နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ စက်တင်ဘာလ 18 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန်

သမ္မတထရန့်ကို လူထုထောက်ခံမှုကျဆင်း

ဧပြီလ (၂၈) ရက်။

ယခုလ ၂၉ ရက်နေ့တွင် သမ္မတထရန့် သမ္မတအဖြစ်တာဝန်ယူပြီးနောက် ရက်ပေါင်း ၁၀၀ ပြည့်မြောက်မည့်နေ့ရက် ဖြစ်သည်။ သမ္မတထရန့်၏ လူထုထောက်ခံမှုအဆင့်သည် ၃၉% သို့ ကျဆင်းသွားခဲ့ကြောင်း အမေရိကန်မီဒီယာများက ဖော်ပြခဲ့သည်။

ဝါရှင်တန်ပို့စ်၊ ABC News တို့က အရွယ်ရောက်ပြီးသူ ၂,၄၆၄ ဦးတို့ကို ၁၈ ရက်နေ့မှ ၂၂ ရက်နေ့အထိ ပြုလုပ်ခဲ့သော စစ်တမ်းတစ်ခုတွင် လူထုထောက်ခံမှု ကျဆင်းသွားကြောင်း ဖော်ပြနေသည်။

သမ္မတထရန့်ကို ထောက်ခံမှု ၃၉ % သည် ၎င်း၏ပထမသက်တမ်းအတွင်း တချိန်တည်းတွင် သုံးမှတ်နိမ့်နေပြီး ၎င်းကို မထောက်ခံသည့်ရာခိုင်နှုန်းမှာ ၅၅% ဖြစ်သည်။

ဖေဖော်ဝါရီတွင် သမတရာထူးတာဝန်ယူပြီးနောက် မကြာမီတွင် သမ္မတ သမ္မတထရန့်ကို ထောက်ခံမှုမှာ ၄၅ ရာခိုင်နှုန်းဖြစ်သည်။

ရက်ပေါင်း ၁၀၀ တာဝန်ထမ်းဆောင်ခဲ့သော ယခင်သမ္မတများနှင့် နှိုင်းယှဉ်ပါက ၁၉၃၃ မှ ၁၉၄၅ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့သော ရိုစဗက် (Roosevelt) နောက်ပိုင်း အနိမ့်ဆုံးဖြစ်ကြောင်း အစီရင်ခံစာက ဆိုသည်။

“ လူဝင်မှုကြီးကြပ်ရေး ဆန့်ကျင်ရေးအစီအမံများ” ကို ထောက်ခံမှုသည် ၄၆% ရှိပြီး “ အကောက်ခွန်မူဝါဒ” ကို ၃၄% က ထောက်ခံပြီး 64% သော လူများကအကောက်ခွန်မူဝါဒကို ဆန့်ကျင်ကြသည်။

အစိုးရဝန်ထမ်းများကို လျှော့ချရန် အစီအစဉ်များ ပါဝင်သော “သမ္မတအာဏာများ တိုးချဲ့ခြင်း” နှင့် ပတ်သက်၍ ၆၄% က ၎င်းသည် “ လွန်ကဲလွန်းသည်” ဟု တုံ့ပြန်ခဲ့သည်။

အဓိကပြဿနာများကို သူမည်ကဲ့သို့ကိုင်တွယ်ဖြေရှင်းမည်ကို မေးမြန်းသောအခါ ၃၉ ရာခိုင်နှုန်းက “သမ္မတထရန့်ကို ယုံကြည်သည်” ဟု ပြောကြားခဲ့သည်။

အခြားတစ်ဖက်တွင်လည်း ဖြေဆိုသူ ၃၀ % ကသာ “ ဒီမိုကရက်တစ်ပါတီကို ယုံကြည်သည်” ဟု ဖြေဆိုခဲ့ပြီး ထရန့်အစိုးရကို မကျေနပ်မှုအတွက်ထွက်ပေါက်တစ်ခုအဖြစ် ဒီမိုကရက်တစ်ပါတီကိုလည်း မယုံကြည်ကြကြောင်း မီးမောင်းထိုးပြနေသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ဗြိတိန် အမေရိကန်

သမိုင်းဝင် အစိုးရဧည့်သည်တော်အဖြစ် ထရန့်၏ အင်္ဂလန်ခရီး

  • 2025 ခုနှစ်၊ စက်တင်ဘာလ 18 ရက်
  • 1 Views
CNN-၂၀၂၅ခုနှစ်၊ စက်တင်ဘာလ ၁၈ရက် သမိုင်းဝင် အစိုးရဧည့်သည်တော်အဖြစ် ထရန့်၏ အင်္ဂလန်ခရီး အမေရိကန် သမ္မတ ဒေါ်နယ်ထရန့်သည် ဗုဒ္ဓဟူးနေ့တွင် ဝင်ဆာရဲတိုက်ကြီးသို့
ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ အမေရိကန် ဥရောပ

စစ်သားတယောက်တိုင်းအတွက်ဒရုန်းတစင်း

  • 2025 ခုနှစ်၊ စက်တင်ဘာလ 17 ရက်
  • 70 Views
CNN သတင်း။ ဂျာမနီနိုင်ငံ၊ Wiesbaden မြို့ရှိ ကွန်ဖရင့်စင်တာတစ်ခုတွင် ဇူလိုင်လက ယူကရိန်းစစ်တပ်အကြီးအကဲများသည် ဒရုန်းများတွင် ရင်းနှီးမြှုပ်နှံရန် NATO အဖွဲ့၏
နိုင်ငံတကာသတင်း ရုရှား အမေရိကန် ဥရောပ

မော်စကို၏ ကျူးကျော်မှုများကြောင့် နေတိုးမဟာမိတ်များ ဖိအားခံစားနေရချိန်တွင် အမေရိကန်က ဘီလာရုစ်-ရုရှား စစ်ရေးလေ့ကျင့်မှုကို လေ့လာစောင့်ကြည့်နေ

  • 2025 ခုနှစ်၊ စက်တင်ဘာလ 17 ရက်
  • 70 Views
CNN- ၂၀၂၅ခုနှစ်၊ စက်တင်ဘာလ ၁၇ရက် ဘိုရီဆော့ဗ်စကီး စစ်ရေးလေ့ကျင့်ရေးကွင်း၊ ဘီလာရုစ် —ရုရှားဒရုန်းများ ပိုလန်လေပိုင်နက်အတွင်းသို့ ဝင်ရောက်လာမှုကြောင့် တင်းမာနေပြီး ဖြစ်သော အခြေအနေတွင် အမေရိကန်၏ ဥရောပရှိ နေတိုးမဟာမိတ်များသည် မော်စကို၏ ဖိအားပေးမှုကို ခံစားနေရကာ စိုးရိမ်ပူပန်မှုများ
နိုင်ငံတကာသတင်း အမေရိကန် ဥရောပ

နေတိုးမဟာမိတ်များကို သမ္မတ ဒေါ်နယ်ထရန့် စာပို့

  • 2025 ခုနှစ်၊ စက်တင်ဘာလ 15 ရက်
  • 139 Views
CNN သတင်း ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ (၁၅) ရက်။ ယခု စနေနေ့တွင် သမ္မတ ဒေါ်နယ်ထရန့်သည် နေတိုးမဟာမိတ်များကို ပေးစာတစ်စောင် ပေးပို့ခဲ့ပြီး အကယ်၍ ၎င်းတို့အားလုံးက သဘောတူပြီး ရုရှားမှ ရေနံဝယ်ယူခြင်းကို ရပ်ဆိုင်းလိုက်မှသာ
နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အရှေ့အလယ်ပိုင်း

ဓားစာခံများအတွက် မြေပြင်စစ်ဆင်ရေးအန္တရာယ်ကို ဆွေးနွေးရန် အစိုးရအဖွဲ့ အစည်းအဝေး မကျင်းပမီ ဂါဇာစီးတီးရှိ အထပ်မြင့်အဆောက်အအုံများကို အစ္စရေးက တိုက်ခိုက်

  • 2025 ခုနှစ်၊ စက်တင်ဘာလ 15 ရက်
  • 139 Views
CNN-၂၀၂၅ခုနှစ်၊ စက်တင်ဘာလ ၁၄ရက် အစ္စရေးစစ်တပ်သည် ဂါဇာစီးတီးရှိ ရပ်ကွက်များစွာကို လူများထွက်ခွာရန် သတိပေးပြီးနောက် ယခုတနင်္ဂနွေနေ့တွင် အထပ်မြင့်အဆောက်အအုံများစွာကို တိုက်ခိုက်ခဲ့သည်။ ၎င်းသည် အစ္စရေးက မြို့ကို လုံးဝပြောင်းရွှေ့ရန် အမိန့်ပေးပြီးနောက် နောက်ဆုံးအကြိမ် ဖျက်ဆီးမှုဖြစ်သည်။ဂါဇာစီးတီးအပေါ် အစ္စရေး၏ တိုက်ခိုက်မှုသည်
နိုင်ငံတကာသတင်း နီပေါ အာရှ

လွှတ်တော်တစ်ခု မီးဟုန်းဟုန်းတောက်၊ ခေါင်းဆောင်တစ်ဦး ပြုတ်ကျ။ နီပေါနိုင်ငံ၏ ဂျင်ဇီ မျိုးဆက် ဆန္ဒပြသူများက မေးသည်။ ဘာတွေဆက်ဖြစ်လာမလဲ။

  • 2025 ခုနှစ်၊ စက်တင်ဘာလ 13 ရက်
  • 235 Views
CNN- ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၁၁ ရက် “နာမည်ကျော်မိဘများ၏သားသမီးများ” နီပိုကလေးများ (Nepo Kids) ၏ ကြွယ်ဝ ချမ်းသာသောလူနေမှုပုံစံများကို ဆန့်ကျင်သည့် ဂျင်ဇီ မျိုးဆက် (Gen Z) ဦးဆောင်သော လူမှုကွန်ရက်လှုပ်ရှားမှုတစ်ခုအဖြစ်
နိုင်ငံတကာသတင်း အမေရိကန်

ချာလီကာ့ခ် (Charlie Kirk) ကို လုပ်ကြံသူကို ဖမ်းလိုက်ပြီ

  • 2025 ခုနှစ်၊ စက်တင်ဘာလ 12 ရက်
  • 258 Views
CNN- ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၁၂ရက် ချာလီကာ့ခ် (Charlie Kirk)ကို လုပ်ကြံသူသည် သူတဦးတည်း သဘောနှင့်လုပ်ဆောင် ခဲ့ခြင်းသာဖြစ်သည်ဟု ယူတာအုပ်ချုပ်ရေးမှူး စပန်ဆာကော့စ်(Spencer Cox) ကသောကြာနေ့သတင်းစာရှင်းလင်းပွဲတွင်ပြောဆိုခဲ့သည်။ သတင်းထောက်က အာဏာပိုင်များက “တေလာရော်ဘင်ဆင် (Tyler
နိုင်ငံတကာသတင်း ရုရှား အမေရိကန်

GOP(ရီပတ်ပလီကင်ပါတီ) က ထရန့် ကို ပူတင် က လှည့်စားနေတယ်လို့ ပို၍ပြောလာကြ

  • 2025 ခုနှစ်၊ စက်တင်ဘာလ 12 ရက်
  • 268 Views
သမ္မတ ဒေါ်နယ်လ် ထရမ့်ရဲ့ ရုရှားသမ္မတ ဗလာဒီမာ ပူတင်ကိုစည်းရုံးပြီးငြိမ်းချမ်းရေးရအောင် ကြိုးပမ်းမှုတွေက ထင်ထားတဲ့အတိုင်း အဆင်မပြေဘူးဆိုတာ တွေ့လာရပါတယ်။ ပြီးခဲ့တဲ့လက အလက်စကားမှာ တွေ့ဆုံပြီးနောက်ပိုင်း၊ ပူတင်က ထရမ့် ကြိုးစားခဲ့တဲ့ ယူကရိန်းနဲ့ တိုက်ရိုက် ငြိမ်းချမ်းရေးဆွေးနွေးဖို့ကို စိတ်ဝင်စားမှု