မေလ (၅)ရက်။
ပြီးခဲ့တဲ့ ဧပြီလထဲ မူတြော်ခရိုင်မှာ စစ်ကောင်စီနဲ့ KNLA တပ်မဟာ (၅)တို့အကြား တိုက်ပွဲပေါင်း (၁၃၉)ကြိမ် ဖြစ်ပွားခဲ့တယ်လို့ KNU ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
အဲ့ဒီတိုက်ပွဲတွေထဲ စစ်ကောင်စီဘက်က ဗိုလ်မှူးအဆင့် (၂)ဦး၊ တပ်ကြပ်ကြီးအဆင့် (၁)ဦးအပါအဝင် (၃၉)ဦးသေဆုံးပြီး ဒုတပ်ကြပ်တစ်ဦးအပါအဝင် (၅၅)ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။
တိုက်ပွဲတွေကြောင့် အဆောက်အဦး (၉)လုံး ထိခိုက်ပျက်စီးခဲ့သလို စစ်ကောင်စီက အရပ်သားတွေနေထိုင်တဲ့ ကျေးရွာတွေကို လက်နက်ကြီး (၇)ကြိမ်နဲ့ တိုက်လေယာဉ်နဲ့ ဗုံးအလုံးရေ (၁၄)လုံ ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
စစ်ကောင်စီရဲ့ လေကြောင်းနဲ့ လက်နက်ကြီး တိုက်ခိုက်တာတွေကြောင့် အပြစ်မဲ့အရပ်သားပြည်သူ (၂)ဦးသေဆုံးပြီး (၇)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ရေးသားထားပါတယ်။
ဒါ့အပြင် စစ်ကောင်စီရဲ့ လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်တာတွေကြောင့် အရပ်သားပြည်သူတွေ လုပ်ကိုင်စားသောက်တဲ့ နေရာတွေလဲ ထိခိုက်ပျက်စီးခဲ့ကာ စိုးရိမ်စိတ်တွေနဲ့ ထိတ်လန့်ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
