဖွင့်လှစ် ပြသပေးထားသကဲ့သို့ ရှိနေသည်။
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ဟော်မုဇ် ရေလက်ကြားဆိုင်ရာ ထရမ့်၏ နောက်ဆုံးသတိပေးချက် နီးကပ်လာသော်လည်း အီရန်ဘက်မှ လိုက်လျောမည့် အရိပ်အယောင် မရှိသလောက်ဖြစ်နေ

  • 2026 ခုနှစ်၊ ဧပြီလ 7 ရက်
  • 56 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၇ ရက် အီရန်အပေါ် အမေရိကန်-အစ္စရေး ပူးပေါင်းစစ်ဆင်နွှဲနေသည့် ငါးပတ်တာကာလအတွင်း သမ္မတ ဒေါ်နယ်ထရမ့်သည် နောက်ဆုံးသတ်မှတ်ရက်များ ချမှတ်ခြင်း၊ တောင်းဆိုမှုများ ပြုလုပ်ခြင်းနှင့် ခြိမ်းခြောက်မှုများ ထုတ်ပြန်ခြင်းတို့ကို လုပ်ဆောင်ခဲ့သည်။
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အစ္စရေးနိုင်ငံ၊ ဟိုင်ဖာမြို့အား အီရန်၏ တိုက်ခိုက်မှုအပြီး နောက်ထပ် ရုပ်အလောင်းနှစ်ခု ထပ်မံတွေ့ရှိ၊ စုစုပေါင်း သေဆုံးသူ လေးဦးအထိ ရှိလာ

  • 2026 ခုနှစ်၊ ဧပြီလ 6 ရက်
  • 57 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၆ ရက် မနေ့က အစ္စရေးနိုင်ငံ၊ ဟိုင်ဖာမြို့ရှိ လူနေအိမ်ရာ အဆောက်အအုံတစ်ခုကို အီရန်က တိုက်ခိုက်ခဲ့ရာတွင် သေဆုံးခဲ့သူ လေးဦး၏ ရုပ်အလောင်းများကို ယခုအခါ ရှာဖွေတွေ့ရှိပြီဖြစ်ကြောင်း အစ္စရေး