နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဧပြီလ 30 ရက်

မြန်မာသတင်း

မြန်မာသတင်း

တောင်သာမြို့ထဲက စစ်ကောင်စီရဲတပ်သားတစ်ဦး လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်

ဧပြီလ (၂၉)ရက်။

ဧပြီလ (၂၆)ရက်နေ့က တောင်သာမြို့နယ်ထဲရှိ စစ်ကောင်စီလက်အောက်ခံ ရဲတပ်သားတစ်ဦး လက်နက်ခဲယမ်းတွေနဲ့ အလင်းဝင်လာခဲ့တယ်လို့ Myingyan Black Tiger(MBT)ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။

“ တောင်သာမြို့ထဲက အကြမ်းဖက်စကစတပ်ရဲ့ ရဲတပ်သားတစ်ဦးက MBT တပ်ဖွဲ့ထံ ဆက်သွယ်ပူးပေါင်းပြီး လက်နက်နဲ့အတူ အလင်းဝင်လာခဲ့တာပါ။ အခုလို ပူးပေါင်းချိတ်ဆက်တာအတွက် အထူး ဝမ်းမြောက်ဂုဏ်ယူကြိုဆိုပါတယ်” လို့ ဆိုပါတယ်။

လက်နက်နဲ့အတူ ပူးပေါင်းလာတဲ့ ရဲတပ်သားကို ဂုဏ်ပြုဆုငွေတွေ ပေးအပ်ချီးမြှင့်ခဲ့ပြီး အခုလို ပူးပေါင်းချိတ်ဆက်လာတဲ့အပေါ် ဝမ်းမြောက်ဂုဏ်ယူကြိုဆိုတယ်လို့ MBT က ဖော်ပြထားပါတယ်။

အခုလို အကြမ်းဖက်စစ်ကောင်စီရဲ့ လက်အောက်မှာနေပြီး ပြည်သူတွေအပေါ် အကြမ်းဖက်တာတွေကို ရပ်တန့်ကာ လာရောက်ပူးပေါင်းကြဖို့ MBT ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ပခုက္ကူခရိုင်ရှိ မြို့နယ်ပကဖတွေ ပူးပေါင်းလက်တွဲသွားမယ်လို့ ထုတ်ပြန်

  • 2025 ခုနှစ်၊ ဧပြီလ 29 ရက်
  • 11 Views
ဧပြီလ (၂၉)ရက်။ ပခုက္ကူခရိုင်ထဲရှိ ရေစကြို၊ ပေါက်နဲ့ မြိုင်မြို့နယ်တို့က ပကဖတွေ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ဒီကနေ့မှာ လက်မှတ်ရေးထိုး ထုတ်ပြန်ထားချက်အရ သိရပါတယ်။
မြန်မာသတင်း

မန္တလေးမှာ ရွှေဆိုင်တဆိုင် ဓါးပြတိုက်ခံရပြီး ရွှေ (၂၃)ကျပ်သားခန့်ပါသွားခဲ့

  • 2025 ခုနှစ်၊ ဧပြီလ 29 ရက်
  • 13 Views
မန္တလေးမှာ ရွှေဆိုင်တဆိုင် ဓါးပြတိုက်ခံရပြီး ရွှေ (၂၃)ကျပ်သားခန့်ပါသွားခဲ့ ဧပြီလ (၂၉)ရက်။ မနေ့က နေ့လယ် (၂)နာရီ (၅၇)မိနစ်အချိန်က မန္တလေး
မြန်မာသတင်း

မန္တလေးမှာ အငြိမ်းစားပါမောက္ခတဦး လုယက်သတ်ဖြတ်ခံရမှုဖြစ်ပွားခဲ့

  • 2025 ခုနှစ်၊ ဧပြီလ 29 ရက်
  • 15 Views
ဧပြီလ (၂၉)ရက်။ ဧပြီလ (၂၅)ရက်နေ့ နေ့လယ်ပိုင်းအချိန်က မန္တလေး ပုသိမ်ကြီးမြို့နယ်မှာ အငြိမ်းစား‌ပါမောက္ခတစ်ဦးကို အိမ်ပွဲစားက လုယက်သတ်ဖြတ်မှု ဖြစ်ပွားခဲ့တယ်လို့ နီးစပ်သူတွေထံက သိရပါတယ်။ “ ဖြစ်တာက ပုသိမ်ကြီးဘက်မှာပါ။ အသိပွဲစားက အိမ်ပြမယ်ဆိုပြီး ပုသိမ်ကြီးဘက် ခေါ်သွားပြီးတော့
မြန်မာသတင်း

အဓမ္မစစ်သားစုဆောင်းတာကြောင့် ထွက်ပြေးလာတဲ့ လူငယ်တွေကို စောင့်ရှောက်ပေးဖို့ အိမ်နီးချင်းနိုင်ငံတွေကို NUG တိုက်တွန်း

  • 2025 ခုနှစ်၊ ဧပြီလ 29 ရက်
  • 14 Views
ဧပြီလ (၂၉)ရက်။ အကြမ်းဖက်စစ်အုပ်စုက နိုင်ငံထဲ အတင်းအကြပ် စစ်မှုထမ်းစေတာရဲ့ လက်တွေ့အခြေအနေတွေနဲ့ပတ်သက်ပြီး အစီရင်ခံစာတစောင်ကို NUG လူ့အခွင့်အရေးဝန်ကြီးဌာနက မနေ့က ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ အဲ့ဒီအစီရင်ခံစာထဲ အတင်းအကြပ် စစ်မှုထမ်းစေခိုင်းခံခဲ့ရတဲ့ လူငယ်တွေရဲ့ ထွက်ဆိုချက်တွေကို အခြေခံပြီး လူ့အခွင့်အရေးချိုးဖောက်တာတွေ
မြန်မာသတင်း

ဗန်းမော်မှာ တကျော့ပြန်တိုက်ပွဲတွေ ပြင်းထန်နေ

  • 2025 ခုနှစ်၊ ဧပြီလ 28 ရက်
  • 25 Views
ဧပြီလ (၂၈)ရက်။ ကချင်ပြည်နယ် ဗန်းမော်မြို့မှာ စစ်ကောင်စီတပ်စွဲထားတဲ့ နေရာတွေကို တော်လှန်ရေးတပ်တွေက အပြင်းအထန် ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ မြေပြင်သတင်းအရင်းအမြစ်တွေထံက သိရပါတယ်။ “ အခု ဗန်းမော်မှာ ကျန်နေသေးတဲ့ စကစတပ်စခန်းတွေနဲ့ တပ်စွဲထားတဲ့ နေရာတွေကို တော်လှန်ရေးတပ်တွေက အပြင်းအထန်
မြန်မာသတင်း

စစ်ကောင်စီရဲ့ ဟားလီးကွေ့တပ်စခန်း တိုက်ခိုက်ခံရပြီး ဗိုလ်ကြီးတစ်ဦး သေဆုံးကာ (၁၆)ဦး ဖမ်းမိခဲ့တယ်လို့ဆို

  • 2025 ခုနှစ်၊ ဧပြီလ 28 ရက်
  • 21 Views
ဧပြီလ (၂၈)ရက်။ ဧပြီလ (၂၆)ရက်နေ့ နံနက် (၆)နာရီခန့်က ထားဝယ်မြို့ မောင်မယ်ရှောင်ရွာ စစ်ကောင်စီရဲ့ ဟားလီးကွေ့တပ်စခန်းကို ဝင်ရောက်ပစ်ခတ်ခဲ့တယ်လို့ ဒူကရစစ်ကြောင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ထားဝယ် မောင်မယ်ရှောင်ရွာ ရေး-ထားဝယ် အမှတ်(၈)
မြန်မာသတင်း

စစ်ဘေးရှောင်တွေရဲ့ နေအိမ်တွေကို ဖောက်ထွင်းခိုးယူနေတဲ့ စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး (၆)ဦးသေဆုံးခဲ့

  • 2025 ခုနှစ်၊ ဧပြီလ 28 ရက်
  • 26 Views
ဧပြီလ (၂၈)ရက်။ ဧပြီလ (၂၆)ရက်နေ့ နံနက် (၉)နာရီအချိန်ခန့်က မင်းလှမြို့နယ် ထောက်ကြန့်အုပ်စု၊ ဆားချောင်းရွာထိပ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို တိုက်ခိုက်ခဲ့တယ်လို့ သာယာဝတီခရိုင် (၃၈၀၂)တပ်ရင်း တပ်ခွဲ(၂)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ အဲ့ဒီစကစတွေက ပဲခူးရိုးမအစပ်မှာရှိတဲ့
မြန်မာသတင်း

စစ်ကိုင်းငလျင် (၁)လပြည့်တဲ့နေ့ တောင်ငူအနီး အင်အားအသင့်အတင့်ရှိ ငလျင်တခု ထပ်မံလှုပ်ခတ်ခဲ့

  • 2025 ခုနှစ်၊ ဧပြီလ 28 ရက်
  • 17 Views
ဧပြီလ (၂၈)ရက်။ ဒီကနေ့ စစ်ကိုင်းငလျင် တလပြည့်တဲ့နေ့မှာ တောင်ငူမြို့အနီး အင်အားအသင့်အတင့်ရှိတဲ့ ငလျင်တခု ထပ်မံလှုပ်ခတ်ခဲ့တယ်လို့ NUG လူသားစာနာမှုဝန်ကြီးဌာနရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီအင်အားအသင့်အတင့်ရှိတဲ့ မြေငလျင်ဟာ ဒီကနေ့ နံနက် (၇)နာရီ (၅၈)မိနစ်ခန့်က ပဲခူးတိုင်း