နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဧပြီလ 3 ရက်

မြန်မာသတင်း

မြန်မာသတင်း

ရုရှား-ယူကရိန်းစစ်ပွဲ ရက်ပေါင်း ၁၁၆၃ ရက်အတွင်း ဖြစ်ပျက်ခဲ့သည့် အဓိကဖြစ်ရပ်များ စာရင်း

မေလ (၂) ရက်။

တိုက်ပွဲများ

ရုရှားကတစိတ်တပိုင်းသိမ်းပိုက်ထားသောယူကရိန်၏ ခါဆွန် (Kherson)‌ ဒေသတွင် မကြာသေးမီက မောင်းသူမဲ့လေယာဉ် တိုက်ခိုက်မှုအတွင်း အနည်းဆုံး လူခုနစ်ဦး သေဆုံးပြီး ၂၀ ကျော် ဒဏ်ရာရရှိသွားသော တိုက်ခိုက်မှုအတွင်း ယူကရိန်းက အရပ်သားများကို တမင်တကာ ပစ်မှတ်ထားသည်ဟု ရုရှားက စွပ်စွဲခဲ့သည်။

မေလ ၁ ရက် အစိုးရအားလပ်ရက်ကြောင့် လူများစွာ အပြင်ထွက်နေချိန် ဒေသစံတော်ချိန် နံနက် ၉ နာရီ ၃၀ ခန့်တွင် ရုရှားထိန်းချုပ်ထားသော ခါဆွန်ရှိ အိုလက်စကီ (Oleshky) မြို့ရှိ စျေးတစ်ခုသို့ ဒရုန်းဖြင့် တိုက်ခိုက်မှု ဖြစ်ပွားခဲ့ကြောင်း ဒေသတွင်း မော်စကိုမှ ခန့်အပ်ထားသောအုပ်ချုပ်ရေးမှူးက ပြောကြားခဲ့သည်။

ယူကရိန်းစစ်တပ်က အဆိုပါတိုက်ခိုက်မှုသည် ရုရှားတပ်များကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ပြီး စစ်ဘက်ဆိုင်ရာဝန်ထမ်းများသာ သေဆုံးခဲ့ကြောင်း ပြောကြားခဲ့သည်။ နှစ်ဖက်စလုံး၏ပြောဆိုချက်များကို သီးခြားအတည်ပြု နိုင်ခြင်း မရှိသေးပါ။

ယူကရိန်းနိုင်ငံ၊ အိုဒက်ဆာ (Odesa) တွင် ရုရှား၏တိုက်ခိုက်မှုတစ်ခုကြောင့် လူနှစ်ဦး သေဆုံးပြီး ယူကရိန်းအရှေ့တောင်ပိုင်း ဇာပိုးရီးဇား (Zaporizhzhia) တွင် ကြာသပတေး နေ့ညက ရုရှားဒရုန်းဖြင့် တိုက်ခိုက်မှုကြောင့် လူ ၁၄ ဦး ဒဏ်ရာရရှိခဲ့ပြီး အဆောက်အအုံတစ်လုံး မီးလောင်ခဲ့သည်။

ထင်ရှားသောတက်ကြွလှုပ်ရှားသူနှင့် ဗီဒီယိုဘလော့ဂါတစ်ဦးဖြစ်သော ဆာဂေး စတာနန်ကို (Sergiy Sternenko) ကို သတ်ဖြတ်ရန် ကြိုးပမ်းမှုကို ယူကရိန်းနိုင်ငံ၏ SBU လုံခြုံရေးဝန်ဆောင်မှုက တားဆီးနိုင်ခဲ့ပြီး သံသယရှိသူကိုလည်း ဖမ်းဆီးထားသည်။ စတာနန်ကိုသည် ၂၀၁၄ ခုနှစ်ကတည်းက ရုရှားဆန့်ကျင်ရေး လှုပ်ရှားမှုများတွင် တက်ကြွစွာ ပါဝင်ခဲ့သည်။

သံတမန်ရေးရာ

ယူကရိန်းသမ္မတ ဗလိုဒီမာဇလန်းစကီးက ၎င်း၏နိုင်ငံ၏ အထင်ကရ ဓာတ်သတ္တု သဘောတူညီချက်သည် ယူကရိန်းတွင် အလွန်အရေးပါသော ရင်းနှီးမြှုပ်နှံမှုများ အတွက် အခွင့်အလမ်းဖန်တီးပေးသည့် အမှန်တကယ် တန်းတူညီမျှသော သဘောတူညီ ချက်အဖြစ် ဖော်ပြခဲ့သည်။

ဥရောပသမဂ္ဂသည် ရုရှားအပေါ် ပိတ်ဆို့မှုအသစ်များ ပြင်ဆင်နေကြောင်း ပြင်သစ် နိုင်ငံခြားရေးဝန်ကြီး ရောင်နိုဝယ် ဘားရော့ (Jean-Noel Barrot) က ပြောကြားခဲ့သည်။ ထိုပိတ်ဆို့မှုသည် အဖွဲ့ဝင် ၂၇ နိုင်ငံ၏ပိတ်ဆို့အရေးယူမှု ၁၇ ကြိမ်မြောက် ဖြစ်လာမှာဖြစ်သည်။

အမေရိကန် အထက်လွှတ်တော်အမတ် လင်းဆေးဂရေဟမ် (Lindsey Graham) သည် ဝါရှင်တန်တွင် အသံအကျယ်ဆုံး ယူကရိန်း ထောက်ခံသူများထဲမှ တစ်ဦး ဖြစ်လာခဲ့ကြောင်း Wall Street Journal သီးသန့် အစီရင်ခံစာတွင် ဖော်ပြထားသည်။ ရင်းနှီးသော ထရန့် မဟာမိတ် ဂရေဟမ်သည် ရုရှားအပေါ် ပိတ်ဆို့အရေးယူမှု အသစ်များနှင့် ရုရှားစွမ်းအင်နှင့် ယူရေနီယံများကို ဝယ်ယူသည့်နိုင်ငံများအပေါ် တင်းကြပ်စွာ အခွန်ကောက်ရန် တွန်းအားပေးနေသည်။

“ ယူကရိန်းစစ်ပွဲဟာ ဘယ်မှတိုးတက်မနေပါဘူး” ဟု အင်တာဗျူးတစ်ခုမှာ အမေရိကန် ဒုသမ္မတ ဂျေဒီဗန့်စ်က Fox News ကို ပြောခဲ့ပါသည်။ “ငြိမ်းချမ်းရေး အတွက် တစ်ဖက်နဲ့ တစ်ဖက် စည်းမျဥ်းစည်းကမ်းတွေကို တစ်ဖက်နဲ့တစ်ဖက် သိနားလည်တဲ့ ရုရှားနဲ့ ယူကရိန်းနိုင်ငံသားတွေအပေါ် မူတည်မှာပါ” ဟု ဗန့်စ်က ပြောကြားခဲ့သည်။

ထရမ့်အစိုးရသည် ယူကရိန်းဆိုင်ရာ အမေရိကန်ထိပ်တန်းသံတမန်အတွက် ၎င်းတို့၏ရွေးချယ်မှုအဖြစ် ရုရှားစကားပြော အသက်မွေးဝမ်းကြောင်းသံတမန် ဂျူလီဒေးဗစ် (Julie Davis) ကို ခန့်အပ်ခဲ့သည်။ ယခင် ဆိုဗီယက်ယူနီယံပါ၀င်သည့် အသက်မွေးဝမ်းကြောင်း အတွေ့အကြုံရှိသော ဒေးဗစ်သည် ကိယက်ဗ်မြို့ရှိ သံအမတ်အဖြစ် ရာထူးကို ထမ်းဆောင်မည်ဖြစ်သည်။ သံတမန်ဖြစ်လာရန် ဆီးနိတ်မှ အတည်ပြုရမည်ဖြစ်ပါသည်။

ဆားဘီးယားသမ္မတ အလက်ဆန်းဒါး ဗူစီ (Aleksandar Vucic) က ၎င်း၏အိမ်နီးချင်း ဥရောပသမဂ္ဂကို ဒေါသထွက်စေသည့်တိုင် မော်စကိုမြို့၌ လာမည့် သီတင်းပတ် အတွင်း ရုရှားသမ္မတ ဗလာဒီမာပူတင်ထံ သွားရောက်လည်ပတ်ရန် ကတိကဝတ်အတိုင်း လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ရုရှားနိုင်ငံသည် ဒုတိယကမ္ဘာစစ်ပြီးဆုံးခြင်း နှစ် ၈၀ ပြည့် အထိမ်းအမှတ် အခမ်းအနားများ ကျင်းပနေပါသည်။

အယ်ဂျာဇီယာသတင်း။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

NUG နဲ့ မကွေးဖက်ဒရယ်ယူနစ်အစိုးရတို့ တွေ့ဆုံဆွေးနွေးခဲ့

  • 2026 ခုနှစ်၊ ဧပြီလ 2 ရက်
  • 12 Views
ဧပြီလ (၂)ရက်။ ဒီကနေ့ မြိုင်နဲ့ ပေါက်မြို့နယ်ထဲရှိ စီမံခန့်ခွဲမှုဆိုင်ရာကိစ္စတွေနဲ့ပတ်သက်ပြီး NUG နဲ့ ကြားကာလ မကွေးဖက်ဒရယ်ယူနစ်အစိုးရတို့ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ
မြန်မာသတင်း

မိတ္ထီလာလေတပ်စခန်းဌာနချုပ် ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခံရ

  • 2026 ခုနှစ်၊ ဧပြီလ 2 ရက်
  • 13 Views
ဧပြီလ (၂)ရက်။ ဒီကနေ့ နံနက် (၄)နာရီခွဲအချိန်က စစ်ကော်မရှင်ရဲ့ မိတ္ထီလာလေတပ်စခန်း ဌာနချုပ်ထဲကို ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ BWM ရဲ့
မြန်မာသတင်း

မင်းအောင်လှိုင်အပါ ဒုသမ္မတ (၃)ဦးကို အရည်အချင်းပြည့်မီတယ်ဆိုပြီး စစ်တပ်ရဲ့ ပြည်ထောင်စုလွှတ်တော် ကြေညာ

  • 2026 ခုနှစ်၊ ဧပြီလ 2 ရက်
  • 81 Views
ဧပြီလ (၂)ရက်။ ဒီကနေ့ ပြုလုပ်တဲ့ သမ္မတအရည်အချင်း စိစစ်ရေးကော်မတီရဲ့ ဒုသမ္မတ (၃)ဦးဟာ အရည်အချင်းကိုက်ညီတယ်ဆိုပြီး စစ်တပ်ရဲ့ ပြည်ထောင်စုလွှတ်တော်က ကြေညာခဲ့တယ်လို့ သိရပါတယ်။ လွှတ်တော်ကိုယ်စားလှယ်အစုအဖွဲ့တွေက တင်ပြတဲ့ ဒုသမ္မတတွေနဲ့ပတ်သက်ပြီး သမ္မတ‌အတွက် သတ်မှတ်ထားတဲ့ အရည်အချင်းနဲ့ ပြည့်စုံမှု
မြန်မာသတင်း

သံတွဲမြို့ ဗုံးကြဲခံရတဲ့ဖြစ်စဉ်ထဲ ကလေးတွေအပါအဝင် မိသားစုလိုက် သေဆုံးခဲ့

  • 2026 ခုနှစ်၊ ဧပြီလ 2 ရက်
  • 23 Views
စစ်ကော်မရှင်ရဲ့ တပ်ချုပ်သစ်လက်ထက် မိသားစုလိုက် စစ်ရာဇဝတ်မှုကျူးလွန်သတ်ဖြတ်ခံရတာလို့ AA ပြော ဧပြီလ (၂)ရက်။ မနေ့က နေ့လယ် (၁၁)နာရီကျော်အချိန်က သံတွဲမြို့ကို လေကြောင်းဗုံးကြဲခဲ့တဲ့ဖြစ်စဉ်ထဲ ကလေးတွေအပါအဝင် မိသားစုလိုက် သေဆုံးခဲ့တယ်လို့ AA ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
မြန်မာသတင်း

“YDF နောက်ကွယ်က NUG ရဲ့ ခြေလှမ်းများ”

  • 2026 ခုနှစ်၊ ဧပြီလ 2 ရက်
  • 18 Views
၂၀၂၆ ခုနှစ် မတ်လအတွင်းမှာ ဖြစ်ပွားခဲ့တဲ့ ယောကာကွယ်ရေးတပ် YDF ရဲ့ သူ့တပ်ပြေးရာဇဝတ်သားတွေကို လိုက်လံနှိမ်နင်းမှုအပေါ် YDF က တော်လှန်ရေးတပ်ဖွဲ့ အချင်းချင်းအပေါ် သေနတ်ဖောက်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ယောကာကွယ်ရေးတပ်ကို ပုံမှားရိုက် နာမည်ဖျက်တိုက်ခိုက် ဘက်လိုက်ရေးသားမှုတွေကို သတင်းဌာနတချို့က
မြန်မာသတင်း

လယ်ဒိုမြို့ရှိ စစ်တပ်ဂိတ်စခန်းကို KNLA ပူးပေါင်းတပ်တွေ တိုက်ခိုက်ဖျက်ဆီးခဲ့

  • 2026 ခုနှစ်၊ ဧပြီလ 1 ရက်
  • 31 Views
ဧပြီလ (၁)ရက်။ မနေ့က ည (၁၀)နာရီခွဲအချိန်မှာ လယ်ဒိုမြို့ရှိ အကြမ်းဖက်စစ်တပ်ဂိတ်စခန်းကို ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့တယ်လို့ KNU ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ KNLA ဦးဆောင်တဲ့ ပူးပေါင်းစစ်ကြောင်းက သာယာကုန်းနဲ့ ခြံကြီးကြား မီးရထားလမ်းက စစ်တပ်ဂိတ်စခန်းကို
မြန်မာသတင်း

AA ထိန်းချုပ်ထားတဲ့ သံတွဲမြို့ ငပလီကမ်းခြေကို စစ်ကောင်စီ လေကြောင်းဗုံးကြဲ

  • 2026 ခုနှစ်၊ ဧပြီလ 1 ရက်
  • 29 Views
ဧပြီလ (၁)ရက်။ ဒီကနေ့ နေ့လယ် (၁၂)နာရီအချိန်က သံတွဲမြို့ရှိ ငပလီကမ်းခြေကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသထဲသတင်းတွေထံက သိရပါတယ်။ “ ငပလီကမ်းခြေတလျှောက်ကို စကစက လေယာဉ် (၅)စီးလောက်နဲ့ ဆက်တိုက်ဗုံးလာကြဲသွားတာ။ အဲ့ဒီနေရာမှာ စစ်ရေးလှုပ်ရှားတာလဲမရှိဘဲ
မြန်မာသတင်း

သက်ငယ်မုဒိန်းမှုနဲ့ မြန်မာဘက် ထွက်ပြေးလာသူကို ထိုင်းဘက် NUG ပြန်လွှဲပြောင်းခဲ့

  • 2026 ခုနှစ်၊ ဧပြီလ 1 ရက်
  • 32 Views
ဧပြီလ (၁)ရက်။ ထိုင်းနိုင်ငံထဲ ပြစ်မှုကျူးလွန်ပြီး ထွက်ပြေးတိမ်းရှောင်လာသူကို ထိုင်းအာဏာပိုင်တွေဆီ ပြန်လွဲပြောင်းပေးအပ်ခဲ့တယ်လို့ NUG လက်အောက်ခံ တနင်္သာရီတိုင်းစစ်ဌာနရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ပြီးခဲ့တဲ့နှစ် ဇွန်လပိုင်းက ထိုင်းနိုင်ငံ ဖက်ဘူရီခရိုင်မှာ နေထိုင်တဲ့ စောကဲလဲ (၃၇)နှစ်ဟာ