နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 15 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ရုရှား-ယူကရိန်းစစ်ပွဲ အမေရိကန် ဥရောပ

ယူကရိန်းနှင့် ဓာတ်သတ္တုသဘောတူညီချက်သည် ဒေါ်နယ်ထရန့်အတွက် ကြီးမားသော အောင်မြင်မှု ဖြစ်သည်၊ သို့သော် ၎င်းသည် ဒေါ်နယ်ထရန့်အတွက် လုံလောက်ပါမည်လော။

မေလ (၂) ရက်။

၎င်းသည် သတင်းကောင်းနှင့် အကောင်းမြင်မှု နှစ်မျိုးလုံးကို ပံ့ပိုးပေးသော်လည်း နောက်ဆုံးတွင် ရှုပ်ထွေးသောအနာဂတ်တစ်ခုနှင့် အတင်းအကြပ် သဘောတူညီမှုတစ်ခုဖြစ်သည်။

ယူကရိန်း၏ သတ္တုတွင်းထွက် သဘောတူညီချက်သည် အမေရိကန်နှင့် လပေါင်းများစွာ အပြင်းအထန် တင်းတင်းမာမာ ဖြစ်နေခြင်းမှ အရင်းခံပြီး ဘိုင်ဒင်အစိုးရလက်ထက်တွင် ပထမဆုံး ကမ်းလှမ်းခဲ့သော ယူကရိန်း၏အယူအဆမှ အစပြုပါသည်။ ထိုအချိန်မှစ၍ ၎င်းသည် ကိ့ဗ်နှင့် ဝါရှင်တန်၏ အေးခဲသောဆက်ဆံရေး၏ ဆူးတစ်ခု ဖြစ်လာသည်။ သမ္မတ ဗလိုဒီမာဇလန်းစကီးသည် တစ်ခုခုကိုသဘောတူ လက်မှတ်ရေးထိုးပေးမည်လော သို့မဟုတ် သမ္မတ ဒေါ်နယ်ထရန့် နှင့် ၎င်း၏ ဆက်ဆံရေးတွင် နောက်ထပ် ပြိုကွဲမည့်အန္တရာယ်ကို ရင်ဆိုင်မည်လောဟု စဥ်းစားရမည် ဖြစ်သည်။

သို့သော်လည်း CNN သည် အမေရိကန်နှင့် ယူကရိန်းကြား ရေရှည်ဆက်ဆံရေးအတွက် ရေရှည် ချမှတ်ထားသည့် အစီအမံကို CNN မှ မြင်တွေ့ခဲ့ရသည်။ ၎င်းသည် ထရန့်အစိုးရ၏ လာမည့်နှစ်များတွင် အမေရိကန် အမြတ်အစွန်း ရရှိမှုအတွက် ယူကရိန်းကို လေကြောင်းကာကွယ်ရေး အာမခံချက် အစီအစဥ်ဖြစ်သည့် သံမဏိကာကွယ်ရေး (ironclad) အာမခံချက်ကို မပေးခဲ့ပါ။

သို့သော် အဓိကကျသည့်အချက်မှာ ထရန့်က အမေရိကန်သည် ကိယက်ဗ်ထံမှ တစ်စုံတစ်ရာ ပြန်လည်ရရှိနေပြီဟု ခံစားရန် လိုအပ်သည်။ ယူကရိန်းသည် ဤအိမ်ဖြူတော်နှင့် ၎င်း၏ဆက်ဆံရေးကို လုပ်ဆောင်နိုင်ကာ တိုးတက်ကြောင်း ပြသရန် လိုအပ်သည်။ ယူကရိန်း၏ မဟာမိတ်များသည် ရှုပ်ထွေးသော ဆွေးနွေးမှုများမှ စစ်ရေးအကူအညီနှင့် စစ်မှန်သော ငြိမ်းချမ်းရေးရရှိမှုကိုသာ အာရုံစူးစိုက်စေလိုပြီး အခြားသို့ အာရုံပျံ့လွင့်မှု မရောက်ရန် လိုလားသည်။

သဘောတူညီချက်၏စာသားတွင် ကိ့ဗ်ကို သိသိသာသာ နှစ်သက်စေမည့် စကားစုနှစ်ခုလည်း ပါရှိသည်။ ပထမအချက်မှာ

“ ရုရှား၏အပြည့်အ၀ကျူးကျော်မှုကြောင့် ဖြစ်ပေါ်လာသော ကြီးမားသော ဖျက်ဆီးမှု” ကို ရည်ညွှန်းဖော်ပြခဲ့သည်။ ဒုတိယအချက်မှာ ယူကရိန်းက အမေရိကန်ထံမှ လက်နက်များ ဝယ်ယူနိုင်ပုံကို ရှင်းပြထားသည်။ ရှေ့တန်းစစ်မျက်နှာတွင် ရုရှား၏ ထိုးစစ်ဆင်မှု ပြင်းထန်လာခြင်းကြောင့် ထိုအချက်သည် အလွန်အရေးပါသည်။

အကယ်၍ အမေရိကန်သည် ယူကရိန်းအား စစ်ရေးအကူအညီသစ်များ ပေးမည်ဆိုပါက “ အမေရိကန်မိတ်ဖက်အဖွဲ့ (ရန်ပုံငွေသို့)) ၏ အရင်းအနှီးပံ့ပိုးမှုသည် ထိုကဲ့သို့သော စစ်ရေးအကူအညီ၏ အကဲဖြတ်တန်ဖိုးဖြင့် တိုးလာသည်ဟု ၎င်းက ဆိုသည်။ အတိုချုပ်ပြောရလျှင် ယူကရိန်းသည် ဤရန်ပုံငွေကို လက်နက်များအတွက် အသုံးပြုမည် ဖြစ်သည်။ ယခုအချိန်အထိ ထရန့်အစိုးရသည် အထူးသဖြင့် ပက်ထရော့ (Patriot) ကြားဖြတ်ဖျက်ဒုံးများ အလွန်အမင်း လိုအပ်နေပြီး ထိုလက်နက်များကို ပံ့ပိုးပေးမည်ဆိုသည်ကို ရှင်းရှင်းလင်းလင်း မသိရသေးပေ။ ထို့အတွက် အမေရိကန်အား ယူကရိန်းက ဖျက်ဒုံးများ ရရှိရေးအတွက် မည်ကဲ့သို့ ပေးဆောင်ရမည်ကို ရှင်းပြနေပါသည်။

ထရန့်သည် ဥရောပတစ်ခုလုံးနှင့် အမေရိကန်ဆက်ဆံရေးကို ဆက်လက်ထိန်းသိမ်းထားရန်နှင့် အတူ မော်စကိုနှင့် ယူကရိန်းတို့အကြား ငြိမ်းချမ်းရေးကို အကျိုးဆောင်ရန် ကြိုးပမ်းနေစဉ်အတွင်း ထရန့် ၏ ရပ်တည်ချက် ချိန်သီးအပြောင်းအရွှေ့များသည် ယူကရိန်းကို မျက်နှာသာပေးမှုဆီသို့ ပြန်လည်ရောက်ရှိသွားခဲ့သည်။

ရက် ၃၀ ခြွင်းချက်မရှိ အပစ်အခတ်ရပ်စဲရေးဆိုင်ရာ အမေရိကန်က ယူကရိန်းနှင့် ငြိမ်းချမ်းရေး အဆိုပြုချက်ကို မော်စကိုက ဆက်လက်ငြင်းဆိုထားခြင်းသည်။ ရက်ပေါင်း ၅၀ နီးပါးကြာရှိလာပြီဖြစ်သောကြောင့် ထရန့်သည် တိုးတက်မှု မရှိသည်ကို သိသိသာသာ မြင်နေရသည်။ အမေရိကန်ထံမှ အနာဂတ်လက်နက်ဝယ်ယူမှုများအတွက် ယူကရိန်း၏ ငွေပေးချေမှုဆိုင်ရာ သဘောတူညီချက်ပါ သတ်မှတ်ထားသော စည်းကမ်းချက်များသည် ကရင်မလင်အတွင်းတွင် ကျယ်လောင်လာမည်ဖြစ်သည်။

သဘောတူစာချုပ်၏ သဘောသဘာဝသည် ၎င်း၏ရေရှည်ရှုမြင်ချက်များ၏ တစ်စိတ်တစ်ပိုင်း ဖြစ်ပြီး၊ ၎င်းသည် ဆယ်စုနှစ်များစွာအတွင်း နိုင်ငံရေးအပြောင်းအလဲများ မည်မျှ ဖြစ်လာနိုင်သည်ဆိုသည်မှာ လက်ရှိ အမေရိကန်ဘဏ္ဍာတော်တိုက်ထဲသို့ ငွေများစတင်ဝင်လာရန် လိုအပ်ပါသည်။ နက်ဖြန် စစ်ပွဲပြီးသွားလျှင်ပင် ကိယက်ဗ်နှင့် ဝါရှင်တန်တို့တွင်လည်း တူညီသည့်အစိုးရမျိုး နောက်ထပ်သုံးနှစ်ကျော်အကြာတွင် ရှိနိုင်မည် မဟုတ်ပါ။

သမ္မတအသစ်များသည် သဘောတူညီချက်ကို ဆက်လက်အသိအမှတ် ပြုရန် သို့မဟုတ် ပြန်လည်ဆွေး‌နွေးမှုကို ရွေးချယ်မည်ဖြစ်သည်။ ယူကရိန်းတွင် အလုပ်လုပ်ဖူးသူ သို့မဟုတ် စီးပွားရေးလုပ်ဖူးသူတိုင်းက သူတို့နှစ်သက်သည့်စာရွက်စာတမ်းနှင့် သဘောတူညီချက်များကို “စကားပြန်ဆိုခြင်း” တွင် ကျွမ်းကျင်သည့်သူများက သိပါသည်။ သဘာဝအရင်းအမြစ်လောကသည် ဤနေရာတွင် မှောင်စပျိုးနေပြီဖြစ်ပြီး၊ ဤအဆင့်မြင့် သဘောတူညီချက်သည် စီးပွားရေးလုပ်ငန်းတစ်ခုလုံး၏ ပွင့်လင်းမြင်သာမှုကို ရုတ်တရက် ဖြစ်ပေါ်လာလိမ့်မည် မဟုတ်ပေ။ စစ်ပွဲအဆုံးသတ်ရေးတောင်းဆိုချက်များ ရပ်ဆိုင်းသွားပြီးသည့်နောက် ရှုပ်ထွေးသွားမှာက‌တော့ သေချာပါသည်။

အမေရိကန်ဘဏ္ဍာရေးဝန်ကြီး စကော့ဘက်ဆင့်ကို (Scott Bessent) နှင့် ယူကရိန်းနိုင်ငံ၏ ပထမ၀န်ကြီးချုပ်ယူရီယာတို့သည် ဝါရှင်တန်ဒီစီတွင် အမေရိကန်-ယူကရိန်း ဓာတ်သတ္တုဆိုင်ရာ သဘောတူညီချက်များကို လက်မှတ်ရေးထိုးပြီးနောက်တွေ့ရစဉ် (ဓာတ်ပုံ)

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အမေရိကန် အီရန်

အင်တာပိုလ် (Interpol) က အလိုရှိနေသည့် သဘောထားတင်းမာသူ ဗိုလ်ချုပ်တစ်ဦး အီရန်စစ်ပွဲတွင် အဓိကဇာတ်ကောင်အဖြစ် ပေါ်ထွက်လာ

  • 2026 ခုနှစ်၊ ဇွန်လ 14 ရက်
  • 12 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၅ ရက် အီရန်စစ်ပွဲနှင့် ပတ်သက်ပြီး ဆွေးနွေးညှိနှိုင်းမှုများရရှိရန် ဆံခြည်တစ်မျှင်မျှသာ လိုတော့သည့်
တရုတ် နိုင်ငံတကာသတင်း ရုရှား

တရုတ်သမ္မတ ရှီကျင့်ဖျင် လာမည့်အပတ်တွင် မြောက်ကိုရီးယားသို့ ရှားရှားပါးပါး ခရီးစဉ်သွားရောက်မည်

  • 2026 ခုနှစ်၊ ဇွန်လ 14 ရက်
  • 13 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၅ ရက် ဟောင်ကောင် — တရုတ်သမ္မတ ရှီကျင့်ဖျင်သည် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၊ ရုရှားခေါင်းဆောင် ဗလာဒီမာ ပူတင်တို့အား တရုတ်နိုင်ငံတွင် တစ်ဦးပြီးတစ်ဦး ရက်ပိုင်း မျှသာခြား၍
နိုင်ငံတကာသတင်း အမေရိကန် အီရန်

ထူးခြားသော ကန့်ကွက်မှုအဖြစ် ရီပတ်ပလီကန်အမတ်အချို့ ပါဝင်သည့် အောက်လွှတ်တော်က ထရမ့်၏ အီရန်စစ်ပွဲဆိုင်ရာ လုပ်ပိုင်ခွင့်များကို ကန့်သတ်ရန် မဲခွဲဆုံးဖြတ်

  • 2026 ခုနှစ်၊ ဇွန်လ 14 ရက်
  • 14 Views
CNN — ၂၀၂၆ ခုနှစ်၊ ဇွန်လ ၄ ရက် အောက်လွှတ်တော်သည် အီရန်နိုင်ငံအပေါ် သမ္မတ ဒေါ်နယ်ထရမ့်၏ စစ်ပွဲဆိုင်ရာ လုပ်ပိုင်ခွင့် များကို ကန့်သတ်ရန် ဗုဒ္ဓဟူးနေ့တွင် ဆုံးဖြတ်ချက်တစ်ရပ် ချမှတ်ခဲ့ပြီး၊ ယင်းမှာ ထရမ့်နှင့်
နိုင်ငံတကာသတင်း အမေရိကန် အီရန်

ထူးခြားသော ကန့်ကွက်မှုအဖြစ် ရီပတ်ပလီကန်အမတ်အချို့ ပါဝင်သည့် အောက်လွှတ်တော်က ထရမ့်၏ အီရန်စစ်ပွဲဆိုင်ရာ လုပ်ပိုင်ခွင့်များကို ကန့်သတ်ရန် မဲခွဲဆုံးဖြတ်

  • 2026 ခုနှစ်၊ ဇွန်လ 14 ရက်
  • 11 Views
CNN — ၂၀၂၆ ခုနှစ်၊ ဇွန်လ ၄ ရက် အောက်လွှတ်တော်သည် အီရန်နိုင်ငံအပေါ် သမ္မတ ဒေါ်နယ်ထရမ့်၏ စစ်ပွဲဆိုင်ရာ လုပ်ပိုင်ခွင့် များကို ကန့်သတ်ရန် ဗုဒ္ဓဟူးနေ့တွင် ဆုံးဖြတ်ချက်တစ်ရပ် ချမှတ်ခဲ့ပြီး၊ ယင်းမှာ ထရမ့်နှင့်
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်းအပေါ် ပူတင်၏ သဘောထား တင်းမာမြဲဖြစ်သော်လည်း ရုရှားပြည်တွင်း၌ စစ်ပွဲနှင့်ပတ်သက်၍ လူထုအမြင် ပြောင်းလဲလာနေသလား

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 63 Views
ရေးသားသူ- ဘီဘီစီ ရုရှားအယ်ဒီတာ စတီ့ဗ် ရိုစင်ဘာ့ဂ်(Steve Rosenberg) BBC- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၃ရက် မူလက စစ်ဆင်ရေးကို အချိန်တိုအတွင်း အပြီးသတ်ရန် စီစဉ်ခဲ့သော်လည်း ယူကရိန်းရှိ ရုရှား၏ စစ်ရည်မှန်းချက်များကို အောင်မြင်အောင် ဆောင်ရွက်နေဆဲဖြစ်ကြောင်း
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ ဥရောပ

လပေါင်းများစွာအတွင်း အပြင်းထန်ဆုံး စစ်ဆင်ရေးတစ်ခုအဖြင့် ယူကရိန်း၏ အဓိကမြို့ကြီးများကို ရုရှား အပြင်းအထန် ဗုံးကြဲတိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 60 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၃ ရက် ကီးဗ်၊ ယူကရိန်း — မော်စကိုသည် အင်္ဂါနေ့အစောပိုင်းက ယူကရိန်းနိုင်ငံအပေါ် သေကြေ ပျက်စီးမှုများပြားသည့် လေကြောင်းတိုက်ခိုက်မှုတစ်ခုကို ဆင်နွှဲခဲ့ပြီး၊ မြို့တော်ကီးဗ် (Kyiv) နှင့်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်၏ တိုက်ခိုက်မှုများကို တုံ့ပြန်သည့်အနေဖြင့် အမေရိကန် ပဉ္စမမြောက် ရေတပ်စုဌာနချုပ်နှင့် လေတပ်စခန်းတို့ကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြောင်း အီရန်ပြောကြား

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 51 Views
CNN-၂၀၂၆ခုနှစ်၊ ဂျွန်လ ၃ရက် ဟယ်လင် ရီဂန် (Helen Regan) ရေးသားသည်။ အီရန်နှင့်ဆက်နွှယ်နေသော ရေနံတင်သင်္ဘောတစ်စင်းကို အမေရိကန်က တိုက်ခိုက်ခဲ့မှုနှင့် ကက်ရှ်မ်ကျွန်း (Qeshm Island) ပေါ်သို့ ဗုံးကြဲတိုက်ခိုက်ခဲ့မှုများကို တုံ့ပြန်သည့်အနေဖြင့် ၎င်းတို့သည် ဒေသတွင်းရှိ